Friday, May 11, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၁-၅-၂၀၁၂ - နံနက်ပိုင်း)
- မြန်မာ့အပြောင်းအလဲ စိတ်မချရသေး click
- ဒု-သမ္မတ နားခွင့်တောင်းတာ မှန်တယ်လို့ မိသားစု ပြော click
- ဒီကေဘီအေ သတင်းစာရှင်းလင်းပွဲ click
- ထိုင်းအာဏာပိုင်တွေထံ လက်နက်မချဟု ဗိုလ်မှူးချုပ် စောလားပွယ် ပြောဆို click
- မူးယစ်ရာဇာ စိုင်းနော်ခမ်းကို တရုတ် လက်လွှဲ click
- ရွှေတြိဂံ မူးယစ်ရာဇာ စိုင်းနော်ခမ်းအား တရုတ်ပြည်သို့ ပို့ဆောင် click
- ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်တို့ကို တွေ့ဆုံ click
- ၈၈ ကျောင်းသားများ ရှမ်းပြည်တောင်ပိုင်းခရီးစဉ် - ဒုတိယပိုင်း (ရုပ်သံ) click
- မြေလတ်ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်း click
- ပြောင်းလဲနေပြီလို့ မမြင်ပါဘူး။ ပြောင်းလဲဖို့ ခြေလှမ်းစနေပြီလို့ပဲ မြင်ပါတယ် (အင်တာဗျူး) click
- ရေတမာပင်တန်းကို ခုတ်ပစ်တာ လုပ်သင့်သလား (ဆွေးနွေးဖလှယ်) click
- YES – Inno အထည်ချုပ်စက်ရုံ အလုပ်သမား တထောင်ခန့် ဆန္ဒပြ click
- Hi-Mo High-Art ဆံပင်တုစက်ရုံ ဆန္ဒပြ အလုပ်သမား တောင်းဆိုချက်ရရှိ click
- Hi-Mo အလုပ်သမားများ အခွင့်အရေး တောင်းဆို (ရုပ်သံ) click
- သံတွဲကမ်းခြေ အများပိုင်မြေကွက် ပိုင်ဆိုင်မှုအပေါ် သမ္မတထံ တိုင်ကြား click
- ရွှေနံ့သာမြေပေါ် စီမံကိန်း ဆိုင်းငံ့၊ လယ်မလုပ်ရ တားမြစ်ထား click
- လူသွားလမ်း (ကဗျာ) click
- ဆီးရီးယားမြို့တော်မှာ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုတွေဖြစ် click
- ရုရှားလေယာဉ်ပျက်အနီး ရုပ်အလောင်းများ သယ်ယူ click
- ချန်ဂွမ်ချန်းရဲ့ ဆွေမျိုးတွေ ဖိအားပေးခံရ click
- အိုလံပစ် မီးရှုးတိုင် စတင်သယ်ဆောင် click
- မေ ၁၀ တမိနစ်စာ နိုင်ငံတကာ ဗီဒီယိုသတင်း click

Thursday, May 10, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၀-၅-၂၀၁၂ - ညပိုင်း)
- ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီး တိုက်ပွဲများ ပြင်းထန် click
- KIA က ရှေ့တန်း စခန်းကုန်းတခု ဆုတ်ခွာ၊ တိုက်ပွဲ ဆက်လက်ပြင်းထန် click
- မြန်မာအစိုးရက KBC အသင်းတော်ကို စတင်တိုက်ခိုက် click
- အသက်မပြည်သည့် ကလေးများအား KIA က တပ်သားသစ် စုဆောင်း click
- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ RCSS/SSA ကော်မတီသစ်နှစ်ရပ် ဖွဲ့စည်း click
- သက်ဆင်ကို သွားဖမ်းဟု ဗိုလ်နှုတ်ခမ်းမွေး ပြော click
- လိုအပ်လာရင် ချစ်ကြည်ရေးတံတား ပိတ်မယ် click
- ဗိုလ်ချုပ်စောလားပွယ်ကို သတင်းစာရှင်းလင်းပွဲ၌ ရလလဖ ဒု-ဥက္ကဌ လာရောက် ထောက်ခံအားပေး click
- စိုင်းနော်ခမ်းကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးအပ် click
- သျှမ်းပြည်သား မူးယစ်ရာဇာအား လောဝ်အစိုးရက တရုတ်အစိုးရလက်ပေးအပ် click
- ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီး ၀ နယ်သို့ ရောက်ရှိ click
- မြန်မာ့လူ့အခွင့်အရေး ဆက်လက် ချိုးဖောက်မှု ND-Burma ထောက်ပြ click
- အပြောင်းအလဲကာလတွင် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပေါ်နေဆဲဟု ND-Burma ပြော click
- သီဟသူရ ဦးတင်အောင်မြင့်ဦး အနားယူခွင့် တောင်းခံထားတဲ့ ကိစ္စ မှန်ကန် click
- မြန်မာ့အရေး ကူညီအားပေးရန် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကို တိုက်တွန်း click
- ကလေးသူငယ် ပြုစုပျိုးထောင်မှု အနာဂတ် ဒီမိုကရေစီအတွက် အရေးကြီး click
- သူရဦးရွှေမန်းနှင့်အဖွဲ့ ဥရောပပါလီမန်ကို သွားရောက် click
- နိုင်ငံရေးအကျဉ်းသားဟောင်းများ သြစတြေးလျတွင် ပညာသင်ကြားနိုင်ရေး ဆွေးနွေး click
- သြစတြေးလျရောက် နိုင်ငံရေးအကျဉ်းသားဟောင်း လွှတ်တော်အမတ် ဦးဖြိုးမင်းသိန်း၏ အတွေ့အကြုံ (မေးမြန်းခန်း) click
- နည်းနာကြွယ်တဲ့ တပ်မတော်နှင့် လွှတ်တော်တွင်း ဗျူဟာများ (ဆောင်းပါး) click
- ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရကို ဘယ်သူတွေ ငွေချေးခဲ့သလဲ (ဆောင်းပါး) click
- သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၉) click
- အလုပ်အကိုင်သစ်ရှာဖွေရန် နယ်ရပ်ရင်း စွန့်ခွာသူအရေအတွက် ရခိုင်တွင် ကြောက်ခမန်းလိလိ တိုးပွား click
- မြန်မာနိုင်ငံလည်း ဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မည် click
- မြန်မာ့ခရီးသွားလုပ်ငန်းကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့က ကူညီမည်ဟု ကတိပြု click
- ဓည၀တီနှင့် ဝေသာလီကို ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ် အစိုးရက သတ်မှတ် click
- ရန်ကုန်နှင့် သီလဝါ မီးရရေး ၂၀၁၅ တွင် အပြီးဆောင်ရွက်မည် click
- ဓည၀တီရေတပ် အဓမ္မ လယ်မြေသိမ်းနေ click
- လယ်သမားသမဂ္ဂ တရားဝင်ဖြစ်ရန် ဒေါ်ဘောက်ဂျာ ပြင်ဆင်နေ click
- နေပြည်တော်မြို့သစ်တည်စဉ်က ဖယ်ပေးခဲ့ရသူများ ထပ်မံဖယ်ရှားခံရ click
- လှိုင်သာယာ ဆံပင်တုစက်ရုံမှ အလုပ်သမားများ ဆန္ဒပြ (ဓာတ်ပုံသတင်း) click
- ဆန္ဒပြအလုပ်သမားများ တောင်းဆိုချက်ကို သဘောတူလိုက်ပြီ click
- လှိုင်သာယာစက်ရုံနှစ်ရုံက ဆန္ဒပြမှု အလုပ်ရှင် အလျှော့ပေး click
- ရွှေနံ့သာကျေးရွာသားများ၏ လယ်ထွန်မင်္ဂလာ အာဏာပိုင် တားမြစ် click
- ဖမ်းဆီးထားသည့် လူများကို ပြန်လွှတ်ပေးမည်ဟု ဘုရားသုံးဆူ ပြန်ပေးသမားများက ပြော click
- ပြန်ပေးခံရသူ ဘုရားသုံးဆူမြို့ခံများကို ဘတ်ငွေ ၅ သောင်းဖြင့် ရွေးရန် သဘောတူညီခဲ့ click
- ဟင်္သာတမြို့လယ် မန်းဘခိုင်လမ်းမှာ မိုးရွာတာနဲ့ ရေကြီး click
- NLD-BG နဲ့ လမ်းပေါ်က အမှိုက်ကောက် ကလေးငယ်များ click
- ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်နှင့် ဆန်ဖရန်စစ္စကို မြန်မာမိသားစု တွေ့ဆုံပွဲ ကျင်းပ (၁) click
- ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်နှင့် ဆန်ဖရန်စစ္စကို မြန်မာမိသားစု တွေ့ဆုံပွဲ ကျင်းပ (၂) click
- အစိုးရစာသင်ကျောင်းတွင် မွန်စာပေကို စနေ၊ တနင်္ဂနွေ နှစ်ရက်တွင်သာ သင်ကြားခွင့်ရ click
- ဖိလစ်ပိုင် လူပုကလေးများရဲ့ ကြီးမားတဲ့ အိပ်မက် click
- အမေရိကန်အိုင်ဒယ် နောက်ဆုံး ဆန်ကာတင်လေးဦး ဖျော်ဖြေမှု click
- ဆင်းရဲတွင်းနက် စွမ်းအားထက်လှသည့် အိန္ဒိယပညာရေး (ဆောင်းပါး) click
- အက်တလက်တီကို မက်ဒရစ် အနိင်ရသွားတဲ့ ယူရိုပါဖလား ဗိုလ်လုပွဲ click

စိန်တုံးကြီးနဲ့ ဖက်ရှင်မမ
စိန်တုံးကြီးနဲ့ ဖက်ရှင်မမ
ယာမားရှီး
ဖက်ရှင်မမ ဆိုတာက ဒီနယ်တ၀ိုက်မှာ လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့ အလှမယ်တဦး။
ချစ်သူဝိုင်းဝိုင်းလည်နေရော။
သူကို့ တကယ်ချစ်နေတာက မောင်လုထူ။ ရိုးတယ်။ ပွင့်လင်းတယ်။ လွတ်လွတ်လပ်လပ် နေတတ်တယ်။ အမှန်တရားကို မြတ်နိုးတယ်။ ခွန်အားဗလ ကောင်းတယ်။ ဒါပေမယ့် ဆင်းရဲတယ်။
ထူးဆန်းတာက ဖက်ရှင်မမ ကလည်း သူ့ကို ချစ်သတဲ့ဗျ။
လုထူကို မမ သိပ်ချစ်တယ်။
လုထူက မမကို ချစ်တာ မမသိတယ်။
လုထူကို ဆင်းရဲတွင်းက လွတ်အောင် မမ ကြိုးစားပေးမယ်။
မမကို လုထူက ချစ်သူအဖြစ် ရွေးချယ်ပေးထားတော့ မမကလည်း လုထူရဲ့အချစ်ကို အသိအမှတ်ပြုပါတယ်။
လုထူအခက်အခဲတွေ မမကို ပြော။ ဒါမှ ဖြေရှင်းပေးလို့ ရမှာပေါ့။
ရွှန်းရွှန်းဝေနေရော။
မောင်လုထူကလည်း မမမျက်နှာလေးကို ကြည့်လို့ပျော်နေရော။
*******
စိန်တုံးကြီး ဆိုတာက ဒီနယ်ပိုင်ကြီး။ နာမည်အရင်းက စိန်တုံး။ နယ်ပိုင်ကြီးဖြစ်သွားတော့ နယ်သူသားတွေက လေးစားသမှုနဲ့ ကြီး ထည့်ခေါ်တာပါ။
စိန်တုံးက မျိုးနဲ့ ရိုးနဲ့ ချမ်းသာတာ။
*******
စိန်တုံးကြီး ပေါ်လာတဲ့ ဇာတ်လမ်းက ဒီလို …
သူ့အဖေက ရွှေတုံးကြီး။ တော်တော်ဆိုးတာ။
မဟုတ်တာတွေ အကုန်လုပ်ပြီး သေသွားတာ။
ချမ်းသာတယ်ဆိုတော့။ လူမိုက်တွေ အများကြီး မွေးထားနိုင်တယ်။
မျက်လုံးစိမ်းစိမ်း ခွေးကြီးတကောင်ကိုလည်း ပိုင်သေးတယ်။ ခွေးကြီးက ဗလကောင်းပြီး လူတွေကို ရက်ရက်စက်စက် ကိုက်တတ်တယ်။
နှစ်ပေါင်း ၆၀ ကျော်နေပြီ။ မောင်လူထုရဲ့ ဘိုးဘွားပိုင်လယ်မြေတွေကို ဦးရွှေတုံး အတင်းသိမ်းလို့ ပြန်ပေးဖို့ တောင်းဆိုတာကို ခွေးကြီးနဲ့ ကိုက်ခိုင်းတာ။ မောင်လူထု စုတ်ပြတ်သတ်သွားတာပေါ့။ ဘိုးဘွားပိုင် မြေယာတွေကို ငါက တိုးတက်အောင် လုပ်ပေးနေတာကွ။ ကာကွယ်စောင့်ရှောက်ပေးနေတာကွလို့ အမြဲကြုံးဝါးနေတာ။
အချိန်တန်ရင် ပြန်ပေးမှာပေါ့လို့ ပြောလေ့ရှိတယ်။
မောင်လုထူကို နှောင့်ယှက်ဖျက်ဆီးသူဆိုပြီး ဖမ်းလိုက် လွှတ်လိုက် လုပ်နေတာပေါ့။
ကိုယ့်ပစ္စည်း ကိုယ်ပြန်တောင်းတာ မတရားဘူး။ အဆိုးမြင်ဝါဒီတဲ့။ ကောင်းရော။
ကိုယ်ပိုင်တဲ့ လယ်မြေတောင် ကိုယ်ပြန်ရပိုင်ခွင့်မရှိတဲ့ မောင်လုထူ ဆင်းရဲတာ ဆန်းသလား။
သူ့ခွေးကြီးလောက်တောင်မှ မောင်လုထူကို တန်ဘိုးမထား။
အဲဒီအချိန်မှာ သူရဲကောင်း ဖက်ရှင်မမက မောင်လုထူကို သနားသွားတယ်။
မောင်လူထုကို ကယ်တင်မယ်ပေါ့။ ဆင်ဖမ်းမယ်။ ကျားဖမ်းမယ် ပြောတာပေါ့။
မောင်လူထု ဘ၀ကို စာနာပါသတဲ့။ မောင်လုထူလက်ထဲ သူ့ပိုင်မြေတွေ ပြန်ရောက်အောင် လုပ်ပေးမယ်ဆိုပြီး ကတိတွေ အထပ်ထပ်ပေးခဲ့တယ်။ မောင်လုထူကိုလည်းသိပ်ချစ်သတဲ့။
နယ်ပိုင်ကြီးရွေးပွဲ သူဝင်မယ်တဲ့။ နယ်ပိုင်ကြီးဖြစ်မှ မောင်လူထုကို ကယ်နိုင်မှာတဲ့။ ဆင်းရဲတွင်းက လွတ်အောင် ကြံဆောင်ပေးမှာတဲ့။
သူဝင်ပြိုင်တယ်။ နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်လိုက်မှန်းမသိ။ နောက်ဆုံး နယ်ပိုင်ကြီးက ရွှေတုံးကြီးသား စိန်တုံးဖြစ်သွားသတဲ့။
နယ်သူနယ်သားတွေ မကျေနပ်လို့ ၀ိုင်းကန့်ကွက်ကျလည်း … သမိုင်းလိုအပ်ချက်အရ နယ်ပိုင် ဆက်ခံရတာတဲ့။ ကြက်မတွန်လို့ မိုးမလင်းဘူးဆိုပြီး မမကို ဖယ်ရှားပစ်တယ်။
ဖက်ရှင်မမကို မဲပေးခဲ့တဲ့ မောင်လူထုနဲ့ ဘော်ဒါတွေ ပန်လန်လက် (ပက်လက်လန်) ကုန်ရော။
ကံဆိုးတဲ့ မမ ဆိုပြီး သနားနေကြရော။
ဒီလိုနဲ့ နယ်ပိုင်ကြီး စိန်တုံးကြီး ပေါ်လာတာ။
စိန်တုံးကြီးက သိပ်တော်တာဆိုပြီး (နယ်ပိုင်လုပ်တာ) တနှစ်တောင် မပြည့်သေးဘူး ချီးကျူးခံရတယ်။ ဘာတွေ တော်မှန်းတော့မသိ။
*******
ဒါပေမယ့် ဖက်ရှင်မမပဲလေ။
ဘယ်ရမလဲ။ စိန်တုံးကြီးအုပ်စုကို အခြားနယ်တွေနဲ့ အဆက်ပြတ်အောင် ဖန်တီးပေးလိုက်တယ်။ စိန်တုံးကြီးတို့ လာဘ်ပိတ်သွားတယ်။
နောက်တော့ …
ဆန်းတယ်ဗျာ။ စိန်တုံးကြီးက မောင်လုထူကို သနားတယ်။ သူ့ဟာတွေ ပြန်ပေးရအောင် ကြိုးစားမယ်လို့ ဆိုတယ်။ ပိုင်ရှင်အစစ်ကို လေးစားပါတယ်တဲ့။
မမကိုလည်း သနားသတဲ့။ တူတာတွေ တွဲလုပ်ပြီး မတူတာတွေ ဘေးဖယ်ထားမယ်တဲ့။
လုထူက မမကို သတိပေးတယ်။
စိန်တုံးကြီးကို သတိထားဖို့။
သူ သိပ်လည်တာနော်။
ရွှေတုံးကြီးရဲ့ အချစ်ဆုံးသားနော် မမ။
သိပ်အရောမ၀င်နဲ့ပေါ့။
မမက အေးပါ အေးပါတဲ့။ စိတ်ချပါတဲ့။
*******
ဒီလိုနဲ့ ဟိုလိုနဲ့ နောက်ဆုံး စိန်တုံးကြီး ဖက်ရှင်မမကို ကောက်ယူပစ်လိုက်ရော။
လုထူမှာ နွေခေါင်ခေါင် မိုးကြိုးပစ်ထည့်သလို ခံစားရတယ်။
ယုံကြည်ထားသမျှတွေ အခုတော့ သဲထဲရေသွန်သလို။
ရည်းစားလူလု အူနုကြံ့ခတ်သလို။
အို ... အသည်းထဲက အတွင်းကြေ။
*******
တွေးရင်းတွေးရင်း မောင်လုထူ တော်တော် စိတ်ဆိုးလာတယ်။
ဖက်ရှင်မမက မောင်လေးအတွက်ပဲကွယ်။
မမကို နားလည်ပါနော်။ ဆိုပြီး ငိုပြတယ်။
လယ်မြေတွေ ပြန်ကို ရစေရမယ် ဆိုပြီး ကတိပေးပါတယ်။
လုထူလည်း ကြိုးစားပေါ့လို့ ဆိုတယ်။
မျက်လုံးစိမ်း ခွေးကြီးကိုလည်း ယဉ်ကျေးအောင် လုပ်ပေးဦးမှာတဲ့။
မောင်လုထူ မမကို ချစ်နေသေးသရွေ့ မမက အမြဲကြိုးစားပေးနေမှာတဲ့။
*******
ယူတာက ယူပေါ့ဗျာ။
အခုဟာက စိန်တုံးကြီးရဲ့ ဒုတိယမယား ဆိုတော့ ဘယ်လို ခံစားရမှန်း မသိတော့ဘူး။ မောင်လုထူ တွေးနေမိတယ်။
“ဒါက မောင်လေးအတွက်ပဲကွယ်။ စိတ်ရှည်မှပေါ့။ မမနဲ့ ပူးပေါင်းမှပေါ့”
ချစ်တဲ့အတွက် ခေါင်းညိတ်လိုက်တယ်။ ရင်ထဲကတော့ မကျေနပ်။
*******
“ဘကြီးအောင် ညာတယ်။ အဲလေ ... မမ ညာတယ်”
မောင်လုထူ အော်ပစ်လိုက်တယ်။
တနေ့ မမကို ပြန်ရအောင် လုပ်မယ်ဟု ဆုံးဖြတ်လိုက်တယ်။ လယ်မြေတွေ ပြန်ရအောင်လည်း နယ်ပိုင်ကြီးဆီမှာ အရေးဆိုရဦးမယ်။
မမက ဘယ်လိုကူညီမလဲ။
လောလောဆယ်တော့ နယ်ပိုင်ကြီးပေးတဲ့ ရာထူးရသွားသူ။
မျက်လုံးစိမ်းနဲ့ ခွေးကလည်း မာန်ဖီလို့ ကောင်းတုန်း။
*******
အချစ်ဆိုတာ တခါတလေ အသုံးမကျသော အရာတခုဖြစ်တယ်လို့ မောင်လုထူ မှတ်ချက်ချလိုက်တယ်။ မမကို ဆုံးရှုံးလိုက်ရပေမယ့် အချစ်ကတော့ ရှင်သန်နေဆဲ ...။
(ပြည်တွင်းဖြစ် အပေါစား အချစ်ဝတ္ထုတပုဒ်ဖြစ်တဲ့ စာရေးဆရာမကြီး အိုပန်းချယ်ရီအွန်အွန်မောဇာခြည်ရဲ့ “ထွေလီပွေလီ ရှုပ်တယ် ... လူညာတွေကြားက ဖက်ရှင်မမရယ်” ဆိုသော ဘုတ်အုတ်ပါ အကြောင်းအရာများကို မှီငြမ်းရေးသားအပ်ပါ၏။)
ယာမားရှီး
၉-၅-၂၀၁၂
အပြည့်အစုံသို့...
မူးယစ်ရာဇာလို့ ထိုင်းအစိုးရက ဆုကြေးထုတ်ထားတဲ့ကိစ္စ ဗိုလ်ချုပ်စောလားပွယ် ဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ ထပ်မံပြုလုပ်
မူးယစ်ရာဇာလို့ ထိုင်းအစိုးရက ဆုကြေးထုတ်ထားတဲ့ကိစ္စ ဗိုလ်ချုပ်စောလားပွယ်
ဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ ထပ်မံပြုလုပ်
ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
မေလ ၁၀ ရက်၊ ၂၀၁၂ ခုနှစ်
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA ကလို့ထူးဘောအဖွဲ့က စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ်က ထိုင်းအစိုးရ စွပ်စွဲပြောဆိုသလို သူဟာ မူးယစ်ဆေးဝါးရာဇာ မဟုတ်တဲ့အကြောင်းကို နိုင်ငံတကာက ပိုမိုသိရှိနိုင်ဖို့အတွက် ဒီနေ့ ကရင်ပြည်နယ် မြ၀တီခရိုင်မှာရှိတဲ့ ဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ ထပ်မံပြုလုပ်ပြီး ထိုင်းအစိုးရကို တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
သူပြောတာက ထိုင်းအစိုးရဟာ လွန်ခဲ့တဲ့ ၉ နှစ်လောက်က ထိုင်းမှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေကို အခုမှ ဘာလို့ သူ့ကို စွပ်စွဲရတာလည်း ထိုင်းအစိုးရဖြစ်စေ၊ မြန်မာအစိုးရဖြစ်စေ နိုင်ငံတကာက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေဖြစ်စေ သူ့နေရာဒေသမှာ အချိန်မရွေး လာရောက်စစ်ဆေးနိုင်ကြောင်း ထိုင်းနဲ့ မြန်မာ သတင်းထောက် ၅၀ ကျော်ကို ဒီနေ့မှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
သူဆက်ပြောတာက ဘာအထောက်အထားမှမရှိဘဲ DKBA က မြန်မာအစိုးရနဲ့ ပေါင်းပြီး ဒေသဖွံ့ဖြိုးရေး လုပ်နေတဲ့အချိန်မှာ ဒီလိုစွပ်စွဲတာ မရိုးသားဘူးလို့ ပြောပြီး ထိုင်းဒု-၀န်ကြီးချုပ် ချလုံယူဘမ်းရုန်းအနေနဲ့ သူ့ကို ဖမ်းဆီးဖို့ အမိန့်ထုတ်ပြီး ပြည်ပမှာ ထွက်ပြေးနေတဲ့ ၀ရမ်းပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း ထပ်ဆင်ချင်န၀ပ် ကိုကျတော့ ဘာလို့ မဖမ်းတာလဲဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဒု-၀န်ကြီးချုပ် ချလုံယူဘမ်းရုန်း ဦးဆောင်တဲ့ ထိုင်းနိုင်ငံ မူးယစ်ဆေးထိန်းချုပ်ရးဘုတ်အဖွဲ့ရုံး (ONCB) ကနေ အရင်လ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ထိုင်းက အလိုရှိတဲ့ မူးယစ်ရာဇာ ၂၅ ဦး စာရင်းမှာ စောလားပွယ် ပါရှိပြီး သူ့ကို ထိုင်းဘတ်ငွေ ၁၀ သိန်း ဆုကြေးထုတ်ထားပါတယ်။
ထိုင်းဘက်က ပြောတာက ၂၀၀၃ ခုနှစ်က DKBA ကလို့ထူးဘောဒေသ ဝေါ်လေရွာ ထိုင်းဘက်ခြမ်းမှာ ထိုင်းဘက်က ပိုင်ရှင်မဲ့ မူးယစ်စိတ်ကြွဆေးပြား (ရာဘ) အလုံးရေ ၉.၄ သန်း ဖမ်းဆီးရရှိမှုနဲ့ ဆုငွေထုတ်တာလို့ ဆိုပါတယ်။
ထိုင်းဒု-၀န်ကြီးချုပ်ကတော့ စောလားပွယ်အနေနဲ့ ထိုင်းမှာ လာရောက် အဖမ်းခံတာကလွဲပြီး အခြားနည်းလမ်းမရှိတဲ့အကြောင်း ပြောဆိုထားပြီး မြန်မာအစိုးရအနေနဲ့ စောလားပွယ်ကို ထိုင်းဘက် လွှဲပြောင်းပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
DKBA အဖွဲ့ရဲ့ ရပ်တည်ရေးနဲ့ ပတ်သက်ပြီး ထိုင်းနဲ့ ရန်ကုန်အခြေစိုက် သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို DKBA အဖွဲ့က ရှင်းပြတာက အဖွဲ့ရန်ပုံငွေကို သတ္တုတူးဖော်ရေးလုပ်ငန်း၊ ကုပ္မဏီလုပ်ငန်း၊ မော်တော်ယာဉ်လိုင်းပြေးဆွဲတဲ့လုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေနဲ့ ရပ်တည်နေပါတယ်လို့ ဆိုပါတယ်။
စောလားပွယ် (နှုတ်ခမ်းမွေး) ပြောတာက သူ့ကို စွပ်စွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး အချိန်မရွေး ဖြေရှင်းနိုင်ပြီး ဘယ်နိုင်ငံတကာအဖွဲ့အစည်းမဆို သူ့ကို လာရောက် စစ်ဆေးနိုင်ပါတယ်လို့ သတင်းထောက်တွေကို ဆိုပါတယ်။
ထိုင်းနယ်စပ်မှာလုပ်တဲ့ ဒီနေ့သတင်းစာရှင်းလင်းပွဲကို ရန်ကုန်အခြစိုက် မြန်မာသတင်းဌာနအသီးသီးက သတင်းထောက် ၄၂ ဦး တက်ရောက်လာတာကို မြန်မာအစိုးရက တစုံတရာ ပိတ်ပင်မှုတွေ ပြုလုပ်တာမရှိဘူးလို့ ၀ါရင့်သတင်းထောက်တဦးက ပြောပါတယ်။
ထိုင်းနဲ့ မြန်မာ နိုင်ငံရေးအကဲခတ်တွေရဲ့ အဆိုအရ ဒီကိစ္စကို အမြန်ဆုံး မဖြေရှင်းနိုင်ဘူးဆိုရင် ရေရှည်မှာ ထိုင်းနဲ့ မြန်မာ ချစ်ကြည်ရေးကို ထိခိုက်နိုင်တယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။
အပြည့်အစုံသို့...
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၀-၅-၂၀၁၂ - နံနက်ပိုင်း)
- အစိုးရနဲ့ ကေအိုင်အေ တိုက်ပွဲပြင်းထန် click
- KIA ကို ချေမှုန်းရန် မြန်မာအစိုးရတပ်နှင့် တိန့်ယိန်း ပန်ဝါတွင် တွေ့ဆုံ click
- ကချင်ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ အကူအညီ (ရုပ်သံ) click
- KIO နဲ့ ငြိမ်းချမ်းရေးအဖွဲ့ အပြောင်းအလဲ click
- အစိုးရ ငြိမ်းချမ်းရေးအဖွဲ့သစ်ကို တိုင်းရင်းသားအဖွဲ့အစည်းများ ကြိုဆို click
- ငြိမ်းချမ်းရေးကောင်စီသစ်နဲ့ ဖြေရှင်းရမယ့် ပဋိပက္ခများ (သတင်းသုံးသပ်ချက်) click
- မြန်မာ့တိုးတက်မှု အထွေထွေညီလာခံ အသိအမှတ်ပြုဖို့ Mr. Ban တိုက်တွန်း click
- မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှု ND-Burma အဖွဲ့ သတင်းထုတ်ပြန် click
- မြန်မာအပေါ် ဒဏ်ခတ်မှု ဆွစ်ဇာလန် ရုပ်သိမ်း click
- ပိတ်ဆို့မှုတချို့ ဆွစ်ဇာလန် ပြန်ရုပ်မည် click
- သမ္မတရုံး အင်တာနက်ဝက်ဘ်ဆိုက် ဖွင့်တော့မည် click
- ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ လေးနှစ်မြောက် နှစ်ပတ်လည်ပွဲ click
- ပထမဆုံးသော ပါတီညီလာခံ NLD ကျင်းပရန် စီစဉ် click
- ကျောင်းသားသမဂ္ဂ ပွင့်ပွင့်လင်းလင်း တည်ရှိရေး ဥပဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည် ကူညီမည် click
- ဗကသအဖွဲ့ချုပ် ရှေ့ရေး ဆွေးနွေး click
- ၈၈ ကျောင်းသားများ ရှမ်းပြည်တောင်ပိုင်းခရီးစဉ် - ပထမပိုင်း (ရုပ်သံ) click
- ရွေးကောက်ပွဲ မသမာမှု ကော်မရှင် ငြင်းဆို click
- တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် မဲမသမာမှု ဖော်ထုတ်ခဲ့ခြင်းဖြစ်တယ်လို့ NLD ပြောဆို click
- NLD ဗဟိုကော်မရှင် ဖွဲ့စည်း click
- NLD ဗဟိုအဆင့် ညီလာခံ ကျင်းပရေး ကော်မရှင် ဖွဲ့ click
- တာမွေမြို့နယ် NLD ရုံးခန်း ဖွင့်လှစ် (ရုပ်သံ) click
- ကျေးရွာအဆင့် NLD ရုံးများ ရခိုင်တွင် ဖွင့်လှစ် click
- ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည် တည်ထောင်ခွင့်ပြု click
- ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့၊ အုတ်ဆွဲကျေးရွာ လူ့အခွင့်အရေးဆွေးနွေးပွဲ click
- ဒီမိုကရေစီအကူးအပြောင်းကာလ တရားမျှတမှု (ဆောင်းပါး) click
- အဖမ်းအဆီး ၁၉၄၅ (ဆောင်းပါး) click
- Hi-Mo High-Art ဆံပင်တုစက်ရုံ အလုပ်သမား ဆန္ဒပြ click
- လှိုင်သာယာ ဟိုင်မို ဆံပင်တုစက်ရုံက အလုပ်သမားတွေ ဆန္ဒပြ click
- ဘုရားသုံးဆူ ပြန်ပေးမှု ထပ်ဖြစ် click
- ဘုရားသုံးဆူမြို့မှာ လူ ၅ ဦး ပြန်ပေးဆွဲခံရ click
- တပ်မတော် အင်ဂျင်နီယာတပ် ဗိုလ်မှူးအမိန့်နဲ့ မီးရှို့ ဖျက်ဆီးခံရတဲ့ ဆုံပွိုင့် စားသောက်ဆိုင် click
- ငွေပေးစနစ် ပြောင်းလဲလိုသည့် ဖုန်းများ မက်ဆေ့ခ်ျဖြင့် ဆန္ဒပြုနိုင် click
- ငှက်ဖျားပိုး ဆေးမတိုးတဲ့ ပြဿနာ click
- နေအလင်းနဲ့ အမှောင်ခွင်းသူ (ကဗျာ) click
- ဆီးရီးယား စောင့်ကြည့်ရေးအဖွဲ့ ယာဉ်တန်း ဗုံးထိ click
- ရုရှား ဂျက်လေယာဉ် စမ်းသပ်ပျံသန်းစဉ် ပျောက်ဆုံး click
- ကန်မှာ ယီမင် အယ်လ်ခိုင်ဒါရန် စိုးရိမ်ရ click
- အမေရိကန် ထောက်လှမ်းရေး အကြမ်းဖက်သမား click
- အိုဘားမား သမ္မတသက်တမ်း ဒုတိယအကျော့ ရွေးကောက်ပွဲ စည်းရုံးရေးစပြီ click
- လိင်တူချင်း ထိမ်းမြားမှု Obama ထောက်ခံ click
- လိင်တူချင်း လက်ထပ်မှု အိုဘားမား အားပေး click
- မြောက်ကိုရီးယား GPS ပိတ်ဆို့မှု ကုလသို့ တိုင်မည် click

No comments:
Post a Comment