Wednesday, April 25, 2012
နံရံပါးပါးလေးတချပ်
ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၃၁)
နံရံပါးပါးလေးတချပ်
ဒေါက်တာလွဏ်းဆွေ
သင်္ကြန်အကြိုနေ့မတိုင်မီ တရက် …။
၁၂-၄-၂၀၀၂ သောကြာနေ့ ညပိုင်းက (Cerebral Malaria) ငှက်ဖျားပိုး ဦးနှောက်ထဲတိုးကာ ကယောင်ကတမ်းဖြစ်ပြီး သတိလစ်သွားသောကြောင့် ရင်းနှီးသောမိတ်ဆွေများက ကျနော့်အသက်ကို ကယ်တင်နိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် တင်ပို့ ကုသပေးခဲ့ကြပါသည်။ မိတ်ဆွေရင်းချာများ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဖျားနာဆောင် (၁) (၂) မှ ဆရာဝန် ဆရာမများ၊ အစ်ကိုဇနီးမောင်နှံနှင့် မိဘနှစ်ပါးတို့၏ ကောင်းမှုကြောင့်သာ သေကံမရောက် အသက်မပျောက်ဘဲ လူကောင်းပကတိသို့ ကျနော် ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။
ထိုသို့ သေရွာမှ ပြန်ရောက်ပြီး နာလန်ထစအချိန် ဧပြီလကုန်ပိုင်းလောက်တွင် ကြေကွဲစရာ သတင်းတခုကို စတင်ကြားရတော့သည်။ ကဗျာဆရာ မင်းသိုက်မွန် ဆုံးပြီတဲ့ (၂၃-၄-၂၀၀၂)။ ထို့နောက် မရဏမုန်တိုင်းက ကျနော်တို့ စာပေလောကအတွင်း ဆက်လက်တိုက်ခတ်နေတော့သည်။ ဆရာတက္ကသိုလ်ဘုန်းနိုင် ဆုံးပြန်ပြီတဲ့ (၁၁-၅-၂၀၀၂)။ ကဗျာဆရာ ဒါရိုက်တာပိုင်သ ဆုံးပြန်ပြီတဲ့ (၁၆-၅-၂၀၀၂)။ ဆရာလင်းယုန်မောင်မောင် ဆုံးပြန်ပြီတဲ့ (၂၅-၅-၂၀၀၂)။ ကဗျာဆရာမောင်ကောက် ဆုံးပြန်ပြီတဲ့ (၁၈-၆-၂၀၀၂)။ ဆရာလင်းဝေမြိုင် ဆုံးပြန်ပြီတဲ့ (၂၇-၆-၂၀၀၂) … စသည်ဖြင့် မရဏမုန်တိုင်းက စာပေပန်းပွင့်တွေကို တပွင့်စီ တပွင့်စီ ခြွေချနေတော့သည်။
ကျနော်က နာလန်ထစ အားအင်များ ဆုတ်ယုတ်ချည့်နဲ့နေချိန်ဖြစ်၍ ဆရာမင်းသိုက်မွန်နှင့် ဆရာတက္ကသိုလ်ဘုန်းနိုင်တို့၏ ဈာပနများကို စိတ်ဖြင့်သာ ပို့ဆောင်နိုင်ခဲ့ပြီး ကိုယ်က မလိုက်နိုင်ခဲ့။ ဆရာပိုင်သနှင့် ဆရာမောင်ကောက်တို့ကျတော့လည်း ရပ်ဝေးမှာ ကွယ်လွန်ကြသည်ဖြစ်၍ စိတ်ဖြင့်သာ ပို့ဆောင်ခဲ့ရပြန်သည်။ ဆရာလင်းယုန်မောင်မောင်နှင့် ဆရာလင်းဝေမြိုင်တို့၏ ဈာပနများကိုသာ ကျန်းမာရေး ထူထူထောင်ထောင်ဖြင့် စိတ်ရောကိုယ်ပါ လိုက်ပါပို့ဆောင်နိုင်ခဲ့ပေသည်။
“သူတို့
ချန်ထားရစ်ခဲ့သော အနုပညာလက်ရာမွန်များက ကျန်ရစ်ခဲ့သူများအတွက် အမှတ်ရစရာ၊
ဖြေဆည်စရာ မှတ်တိုင်ကလေးများ ဖြစ်ခဲ့သည်။ သာမန်လူများနှင့်မတူသော
အနုပညာသမားများအတွက် ထိုမှတ်တိုင်ကလေးများ ကျန်ရစ်ခဲ့သောကြောင့်သာ
လူ့လောကတွင် အနုပညာသမားအဖြစ် လူဖြစ်ရကျိုးနပ်ခဲ့ကြခြင်းဖြစ်သည်။
ထိုမှတ်တိုင်ကလေးများကသာ လောကအလယ်တွင် ကာလရှည်ကြာစွာ တည်ရှိနေမှာဖြစ်သည်။
ထိုမှတ်တိုင်ကလေးများသည် သူတို့ဖန်တီးခဲ့ကြသော အနုပညာအလုပ်များ၏
ပြယုဂ်များပင်ဖြစ်သည်။”
တကယ်တော့ ကျနော်က ကံကောင်းထောက်မ၍ မရဏမုန်တိုင်း တိုက်ခတ်သည့်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့သူပင်ဖြစ်သည်။ နို့မဟုတ်ပါက ကွယ်လွန်သူ ဆရာများ၏ ရှေ့က ကျနော်က ကြိုတင်သွားနှင့်ရသူ ဖြစ်ခဲ့ပေလိမ့်မည်။ သေသေချာချာ စဉ်းစားကြည့်လိုက်တော့ သေခြင်းနှင့် ရှင်ခြင်းက နံရံပါးပါးလေးတချပ်သာ ခြားသည်ကို တွေ့ရသည်။ ကွယ်လွန်သူဆရာများကိုလည်း လူ့လောကထဲမှ ယခုလောက် အလျင်အမြန်ကြီး ထွက်ခွားသွားကြလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့။ ဆရာတို့နှင့် နောက်ဆုံး တွေ့ဆုံပြောဆိုခဲ့ရသည့် စကားသံများကိုပင် မနေ့တနေ့ကလို ထင်မှတ်ခဲ့ရသည်။
“လွိုင်ကော်မှာ ကဗျာတွေ အများကြီး ရေးဖြစ်တယ် ကိုလွဏ်းဆွေ၊ လာပို့ဦးမယ်” ဆိုသည့် ဆရာမင်းသိုက်မွန်၏ အသံ။ “မင်းအဖေကြီးရော နေကောင်းရဲ့လား။ တောင်ငူမှာပဲလား” ဆိုသည့် ဆရာလင်းယုန်မောင်မောင်၏ အသံ။ “ကိုလွဏ်းဆွေ ကဗျာကို ကြိုက်မှသုံးနော်။ ခင်ဗျားရဲ့ ‘သံသရာတစ်ကွေ့ဝယ်’ ကိုလည်း ခံစားပြီးပြီ။ ကျနော်တို့နားက လက်ဖက်ရည်ဆိုင်မှာ ဖွင့်နေတာဗျ” ဆိုသည့် မြားနတ်မောင်တွင် နောက်ဆုံးဖော်ပြခဲ့သော “ချစ်သူကို မုန်းတဲ့အကြောင်း” ကဗျာကို ပေးစဉ် ပြောကြားခဲ့သော ဆရာပိုင်သ၏ အသံ။ “ကိုလွဏ်းဆွေ … ကျနော် ရန်ကုန်မှာ ဆေးလာကုနေတယ်။ မြားနတ်မောင် ဖတ်ချင်လို့ ပေးလိုက်စေလိုပါတယ်” ဆိုသည့် လူကြုံနှင့်ပါးလိုက်သော ဆရာမောင်ကောက်၏ လက်ရေးနှင့်စာ။ “ကိုလွဏ်းဆွေ … နေကောင်းပြီလား။ ကျနော်လည်း သတင်းကြားပြီး လာမယ်၊ လာမယ်နဲ့ အခုမှပဲ ရောက်ဖြစ်တော့တယ်” ဆိုသည့် မကွယ်လွန်မီ နှစ်ပတ်ခန့်က ကျနော့်ဆီ လူမမာမေး လာရင်း ပြောကြားခဲ့သော ဆရာလင်းဝေမြိုင်၏ နောက်ဆုံးအသံ … စသည် … စသည်ဖြင့် ဆရာတို့၏ အသံများကို ယခုတိုင် နားထဲတွင် ကြားယောင်နေဆဲဖြစ်သည်။ နံရံပါးပါးလေးခြားထားသော သေခြင်းအခန်းဘက်က ဆရာတို့၏ အမှတ်ရစရာ ပြောဆိုချက်များကို ကံကောင်းထောက်မ၍ ရှင်းခြင်းအခန်းဘက်တွင် ကျန်နေရစ်ခဲ့သော ကျနော် ကြားနေရတာလည်း ဖြစ်နိုင်သည်။
ကွယ်လွန်သူဆရာများကတော့ အနုပညာလက်ရာမွန်များကို လှပစွာ ချန်ထားခဲ့ကြပြီး နံရံပါးပါးလေးတချပ်ကို ဖြတ်ကျော်ကာ သေခြင်းအခန်းဘက်သို့ ကူးပြောင်းရောက်ရှိသွားခဲ့ကြပေပြီ။ သူတို့ ချန်ထားရစ်ခဲ့သော အနုပညာလက်ရာမွန်များက ကျန်ရစ်ခဲ့သူများအတွက် အမှတ်ရစရာ၊ ဖြေဆည်စရာ မှတ်တိုင်ကလေးများ ဖြစ်ခဲ့သည်။ သာမန်လူများနှင့်မတူသော အနုပညာသမားများအတွက် ထိုမှတ်တိုင်ကလေးများ ကျန်ရစ်ခဲ့သောကြောင့်သာ လူ့လောကတွင် အနုပညာသမားအဖြစ် လူဖြစ်ရကျိုးနပ်ခဲ့ကြခြင်းဖြစ်သည်။ ထိုမှတ်တိုင်ကလေးများကသာ လောကအလယ်တွင် ကာလရှည်ကြာစွာ တည်ရှိနေမှာဖြစ်သည်။ ထိုမှတ်တိုင်ကလေးများသည် သူတို့ဖန်တီးခဲ့ကြသော အနုပညာအလုပ်များ၏ ပြယုဂ်များပင်ဖြစ်သည်။ ထို့ကြောင့် ရတောင့်ရခဲ လူ့ဘ၀တွင် အနုပညာသမားအဖြစ် လူဖြစ်ရကျိုးနပ်အောင် နံရံပါးပါးလေးတချပ်ကို ဖြတ်မကူးမီ အနုပညာလက်ရာမွန်များကို များများဖန်တီးနိုင်အောင် ကျနော်တို့ အားထုတ်ကြဖို့လိုသည်ဟု တွေးတောနေမိပါသည်။ ။
* ကိုအောင်ဟိဏ်း (ကျိုက်ထော်)၊ ကိုနွယ်ဦးလှိုင်+မမို့မို့သင်း၊ ကိုအောင်သွေး၊ ဦးထော်ကြီး၊ ဒေါက်တာဇော်သန်း၊ ရန်ကုန်ပြည်သူ့ဆေးရုံးကြီး ဖျားနားဆောင် (၁) (၂) မှ ဆရာဝန် ဆရာမများ၊ အစ်ကို ဒေါက်တာလွဏ်းဝေ+ဒေါက်တာသစ်သစ်စိုး၊ ဖေဖေ+မေမေတို့၏ ကျေးဇူးတရားများအား အောက်မေ့စွာဖြင့် …။
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၀၂ ခုနှစ်)
အပြည့်အစုံသို့...Tuesday, April 24, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၄-၄-၂၀၁၂ - ညပိုင်း)
- မြစ်ကြီးနားတွင် ဆွေးနွေးရန် အစိုးရ ကမ်းလှမ်းချက် KIO ငြင်းပယ် click
- မူးယစ်ရာဇာများ ဖမ်းဆီးရေး ထိုင်းအစိုးရ ဆုတော်ငွေ ထုတ်ပြန် click
- စစ်တပ်မှ ထော်လာဂျီ၊ ကား ချောဆွဲမှု လျှော့ပေးရေး မြို့နယ်အုပ်ချုပ်ရေးမှူး မဆောင်ရွက်လျှင် လွှတ်တော်ထဲ ထည့်သွင်းဆွေးနွေးမည်ဟု ကျားဖြူပါတီ ပြော click
- NLD အမတ် ဒေါက်တာမြတ်ဉာဏစိုး လွှတ်တော်တက် click
- အင်္ဂါနေ့ လွှတ်တော်တွင် NLD အရေး အဆိုမတင်နိုင်သေး click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်တွင်း ပါဝင်လာအောင် အားလုံးအတူတူ အလုပ်လုပ်ကြဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း click
- ကျမ်းသစ္စာကျိန်ဆိုခြင်းအပေါ် ကြံ့ခိုင်ရေးပါတီအမြင် (ရုပ်သံ) click
- လွှတ်တော်ထဲမှာ ဆင်ခြင်တုံတရား ရှိသလား (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- လွှတ်တော်ရောက် ဒီဗွီဘီသတင်းထောက်နှင့် တိုက်ရိုက်မေးမြန်းချက် click
- ကျမ်းကျိန်ပြဿနာ ဘယ်လိုအဖြေရှာမလဲ click
- မြန်မာ့ပြောင်းလဲမှုကို ကူညီကြရန် ဘန်ကီမွန်း တိုက်တွန်း click
- ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံကို တတိယအကြိမ် သွားရောက်မည် click
- မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး သြစတြေးလျနိုင်ငံနှင့် EU ဆောင်ရွက်ချက် (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- ငွေလွှဲရန် ဦးတေဇဘဏ်ကို စင်ကာပူနိုင်ငံက ငြင်းဆို click
- မြန်မာဘဏ်များ၏ နိုင်ငံခြားငွေလဲလှယ်မှု နည်းလာ click
- PLNO နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်မည် click
- နှစ်ဆန်းတရက် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း ရပ်ဆိုင်းရေး လှုပ်ရှားမူ လူပေါင်းရာချီ၍ ပူးပေါင်းပါဝင် click
- ဂက်စ်ပိုက်လိုင်းအတွက် လျော်ကြေး ဒေသခံ မကျေနပ်၊ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင် click
- ၀ ဒေသတွင် ပညာရေးနှင့် နတလ ၀န်ထမ်းများ လက်ခံ click
- မြန်မာ့ပထမဆုံး ရုပ်သံလွှင့်ဥပဒေ နှစ်ကုန်ပိုင်း ထွက်ပေါ်လာဖို့ရှိ click
- သုံးခွမြို့နယ်တွင် ရွာပေါင်း ၄၀ ကျော် သောက်သုံးရေ လိုအပ် click
- ဇေကမ္ဘာက လယ်ကန်သင်းကို မြေထိုးစက်ဖြင့် ထိုး click
- စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်သည့် လယ်သမားများ တရားစွဲခံရနိုင် click
- ရောင်းစားခံ မြန်မာ ၂၃ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းနဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ကယ်တင် click
- ချုပ်နှောင် ခိုင်းစေခံရသည့် မြန်မာများ ပြန်လွတ်ပြီ click
- ထိုင်းနိုင်ငံတွင် ဆန္ဒပြ မြန်မာအလုပ်သမားများ ခြိမ်းခြောက်ခံရ click
- မောင်တောမှ အစ္စလာမ်ဘာသာဝင်များကို မြို့နယ်အတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့်ပြုလိုက်ပြီ click
- ရွှေည၀ါဆရာတော် သိက္ခာထပ်ခြင်းနှင့် ပဗ္ဗဇ္ဇ ရှင်ပြုခြင်းမင်္ဂလာ click
- တတိယအကြိမ်မြောက် မွန်လူငယ်နှီးနှောဖလှယ်ပွဲ click
- မအေးယုအောင် အိမ်ပြန်ရောက်ပြီ click
- မြန်မာတွေ ဂေါက်ရိုက်နိုင်တော့မည် click
- ရဲမှူးကြီးဝင်းနိုင် သင်္ကြန်ဆက်ကြေးတောင်း ဆိုသည့် ပေးစာအပေါ် ဖြေရှင်းချက် click
- တို့ရွာအဟောင်းက မြစ်ထဲမှာ ... (ဆောင်းပါး) click
- ခရာတွတ်သံ ဘယ်သူ့ထံ (ကာတွန်း) click
- ထိုင်းနိုင်ငံ လွှတ်တော်တွင်း ညစ်ညမ်းဓာတ်ပုံ ပြသမှု ပညာရှင်အဖွဲ့မှ စစ်ဆေးမှု ပြုလုပ်ပြီ click
- ဗီယက်နမ်နိုင်ငံ အိုင်တီပညာရေးကွန်ရက် click
- အိမ်တအိမ် အိမ်သာတလုံး ထားဖို့ ဆော်ဩလှုပ်ရှားတဲ့ အိန္ဒိယမှ ရေအိမ်သံတမန် အမျိုးသမီး click
- အမေရိကန် ပညာရေးပေါ်လစီနှင့် တရားဥပဒေစိုးမိုးမှု (ဆောင်းပါး) click

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၄-၄-၂၀၁၂ - နံနက်ပိုင်း)
- ဘန်ကီမွန်း ဒီသီတင်းပတ် မြန်မာနိုင်ငံ သွားမည် click
- ဒီသီတင်းပတ်ကုန် ဘန်ကီမွန်း မြန်မာပြည် သွားမယ် click
- KIO နဲ့ တိုက်ပွဲတွေ အပြင်းအထန် ပြန်ဖြစ် click
- မြန်မာအစိုးရတပ်က ဆင်ဘို ဆယ်အိမ်မှူးအား ဖမ်းဆီးနှိပ်စက် click
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှ ကြိုဆိုကြောင်း သမ္မတဦးသိန်းစိန် ပြောဆို click
- NLD အမတ်တွေ မပါဘဲ လွှတ်တော်အစည်းအဝေးတွေ ပြန်လည်စတင် click
- NLD လွှတ်တော်တက်ဖို့ ပြေလည်မှု မရသေး click
- ကျမ်းကျိန်စာသားကိစ္စ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ဦးဉာဏ်ဝင်း ပြောဆို click
- ကျမ်းကျိန်စာသားကိစ္စ လွှတ်တော်ကပဲ ဖြေရှင်းပေးနိုင်ဖွယ်ရှိ click
- NLD လွှတ်တော်တက်ရေးကိစ္စ အားလုံး ညှိနှိုင်း ကြိုးပမ်းဖို့ အမေရိကန် တိုက်တွန်း click
- အန်အယ်လ်ဒီကိုယ်စားလှယ်တွေ လွှတ်တော် တက်သင့် မတက်သင့် (ဆွေးနွေးဖလှယ်) click
- လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ်တွေ အစားထိုး click
- တပ်မတော်သားအမတ် ၅၉ ဦးကို အစားထိုး ပြောင်းလဲ click
- တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနေရာမှာ ရာထူးပိုမိုအဆင့်မြင့်တဲ့သူတွေ အစားထိုး ပြင်ဆင်ခန့်အပ်တာနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ရေးရာကော်မတီဝင် ဦးတိုးနိုင်မန်းရဲ့သုံးသပ်ချက် click
- ၂၃ ရက်နေ့ လွှတ်တော်အစည်းအဝေးကို တက်-မတက်ဆိုတဲ့ မေးခွန်းတွေအတွက် NLD သတင်းစာရှင်းလင်း (ရုပ်သံ) click
- နောင်လွှတ်တော်ထဲ ဆီးလို့ကြိုကွယ် … မောင်ကြီးလာပါမယ် (သရော်စာ) click
- ညောင်တုန်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲ (ဓာတ်ပုံသတင်း) click
- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး လယ်သမားအရေး ကွင်းဆင်း (ရုပ်သံ) click
- စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ တိုက်တွန်း click
- မွန်နှစ်ပါတီ ပူးပေါင်းရန် သဘောတူလက်မှတ်ထိုး click
- ချင်းပြည်တွင် ဘာသာရေးခွဲခြားဆက်ဆံမှုရှိနေဟု CNP ပြော click
- ပိတ်ဆို့အရေးယူမှု တနှစ် ရပ်ဆိုင်းမယ်လို့ အီးယူ ကြေညာ click
- မြန်မာအပေါ် ဒဏ်ခတ်မှု EU တနှစ် ဆိုင်းငံ့ click
- ပိတ်ဆို့မှု ဆိုင်းငံ့တာ မှန်ကန်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ပြောဆို click
- မြန်မာ့ရေရှည်တိုးတက်ရေးအတွက် အစီအစဉ်တကျ ကူညီကြစေချင် click
- နိုင်ငံခြားအရင်းအနှီး အလုံးအရင်း ၀င်ရောက်မှု ပြည်တွင်းစီးပွားရေး တည်ငြိမ်မှုကို ထိခိုက်နိုင် click
- မြန်မာဘဏ်များ၏ နိုင်ငံခြားငွေလဲလှယ်မှု နည်းလာ click
- နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ (ရုပ်သံ) click
- နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ (English Version) click
- ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင် ရွေးချယ်ခံရသူ အမည်စာရင်း ထုတ်ပြန် click
- ဖမ်းဆီးချုပ်နှောင်ထားစဉ် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး သေဆုံး click
- ရင်ဖွင့်မိတာ အပြစ်လား (ဆောင်းပါး) click
- ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ - ၂၀ (ဆောင်းပါး) click
- “ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄၁၉) (အသံလွှင့်ဆောင်းပါး) click
- ရွေးကောက်ပွဲစာချိုး (ကဗျာ) click
- ပြင်သစ်သမ္မတ ပထမအကျော့ ရွေးကောက်ပွဲ ဆာကိုဇီ ဒုတိယလိုက် click
- ဆာကိုဇီ အရေးနိမ့်လို့ မာရီလီပန်း ထောက်ခံသူတွေဆီက မဲဆွယ်နေ click
- ယူရိုဇုန် စည်းကမ်း ညှိမရလို့ နယ်သာလန်အစိုးရအဖွဲ့ နှုတ်ထွက် click
- နယ်သာလန်နဲ့ ပြင်သစ် နိုင်ငံရေးမငြိမ်လို့ ရှယ်ယာဈေးကျ click
- ဆူဒန်က တောင်ပိုင်းဆူဒန်ကို ဗုံးကြဲတိုက်ခိုက် click
- မြောက်ကိုရီးယား တောင်ပိုင်းကို ခြိမ်းခြောက် click
- တောင်ကိုးရီးယားအပေါ် မြောက်ကိုးရီးယား ပြင်းပြင်းထန်ထန် ခြိမ်းခြောက် click
- အမေရိကန် သမ္မတရွေးကောက်ပွဲနှစ်နဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေ click
- ဧပြီ ၂၃ ရက် နိုင်ငံတကာ ဗီဒီယိုသတင်းလွှာ click

Monday, April 23, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၃-၄-၂၀၁၂ - ညပိုင်း)
- ကျမ်းကျိန်လွှာပြင်ရေး လွှတ်တော်တွင်း ဒီမိုကရက်တစ် ပါတီများ ပြင်ဆင် click
- ကျမ်းကျိန်စာသား ပြုပြင်စရာမလိုဟု ကြံ့ခိုင်ရေးပါတီ ပြော click
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်က ကြိုဆိုဟု ဦးသိန်းစိန် ပြောကြား click
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှ ကြိုဆိုနေဟု သမ္မတ ပြော click
- လွှတ်တော် ကျမ်းကျိန်စာသား ပြောင်းမပေးနိုင်လို့ ဦးသိန်းစိန် ပြောခဲ့သလား click
- လွှတ်တော်တွင်း တပ်ကိုယ်စားလှယ်အများစု အစားထိုး click
- စစ်သားလွှတ်တော်ကိုယ်စားလှယ်များအား အစားထိုး ပြောင်းလဲ click
- ပိုမိုရာထူးမြင့်သော တပ်မတော်သားကိုယ်စားလှယ်များ လွှတ်တော်တက်မည် click
- ဒီကနေ့ လွှတ်တော်တွင်းအခြေအနေ သတင်းတင်ပြချက် click
- လွှတ်တော်အစည်းအဝေး ကျင်းပ (ဓာတ်ပုံ) click
- NLD တာထွက်ကောင်းရဲ့လား (အယ်ဒီတာ့အာဘော်) click
- ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်နဲ့ စစ်သားအမတ် (ဆောင်းပါး) click
- လွှတ်တော်ဥပဒေများအကြောင်း သင်တန်း NLD ကိုယ်စားလှယ်များ တက်ရောက် (ဓာတ်ပုံ) click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အနိုင်ရ NLD လွှတ်တော်အမတ်တွေရဲ့ ဥပဒေသင်တန်း (ရုပ်သံ) click
- ရွေးကောက်ပွဲကို ခုတုံးလုပ်တဲ့ အုပ်ချုပ်ရေးမှူး (ရုပ်သံ) click
- ကေအိုင်အေ အပစ်ရပ်မှ UNFC နှင့် အစိုးရ တွေ့ဖွယ်ရှိ click
- စစ်ရေးလေ့ကျင့်ရေးကျောင်းဟာ ကရင်နီကို တိုက်ဖို့မဟုတ်ဟု ဦးအောင်မင်း ပြောကြား click
- မွန်အမျိုးသားဒီမိုကရေစီပါတီက အမည်သစ်ဖြင့် မှတ်ပုံတင်မည် click
- မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ အမည်သစ်ဖြင့် ပါတီမှတ်ပုံတင်မည် click
- ၂၀၁၄ မတိုင်မီ မွန်နှစ်ပါတီ အမည်သစ်ဖြင့် ပေါင်းမည် click
- ပီအန်အယ်လ်အိုနဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် မေလတွင် ထပ်မံတွေ့ဆုံမည် click
- ခနောက်စိမ်း တူးဖော်မှုကို ဧပြီလကုန်တွင် ကေအဲန်ယူ ရပ်ဆိုင်းမည် click
- အတိုက်အခံ မြန်မာကျောင်းသားလူငယ်များ ညီလာခံ click
- အီးယူက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု တနှစ်ဆိုင်းငံ့ click
- မြန်မာ့အထည်ချုပ်လုပ်ငန်း ဦးမော့လာမည်ဟု အထည်ချုပ်လုပ်ငန်းအသင်း ပြော click
- အသိမ်းခံရသည့် ရာဘာခြံကို ဖျက်ဆီးနေသဖြင့် တရားရုံးတင်ရန် ပြင်ဆင် click
- ရပ်ကွက်အာဏာပိုင်နှင့် တရုတ်လောပန်း ပူးပေါင်း၊ ဒေသခံ လယ်ယာမြေများအား အဓမ္မ ၀ယ်ယူ click
- CPI ပေးမည့် တနှစ်စာ ဆန်ကို မြစ်ဆုံဒေသခံများ မျှော်လင့်နေ click
- မလေးရှားတွင် ရွှေဂက်(စ်)စီမံကိန်းကို ရပ်တန့်ရန် ဆန္ဒပြ တောင်းဆိုမည် click
- ဘုရားဂေါပက အတွင်းရေးမှူး ဂက်စ်ပိုက်လိုင်း လျော်ကြေးငွေ အလွဲသုံးစားလုပ် click
- နေ့စား အလုပ်သမငယ်နှစ်ဦးကို ဗလက္ကာရပြုကျင့်သူ သစ်တောညွှန်ကြားရေးမှူး အရေးယူမခံရသေး click
- ဖမ်းဆီးခံခဲ့ရပြီး သေဆုံးသွားသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂ ဦး၏ အလောင်း ပျောက်ဆုံးနေ click
- ထိုင်းရောက် မြန်မာကလေးငယ်တဦး အဓမ္မလုပ်အားခိုင်းစေခံရ click
- သံဖြူဇရပ်ဆေးရုံး၌ သွေးထုတ်သွင်း ၀န်ဆောင်ခ ငွေတောင်းခံနေ click
- ၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ရန် နောက်ဆုံး ဆန်ကာတင် ငါးဦး စာရင်းထုတ်ပြန် click
- လွတ်လပ်သည့် အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း ဖွဲ့မည် click
- မျှဝေမှုနှင့် ပေးဆပ်မှု click
- မီးမလောင်သင့်တဲ့ ကသာဈေး (ရုပ်သံ) click
- ခရမ်းလ၀က အဂတိလိုက်စား (ရုပ်သံ) click
- ခေတ်သစ်လူငယ် (အပိုင်း ၂) - ခေတ်မီရေးသို့ ... (ဆောင်းပါး) click
- မြန်မာ့ရှေးဟောင်းအမွေများကို မိုးပေါ်မှ စောင့်ရှောက်ခြင်း (ဆောင်းပါး) click
- မော်ဝါဒီသူပုန်များ နီပေါအစိုးရထံ လက်နက်များ အပြီးအပိုင် အပ်နှံ click

ဟုတ်ပါ့မလား မောင်ကာလုံရဲ့ ... ဟုတ်ပ ဟုတ်ပ ဒီထက်ပိုသေး
ဟုတ်ပါ့မလား မောင်ကာလုံရဲ့ ... ဟုတ်ပ ဟုတ်ပ ဒီထက်ပိုသေး
စိန်သံလုံး
ဟိုးရှေးရှေးတုန်းက မဟုတ်ပါ။ ယနေ့ခေတ် ယခုခေတ် တခါတုန်းက ဖြစ်ပါသည်။ ဘ၀ရှင်မင်းတြားကြီးနှင့် သူ့သားတပည့် အမတ်ကြီး မောင်ကာလုံတို့ အပြန်အလှန် ဆွေးနွေးမှုများကို ပလ္လင်ပေါ်က ဆင်း၍ သလွန်ညောင်စောင်းပေါ်တွင် ပက်လက်ကလေး လှဲလျောင်းနေသည့် မြင်ကွင်းတခုအဖြစ် မျက်စိထဲတွင် မြင်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။
မင်းတြားကြီး ။ ။ ဟဲ့ မောင်ကာလုံရဲ့ (NLD) အမျိုးသားဒီမိုကရေစီအမတ်တွေ ဧပြီ ၂၃ မှာ ပြန်စတဲ့ လွှတ်တော် မတက်ကြဘူးဆို ... ဟုတ်ပါ့မလား မောင်ကာလုံရဲ့။
မောင်ကာလုံ ။ ။ ဟုတ်ပါ့ မှန်ပါ့ ... ဟုတ်ပ ဟုတ်ပ ဒီထက်ပိုသေး။
မင်းတြားကြီး ။ ။ ဘာဖြစ်ရပြန်တာတုန်းကွဲ့ မောင်ကာလုံရဲ့။
မောင်ကာလုံ ။ ။ ဖြစ်ကြောင်းရယ် ကုန်စင်အောင် လျှောက်ထားရမယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတာကြီးကို ကျမ်းမကျိန်နိုင်ဘူးတဲ့၊ ပြင်ပေးစေလိုတာက လေးစားလိုက်နာပါမည်လို့ ပြင်မှ လွှတ်တော်ထဲဝင်ပြီး ကျမ်းကျိန်မယ်လို့ ပြောကြပါတယ်။
မင်းတြားကြီး ။ ။ တယ်လည်း ခက်သကိုး။ ရှင်းတာကို ရှုပ်အောင်လုပ်တတ်တဲ့ ငါ့ရဲ့တပည့် တွေကလည်း ခပ်ကဲကဲ။ NLD ရွေးချယ်ခံအမတ်တွေကလည်း ခပ်သဲသဲဆိုတော့ သဲသဲမဲမဲ ဖြစ်ကြပြီပေါ့။ တကယ်ဆို ဒါလေးများ ဘာခက်တာမှတ်လို့။ ကမ္ဘာအေး သွား၊ ဘာမီတွန်သောက် ... ပျောက်။
မောင်ကာလုံ ။ ။ ဆင်ခြင်တော်မူပါ ဘ၀ရှင်မင်းတြားကြီး။ ခုကိစ္စက ဘာမီတွန်နဲ့ မရတော့ပါဘူး။ နှာစေးနေတာ ကြာပြီဆိုတော့ နှာခေါင်းကို ကျည်ပွေ့နဲ့ ထောင်းရမယ့်ကိန်းဆိုက်နေပါပြီ။ မင်းတြားကြီးရဲ့ တပည့်တွေ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးပြီးကတည်းက ဟိုတချိန်က (ပေါက်စ) ရေးခဲ့သလို လိပ်ဖြစ်ရင်တောင် ခေါင်းမပြူရဲတော့ပါဘူး။ ခုကိစ္စက မင်းတြားကြီးရဲ့အမိန့်ကို စောင့်နေတာပါ။ ခေါင်းဆောင်ကြီး ဦးတိန်းလိန်လည်း ဘာပြောရမှန်းမသိလို့ တေမိဇတ်ခင်းနေတာပါ။
မင်းတြားကြီး ။ ။ တော်တော်လည်း ခက်သကိုး။ နော်ဝေက ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းလိုက်ပြီ၊ သြစတြေးလျကလည်း ပိတ်ဆို့မှုတွေ လျော့ချနေပြီ၊ G8 ကလည်း ပိတ်ဆို့မှုတွေ လျှော့ချဖို့ စဉ်းစားနေပြီ၊ EU ကလည်း ဆိုင်းငံ့လုပ်ပေးထားပြီဆိုတော့ ငါတို့ ထင်ရာလုပ်လို့ရနေပြီ။ ဒါပေမယ့် ငါတို့ရဲ့ မူမမှန်မှု၊ မသမာမှု၊ ကတိမတည်မှုတွေကြောင့် နောက်ထပ် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကိုတော့ ထည့်တွက်ရမှာပေါ့။ ငါ ဘာပဲလုပ်လုပ် တိန်းလိန်ကို ခေါင်းခံခိုင်းမယ်။ မင်းတို့က ငါ့ကို သစ္စာမဖောက်ဖို့ဘဲ အရေးကြီးတယ်။
မောင်ကာလုံ ။ ။ မင်းတြားကြီးရဲ့ သစ္စာကို အသက်နဲ့လဲပြီး ခံယူပြီးသားပါ။ မင်းတြားကြီး အနေချောင်အောင် ဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း အသက်နဲ့ရင်းပြီး ကာကွယ်ပါ့မယ်၊ စောင့်ရှောက်ပါ့မယ်။ အဲဒီဖွဲ့စည်းပုံထဲမှာ မင်းတြားကြီးရဲ့ အသက်ဘူး ထည့်ထားတာမို့ ၂၀၀၈ ဖွဲ့စည်းပုံ မရှိရင် မင်းတြားကြီး ကံတော်ကုန်ဖို့ပဲ ရှိတယ်။ ကမ္ဘာကတောင် ပြောကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီဘူးတဲ့။ သွားလေသူ စစ်အာဏာရှင်တွေအတွက် ကာကွယ်ဖို့ လုပ်ထားတာလည်း အပြည်ပြည်ဆိုင်ရာက သိကြပါတယ်။ ဘယ်သူ ဘာပြောပြော ၁၄ နှစ်ကြာအောင် ဉာဏ်နီ၊ ဉာဏ်နက်၊ ဉာဏ်ပြာ၊ ဉာဏ်ဝါ၊ ဉာဏ်ကာလာစုံ ကွန့်မြူးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ မရှိရင် အရင်က ညစ်ထား ညှစ်ထားတဲ့ ထောက်ခံမဲတွေ၊ မဲလိမ် မဲခိုးမှုတွေနဲ့ မသမာမှုတွေ မပေါ်ပေါက်အောင် ထိန်းသိမ်းကာကွယ်ဖို့လည်း ခက်ပါသေးတယ်။
မင်းတြားကြီး ။ ။ ဟေ့ ... ဟေ့ အဲဒါတွေ ထုတ်မပြောနဲ့၊ အနားမှာ မီဒီယာတွေ ရှိတယ်။ သူတို့က ကလောင်စွမ်းထက်တယ်နော်။ အရင်က ကိစ္စတွေရှိစေတော့ ... ရှိစေတော့၊ ခုကိစ္စကိုပဲ ပြော၊ တိုင်းပြည်မှာ ဘာဖြစ်နေကြလဲ။
မောင်ကာလုံ ။ ။ မှန်လှပါ၊ တိုင်းပြည်မှာတော့ လယ်သိမ်းယာသိမ်းမှုတွေ များများလာလို့ လယ်သမားတွေ ဒုက္ခရောက်နေကြတယ်၊ တချို့ လယ်ယာမြေတွေကို စီမံကိန်းအကြောင်းပြပြီး ကုမ္ပဏီပိုင်ရှင် သူဌေးတွေနဲ့ ပေါင်းလုပ် ပေါင်းစား လုပ်နေတာတွေလည်း ဖုံးမရ ဖိမရ ပေါ်ကုန်ပါပြီ။ မင်းတြားကြီးပဲ ပြောခဲ့တာ ပေါင်းစားရင် အရိုးမစူးဘူးဆို ...။
မင်းတြားကြီး ။ ။ ဟဲ့ ... အဲဒါက ငါးသလောက်ပေါင်းကို ပေါင်းစားတာ ပြောတာ။ သူဌေးတွေနဲ့ ပေါင်းတိုင်း မကောင်းဘူးကွ။ သူတို့က ခုဆို တ၀က်ရမှ ပေါင်းချင်ကြတာ။ ငါတို့ကလည်း အကုန်နီးပါး လိုချင်တာလေ။ မွေးစားသား နှစ်ယောက်တောင် ခပ်ကန်ကန် ဖြစ်နေကြပြီ။ လေထနဲ့ ဂေါ်ဂေါ်တို့နှစ်ယောက် မလာကြပါလား။
မောင်ကာလုံ ။ ။ လာကြပါတယ်၊ ဒါပေမယ့် အမေစုနား ကပ်ဖားကြဖို့ အချိန်တွေ ပေးနေရလို့ပါ။ မင်းတြားကြီးရဲ့ သမီးတော်တွေတောင် အဆီခန်းစ ပြုနေပါပြီ။ အရင်ကလို ၀၀လင်လင် မစားရတော့ဘူးဆိုတော့ စည်းစိမ်ပြုတ်ပြီး အဆီမရစ်နိုင်တော့ဘူးလေ။ အရင်တုန်းက မင်းတြားကြီး တိုင်းခန်းလှည့်ရင် သက်ဆိုင်ရာ မြို့ရွာတွေကို တာဝန်ယူရတဲ့ တိုင်းမှူးနဲ့ တာဝန်ရှိသူတွေက သူတို့ ယူသမျှ လိုက်ရှင်းကြရတာ။ မန္တလေးမှာဆို တိုင်းမှူးက ချက်ချင်း မရှင်းနိုင်လို့ သမီးတော်တွေ လာတယ်ကြားရင် ရွှေဆိုင်တွေ ပိတ်ထားကြတယ်ဆိုပဲ။ တော်တော်ပဲ မျိုးချစ်စိတ်မရှိတဲ့ ဆိုင်ရှင်တွေ၊ မင်းတြားကြီးရဲ့ သမီးတော်တွေ စီးပွားဖြစ်ယူကြတာကို မုဒိတာမပွားနိုင်ဘူး။ တခါလာမှ သိန်းရာချီ ယူတာကိုများ - ဒါလေးများ ... ဒါလေးများလို့ သီချင်းဆိုကြပေါ့နော်။
မင်းတြားကြီး ။ ။ ငါ့ရဲ့သမီးတွေကလည်း လွန်ပါတယ်။ စိန်ဆိုစိန်၊ ဂိန်ဆိုဂိန်၊ စိန်စီတဲ့ည၊ စိန်စီတဲ့ မင်္ဂလာပွဲ၊ စိန်တွေနဲ့ လည်ပင်းအစ်နေကြတာတောင် မက်ကြတုန်း။ ငါကိုယ်တော် နိုင်ငံခြားသွားရင်လည်း သမီးတွေ၊ မြေးတွေ၊ ဆွေတော်မျိုးတော်တွေနဲ့ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း သွားကြတာ။ တိုင်းပြည်ဘဏ္ဍာ ဘယ်လောက်ကုန်ကုန်၊ ကြွေးတွေ ဘယ်လောက်တင်တင်၊ နောက်ကိစ္စ တိန်းလိန် တာဝန် ယူလိမ့်မယ်၊ အရေးကြီးတာက ငါ့သား၊ ငါ့သမီး၊ ငါ့မြေး၊ ငါ့ဆွေမျိုးတွေ ကောင်းစားဖို့က အဓိကပဲ။
မောင်ကာလုံ ။ ။ ဆင်ခြင်တော်မူပါ၊ တိုင်းပြည်မှာလည်း ကျန်းမာရေး၊ ပညာရေးအတွက် ငွေနည်းနည်းပဲ ချပေးပြီး၊ ကာကွယ်ရေးအတွက် ကျူးကျော်စစ်မတိုက်ရပဲ မတရား ပိုယူလို့ ပူညံညံ ဖြစ်နေပါပြီ။ ဆင်ဆင်ခြင်ခြင်နဲ့ ထင်ရာမလုပ်ဖို့ လျှောက်တင်ပါတယ်။
မင်းတြားကြီး ။ ။ သယ် ... ငါကိုယ်တော်မြတ်ကို ဆရာလာမလုပ်နဲ့။ ငါထင်ရာ လုပ်ခဲ့တာ ၂၃ နှစ်ကျော်ပြီ။ မသေခင် ရိက္ခာယူရမှာပဲ ... ဟဲ ဟဲ ဟဲ၊ ကဲ ကဲ တိုင်းပြည်က ငါ့ကို ဘာပြောကြသေးလဲ။ မောင်မင်း သိသလောက် ပြောစမ်း။
မောင်ကာလုံ ။ ။ အများက ပြောကြတာက မင်းတြားကြီး အာဏာမက်နေတုန်းလားတဲ့။ နှစ် ၂၀ ကျော် တိုင်းပြည်ဘဏ္ဍာတွေ သယံဇာတတွေ ထင်သလိုသုံး ထင်သလိုဘုံး၊ စာရင်းမရှိ အင်းမရှိ၊ လုပ်ချင်တိုင်း လုပ်နေကြတာ မမှန်မကန်မှုတွေကို ပြည်သူတွေက သိနေကြလို့ တော်ပါတော့ တန်ပါတော့လို့ ပြောနေကြတာတွေဟာ နားမဆန့်အောင် ဖြစ်နေပါပြီ။
မင်းတြားကြီး ။ ။ ဟုတ်ပါ့မလား မောင်ကာလုံရဲ့။
မောင်ကာလုံ ။ ။ ဟုတ်ပ ... ဟုတ်ပ၊ ဒီထက်ပိုသေး ...။
စိန်သံလုံး
အပြည့်အစုံသို့...
No comments:
Post a Comment