Saturday, 26 May 2012

Sunday, May 27, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၇-၅-၂၀၁၂ - နံနက်ပိုင်း) (၁၉၉၀ ရွေးကောက်ပွဲ ၂၂ နှစ်ပြည့်နေ့)

- လျှပ်စစ်မီးရရေး ပုံစံတမျိုးနဲ့ ဆက်ဆန္ဒဖော်ထုတ် click
- ရွှေညဝါဆရာတော် အလုပ်သမားတွေကို ဆက်လက်ကူညီ click
- မှော်ဘီ သံမဏိစက်ရုံမှာ အစာငတ်ခံဆန္ဒပြ click
- အလုပ်သမားဆန္ဒပြမှု တချို့တ၀က် ပြေလည် click
- စက်ရုံ ၂ ရုံက အလုပ်သမားတွေ တောင်းဆိုချက်ရပြီ click
- ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်း သွားမည် click
- အိန္ဒိယ၀န်ကြီးချုပ် မြန်မာနိုင်ငံခရီးစဉ် တင်ကြိုသုံးသပ်ချက် click
- အိန္ဒိယက မြန်မာကို စစ်ပစ္စည်းတွေ ဆက်ရောင်းနေ click
- ကလေးတဦးကို ထိုးကြိတ်မှုအတွက် မျိုးကျော့မြိုင် တိုင်ကြားခံရ click
- ဆီးရီးယားမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ click
- အီဂျစ် ပြိုင်ပွဲဝင် သမ္မတလောင်းတွေ စည်းရုံးရေး တိုးချဲ့ click
- ပထမဆုံး ပုဂ္ဂလိကယာဉ် အာကာသစခန်း ရောက်ရှိ click

ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်

ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
မျိုးတေဇာမောင်
သရုပ်ဖော်ပန်းချီ မင်းကိုနိုင်

ကမ္ဘာဟာင်းဟာ သေဆုံးခဲ့ပြီ
စာအုပ်အဟောင်းတွေနဲ့အတူ ကမ္ဘာဟောင်းဟာ သေဆုံးခဲ့ပြီ
အပေါက်အပြဲတွေနဲ့ စုတ်ပြတ်နေတဲ့ ဖိနပ်စုတ်လို မိန့်ခွန်းတွေ မလိုအပ်တော့ပါ
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
ငါတို့ဟာ ရောင်းစားခံခဲ့ရ
ဓာတ်ကြိုးထဲမှာပဲ ဓာတ်အားတွေ သေဆုံးသွားကြ
ပေါင်မုန့်မရှိရင် ကိတ်မုန့်စား
လျှပ်စစ်မီးမလာရင် ဖယောင်းတိုင်ထွန်း
၂၁ ရာစု မေရီအင်တွိုင်းနက်လေသံလာမပစ်နဲ့
ငါတို့လမ်းပေါ်ထွက်ခဲ့မယ်
မနှစ်သိမ့်ပါနဲ့
ကတိက၀တ်တွေ မပေးပါနဲ့
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
“ဒီမိုကရေစီအရင် မီးလာပေးပါ” ပြည်သူ့အသံ
နောက်ကွယ်အနက်တွေ ရှိနေတာ ဘာလို့နားမလည်သလဲ
စနစ်ကိုက မကောင်းတာပါ ပြောရင်း အဲဒီစနစ်ထဲ ပိုးဖလံမီးတိုးတိုးဝင်
ဟုတ်ကိုမဟုတ်သေးဘူး
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုတွေလို
တဟုတ်ဟုတ်နဲ့ ဟုတ်မနေတော့ဘူး
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
ငါတို့ ထွက်လာမယ့် လမ်းဟာ အခုမှ ဖြစ်လာတာမဟုတ်ဘူး
အစဉ်အလာနဲ့ လမ်း
အောင်ဆန်းလမ်း
အောင်ကျော်လမ်း
ဗဟိန်းလမ်း
ခွပ်ဒေါင်းအစစ်တွေ ပျံတဲ့လမ်း
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
စကားကတိတွေ
တရားမဲ့အသိတွေ ဆွဲစုတ်
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်။ ။

(လျှပ်စစ်မီးတိုက်ပွဲသို့ ...)

မျိုးတေဇာမောင်
(ကောင်းကင် နိုင်ငံပြု အနုပညာမဂ္ဂဇင်း)

Saturday, May 26, 2012

မေလ ၂၆ ရက်ည ရန်ကုန် ဆူးလေ၊ တာမွေမြို့နယ်နှင့် ပုသိမ်မြို့များမှ ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်ပွဲများ (ဓာတ်ပုံ)

ရန်ကုန်မြို့ ဆူးလေစေတီတော်တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ၅ ညမြောက် ဆန္ဒထုတ်ဖော်
တာမွေမြို့နယ်တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး စတင် ဆန္ဒထုတ်ဖော်
ပုသိမ်မြို့တွင် ဒုတိယည ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်
Photo - Facebook
အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၆-၅-၂၀၁၂ - ညပိုင်း)

- ကချင်ဓမ္မဆရာကို မြန်မာစစ်သားများ ထိုးနှက်တိုက်ခိုက် click
- အခွန်နှုန်းထားများ တနှစ်တခါ စောင့်ကြည့်ထိန်းညှိသင့် click
- ဦးအောင်သောင်းနှင့် သားများ အနာဂတ် ဘာဖြစ်လာမလဲ (ဆောင်းပါး) click
- ဒီမိုကရေစီအရင်လား၊ လျှပ်စစ်မီးအရင်လား (ဆောင်းပါး) click
- အနိစ္စတရားကို မျက်မှောက်ပြုသည့် မြန်မာဓလေ့ (ဆောင်းပါး) click
- ကျုပ်တို့ဆုတောင်း (ကဗျာ) click
ကာတွန်းနေမျိုးအေး

ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့မှာ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော်ဖို့ ဖိတ်ခေါ်ချက်

ပြည်မှာ လျှပ်စစ်မီးရရှိရေး ဆန္ဒပြသူတွေကို ရဲက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီး

မှော်ဘီ မြောင်းတကာရှိ ရန်ကုန်သရဖူ သံမဏိစက်ရုံ အလုပ်သမားများ အစာငတ်ခံဆန္ဒပြ (ရုပ်သံ)

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၆-၅-၂၀၁၂ - နံနက်ပိုင်း)

- သံမဏိစက်ရုံလုပ်သားများ အစာငတ်ခံ ဆန္ဒပြပြီ click
- ရန်ကုန်ကရောင်းသံမဏိစက်ရုံ အလုပ်သမားများ အစာငတ်ခံဆန္ဒပြ click
- နိုင်ငံသားအလုပ်သမားတဦး၏ ရပိုင်ခွင့်နှင့် ခံစားပိုင်ခွင့်များ – အပိုင်း (၂) click
- လယ်မြေသိမ်းမှု လယ်သမားတွေ ကန့်ကွက်စာပို့ click
- သိမ်းမြေများ ပြန်မပေးလျှင် ဆန္ဒပြမည်ဟု စစ်တပ်ကို အရပ်သားများ သတိပေး click
- လယ်ယာလုပ်ပိုင်ခွင့်ကို မြို့နယ်အာဏာပိုင်များက တားမြစ်တဲ့ တွံတေးမြို့နယ်ကကိစ္စ click
- ပုသိမ်မြို့မှာ လျှပ်စစ်မီးရရှိရေး ဆန္ဒပြ click
- လျှပ်စစ်မီး ၂၄ နာရီရရှိရေး လူထုဆန္ဒဖော်ထုတ်ပွဲ စတုတ္ထမြောက်နေ့ click
- လျှပ်စစ်မီးပြတ်၍ မန္တလေးစီးပွားရေးလုပ်ငန်းများ အရှုံးပေါ် click
- မြန်မာ့လျှပ်စစ်စွမ်းအင်ပြဿနာ တရုတ် ကူညီလို click
- ဖယောင်းတိုင်နဲ့အတူ ထားရစ်ခဲ့ (ကာတွန်း) click
- သမ္မတ အကြံပေးနော် ... ဘာများမှတ်နေလဲ (ကာတွန်း) click
“ဖယောင်းတိုင်နှင့် သူ၏ကိုကို” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- လျှပ်စစ်မီးရရေး ငြိမ်းချမ်းစွာ ဆန္ဒပြမှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ click
- လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ click
- ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်း သွားဖို့ အစီအစဉ်ရှိ click
- ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယဝန်ကြီးချုပ် တည်းခိုရာ သွားရောက် တွေ့ဆုံမည် click
- ကျောက်တံတား NLD ရုံးခန်း ဖွင့်ပွဲ (ရုပ်သံ) click
- SSA နဲ့ အစိုးရ တိုက်ပွဲပြန်ဖြစ် click
- ဓားစားခံ ကိုအေးအောင် click
- သမဂ္ဂအဆောက်အဦ ပြန်လည်ပေါ်ထွန်းရေး ဗကသ ကြိုးပမ်းနေ click
- ကျွမ်းလောင်မှု၏ စွမ်းအား – အပိုင်း (၄) click
- မှတ်မှတ်သားသား စကားများ (ရုပ်သံ) click
- Johns Hopkins တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနား (ရုပ်သံ) click
- အိန္ဒိယ၀န်ကြီးချုပ်နဲ့ စီးပွားရေးသမားတွေ ပါသွား click
- မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုဟာ အဓိက စိန်ခေါ်မှုဖြစ်နေ click
- အခွင့်ထူးခံ စီးပွားရေးသမားများ (သတင်းသုံးသပ်ချက်) click
- ကျားပါးစပ်တောင် ရွှေတူးဖော်ရေးလုပ်ငန်းအား အာရှကမ္ဘာမြေ (တရုတ်) ကုမ္ပဏီက လက်ဝါးကြီးအုပ် ဗိုလ်ကျခြင်း click
- စစ်အရာရှိများ တဘက်နိုင်ငံသို့ သစ်မှောင်ခို ခိုးထုတ်ရာတွင် ပါဝင်ပတ်သက်နေ click
- မျိုးဆက်သစ်တို့၏ လေ့လာရေးခရီး click
- အယ်ဒီတာထံပေးစာ (လေးမြို့မြစ် ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတထံပေးစာ) click
- ဗိုလ်ချုပ်ပြတိုက်သို့ အလည်တခေါက် (ဆောင်းပါး) click
- နှစ်ခါပြန် ချစ်ခဲ့မိသူ (ဆောင်းပါး) click
- ဆီးရီးယားတွင် မနေ့က လူ ၅၀ သေလို့ အတိုက်အခံ ပြော click
- အီဂျစ်ရွေးကောက်ပွဲ ဒု-အကျော့ မွတ်စလင်အဖွဲ့နဲ့ ဝန်ကြီးချုပ်ဟောင်း ထိပ်တိုက်တွေ့မည် click
- အီဂျစ်သမ္မတရွေးကောက်ပွဲ မူဆလင်ညီအစ်ကိုတော်များ ရှေ့က ပြေး click
- ပြင်သစ်တပ်တွေ အာဖဂန်ကနေ နှစ်ကုန်မှာ ရုပ်သိမ်းမယ် click
- စကော့တလန် ခွဲထွက်ဖို့ စည်းရုံးလှုံ့ဆော်မှုတွေ စတင် click
- ဇင်ဘာဘွေ ပိတ်ဆို့မှု ရုပ်သိမ်းဖို့ ကုလ ပြော click
- Bankia ဘဏ်ကြီး ဘဏ္ဍာရေးအကူအညီ တောင်းရပြီ click
- အမေရိကန် ရေးတဲ့ လူ့အခွင့်အရေးအစီရင်ခံစာ တရုတ် ပယ်ချ click
- တရုတ်ပစ္စည်း အမေရိကန် အခွန်ကောက်ခံပုံ မကျေနပ်မှု WTO တိုင်ကြား click
- အမျိုးသားပဋိသန္ဓေတားဆေး ဖော်ထုတ်လာနိုင်ဖွယ်ရှိ click
- မေ ၂၅ ရက် တမိနစ် ဗီဒီယိုသတင်းလွှာ click

စစ်ကိုင်းမြို့တွင် ဖယောင်းတိုင်များ ထွန်းညှိကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်
ပေးပို့ - စစ်ကိုင်းသား

မေလ ၂၅ ရက် ည ၇ နာရီခွဲအချိန်ခန့်က စစ်ကိုင်းမြို့လယ်ရှိ ဈေးရှေ့လမ်းဆုံတွင် သတ်မှတ်ခွဲတမ်းပင် ပြည်မီအောင်မပေးသော လျှပ်စစ်မီးဖြန့်ဝေနေမှုကို ဆက်လက်ပြီး ကြိတ်မှိတ်မခံစားနိုင်ကြတော့သဖြင့် ဖယောင်းတိုင်များ ထွန်းညှိကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသကြပါသည်။

ပူပြင်းသော နွေအပူကို ခံစားနေရသော မြို့လူထုကို လူများဟု သတ်မှတ်၍ စာနာမှုထားရန်ကိုပင် မေ့လျော့လစ်လျူရှုနေပြီး တချို့သောနေရာများတွင်တော့ ၂၄နာရီနီးနီး လျှပ်စစ်မီး ပေးဝေထားရာ လျှပ်စစ်ဌာနက ၎င်းဘောင်းဘီဝတ်လူတန်စားများအား အခွင့်ထူးခံအဖွဲ့များအဖြစ် မြင်သာစေအောင် တမင်မီးမောင်းထိုးပေးနေသလား ထင်မြင်မိပါသည်။

ကျနော်တို့ စစ်ကိုင်းဘက်တွင် ယခင်နှစ်တွေက ဆရာတော်ကြီးတပါး၏ အိပ်မက်ကြောင့် ဘီလူးမစားစေရန် ဘဲဥစားပြီး ဖယောင်းတိုင်များ ထွန်းညှိဖူးခဲ့ကြပါသည်။

ယခုနှစ်တွင်တော့ ဖယောင်းတိုင်ထွန်းရာ ဘီးလူးထက်ကဲမည့် ရဲများ ဖယောင်းတိုင်ထွန်းသူများနှင့် မလိုက်ဖက်အောင်ပင် ပလူများ ထွက်သလို စစ်ကိုင်းညမှာ ပြုံခဲဝဲနေပါတော့သည်။ ယနေ့မနက်သတင်းအရ လူငယ် ၇ ဦးကို ဖမ်းဆီးထားကြောင်းသိရပါသည်။

မှတ်ချက် ။ ။ ကျနော် ကင်မရာ အရန်သင့်မပါလို့ ပြန်ယူရတယ်။ ပြန်ရောက်တော့ လမ်းပေါ်မှာ ထွန်းထားတာဆိုတော့ ဖယောင်းတိုင်မီးတွေက ငြိမ်းကုန်ပြီး ရဲတွေကလည်း အရမ်းများတော့ လူစုကွဲကုန်တာ ဓာတ်ပုံမရလိုက်ဘူးဗျာ။

စစ်ကိုင်းရဲစခန်း ဖုန်းနံပါတ် ၀၇၂-၂၁၅၀၄ နှင့် စစ်ကိုင်းမြို့နယ်လျှပ်စစ်ရုံး ဖုန်းနံပါတ် ၀၇၂-၂၁၅၀၁၊ ၀၇၂-၂၂၆၆၆ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မိုက်ရာကမှောင်

မိုက်ရာကမှောင်
သံလွင်ခ

မှောင်နေတာကတော့
နေရာအနှံ့ ...
ပညာရေးလည်း မှောင်
ကျန်းမာရေးလည်း မှောင်
ဆက်သွယ်ရေးလည်း မှောင်
တရားရေးလည်း မှောင်
နောက်ဆုံး ...
ဘုရားဈေးပါ မှောင်ပေါ့။

လျှပ်စစ်မီး မစီးနိုင်မှတော့
ကမ္ဘာအနှံ့ ဖြန့်ကြက်မယ့် စိတ်ကူးတွေလည်းမှောင်
ဖယောင်းတိုင်နဲ့ ကမ္ဘာမပတ်နိုင်လေတော့
အများသူငါရဲ့ အနာဂတ်တွေလည်းမှောင်ပေါ့။

အမှောင်ထုရဲ့တရားခံက
နိုင်ငံခြားသွားနေတဲ့ သဘာဝဓာတ်ငွေ့တွေမဟုတ်
ကျိုးယိုင်နေတဲ့ တာဝါတိုင်တွေမဟုတ်
ခေါ်တိုင်းမလာတဲ့ မိုးဒေ၀ါလည်းမဟုတ်။

သေချာတာက ...
နေရာတကာ မှောင်နေတာ
အာဏာအမိုက်အမှောင်ဖုံး
လူစိတ်လုံးလုံးမရှိ
တဘို့တည်းကြည့်တတ်သူ
လူလိမ်လူညာတချို့ကြောင့်ပါပဲ ...။ ။

သံလွင်ခ

သည်းမခံနိုင်တော့၍ ပွဲကြမ်းနေကြသော ဟိုင်မိုစက်ရုံအလုပ်သမားများ (ရုပ်သံ)

Friday, May 25, 2012

မေလ ၂၅ ရက်နေ့ည ရန်ကုန်၊ ပုသိမ်၊ မုံရွာ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်ပွဲများ

ရန်ကုန်မြို့ ဆန္ဒထုတ်ဖော်ပွဲ ဓာတ်ပုံများ
ပုသိမ်မြို့ ဆန္ဒထုတ်ဖော်ပွဲ ဓာတ်ပုံများ
လုံခြုံရေး တင်းကျပ်စွာ ချထားတဲ့ မုံရွာ ဆန္ဒထုတ်ဖော်မှု

Photo - Facebook
အပြည့်အစုံသို့...

မှော်ဘီမြို့နယ်ရှိ ‘ရန်ကုန်သရဖူ’ သံမဏိစက်ရုံတွင် ဆန္ဒပြနေသော အလုပ်သမား ၂၀၀ ကျော်အနက်မှ ၂၅ ဦး မေလ ၂၅ ရက်နေ့ (၆ ရက်မြောက်နေ့) နံနက်တွင် အစာငတ်ခံဆန္ဒပြ (ဓာတ်ပုံ)

Photo - Facebook
အပြည့်အစုံသို့...