Sunday, May 13, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၃-၅-၂၀၁၂ - နံနက်ပိုင်း)
- ကေအိုင်အေနဲ့ အစိုးရကြား တိုက်ပွဲတွေ ဆက် click
- ကချင်နယ်မြေတွင်း ထိုးစစ်များ မရပ်ပါက အပစ်ရပ်ထားမှုများ UNFC ပြန်သုံးသပ်မည် click
- ရှေ့တန်းတပ်ရင်းမှာ တပ်တွင်းပစ်ခတ်မှုကြောင့် သေဆုံးမှုရှိ click
- မူးယစ်ဆေးဝါး မလုပ်ဟု ဗိုလ်နှုတ်ခမ်းမွေး ပြော (ရုပ်သံ) click
- တမူးမြို့ တွီဗန်ရွာ လုံခြုံရေး အချင်းချင်း ပစ်ခတ် click
- ရဲစခန်းရှေ့ ရွှေဆိုင်မှာ အလုခံရ click
- ပြည်ပရောက် မြန်မာများကို ဦးသိန်းစိန် ဖိတ်ခေါ် click
- ပြည်ပရောက် မြန်မာတွေ ပြန်လာဖို့ သမ္မတ ထပ်တိုက်တွန်း click
- နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ သမ္မတ ပြော click
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အင်တာနက်စာမျက်နှာရဲ့ လိုအပ်ချက်တချို့ click
- ပိတ်ဆို့မှုတွေ ပိုမိုလျှော့ပေါ့ရေး အမေရိကန် စောင့်ကြည့်နေ click
- ဒေါ်အောင်ဆန်းစုကြည် ကော့မှူးပြည်သူ အခက်အခဲ သွားရောက်လေ့လာ click
- ဦးဝင်းတင်ဖောင်ဒေးရှင်း ဒုတိယအကြိမ် ကူညီထောက်ပံ့ click
- ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ဒုတိယကြိမ် အလှူငွေပေးအပ်ပွဲ (ဓာတ်ပုံသတင်း) click
- ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ပုသိမ် ရောက်ရှိ click
- ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး မြန်မာပြည် အထက်ပိုင်းခရီးစဉ် (ဓာတ်ပုံသတင်း) click
- ပိုလန်-မြန်မာ ဒီမိုကရေစီအတွေ့အကြုံ နှီးနှော click
- ဗုဒ္ဓ၀ါဒီ ရှုမြင်တဲ့ ဒီမိုကရေစီနိုင်ငံဆိုတာ ... (ဆောင်းပါး) click
- လယ်သိမ်းခံရသူ ကယားပြည်နယ် လယ်သမားများ အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ click
- ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခဲ့ click
- ကားမောင်းနှင်ပြီး ခရီးမိုင် လိမ်လည်ရောင်းချမှုများ ရှိနေ click
- တရုတ်ပြည် မိုးသီးမုန်တိုင်း လူလေးဆယ်နီးပါး သေဆုံး click
- ဂရိသမ္မတ အစိုးရဖွဲ့နိုင်ရေး ကြိုးပမ်း click
- မြောက်ကိုးရီးယား လွှတ်တော်ဥက္ကဋ္ဌ စင်္ကာပူနဲ့ အင်ဒိုနီးရှား ခရီးထွက် click
- ဂျက်စီကာစဲန်ချက်ဇ်ကို မဲပေးကြဖို့ ဖိလစ်ပိုင် ဒု-သမ္မတက တိုက်တွန်း click
- ဟိုလီ နှုတ်ဆက်သွားတဲ့ အမေရိကန်အိုင်ဒယ်လ် click
- ကချင်နယ်မြေတွင်း ထိုးစစ်များ မရပ်ပါက အပစ်ရပ်ထားမှုများ UNFC ပြန်သုံးသပ်မည် click
- ရှေ့တန်းတပ်ရင်းမှာ တပ်တွင်းပစ်ခတ်မှုကြောင့် သေဆုံးမှုရှိ click
- မူးယစ်ဆေးဝါး မလုပ်ဟု ဗိုလ်နှုတ်ခမ်းမွေး ပြော (ရုပ်သံ) click
- တမူးမြို့ တွီဗန်ရွာ လုံခြုံရေး အချင်းချင်း ပစ်ခတ် click
- ရဲစခန်းရှေ့ ရွှေဆိုင်မှာ အလုခံရ click
- ပြည်ပရောက် မြန်မာများကို ဦးသိန်းစိန် ဖိတ်ခေါ် click
- ပြည်ပရောက် မြန်မာတွေ ပြန်လာဖို့ သမ္မတ ထပ်တိုက်တွန်း click
- နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ သမ္မတ ပြော click
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အင်တာနက်စာမျက်နှာရဲ့ လိုအပ်ချက်တချို့ click
- ပိတ်ဆို့မှုတွေ ပိုမိုလျှော့ပေါ့ရေး အမေရိကန် စောင့်ကြည့်နေ click
- ဒေါ်အောင်ဆန်းစုကြည် ကော့မှူးပြည်သူ အခက်အခဲ သွားရောက်လေ့လာ click
- ဦးဝင်းတင်ဖောင်ဒေးရှင်း ဒုတိယအကြိမ် ကူညီထောက်ပံ့ click
- ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ဒုတိယကြိမ် အလှူငွေပေးအပ်ပွဲ (ဓာတ်ပုံသတင်း) click
- ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ပုသိမ် ရောက်ရှိ click
- ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး မြန်မာပြည် အထက်ပိုင်းခရီးစဉ် (ဓာတ်ပုံသတင်း) click
- ပိုလန်-မြန်မာ ဒီမိုကရေစီအတွေ့အကြုံ နှီးနှော click
- ဗုဒ္ဓ၀ါဒီ ရှုမြင်တဲ့ ဒီမိုကရေစီနိုင်ငံဆိုတာ ... (ဆောင်းပါး) click
- လယ်သိမ်းခံရသူ ကယားပြည်နယ် လယ်သမားများ အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ click
- ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခဲ့ click
- ကားမောင်းနှင်ပြီး ခရီးမိုင် လိမ်လည်ရောင်းချမှုများ ရှိနေ click
- တရုတ်ပြည် မိုးသီးမုန်တိုင်း လူလေးဆယ်နီးပါး သေဆုံး click
- ဂရိသမ္မတ အစိုးရဖွဲ့နိုင်ရေး ကြိုးပမ်း click
- မြောက်ကိုးရီးယား လွှတ်တော်ဥက္ကဋ္ဌ စင်္ကာပူနဲ့ အင်ဒိုနီးရှား ခရီးထွက် click
- ဂျက်စီကာစဲန်ချက်ဇ်ကို မဲပေးကြဖို့ ဖိလစ်ပိုင် ဒု-သမ္မတက တိုက်တွန်း click
- ဟိုလီ နှုတ်ဆက်သွားတဲ့ အမေရိကန်အိုင်ဒယ်လ် click
ကြံ့ဖွံ့သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန်မိန့်ကြားချက် (မေလ ၁၁ ရက်၊ ၂၀၁၂ ခုနှစ်)
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊
ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမိုထိရောက်စွာ ပြုပြင်ပြောင်းလဲ
ကြိုးပမ်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သမ္မတ
ဦးသိန်းစိန်၏ လမ်းညွှန်မိန့်ကြားချက်
(မေလ ၁၁ ရက်၊ ၂၀၁၂ ခုနှစ်)
(မေလ ၁၁ ရက်၊ ၂၀၁၂ ခုနှစ်)
(Lwin Aung Soe's Facebook မှ ကူးယူဖော်ပြပါသည်။ မူရင်းသတ်ပုံနှင့် စာစီစာရိုက်ထားသည့်အတိုင်း တင်ဆက်ထားခြင်းဖြစ်ပါသည်။)
အစည်းအဝေးကို တက်ရောက်လာကြတဲ့ ဒုတိယ သမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးများ ၊ တိုင်းဒေသကြီး / ပြည်နယ် အစိုးရ ဝန်ကြီးချုပ်များ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသ ဥက္ကဌ များခင်ဗျား
ဒီနေ့ အစည်းအဝေးကို ခေါ်ယူရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ အစိုးရရဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ ပထမအဆင့် (First Stage of Reform Strategy for National Development) ကို အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်။ ယခု ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့် (Second Stage of Reform Strategy for National Development) ကို တစ်ဆင့်တက်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ ဒီနေ့ ပြည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကို လိုချင်ပြီး ကျွန်တော်တို့ အစိုးရရဲ့ အောက်ခြေ ရပ်ကွက် ကျေးရွာအဆင့်မှ မြို့နယ် ၊ တိုင်းဒေသကြီး/ ပြည်နယ်မှ ပြည်ထောင်စု အဆင့်အထိ ရှေးယခင် လုပ်နည်း လုပ်ဟန်တွေ အတိုင်းလုပ်ကိုင်ဆောင်ရွက် နေကြတာကို မကြိုက်တော့ဘူးဆိုတဲ့ အနေအထားကို ပြသခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် Reform ကို ထိထိရောက်ရောက် ပြောင်းလဲ လုပ်ရမယ် ဆိုတဲ့ သဘော ဖြစ်ပါတယ်။
ကျွန်တော်တို့က လမ်းကြီးတွေဖောက် ၊ တံတားကြီးတွေ ဆောက်၊ စက်မှုဇုန် ၊ စီးပွားရေးဇုန်တွေ တစ်ဘက်က တည်ဆောက်နေပေမယ့် ဒီတည်ဆောက်မှုတွေထက် ပြည်သူတစ်ဦးချင်း ထိတွေ့ခံစား နေရတဲ့ နေ့စဉ် တွေ့ကြုံနေတဲ့ စားဝတ်နေရေး ၊ သွားလာနေထိုင်ရေး ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြောင်းလဲတိုးတက်အောင် တစ်နည်းအားဖြင့် ပြည်သူတစ်ဦးချင်းရဲ့ လူမှု စီးပွားရေး ဘဝကို ထိထိရောက်ရောက် တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မယ့် အစီအမံတွေကို ကျေးရွာမှအစ ကျေးရွာဖွံ့ဖြိုးမှု အစီအမံ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်မှု အစီအမံ၊ ဒေသ ဖွံ့ဖြိုးတိုးတက်မှု အစီအမံတွေ ထိထိရောက်ရောက် စီမံကြဖို့ အရေးတကြီး လိုအပ်လာပါတယ်။
ဥပမာအားဖြင့် နေထိုင်စရာ နေအိမ် အဆောက်အအုံ နဲ့ ရေလိုအပ်ချက်၊ မီးလိုအပ်ချက်၊ သွားလာစရာ ဘတ်စ်ကား ကြပ်တည်းမှု ၊ အဆင်မပြေမှု လိုအပ်ချက်တွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ စီမံ ဖန်တီးပေးဖို့ ၊ သိသိသာသာ ပြောင်းလဲ တိုးတက်အောင် ဆောင်ရွက်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူဦးရေအများဆုံးဖြစ်တဲ့ ရန်ကုန်မြို့တော်ဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၁ဝ ပုံ ၁ပုံ ရှိပြီး ထိုင်းနိုင်ငံ ၊ ဘန်ကောက် နဲ့ နှိုင်းယှဉ်ရင် များစွာ ကွာဟနေမှုအပေါ် အားမလို အားမရ ဖြစ်တဲ့ လူတန်းစားအလွှာတွေ ရှိသလို ၊ ထက်ဝက်ကျော်သော မြို့လူထု ရဲ့ နေထိုင်ရာ ရပ်ကွက်တွေဟာ ပျဉ်ကာ ၊ ထရံကာ မီးဘေး စိုးရိမ်ရတဲ့ အဆင့်ကနေ တိုက်တာပေါ် မတင်နိုင်သေးတဲ့ အနေအထားတွေ ၊ သူတို့ရဲ့ ရေ လိုအပ်ချက် ၊ မီးလိုအပ်ချက်တွေ ၊ သွားလာရေးမှာလည်း ဘတ်စ်ကား ကြပ်တည်းမှုနဲ့ လုပ်ငန်းခွင်သွားဖို့ မနက်ပိုင်းမှာ နှစ်နာရီလောက် သွားလာရေးအတွက် အချိန်ကုန်ရသလို ၊ လုပ်ငန်းခွင်က အပြန်မှာလည်း ည မိုးချုပ်မှ အိမ်ပြန်ရောက် ၊ မနက် မိုးလင်း အစောကြီး ပြန်သွား ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလို့ မကျေမနပ် အားမလို အားမရ ဖြစ်နေတဲ့ လူတန်းစား အလွှာတွေ ရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဈေးကွက်နေရာ ဖန်တီး မပေးနိုင်လို့ ဖြစ်စေ လမ်းဘေး ဈေးသည်များနဲ့ အာဏာပိုင်များရဲ့ အပြန်အလှန် တားမြစ်နေမှု မြင်ကွင်းများ ၊ မြို့တွင်း ကားရပ်နားရန် နေရာ ရှားပါးလာတဲ့ ပြဿနာက အစ ဒီမြင်ကွင်း အားလုံးကို ပြောင်းလဲသွားအောင် ကျွန်တော်တို့ စီမံရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဟာ လူဦးရေ များပြား၍ သိသာထင်ရှားပြီး နိုင်ငံရေး ၊ စီးပွားရေး အချက်အခြာ၊ ထင်ရှားတဲ့ ဥပမာ ဖြစ်လို့ မြင်သာအောင် ဥပမာ ပေးရခြင်း ဖြစ်ပါတယ်။ အခြား တိုင်းဒေသကြီး/ ပြည်နယ်များလည်း အလားတူ ဖြစ်စဉ်များ သူ့နေရာနဲ့သူ ရှိကြပါတယ်။
တစ်နည်းအားဖြင့် ပြောရရင် ပြည်သူ တစ်ဦးချင်း နေ့စဉ် ကြုံတွေ့ နေရတဲ့ အခက်အခဲတွေ ပြေလည်ပြီး ပြည်သူတို့ရဲ့ လူမှုစီးပွားရေးဘဝ သိသိသာသာ ပြောင်းလဲ သွားအောင် Reform လုပ်ရမှာ ဖြစ်ပါတယ်။ Reform လုပ်ရာမှာ ငါးပွက်ရာ ငါးစာချ ၊ မြေပုံ ကြည့်ပြီး ကြုံသလို နေရာချ ဆောင်ရွက်မှုမျိုး ရှောင်ကြဉ်ပြီး မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို နောင် ရေရှည်အတွက် တိုးတက်လာမယ့် လူဦးရေနဲ့ ဖွံ့ဖြိုးလာမယ့် မြို့ပြ စီးပွားရေး အခြေအနေတွေကိုပါ ထည့်သွင်းတွက်ချက်ပြီး ခပ်မြန်မြန် ဆောင်ရွက်နိုင်မယ့် အစီအမံများကို ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ မြို့ပြတွေမှာ စားသောက်ဆိုင် ဖွင့်ချင်တာ ၊ Shopping Mall ၊ ကာရာအိုကေ ၊ ကာစီနို၊ ဖွင့်ချင်တာက အစ လာရောက် စုံစမ်းကြပြီး ဒေသ အသီးသီးမှာ ရရာ မြေနေရာ ၊ ရရာ အဆောက်အဦ ရရှိရေး ကြိုးစားနေကြတာ တွေ့ရှိနေရ ပါတယ်။ ဒေသ လူတွေကလည်း မြေနေရာ လွတ်ရင်ပြီးရော ၊ ပေးလို့ရတာ အရင်ပေး စနစ်နဲ့ သွားရင် နောင်တစ်ချိန်မှာ မြို့ပြ ဖွံ့ဖြိုးမှု အခင်းအကျင်း ပုံစံ မမှန်တော့ဘဲ Environmental Impact, Social Impact တွေ ရလာနိုင်မှာ ဖြစ်ပါတယ်။ အခြားနိုင်ငံ မြို့ကြီး ပြကြီးတွေလို City Development Master Plan ရေးဆွဲပြီး ဘယ်နေရာကတော့ Residential Area ၊ ဘယ်နေရာကတော့ Commercial Area၊ ဘယ်နေရာကတော့ Plantation ၊ ဘယ်နေရာကတော့ Forest Area , ဘယ်နေရာကတော့ Industrial Area စသဖြင့် ကြိုတင် လျာထား အကွက်ချဖို့ လိုအပ်ပါတယ်။
မြေလွတ်မြေရိုင်းများနဲ့ တောင်သူ လယ်သမားတွေ စိုက်ပျိုး ဖြစ်ထွန်းမှု မြေဆီ မြေသြဇာ မကောင်းတဲ့ မြေတွေမှာ တစ်ဧကအပေါ်မှာ ရတဲ့ အကျိုးအမြတ်နဲ့ စက်ရုံတစ်ရုံမှာ ရရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို နှိုင်းယှဉ် တွက်ချက်ပြီး ကြိုတင် လျာထား စီမံ သွားကြရမှာ ဖြစ်ပါတယ်။
မြို့နယ်တွေမှာ အစိုးရ ဘတ်ဂျက်နဲ့ စည်ပင်သာယာ ရတဲ့ အခွန်လေး ပေါ်မှာ မြို့လူထုအတွက် ရေ ၊ မီး ၊ လမ်းပန်း ဆက်သွယ်ရေးက အစ ထိရောက်အောင် မလုပ်ပေးနိုင်တာက ငွေကြေး အရင်းအနှီး လိုအပ်ချက်ကြောင့် ဖြစ်တာ တွေ့ရပါတယ်။ လယ်တစ်ဧကပေါ်မှာ ရတဲ့ အခွန်အခနဲ့ စက်ရုံ တစ်ရုံပေါ်မှာ ရရှိမယ့် အခွန်အခ ၊ အခြား ရရှိမယ့် ရေခွန် ၊ မီးခွန် ၊ ကုန်ထုတ်လုပ်မှု အခွန်အခများဟာ မြို့နယ်တစ်ခုအတွက် အခွန် တိုးတက် ရရှိစေမယ့် နည်းလမ်းတွေကိုလည်း တိုးတက် ကြံဆ သွားရမှာ ဖြစ်ပါတယ်။
နိုင်ငံတကာမှာ မြို့ပြတွေကို ကောင်စီ အုပ်ချုပ်ရေး ဘုတ်အဖွဲ့ များကို ရွေးချယ် တင်မြှောက်ပြီး မြို့တိုးတက်အောင် ဆောင်ရွက်နိုင်မယ့် လူများနဲ့ နေ့စဉ် ၊ အပတ်စဉ် လေ့လာ ဆွေးနွေး တိုင်ပင် ဆောင်ရွက်ယင်း မြို့ပြတွေ တစ်နှစ်ထက် တစ်နှစ် အရှိန်အဟုန်နဲ့ တိုးတက်အောင် ဆောင်ရွက် နေတဲ့ အနေအထားတွေ လေ့လာ အတုယူ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့် (Second Stage of Reform Strategy for National Development) ကို ဆောင်ရွက်ရာမှာ
(၁) ပြည်သူလူထုရဲ့ လူမှုစီးပွားရေး လိုအင်တွေကို ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်မယ့် ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး (People Centered Development) ဖြင့် ဆောင်ရွက်ရေး ၊
(၂) ပြည်သူလူထု ဗဟိုပြု တိုးတက်ရေး ဆောင်ရွက်ရာတွင် အရေးပါ လာသည့် လူမှုရေး ၊ စီးပွားရေး အသင်းအဖွဲ့များ ပါဝင်သော လူမှုအဖွဲ့အစည်း (Civil Society) များ၏ ပူးပေါင်း ဆောင်ရွက်မှု အရေးပါ လာသည့်အလျောက် မြို့နယ် တိုင်းမှာ လူမှုရေး ၊ စီးပွားရေး အသင်းအဖွဲ့များ ၊ ကျေးလက် သမဝါယမ အစုအဖွဲ့များ ၊ မြို့နယ် သမဝါယမ အသင်းများ တိုးချဲ့ ဖွဲ့စည်းပေးပြီး လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်အောင် တိုးချဲ့ ဆောင်ရွက် ခြင်းဖြင့် တိုင်းပြည်၏ စွမ်းအားကို မြှင့်တင် ဆောင်ရွက်ရေး ၊
(၃) နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှု စီးပွားရေး တိုးတက်မှုအတွက် ငွေကြေး အရင်းအနှီးများ ရင်းနှီးမြှုပ်နှံ သုံးစွဲ နိုင်မှု အခြေအနေ အခွင့်အလမ်းသည် လူ့စွမ်းအား အရင်းအမြစ် ပြီးလျှင် အခြေခံ အကျဆုံး အဓိက လိုအပ်ချက် ဖြစ်သည့်အတွက် ဘဏ္ဍာရေး မူဝါဒ ၊ ငွေကြေး မူဝါဒ ပြုပြင်ပြောင်းလဲမှုများနှင့်အညီ အောက်ပါ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲ ရင်းနှီးမြှုပ်နှံမှုများကို ထိရောက် အကျိုးရှိစွာ ပြုပြင် ပြောင်းလဲ ဆောင်ရွက်ရေးတွင်
(က) နိုင်ငံတော် ဘဏ္ဍာငွေ ဘတ်ဂျက် တိုးမြှင့် သုံးစွဲနိုင်ရေး၊ အခွန်အကောက် တိုးတက် ရရှိရေး နည်းလမ်းများ ပြုပြင် ပြောင်းလဲ ဆောင်ရွက်ခြင်း ၊ ပြည်သူ့ ဘဏ္ဍာ (Public Finance) အား ထိရောက်သော စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ခြင်း၊
( ခ ) ပြည်သူတို့၏ ငွေကြေး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှုများ တိုးပွားလာစေရန် ကုမ္ပဏီများ ၊ အများပိုင် ကုမ္ပဏီများ ဖွဲ့စည်းခြင်းနှင့် ငွေကြေး ဈေးကွက် ဖြစ်ပေါ်လာရေး ဆောင်ရွက်ခြင်း ၊
( ဂ ) ဘဏ်များ ၊ ငွေစုငွေချေး လုပ်ငန်းများ ၊ သမဝါယမ အစုအဖွဲ့များ စုပေါင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှု တိုးချဲ့ ဆောင်ရွက်ခြင်း၊
(ဃ) နိုင်ငံခြား အကူအညီ အထောက်အပံ့များ အကျိုးရှိ ထိရောက်စွာ ခွဲဝေ အသုံးပြုခြင်း ၊
( င ) နိုင်ငံခြား ချေးငွေများအား နိုင်ငံတော် စီမံကိန်းများနှင့် ဒေသန္တရ စီမံကိန်းများတွင် အကျိုးရှိ ထိရောက်စွာ အသုံးပြုခြင်း၊
( စ ) ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ ငွေကြေး စီးဆင်း လည်ပတ်မှုများ စနစ်တကျ မှန်ကန်အောင် ဆောင်ရွက်ခြင်း၊
(၄) ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှု အတွက် (Regional Development Plan, City Development Plan, Township Development Plan, Village Development Plan) တွေ ကြိုတင် ရေးဆွဲ၍ မြေ အသုံးချမှု မူဝါဒ နှင့် အစီအမံ (Land Use Policy and Plan) ထားရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ် တိုးချဲ့ ဆောင်ရွက်ရေး၊
(၅) မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံတိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရေး အမြင်ဖြင့် ဆောင်ရွက်ယင်း သဘာဝပတ်ဝန်းကျင်နှင့် လူမှု စီးပွားရေး ပြဿနာများ ဒွန်တွဲ ပါလာမှု အပေါ် ဥပဒေ စည်းမျဉ်းဖြင့် ထိန်းကျောင်း နိုင်သည့် လုပ်ထုံးလုပ်နည်းများ (Code of Conduct for Township Development) ရေးဆွဲ ဆောင်ရွက်ရေး ၊ ကူးသန်း ရောင်းဝယ်ရေး အဟန့် အတားများ ၊ ခရီးသည်နှင့် ကုန်စည် ပို့ဆောင် သွားလာရေး အဟန့်အတားများ၊ ရုံးဌာန ညွှန်ကြားချက်နှင့် ထောက်ခံချက်များ ဆိုင်ရာ အဟန့် အတားများ စသည့် အုပ်ချုပ်မှု ဆိုင်ရာ စီမံခန့်ခွဲမှု (Administration Management) များကို Decentralize လုပ်ပြီး ဥပဒေ စည်းမျဉ်းဖြင့် သာ ထိန်းကျောင်း၍ ပြည်သူများ အတွက် သိသာထင်ရှားသော အပြောင်းအလဲ တစ်ရပ် ပေါ်ပေါက်ရေး တစ်နည်းအားဖြင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance ) သန့်ရှင်းသော အစိုးရ အုပ်ချုပ်မှုစနစ် (Clean Government) ဖြစ်ပေါ်လာရေး ၊
(၆) နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် အပါအဝင်ဖြစ်သော အောက်ပါ စီမံကိန်းများကို ပိုမို ထိရောက်စွာ တိုးမြှင့် ဆောင်ရွက်ရေးတွင် -
(က) ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းတွင် ကျေးရွာတိုင်း၌ ကျေးရွာ အစုအဖွဲ့များ တိုးချဲ့ ဖွဲ့စည်းရေးနှင့် မြို့နယ် အဆင့်တွင်လည်း မြို့နယ် သမဝါယမ အသင်းများကို အမိန့်ပေးစနစ်ဖြင့် မဟုတ်ဘဲ ၎င်းတို့ ဆန္ဒအရ ဖွဲ့စည်း၍ တစ်ဦးချင်း ကုမ္ပဏီ မထောင်နိုင်မီ စုပေါင်း ထည့်ဝင် ဆောင်ရွက်တတ်သည့် အလေ့အထဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက် တတ်သည့် အလေ့အထများ ဖြစ်ပေါ် လာအောင် ဆောင်ရွက်ခြင်း ၊
( ခ ) လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် ဘဏ်ဝန်ဆောင်မှု ၊ ဟိုတယ်နှင့်ခရီးသွား ဝန်ဆောင်မှု ၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုနှင့် အခြား ကုန်ထုတ် လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှု အသီးသီး၌ ကျွမ်းကျင် ဝန်ထမ်းများ ပိုမို လိုအပ်လာသည့် အလျောက် အသက်မွေး ဝမ်းကျောင်း ကျွမ်းကျင်မှု သင်တန်းများကို ဖွင့်လှစ်၍ လေ့ကျင့် ပြုစုပျိုးထောင်ခြင်း ၊ အလုပ်အကိုင် အခွင့်အလမ်းများ ချိတ်ဆက် ဖန်တီးပေးခြင်း ၊
( ဂ ) ကျန်ကဏ္ဍစီမံကိန်း (၁၄) ခုအား ဒေသအလိုက် ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန် ကဏ္ဍ စီမံကိန်း တာဝန်ယူသော ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဒေသ စီမံကိန်း တာဝန် ယူသော ပြည်နယ်/ တိုင်းဒေသကြီး အစိုးရများ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်း၊
အချက်များဟာ ဒုတိယအဆင့် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ အတွက် အဓိက ဆောင်ရွက်သွားရမယ့် အချက်တွေ ဖြစ်ကြောင်း ပြောကြားလိုပါတယ် ။
အထက်ပါ မဟာဗျူဟာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ပြည်ထောင်စု ဝန်ကြီးဌာနများအလိုက် နိုင်ငံတော် စီမံကိန်းများကို လည်းကောင်း ၊ တိုင်းဒေသကြီး/ ပြည်နယ် များအလိုက် ဒေသန္တရ စီမံကိန်းများကို လည်းကောင်း ဆောင်ရွက်ရာမှာ ပြည်ထောင်စု အစိုးရရဲ့ ချမှတ် ဆောင်ရွက်မယ့် မူဝါဒဟာ တစ်နိုင်ငံလုံးအတွက် တူညီသော်လည်း တိုင်းဒေသကြီး / ပြည်နယ်များ ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ များရဲ့ တည်နေရာ အကျယ်အဝန်း မတူညီမှု၊ လူမျိုး ဓလေ့နှင့် လူဦးရေ အချိုး အစားချင်း မတူညီမှု ၊ သဘာဝ အရင်းအမြစ်နဲ့ ရာသီဥတု မတူညီမှု စတဲ့ ကွဲပြား ခြားနားမှု များကြောင့် လည်းကောင်း၊ လုံခြုံရေး ၊ လမ်းပန်း ဆက်သွယ်ရေးနှင့် သွားလာရေး အခြေအနေ များကြောင့် လည်းကောင်း၊ ဆင်းရဲချမ်းသာ ကွာဟမှု ၊ အလုပ်အကိုင် အခွင့်အလမ်း မတူညီမှု စတဲ့ အခြေအနေများ အပေါ်မှာ တိုင်းဒေသကြီး / ပြည်နယ် အစိုးရများ ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသ များ အနေနဲ့ အသေးစိတ် အစီအမံ နည်းလမ်းများကို ကိုယ်တိုင် ဝါယမထုတ် ၊ လေ့လာကြံဆ ကြိုးပမ်း အားထုတ်ဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။
ရှေးကကဲ့သို့ ပြည်ထောင်စု အစိုးရက Top Down ချမှတ်ပေးမှ ဆောင်ရွက် အကောင်အထည်ဖော်တဲ့ ပုံစံအစား ကိုယ့်ဒေသ ဖွံ့ဖြိုးဖို့ ကိုယ်တိုင် လေ့လာ ကြံဆကြိုးပမ်းပြီး Bottom Up Initiative နဲ့ ကိုယ်လုပ်ချင်တဲ့ အစီအမံတွေကို ပြည်ထောင်စု အစိုးရထံ အသိပေး တင်ပြပြီး ဆောင်ရွက်သွားကြဖို့ လိုပါတယ်။ ပြည်ထောင်စု အစိုးရအနေနဲ့ကလည်း တိုင်းဒေသကြီး/ ပြည်နယ်များကို တင်ပြ ဆောင်ရွက်စေခြင်းဟာ ပြုပြင်ပြောင်းလဲရေးကာလ (Transition Period) မှာ အောက်ပါ အချက်များကို အခြေခံ အုတ်မြစ် (Foundation) ခိုင်မာအောင် အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းရမယ့် ကာလတစ်ရပ် ၊ အချိန်တစ်ရပ် လိုအပ်ချက်ကြောင့် ဆောင်ရွက် နေခြင်းဖြစ်ပြီး အောက်ခြေအဆင့်အထိ ဆောင်ရွက်မှုများ အဆင်ပြေ ချောမွေ့ ခိုင်မာ သွားတဲ့အခါမှာ အခြားနိုင်ငံများ နည်းတူ နိုင်ငံတော် အဆင့်က လုပ်ရမယ့်အပိုင်း ၊ ပြည်ထောင်စု အဆင့် ဝန်ကြီးဌာန များက လုပ်ရမယ့်အပိုင်း ၊ တိုင်းဒေသကြီး/ ပြည်နယ် များက လုပ်ရမယ့်အပိုင်း ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများက လုပ်ရမယ့်အပိုင်း ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်က လုပ်ရမယ့် အပိုင်းတွေ ဆိုပြီး သူ့အဆင့်နဲ့သူ အုပ်ချုပ်ရေး စီမံခန့်ခွဲမှု (Administrative Management System) ပြောင်းလဲ တိုးတက်လာမှာ ဖြစ်ပါတယ်။
ဒါကြောင့် ယခုလို အပြောင်းအလဲ ကာလမှာ ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများဟာ
- မူဝါဒ ညှိနှိုင်းခြင်း ၊
- မဟာဗျူဟာ ၊ နည်းဗျူဟာ အကောင်အထည် ဖော်မည့် လုပ်ငန်းစဉ်များ ညှိနှိုင်းခြင်း၊
- မြေအသုံးချမှု အပါအဝင် သဘာဝ သယံဇာတ အရင်းအမြစ် အသုံးချမှုများ စီမံခန့်ခွဲမှု ညှိနှိုင်းခြင်း၊
- တိုင်းဒေသကြီး/ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် ပြည်သူတို့၏ လူမှု စီးပွားရေး ညွှန်းကိန်း တိုးတက်ရန် လိုအပ်ချက်များ ညှိနှိုင်းခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းခြင်း၊
- နိုင်ငံတော် ဘဏ္ဍာငွေ ဘတ်ဂျက် ခွဲဝေ သုံးစွဲမှု ညှိနှိုင်းခြင်း၊ အခွန်အကောက် ဆိုင်ရာ ခွဲဝေ သုံးစွဲမှု ညှိနှိုင်းခြင်း၊
- နိုင်ငံခြား အကူအညီ အထောက်အပံ့ဆိုင်ရာ ထိရောက်စွာ ခွဲဝေ သုံးစွဲမှု ညှိနှိုင်းခြင်း၊
- ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရေး ညှိနှိုင်းခြင်း၊
- ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အုပ်ချုပ်မှု လုပ်ငန်းများ ခွဲဝေ ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းခြင်း၊
- ကဏ္ဍ စီမံကိန်းများ ၊ ဒေသန္တရ စီမံကိန်းများနှင့် သီးခြား ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများ ၊ နိုင်ငံခြား အကူအညီ အထောက်အပံ့များ ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်သူ လူထုနှင့် ထိတွေ့ ဆောင်ရွက်နေသော လုပ်ငန်းများကို လေးလပတ်အလိုက် လေ့လာ သုံးသပ် အကဲဖြတ်ခြင်းနှင့် လေ့လာသုတေသနပြုရေး လုပ်ငန်းများ ညှိနှိုင်းခြင်း
စတဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို လေးလပတ် အစည်း အဝေးတွေ ပြုလုပ်ပြီး ဆောင်ရွက် သွားကြရန် လိုအပ်မှာ ဖြစ်ပါတယ်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အစီအစဉ် ရှိရှိ၊ ထိထိရောက်ရောက် ဖြစ်အောင် ယခုဆိုရင် ဘဏ္ဍာရေး ကော်မရှင်ကဲ့သို့ စီမံကိန်း ကော်မရှင်ကို ဖွဲ့စည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများ ဘဏ္ဍာရေး ကော်မရှင် ဖွဲ့စည်းမှု ပါဝင်ပြီး ယင်းကော်မရှင်မှာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ ဝန်ကြီးချုပ်များနဲ့ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန ဝန်ကြီးတို့သာ ပါဝင်သော်လည်း စီမံကိန်း ကော်မရှင်မှာတော့ ပြည်ထောင်စု ဝန်ကြီးဌာနများ အားလုံး နဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ ဝန်ကြီးချုပ်အားလုံး ပါဝင်ကြမှာ ဖြစ်ပါတယ်။
အလားတူ နိုင်ငံခြား အကူအညီ အထောက်အပံ့များ ထိရောက်စွာ စီမံခန့်ခွဲ အသုံးပြု နိုင်ရန်အတွက် နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲမှု ဗဟိုကော်မတီ ဖွဲ့စည်း ထားပြီး ဖြစ်ပါတယ်။ ယင်းဗဟိုကော်မတီ အောက်မှာ အကောင်အထည်ဖော် ဆောင်ရွက် ကြမယ့် ပြည်ထောင်စု ဝန်ကြီးဌာနများနဲ့ လုပ်ငန်းကော်မတီ ဖွဲ့စည်းထားပြီး ပုဂ္ဂလိက ကဏ္ဍ ကမ်းလှမ်းလာမှု များအတွက် (Civil Society) ကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံ လူမှုစီးပွားရေး အကြံပေး ကောင်စီ ဖွဲ့စည်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။
နိုင်ငံခြား အကူအညီ အထောက်အပံ့များကို သုံးစွဲရာမှာ တိုင်းဒေသကြီး/ ပြည်နယ်များ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ များမှာ ဒေသ ဖွံ့ဖြိုးရေးနဲ့ ပြည်သူများရဲ့ လူမှု စီးပွားရေး ဘဝ ထိရောက် အကျိုးရှိစွာ ဖြစ်ထွန်းရေး အတွက် အဓိက စောင့်ကြည့် ကြပ်မတ် ပူးပေါင်း ဆောင်ရွက် အကောင်အထည်ဖော်ကြရမှာ ကတော့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနဲ့ ဒေသအလိုက် ၊ မြို့နယ်အလိုက် အုပ်ချုပ်ရေး အဖွဲ့အစည်းများဘဲ ဖြစ်ပါတယ်။
ဒီလို ဆောင်ရွက်မှသာ ထောင်စုနှစ် ရည်မှန်းချက်အတိုင်း ဆင်းရဲမှုနှုန်းကို လျှော့ချနိုင်မှာ ဖြစ်သလို ဘတ်ဂျက်ငွေနဲ့ ဒေသ ဖွံ့ဖြိုးမှု တိုးတက်အောင် လုံလောက်မှာ မဟုတ်တဲ့အတွက် နိုင်ငံခြား အကူအညီ အထောက်အပံ့များကို ထိရောက် အကျိုးရှိအောင် ဒေသအတွက် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ များသော အားဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေနဲ့ ၎င်းတို့ ခန့်အပ်သောသူများနဲ့ တိုက်ရိုက်ဆောင်ရွက်ပြီး ၎င်းတို့ သုံးသော ဝန်ဆောင်မှုစရိတ်က (၃၀% - ၄၀%) ခန့် ရှိနေတဲ့အတွက် ပြည်သူများအတွက် တစ်ဝက်ကျော် ခန့်ဘဲ ခံစားရတာ ဖြစ်ပါတယ်။
အလှူရှင်နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်း များကလည်း ၎င်းတို့၏ ကူညီ ပံ့ပိုးမှုများကို အစိုးရ အဖွဲ့အစည်းများ လက်သို့ အပ်နှံ ဆောင်ရွက်ပါက Corruption နှင့် ၎င်းတို့ သုံးစေလိုသောနေရာ မရောက်ရှိသည့် အတွက် ၎င်းတို့ ခန့်အပ်သူများနှင့် ဒေသရှိ လူမှုရေး အဖွဲ့အစည်းများ တိုက်ရိုက်ချိတ်ဆက် ပေးအပ်ခဲ့တာကို တွေ့ရပါတယ်။
ဒီနေရာမှာ ဒေသရှိ လူမှုရေး အဖွဲ့အစည်းများကလည်း အကူအညီ အထောက်အပံ့ ရရင် ပြီးရော သဘောထားပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၏ လုပ်ငန်းနှင့် စာရင်းဇယားများကို တောင်းယူ သိရှိနိုင်ခြင်း မရှိဘဲ ပေးသမျှဖြင့် ဆောင်ရွက် ခဲ့မှုများ ရှိသလို အချို့ အောက်ခြေ ပါတီ နိုင်ငံရေး အဖွဲ့အစည်းများ ၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုက်ရိုက်ချိတ်ဆက် ပေးခဲ့သည့်အတွက် ပြီးခဲ့သည့် ကိုးကန့် အရေးအခင်းတွင် နိုင်ငံခြား ရိက္ခာထောက်ပံ့ရေး အဖွဲ့အစည်း တစ်ခုမှ ရိက္ခာများသည် အဖွဲ့အစည်း အသုံးပြုရန်သာ ဖြစ်ခဲ့ပြီး ပြည်သူ့ လက်ဝယ် မရောက်ရှိခဲ့သည်ကို တွေ့ရှိရပါတယ်။
အချို့ကလည်း နိုင်ငံရေးပါတီ အဖွဲ့ အစည်းမှ ပုဂ္ဂိုလ်များကို ခန့်အပ် တာဝန်ပေးပြီး ဆောင်ရွက်မှုကြောင့် ပြည်သူက ထိုသူနှင့် ထိုပါတီက ကူညီသည်ဟု ထင်မှတ်မှားခဲ့သည်ကို တွေ့ရှိခဲ့ ရပါတယ်။
နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲရေး ဗဟို ကော်မတီ အနေနဲ့ နိုင်ငံတကာမှ အစိုးရဖြစ်စေ ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း ဖြစ်စေ မည်သည့် အဖွဲ့အစည်း ၊ မည်သည့် အကူအညီ ၊ မည်သည့် ချေးငွေ လာသည်ဖြစ်စေ ပင်မ သက်ဆိုင်သည့် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် ကနဦးညှိနှိုင်း MOU နှင့် Agreement များကို တရားဝင် ဆောင်ရွက်စေပြီးမှသာ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် ခွဲဝေ ဆောင်ရွက်စေမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် တိုင်းဒေသနှင့်ပြည်နယ် အစိုးရများဟာ မိမိတို့ ဒေသအတွင်း နိုင်ငံတကာ အကူအညီ အထောက်အပံ့ ပေးမည့် အဖွဲ့အစည်းများ ရောက်ရှိလာပါက သတင်းပို့စေပြီး ၎င်းတို့၏ လုပ်ငန်း Project များကို ရှင်းလင်းတင်ပြစေခြင်း ၊ မြို့နယ် ဒေသအထိ ပူးပေါင်း ဆောင်ရွက် ကြီးကြပ်မှု အသွင်ဖြင့် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ခြောက်လပတ်အလိုက် တိုးတက်မှု အကဲဖြတ်ခြင်းများကို ညှိနှိုင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ မြန်မာနိုင်ငံအတွင်း ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့အစည်း (၉)ခုနဲ့ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း INGO ပေါင်း (၅၃) ခုခန့် ရှိပြီး ၎င်းတို့အနေနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနဲ့လည်းကောင်း ၊ ပုဂ္ဂလိက လူမှုရေး ၊ စီးပွားရေး အသင်း အဖွဲ့များ ၊ ဖောင်ဒေးရှင်းများနှင့် တိုက်ရိုက် ချိတ်ဆက်၍လည်းကောင်း ဆက်သွယ်ပေးအပ်ရန် ကမ်းလှမ်းကြတာကို တွေ့ရပါတယ်။
နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း INGO များအနေနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနမှာ မှတ်ပုံတင်ပြီးခြင်း ၊ ၎င်းတို့လုပ်မယ့် လုပ်ငန်းကဏ္ဍနဲ့ ဆိုင်တဲ့ ပြည်ထောင်စု ဝန်ကြီးဌာနထံ သတင်းပို့ တင်ပြပြီး ယင်းမှ နိုင်ငံတကာ အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲမှု ဗဟို ကော်မတီ ခွင့်ပြုချက် ရယူ ဆောင်ရွက်ရေးကို ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ များက တိကျစွာ လိုက်နာဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒီနေရာမှာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီး အနေနဲ့ မြို့နယ်တိုင်းမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝင်ရောက် ဆက်သွယ်လာလျင် အစိုးရနဲ့ရော နိုင်ငံရေး ပါတီများ ၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ပါ ပတ်သက်ခြင်း မရှိဘဲ ဒေသ ဖွံ့ဖြိုးရေး အမြင် သက်သက်ဖြင့် ဆောင်ရွက်နေကြတဲ့ အောက်ပါ လူမှုရေး ၊ စီးပွားရေး အဖွဲ့အစည်းများကို ဖွဲ့စည်းသွားရန် ဖြစ်ပါတယ် -
- ကုန်သည် အသင်းအဖွဲ့များ
- စိုက်ပျိုးရေး ၊ မွေးမြူရေး အသင်းအဖွဲ့နှင့် အစုအဖွဲ့များ
- သမဝါယမ အသင်းများ
- ဖောင်ဒေးရှင်းများ
- အများနှင့် သက်ဆိုင်သော ကုမ္ပဏီများ ၊ အထူးပြု ကုမ္ပဏီများ
နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့်လည်း မြို့နယ် အဆင့်သို့ ကွင်းဆင်း ဆောင်ရွက်ရာ၌ ၎င်းတို့ ခန့်အပ် တာဝန်ပေးသူများကို ယုံကြည်စိတ်ချရမှု မရှိခြင်း၊ ဒေသခံများကလည်း စွမ်းဆောင်ရည်နှင့် အတွေ့အကြုံ မရှိခြင်း စသည့် အခက်အခဲ များကြောင့် မြို့နယ်များ၌ စွမ်းဆောင်ရည် ရှိသော ၊ ပြည်သူများက လက်ခံ သော လူမှုရေး စီးပွားရေး အသင်းအဖွဲ့များ ၊ အစုအဖွဲ့များ ၊ ဖောင်ဒေးရှင်းများကို ဖွဲ့စည်း သွားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း အနာဂတ်မှာ အရေးပါ လာမယ့် Civil Society များဟာ အစိုးရဌာနများနဲ့ရော နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ပါ ပူးပေါင်း ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းများ ရရှိလာပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုတဲ့ လူသားအရင်းအမြစ်များ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ အကူအညီအထောက်အပံ့များ စီမံခန့်ခွဲမှု ဗဟို ကော်မတီကလည်း အလှူရှင် နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် Donors Meeting တွေ ကျင်းပဖို့ ရှိပြီး Driver Seat ကို မြန်မာနိုင်ငံကဘဲ တာဝန်ယူထားမှာ ဖြစ်ပါတယ်။ Donors Meeting ကျင်းပတဲ့အခါ အလှူရှင် နိုင်ငံများ၊ အဖွဲ့အစည်းများ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှု စီမံကိန်း (Development Plan) နဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ (Reform Strategy) ကို သိလိုကြကြောင်းနှင့် ယင်းကဲ့သို့ သိမှသာ ၎င်းတို့ စိတ်ဝင်စားသော ပေးအပ်လိုသည့် အကူအညီ ပေးလိုသော နယ်မြေဒေသနှင့် လုပ်ငန်းကဏ္ဍကို ရွေးချယ် အသိပေးစေလိုကြောင်း မကြာခဏ မေးမြန်း ပြောဆိုကြတာ ရှိပါတယ်။
ဒါ့ကြောင့် ဒီနေ့ အစည်းအဝေးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (National Development Plan) နဲ့ ဒေသန္တရ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Regional Development Plan) ကိုရော ၊ ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ (Reform Strategy) ကိုရော မူဝါဒရေးရာ ချပြ ညှိနှိုင်းခြင်းနဲ့ နိုင်ငံခြား အကူအညီ အထောက်အပံ့များ ထိရောက် အကျိုးရှိစွာ စီမံခန့်ခွဲရေး (Foreign Aid Effective Management) အတွက် ညှိနှိုင်း အစည်းအဝေး ဖြစ်ပါတယ်။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေထဲမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှု လျှော့ချရေး စီမံကိန်း ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း တွေဟာ နိုင်ငံခြား အကူအညီ အထောက်အပံ့ တွေနဲ့ ဆောင်ရွက်ရမယ့် Development Plan တွေ ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များရဲ့ လူမှု စီးပွားရေး ညွှန်းကိန်းများ အချိုးကျ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနဲ့ ပြည်ထောင်စု ဝန်ကြီးဌာနများ ညှိနှိုင်း တွက်ချက်ပြီး နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ မေလကုန် အပြီး တင်ပြရန်ဖြစ်ပြီး မေလ နောက်ပိုင်းမှာ Donors Meeting တွေကို ကျင်းပတဲ့အခါ မိမိတို့ လိုအပ်တဲ့ လုပ်ငန်းကဏ္ဍနဲ့ နယ်ပယ်ကို ချပြ ဆွေးနွေး တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနဲ့ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေထဲမှာ ဘတ်ဂျက်နဲ့ နိုင်ငံခြား အကူအညီ မရနိုင်တဲ့ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်တွေကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ယခုအခါ ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံနဲ့ လုပ်ငန်းရှင် အများအပြား လာရောက်ကြပေမယ့် ရင်းနှီးမြှုပ်နှံခွင့် ပြုနိုင်တဲ့ လုပ်ငန်း ကဏ္ဍ (Investment Sector) နဲ့ ရင်းနှီးမြှုပ်နှံခွင့် ပြုနိုင်တဲ့ နယ်မြေဒေသ (Investment Potential Area) ကို အချို့ တိုင်းဒေသကြီး/ပြည်နယ် တွေမှာ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေး ထိခိုက်မှု (Environmental and Social Impact) ၊ မြေ အသုံးချမှု မူဝါဒနှင့် စီမံခန့်ခွဲမှု (Land Use Policy and Plan) ပြဿနာတွေကြောင့် ရင်းနှီးမြှုပ်နှံမှုများကို အသင့်လက်ခံနိုင်တဲ့ အခြေအနေ (Readiness) မဖြစ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
Readiness ဖြစ်ဖို့အတွက် Township Development Plan, Village Development Plan ရေးဆွဲထားပြီး ဘယ်နေရာတွေကိုတော့ လူဦးရေတိုးတက်မှုအတွက် နေထိုင်ရန် ရပ်ကွက် ၊ ကျေးရွာတွေ ချထားရန် လျာထားခြင်း ၊ သောက်သုံးရေနဲ့ သဘာဝ ပတ်ဝန်းကျင်အတွက် သစ်တောမြေ လျာထားခြင်း ၊ ဒေသခံ ပြည်သူများ လူမှု စီးပွားရေး လုပ်ကိုင်စားသောက်မှု အခွင့်အလမ်း အတွက် စိုက်ပျိုးမြေနှင့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင် မည့် စက်ရုံ အလုပ်ရုံ ၊ စက်ရုံစု လျာထားမြေ ၊ လက်လီဈေး ၊ လက်ကားဈေး နှင့် သယ်ယူ ပို့ဆောင်ရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ လျှပ်စစ်မီး လျာထားခြင်းတို့ကို မြို့နယ်တိုင်း အတွက် အသင့် ရှိနေမှသာ ရင်းနှီးမြှုပ်နှံမှုများ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်ပြီး ဒေသခံ ပြည်သူများရဲ့ လူမှု စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက် ရရှိ လာမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ GDP ကိန်းဂဏန်း Plan ထက် Physical Plan ဟာ ပိုမို အရေးကြီးပါတယ်။ ရှေးယခင် ကာလများကဲ့သို့ အထက် ဌာနများက မြေပုံကြည့်ပြီး နေရာချထား သတ်မှတ်ပေးရုံ သက်သက် စီမံခန့်ခွဲရင်တော့ ရှေးယခင် လိုဘဲ ထွေ/အုပ်က တစ်မျိုး ၊ သစ်တောက တစ်မျိုး ၊ စည်ပင်က တစ်မျိုး ၊ မြေစာရင်းက တစ်မျိုး အောက်ခြေမှာ အမိန့် မျိုးစုံ ၊ နားလည်မှု မျိုးစုံနဲ့ ဆောင်ရွက်ခဲ့ကြတဲ့အတွက် ရေရှည်မှာ ယခုလို တံခါးဖွင့်ပြီး ရင်းနှီးမြှုပ်နှံမှု လက်ခံတဲ့အခါ မြေယာ ပြဿနာ အခက်အခဲဟာ တိုင်းဒေသကြီး/ ပြည်နယ်တိုင်းမှာ ဖြစ်ပေါ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒါနဲ့ စပ်လျဉ်းပြီး မြို့ပြ စီမံကိန်း ရေးဆွဲ စီမံခန့်ခွဲ အုပ်ချုပ် လုပ်ကိုင်မှုတွေကို ပြန်လည် လေ့လာ ကြည့်စေတဲ့အခါ ဥပဒေ ၊ စည်းမျဉ်း ၊ လုပ်ထုံး လုပ်နည်းများ (Code of Conduct) များဟာ အသီးသီး ရေးဆွဲ ထားရှိခဲ့ကြပေမယ့် လက်တွေ့ နယ်ပယ်များ အသုံးပြု စီမံ ခန့်ခွဲနိုင်ခြင်း မရှိတော့တာ တွေ့ရပါတယ်။
ဘာကြောင့်လဲဆိုတော့ ဥပဒေ စည်းမျဉ်းနဲ့ အုပ်ချုပ်ခြင်းအစား အမိန့်ပေးစနစ် ၊ အစည်းအဝေး ဆုံးဖြတ်ချက် စနစ် တွေနဲ့ ဦးစားပေး လုပ်သွားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ နောင်အခါမှာ ဥပဒေ ၊ စည်းမျဉ်းနဲ့အညီ (Rule of Law) နဲ့ လုပ်မှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် Township Development Plan ကို မြို့နယ် စီမံကိန်း ရေးဆွဲ အကောင်အထည် ဖော်ရေး ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်စေသော်လည်း အတွေ့အကြုံ အလေ့အကျင့် မရှိသေးတဲ့အတွက် လုံးဝ ပုံအပ်ထားခြင်းဖြင့် ဥပဒေ ၊ စည်းမျဉ်း ၊ လုပ်ထုံး လုပ်နည်းများ (Code of Conduct) များကို မျက်ကွယ်ပြု၍ အဖွဲ့အစည်းနှင့် အစည်းအဝေးထိုင် ဆုံးဖြတ်လျင် ရသည်ဟူ၍ ထင်မြင်ယူဆ ဆောင်ရွက်ခြင်းမျိုး မရှိစေရန် နှင့် မြို့နယ်အဆင့်က ရေးဆွဲ တင်ပြမှုကို တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများက လွှတ်တော် ကိုယ်စားလှယ်များ ၊ ကျွမ်းကျင်သူ ပညာရှင်များ ၊ လူမှုရေး ၊ စီးပွားရေး အဖွဲ့အစည်းများနှင့် တစ်မြို့နယ်ချင်းအပေါ် ပြည်သူများရဲ့ စားဝတ်နေရေး လိုအပ်ချက် ၊ လူမှုရေး လိုအပ်ချက် နဲ့ မြို့နယ်အတွက် တိုးတက် ရရှိလာမယ့် အခွန်အကောက်နဲ့ မြို့နယ် ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်သွားနိုင်မယ့် စီးပွားရေး တွက်ခြေကိုက်ပြီး ဖွံ့ဖြိုးတိုးတက် စေမယ့် အစီအမံများကို အောက်ပါ ရည်မှန်းချက်များနဲ့ အသေးစိတ် လေ့လာ ကြံဆ စီမံသွားကြဖို့ မှာကြားလိုပါတယ် -
- နိုင်ငံတကာနှင့် ရင်ဘောင်တန်း၍ ဖွံ့ဖြိုးတိုးတက်စေရန်
- တိုင်းဒေသကြီး/ပြည်နယ် အလိုက်၊ နယ်မြေ အခြေအနေအလိုက် မြို့ရွာများ အမြန် ခေတ်မီ ဖွံ့ဖြိုး တိုးတက်ရန်
- ပြည်သူတစ်ဦးချင်း ၊ တစ်အိမ်ထောင်ချင်း နေထိုင်စရာ နေရာ မြေယာ အဆောက်အအုံ အဆင်ပြေ တိုးတက်စေရန်၊
- ပြည်သူတစ်ဦးချင်း ၊ တစ်အိမ်ထောင်ချင်း ရေ၊မီး အဆင်ပြေစေရန်၊
- ပြည်သူများ သွားလာရေး အဆင်ပြေ လွယ်ကူစေမည့် လမ်းတံတားနှင့် သယ်ယူ ပို့ဆောင်ရေး တိုးတက်စေရန် ၊
- ပြည်သူများ စီးပွားရေး ၊ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရေးနှင့် ဈေးကွက် ဖွံ့ဖြိုးရေး ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန်
ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့် (Second Stage of Reform Strategy for National Development) ကို ပြည်သူလူထုရဲ့ လူမှုစီးပွားရေး လိုအင်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မယ့် ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုး တိုးတက်မှု (People Centered Development) အရ သိသိသာသာ ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
အလားတူ (Regional Plan, City Development Plan, Township Development Plan, Village Plan) တွေ ကြိုတင် ရေးဆွဲပြီး မြေ အသုံးချမှု မူဝါဒ နှင့် အစီအမံ (Land Use Policy and Plan) ထားရှိခြင်း ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ တိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရေး အမြင်ဖြင့် ဆောင်ရွက်ယင်း သဘာဝပတ်ဝန်းကျင်နှင့် လူမှု စီးပွားရေး ပြဿနာများ ဒွန်တွဲ ပါလာမှု အပေါ် ဥပဒေ စည်းမျဉ်းဖြင့် ထိန်းကျောင်းနိုင်သည့် လုပ်ထုံးလုပ်နည်းများ (Code of Conduct for Township Development) ရေးဆွဲ ဆောင်ရွက်ရေး ၊ ကူးသန်း ရောင်းဝယ်ရေး အဟန့်အတားများ ၊ ခရီးသည်နှင့် ကုန်စည် ပို့ဆောင် သွားလာရေး အဟန့်အတားများ ၊ ရုံးဌာန ညွှန်ကြားချက်နှင့် ထောက်ခံချက်များ ဆိုင်ရာ အဟန့်အတားများ စသည့် အုပ်ချုပ်မှုဆိုင်ရာ စီမံခန့်ခွဲမှု (Administration Management) များကို Decentralize လုပ်ပြီး ဥပဒေ စည်းမျဉ်းဖြင့် သာ ထိန်းကျောင်း၍ ပြည်သူများအတွက် သိသာထင်ရှားသော အပြောင်းအလဲတစ်ရပ် ပေါ်ပေါက်ရေး ကို အဓိက ထားရမှာဖြစ်ကြောင်း အဖွင့်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ယခင်တစ်ပတ် ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်များကို ဖိတ်ကြားပြီး ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်နဲ့ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ် ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့စဉ်က တစ်နိုင်ငံလုံးရဲ့ အသားတင် ထုတ်လုပ်မှုတန်ဖိုး ဂျီဒီပီ ဟာ ကျပ် (၄၄၇၃၃.၃) ဘီလီယံ၊ အမေရိကန် ဒေါ်လာ (၅၅.၉) ဘီလီယံခန့် ရှိတာကို တွေ့ခဲ့ရမှာ ဖြစ်ပါတယ်။ ဒီအသားတင် ထုတ်လုပ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ (၅၅.၉) ဘီလီယံ ဝန်းကျင်နဲ့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားရင် တိုးတက်လာမယ့် တိုးတက်မှုနှုန်းဟာ ငါးနှစ် ကြာတဲ့အခါ (၁.၅)ဆ တိုးတက်မှု ဖြစ်ပါတယ်။ လက်ရှိ လူတစ်ဦးကျ ဝင်ငွေ ဒေါ်လာ (၁၀၀၀) ရှိရင် နောင် ငါးနှစ်ကြာရင် တစ်ဦးကျ ဝင်ငွေ ဒေါ် လာ (၁၅၀၀) ခန့်သာ ရှိမှာဖြစ်ပါတယ်။
ကျွန်တော့် အနေနဲ့ နိုင်ငံတကာ အကူအညီ အထောက်အပံ့များ ၊ ချေးငွေများ ၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့ဖိတ်ခေါ် လုပ်ကိုင်နိုင်မယ် ဆိုရင် လူတစ်ဦးကျ ဝင်ငွေ ဒေါ်လာ (၃၀၀၀) တန်းကို ရောက်အောင် ကြိုးစားနိုင်လိမ့်မယ်လို့ ရည်မှန်းထားပါတယ်။ တစ်နည်းအားဖြင့် လက်ရှိ အခြေအနေ တွက်ချက်မှုအရ တိုးတက်မှုနှုန်း (၁.၅)ဆ အစား တိုးတက် မှုနှုန်း (၃) ဆ တိုးတက်အောင် ကြိုးစားမယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ အသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) (၅၅.၉) ဘီလီယံရှိရာမှာ အစိုးရ ဘတ်ဂျတ်အနေဖြင့် လက်ရှိ ( ၃.၉ ဘီလီယံ)၊ (၆.၉%) ခန့်အသုံးပြုလျက် ရှိပြီး ၊ ပုဂ္ဂလိက အဖွဲ့အစည်း ကဏ္ဍမှ အမေရိကန်ဒေါ်လာ (၅၂ ဘီလီယံ) ၊ (၉၃.၁ %) ပါဝင် ပါတယ်။ ဒီနှုန်းအတိုင်း သွားရင် နောင်ငါးနှစ်အကြာမှာ ယခု လက်ရှိ ဂျီဒီပီရဲ့ တစ်ဆခွဲပဲ တိုးတက်လာမှာ ဖြစ်ပါတယ်။ သုံးဆ တိုးဖို့ ကြိုးစားမည် ဆိုပါက ဘတ်ဂျက်က အကန့်အသတ် ရှိလို့ အောက်ပါ နည်းလမ်းများကို ဘယ်လို တိုးတက် ရင်းနှီးမြှုပ်နှံမလဲ ၊ ရအောင် ဆောင်ရွက် မလဲဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ် -
- နိုင်ငံခြား အကူအညီ အထောက်အပံ့
- နိုင်ငံခြား ချေးငွေ
- နိုင်ငံတော် ဘတ်ဂျတ်နှင့် အခွန်အကောက် တိုးတက် ရရှိနိုင်မည့် နည်းလမ်းများ
- ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ
မှတ်ချက်
၁။ လာအို နိုင်ငံတွင် ထောက်ပံ့ငွေ ၊ Loan, Aid, Grant တစ်နှစ်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ဘီလီယံ ၀.၄ မှ ၀.၅ ဘီလီယံကြား ရရှိပါသည် ၊ ကမ္ဘောဒီးယား တွင် အမေရိကန်ဒေါ်လာ ၀.၆ မှ ၀.၈ ဘီလီယံ ကြား ရရှိပါသည် ။ ဗီယက်နမ်တွင် အမေရိကန်ဒေါ်လာ ၂.၄ မှ ၃.၀ ဘီလီယံ ကြား ရရှိပါသည်။
၂။ မြန်မာနိုင်ငံတွင် ၂၀၁၁-၁၂ တွင် ချေးငွေ ၅၁၀၅.၂ ကျပ် သန်း ( အမေရိကန် ဒေါ်လာ ၆.၃၈၁ သန်း) ၊ ထောက်ပံ့ငွေ ကျပ်သန်း ၁၄.၇ (အမေရိကန်ဒေါ်လာ ၀.၀၁၈ သန်း) သာရရှိပါသည် ။
၃၊ နိုင်ငံ ခြား ရင်းနှီး မြှုပ်နှံမှုမှာလည်း လက်ရှိ အခြေအနေတွင် တစ်နှစ်ပျမ်းမျှ ၃ ဘီလီယံ ခန့်သာ ရရှိပါသည်။
၎၊ သို့ဖြစ်ပါ၍ တစ်ဦးကျ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀၀၀ ရရှိရေး အတွက် ၃ဆ တိုးတက်နိုင်ရန် ခဲယဉ်းပြီး အများဆုံး ၂ဆသာ တိုးတက်နိုင်မည် ။
ပြည်ထောင်စု စီမံကိန်းကြီးများမှာတော့ နိုင်ငံတော် ဘတ်ဂျက်နဲ့ ဆောင်ရွက်နိုင်ခြင်း မရှိတဲ့ စီမံကိန်းများကို နိုင်ငံခြား ချေးငွေနဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ဝန်ကြီးဌာနများ အနေနဲ့ လွှတ်တော်မှာ တင်ပြ မေးမြန်း ဆွေးနွေးကြတဲ့အတိုင်း နိုင်ငံတော်အတွက် အမှန်တကယ် အကျိုးရှိပြီး အကျိုးအမြတ် ပြန်ပေါ်မယ့် ကိစ္စရပ်များနဲ့ ချေးငွေ ပြန်ဆပ်နိုင်မှု ၊ တာဝန်ခံနိုင်မှု အပေါ် တွက်ချက်စဉ်းစား ချေးယူရမှာ ဖြစ်ပါတယ်။
နိုင်ငံခြား အကူအညီ အထောက်အပံ့ (Grant) များကတော့ တိုင်းဒေသကြီး/ ပြည်နယ်များ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ၊ ပြည်သူတို့၏ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုစီးပွားရေးဘဝ မြင့်မား တိုးတက်ရေးနဲ့ သဘာဝ ဘေးအန္တရာယ် တားဆီးရေး ကိစ္စရပ်များမှာ အသုံးပြုရမှာ ဖြစ်ပါတယ်။
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကတော့ ကန့်သတ်မှုမရှိဘဲ ဥပဒေနဲ့အညီ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှာ ဖိတ်ခေါ် တိုးချဲ့ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်တွင်း တိုင်းရင်းသား ရင်းနှီးမြှုပ်နှံမှုများနဲ့ စပ်လျဉ်းပြီး စည်ပင်သာယာ လုပ်ငန်းလိုင်စင် ၊ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်း လိုင်စင် ၊ ဆက်သွယ်ရေး ၊ စာတိုက်ကြေးနန်း ဝန်ကြီးဌာန၊ သတ္တုတွင်း ဝန်ကြီးဌာန ၊ သစ်တော ရေးရာဝန်ကြီးဌာန ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာနတွေမှာ ခွင့်ပြုမိန့် ပေးပြီး လုပ်တဲ့ လုပ်ငန်းများစွာနဲ့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်သလို ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ အခွန်အခ သက်သာခွင့်များ ရယူ ဆောင်ရွက်နိုင်တဲ့ MIC ခွင့်ပြုမိန့် လုပ်ငန်းများ များစွာ ရှိပါတယ်။
ဒီ ခွင့်ပြုမိန့်တွေ အပေါ်မှာ ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာနများ ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများ အကြား ဆွေးနွေး ညှိနှိုင်းခြင်း ၊ ခေတ်နှင့် မလျော်ညီသော လုပ်ထုံးလုပ်နည်းများကို ညှိနှိုင်း ပြင်ဆင်ရေးဆွဲခြင်း ၊ လူတစ်စုသာ လုပ်ကိုင်ခွင့် ရရှိနေသော လုပ်ငန်းများကို ပြည်သူ အများစု ပါဝင် ဆောင်ရွက်ခွင့် ရရှိစေခြင်းဖြင့် တိုးချဲ့ပေးခြင်း၊ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရများအကြား အခွန်အခ ဆိုင်ရာများ ညှိနှိုင်းခြင်း တို့ကို လုပ်ငန်း နယ်ပယ် တစ်ခုချင်းအလိုက် Case Study များ ပြုလုပ်ခြင်း ၊ Survey ပြုလုပ်ခြင်း ၊ အားသာချက် ၊ အားနည်းချက်များ နှင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်မည့် နည်းလမ်းများကို သမ္မတရုံး ၊ အစိုးရအဖွဲ့ရုံးနှင့် သက်ဆိုင်ရာ စီမံကိန်း လုပ်ငန်း ဗဟိုကော်မတီများသို့ ပေးပို့၍ ယခု ကျင်းပသော အစည်းအဝေးများတွင် မူဝါဒ ချမှတ် ဆောင်ရွက်သွားရန် လိုအပ်ပါတယ်။
(၁) ပြည်သူတွေရဲ့ လူမှု စီးပွားရေး ဘဝ သိသာစွာ တိုးတက် ကောင်းမွန်ရေးနဲ့ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်လာဖို့ ၊ တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်လာဖို့ ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ (Reform Strategy) ကို ကဏ္ဍ (Sector) အလိုက်၊ ဒေသ (Region) အလိုက် မဟာဗျူဟာ လုပ်ငန်းစဉ် ၊ ဦးစားပေး လုပ်ငန်းစဉ်များ ရေးဆွဲပြီး ၂၀၁၂ ခုနှစ် ၊ မေလကုန် အပြီး တင်ပြရန် ၊
(၂) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (National Development Plan) အောက်တွင် အပါအဝင် ဖြစ်သော ကဏ္ဍ (Sector) အလိုက်၊ ဒေသ (Region) အလိုက် ဖွံ့ဖြိုးမှု စီမံကိန်း (Development Plan) များကို ရေးဆွဲ ဖော်ပြ ဆောင်ရွက်ကြရန် ၊
(၃) ထိုစီမံကိန်း (Plan) နှင့် မဟာဗျူဟာ လုပ်ငန်းစဉ် (Strategy) ပေါ် အခြေပြုပြီး -
- ဆင်းရဲမှု လျှော့ချရေး ၊ လူမှုစီးပွား တိုးတက်ရေး ၊ ဒေသ ဖွံ့ဖြိုးရေး အစီအမံများကို ကဏ္ဍအလိုက် ၊ ဒေသအလိုက် Master Plan များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ပါ။
- နိုင်ငံခြား အထောက်အပံ့ (Grant) များကို ဖွံ့ဖြိုးမှု လိုအပ်သော နယ်ပယ်များတွင် အချိုးကျ ထိရောက်စွာ ခွဲဝေ အသုံးပြုပြီး ဒေသ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို အကဲဖြတ် တွက်ချက်ပါ။
- နိုင်ငံခြား ချေးငွေ (Loans) ကို နိုင်ငံတော်အတွက် အမှန်အကျိုးရှိပြီး စီးပွားရေး တွက်ချေကိုက်၍ အကြွေးပြန်ဆပ်နိုင်မည့် လုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုပါ။
- ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဒေသအလိုက် နိုင်ငံတော် ဘတ်ဂျက်ဖြင့် မလုပ်နိုင်သော လုပ်ငန်းများတွင် ဆောင်ရွက်ပါ။
နိဂုံးချုပ်အနေနဲ့
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ တိုးတက်လိုတဲ့ဆန္ဒသာရှိပြီး အလုပ်ကို ကြိုးစားမလုပ်ရင်၊ စည်းကမ်းမရှိရင်၊ စည်းလုံးမှု မရှိရင် သူများနိုင်ငံနောက်က လိုက်နေရမှာဖြစ်ပါတယ်။ ဘယ်လောက်ပဲ ကောင်းမွန်တဲ့ ရေမြေတောတောင် သဘာဝအရင်းအမြစ်တွေကို ပိုင်ဆိုင်ထားသော်လည်း အလုပ်ကို ကြိုးစားပမ်းစားနဲ့ မလုပ်ရင် ဆင်းရဲမြဲ ဆင်းရဲနေမှာဖြစ်ပါတယ်။
အဆင်းရဲဆုံး LDC နိုင်ငံဘဝက ရုန်းထွက်နိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဟာ ဥပဒေနဲ့အညီ အလုပ်လုပ်ကြဖို့ ဖြစ်ပါတယ်။ ယခု ကောင်းမွန်တဲ့ မူတွေ ချပေးပြီးဖြစ်ပါတယ်။ မူတွေ ကောင်းသော်လည်း လူတွေ မကောင်းရင် မအောင်မြင်နိုင်ပါဘူး။ တိုးတက်လိုတဲ့ အမြင်မရှိတဲ့ ရှေးရိုးစွဲတွေ၊ ခေတ်နောက်ပြန် ဆွဲလိုသူတွေကိုတော့ နောက်မှာ ချန်ထားခဲ့ရပါမယ်။ ခေတ်စနစ်တွေ ပြောင်းလဲနေပြီ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ဟန်ချက်ညီစွာ စီးပွားရေးကဏ္ဍကို ကျွန်တော်တို့ တွန်းတင်ရပါမယ်။ တစ်နှစ်ကုန်သွားပြီ ဖြစ်လို့ Second Wave တွန်းတင်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။ ။
အပြည့်အစုံသို့...
Saturday, May 12, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၂-၅-၂၀၁၂ - ညပိုင်း)
- ပြည်ပရောက် မြန်မာပညာရှင်များအား တိုင်းပြည်ပြန်လာလုပ်ကိုင်ဖို့ ထပ်မံဖိတ်ခေါ် click
- ‘လူမှုစီးပွားရေး အကြံပေးကောင်စီ’ တွင် ဦးမြင့် ပါဝင်နိုင်မည်မဟုတ် click
- ရွှေဝါရောင်မှာ ကျူးလွန်ခဲ့တာကို တောင်းပန်ပြီ click
- The Voice နှင့် သတ္တုတွင်းအမှု အပြီးသတ် ကြားနာမည် click
- ဂျပန်နိုင်ငံ (JICA) အဖွဲ့က ဒီချုပ်လူငယ်များကို ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး ဖိတ်ကြား click
- RNDP ပါတီညီလာခံ မေလကုန်တွင် ကျင်းပမည် click
- ဟံသာဝတီနိုင်ငံ ပျက်သုဉ်းသည့်နေ့ အခမ်းအနား ကျင်းပမည် click
- ကောသလအိပ်မက်တို့ ပျက်ပြယ်ချိန်မှာ ... (ဆောင်းပါး) click
- အယ်ဒီတာလက်ရေး (၁၀) - သူတောင်းစားတဦး၏ နှစ်လည်အစီရင်ခံစာ click
- တောင်ကိုရီးယား ဖွံ့ဖြိုးရေး မော်ဒယ်နှင့် မြန်မာ့မော်ဒယ်သစ် (ဆောင်းပါး) click
- ကျန်းမာရေး၊ ပညာရေးနှင့် ဓနဥစ္စာ (ဆောင်းပါး) click
- ရေတမာတွေလည်း ခုတော့ ဝေဒနာတွေနဲ့ (ကာတွန်း) click
- ‘လူမှုစီးပွားရေး အကြံပေးကောင်စီ’ တွင် ဦးမြင့် ပါဝင်နိုင်မည်မဟုတ် click
- ရွှေဝါရောင်မှာ ကျူးလွန်ခဲ့တာကို တောင်းပန်ပြီ click
- The Voice နှင့် သတ္တုတွင်းအမှု အပြီးသတ် ကြားနာမည် click
- ဂျပန်နိုင်ငံ (JICA) အဖွဲ့က ဒီချုပ်လူငယ်များကို ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး ဖိတ်ကြား click
- RNDP ပါတီညီလာခံ မေလကုန်တွင် ကျင်းပမည် click
- ဟံသာဝတီနိုင်ငံ ပျက်သုဉ်းသည့်နေ့ အခမ်းအနား ကျင်းပမည် click
- ကောသလအိပ်မက်တို့ ပျက်ပြယ်ချိန်မှာ ... (ဆောင်းပါး) click
- အယ်ဒီတာလက်ရေး (၁၀) - သူတောင်းစားတဦး၏ နှစ်လည်အစီရင်ခံစာ click
- တောင်ကိုရီးယား ဖွံ့ဖြိုးရေး မော်ဒယ်နှင့် မြန်မာ့မော်ဒယ်သစ် (ဆောင်းပါး) click
- ကျန်းမာရေး၊ ပညာရေးနှင့် ဓနဥစ္စာ (ဆောင်းပါး) click
- ရေတမာတွေလည်း ခုတော့ ဝေဒနာတွေနဲ့ (ကာတွန်း) click
KNLA တပ်မတော်ရဲ့ စစ်ဦးစီးဒုတိယတန်း ဗိုလ်မှူးကြီးမိုးဖြူ ကွယ်လွန်
သတင်းနှင့် ဓာတ်ပုံ - မြနှယ်စိမ်းစိမ်း (အင်းစိန်)
မေလ ၁၂ ရက်၊ ၂၀၁၂ ခုနှစ်
မြန်မာနိုင်ငံကနေ စီးပွားရေးဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပြီး ၁၉၇၀ ၀န်းကျင်ကာလမှာ ကရင့်တော်လှန်ရေးထဲ ၀င်ရောက်ခဲ့သူ မွန်ပြည်နယ် ဘီးလင်းနယ်သား ဗိုလ်မှူးကြီးမိုးဖြူဟာ မနေ့ မွန်းလွဲပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မဲဆောက်ရမ် ပုဂ္ဂလိကဆေးရုံမှာ ဆီးချိုရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
သာမန်စစ်သည်တဦးအဖြစ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၁ ကနေ ကရင်တော်လှန်ရေးထဲ စတင်ဝင်ရောက်ခဲ့တဲ့ စောမိုးဖြူဟာ ကွယ်လွန်ချိန်မှာ KNLA တပ်မတော်ရဲ့ စစ်ဦးစီးဒုတိယတန်း (G-2) ဗိုလ်မှူးကြီးမိုးဖြူ တာဝန်ကို ထမ်းဆောင်နေဆဲဖြစ်ပါတယ်။
ဘီးလင်းမြို့နယ် ကြိုးဝိုင်းရွာသားဖြစ်တဲ့ ဗိုလ်မှူးကြီးမိုးဖြူဟာ ကရင်အမျိုးသားအစည်းအရုံးရဲ့ တာဝန်ပေးအပ်ချက်အရ မြန်မာအစိုးရနဲ့ သွားရောက်ဆွေးနွေးခဲ့တဲ့ KNU ငြိမ်းချမ်းရေးအဖွဲ့နဲ့ အရင်လ ၄ ရက်ကနေ ၁၁ ရက်နေ့အထိ ရန်ကုန်နဲ့ နေပြည်တော်ကို သွားရောက်ခဲ့တဲ့ အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။
လက်ရှိ KNU သစ်တောဌာနတာဝန်ခံ ပဒိုစောအားတိုး ပြောတာက စောမိုးဖြူရဲ့အဖိုးဟာ တချိန်က ဘီးလင်းနယ်မှာ ဘုံဘေဘားမားသစ်ကုမ္ပဏီနဲ့ သစ်လုပ်ငန်းပြိုင်လုပ်ခဲ့တဲ့ သူဌေးကြီး ဦးဖိုးထင်လို့ လူသိများခဲ့ကြောင်း၊ မျိုးရိုးစဉ်ဆက်ချမ်းသာကြပြီး စောမိုးဖြူနှင့် မွေးချင်း ၃ ဦးမှာလည်း ခေတ်ပညာတတ်များဖြစ်ကြောင်း၊ တော်လှန်ရေးထဲမှာလည်း မောက်မာကြွားဝါခြင်းမရှိဘဲ သာမန်ရဲဘော်တဦးလို ကျင့်ကြံနေထိုင်ခဲ့တဲ့ တပ်မှူးတဦးဖြစ်တဲ့အတွက် သူကျဆုံးခြင်းဟာ ကရင်တော်လှန်ရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ စောမိုးဖြူရဲ့ ရုပ်ကလာပ်ကို KNLA တပ်မဟာ ၇ မှာရှိတဲ့ သေဘေထာ့စခန်းမှာ ထားရှိပြီး လာမယ့် တနင်္လာနေ့မှာ စစ်အခမ်းအနားနဲ့ သူ့ရဲ့ဈာပနကို ကျင်းပမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင်အချို့နှင့် စောမိုးဖြူ (ယာအစွန်)
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၂-၅-၂၀၁၂ - နံနက်ပိုင်း)
- မြန်မာ့အပြောင်းအလဲ အမေရိကန် အနီးကပ် စောင့်ကြည့် click
- အိန္ဒိယလုပ်ငန်းရှင်ကြီးများ မြန်မာတွင် လုပ်ကိုင်ရန် အရှိန်မြှင့်လာ click
- သံဃာ့လှုပ်ရှားမှု နစ်နာချက်များ လွှတ်တော်ကို တိုင်ကြားရင် စုံစမ်းစစ်ဆေးမည် click
- လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အဖွဲ့ EU ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး click
- သမ္မတရုံး အင်တာနက်စာမျက်နှာ စတင် ဖွင့်လှစ် click
- သမ္မတရုံး သတင်းပြန်ကြားရေးဌာန ၀က်ဘ်ဆိုက် ဖွင့်လှစ် click
- SSA တောင်ပိုင်း ငြိမ်းချမ်းရေးနှင့် မူးယစ်တိုက်ဖျက်ရေး အဖွဲ့သစ်ဖွဲ့ click
- အလွဲသုံးစားမှု သတင်းရေးသူ ဖော်ထုတ်ဖို့ တရားလို တောင်းဆို click
- ဒီမိုကရေစီ အတွေ့အကြုံနှင့် စာနယ်ဇင်းသင်တန်း ပို့ချ click
- ဂျပန်-မြန်မာ မြီရှင်မြီစား ဆက်ဆံရေး (သတင်းသုံးသပ်ချက်) click
- မှတ်မှတ်သားသား စကားများ (ရုပ်သံ) click
- ရွှေနံ့သာလယ်သမားနဲ့ ဇေကမ္ဘာကုမ္ပဏီ (ရုပ်သံ) click
- လယ်သိမ်းခံရသူ ကယားပြည်နယ် လယ်သမားများ အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ click
- ရွှေတူးဖော်ရေးကုမ္ပဏီတွေကို လယ်သမားများက တရားစွဲ click
- ကရင်နီပြည်က ဘိလပ်မြေစက်ရုံစီမံကိန်း ဒေသခံများ ကန့်ကွက်ဆဲ click
- Myth အထည်ချုပ်စက်ရုံ အလုပ်သမား လုပ်ခလစာ တိုးပေးရေး တောင်းဆိုဆန္ဒပြ click
- သရုပ်ဆောင်ကျော်သူ ရုပ်ရှင်ရိုက်ခွင့် ပြန်ရပြီ click
- လျှပ်တပြက် မန္တလေး (ဆောင်းပါး) click
- အေဒီ ၁၄ ရာစုခေတ်က ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့တော် ဘယ်လဲ ဘာလဲ (ဆောင်းပါး) click
- ဖယောင်းသက်သေ (ကာတွန်း) click
- အကျဉ်းကျခံ ယူကရိန်း ဝန်ကြီးချုပ်ဟောင်းကို လစ်သူရေးနီးယား သမ္မတ တွေ့ click
- လိုင်ဘေးရီးယား သမ္မတဟောင်း ထောင်ဒဏ်နှစ် ၈၀ ချဖို့ တရားလို ရှေ့နေတွေ အဆိုတင် click
- ဆူဒန်အရေး စစ်ရာဇ၀တ်မှုမြောက် click
- ဂရိညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး မအောင်မြင် click
- အယ်လ်ဂျီးရီးယား ရွေးကောက်ပွဲ NLF ပါတီ အနိုင်ရ click
- ယူရိုဇုန် စီးပွားရေး ဆုတ်ယုတ် click
- တရုတ် ဆန့်ကျင်ရေး ဖိလစ်ပိုင် ဆန္ဒပြ click
- မနီလာမြို့တော် တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြ click
- HIV ကာကွယ်ဆေး တွေ့ click
- အိန္ဒိယလုပ်ငန်းရှင်ကြီးများ မြန်မာတွင် လုပ်ကိုင်ရန် အရှိန်မြှင့်လာ click
- သံဃာ့လှုပ်ရှားမှု နစ်နာချက်များ လွှတ်တော်ကို တိုင်ကြားရင် စုံစမ်းစစ်ဆေးမည် click
- လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အဖွဲ့ EU ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး click
- သမ္မတရုံး အင်တာနက်စာမျက်နှာ စတင် ဖွင့်လှစ် click
- သမ္မတရုံး သတင်းပြန်ကြားရေးဌာန ၀က်ဘ်ဆိုက် ဖွင့်လှစ် click
- SSA တောင်ပိုင်း ငြိမ်းချမ်းရေးနှင့် မူးယစ်တိုက်ဖျက်ရေး အဖွဲ့သစ်ဖွဲ့ click
- အလွဲသုံးစားမှု သတင်းရေးသူ ဖော်ထုတ်ဖို့ တရားလို တောင်းဆို click
- ဒီမိုကရေစီ အတွေ့အကြုံနှင့် စာနယ်ဇင်းသင်တန်း ပို့ချ click
- ဂျပန်-မြန်မာ မြီရှင်မြီစား ဆက်ဆံရေး (သတင်းသုံးသပ်ချက်) click
- မှတ်မှတ်သားသား စကားများ (ရုပ်သံ) click
- ရွှေနံ့သာလယ်သမားနဲ့ ဇေကမ္ဘာကုမ္ပဏီ (ရုပ်သံ) click
- လယ်သိမ်းခံရသူ ကယားပြည်နယ် လယ်သမားများ အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ click
- ရွှေတူးဖော်ရေးကုမ္ပဏီတွေကို လယ်သမားများက တရားစွဲ click
- ကရင်နီပြည်က ဘိလပ်မြေစက်ရုံစီမံကိန်း ဒေသခံများ ကန့်ကွက်ဆဲ click
- Myth အထည်ချုပ်စက်ရုံ အလုပ်သမား လုပ်ခလစာ တိုးပေးရေး တောင်းဆိုဆန္ဒပြ click
- သရုပ်ဆောင်ကျော်သူ ရုပ်ရှင်ရိုက်ခွင့် ပြန်ရပြီ click
- လျှပ်တပြက် မန္တလေး (ဆောင်းပါး) click
- အေဒီ ၁၄ ရာစုခေတ်က ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့တော် ဘယ်လဲ ဘာလဲ (ဆောင်းပါး) click
- ဖယောင်းသက်သေ (ကာတွန်း) click
- အကျဉ်းကျခံ ယူကရိန်း ဝန်ကြီးချုပ်ဟောင်းကို လစ်သူရေးနီးယား သမ္မတ တွေ့ click
- လိုင်ဘေးရီးယား သမ္မတဟောင်း ထောင်ဒဏ်နှစ် ၈၀ ချဖို့ တရားလို ရှေ့နေတွေ အဆိုတင် click
- ဆူဒန်အရေး စစ်ရာဇ၀တ်မှုမြောက် click
- ဂရိညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး မအောင်မြင် click
- အယ်လ်ဂျီးရီးယား ရွေးကောက်ပွဲ NLF ပါတီ အနိုင်ရ click
- ယူရိုဇုန် စီးပွားရေး ဆုတ်ယုတ် click
- တရုတ် ဆန့်ကျင်ရေး ဖိလစ်ပိုင် ဆန္ဒပြ click
- မနီလာမြို့တော် တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြ click
- HIV ကာကွယ်ဆေး တွေ့ click
မြန်မာ့အရေး စိတ်ဝင်စားသူများ ဖတ်ရှု စဉ်းစား သုံးသပ်ကြည့်သင့်တဲ့ ဖေ့စ်ဘွတ်ခ်ဆောင်းပါး နှစ်ပုဒ်
ရုပ်ပြောင်းရုပ်လွှဲနဲ့ အကြောတစ်ထောင် လျှို့ဝှက်သိုင်းကျမ်း
Ven Ravika
မြန်မာနိုင်ငံအခြေအနေကို ရေးနေတာ ကြာပါပြီ။ ဟိုတုန်းက လူစွမ်းကောင်းပေါ့။ အခုကျတော့ ညီညွတ်ရေးကို ဖြိုခွဲသူပေါ့။ ထင်ချင်သလို ထင်ပါလေ။ နိုင်ငံရေးဆိုတာ ကြည့်ကောင်းရုံ လုပ်ရတာမဟုတ်။ လောကုတ္တရာရေးမှာ ဝိပဿနာလုပ်ငန်းက အရေးကြီးဆုံးပါပဲ။ လောကီရေးမှာ နိုင်ငံရေးလုပ်ငန်းက အရေးကြီးဆုံးလို့ ဆိုရမယ်။
ဗုဒ္ဓဘာသာဖြစ်ပြီး ဝိပဿနာတရား အားမထုတ်ဘဲ မိမိဘာသာကို ဂုဏ်ယူနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေက များလှပါတယ်။ မိမိဘာသာကို မလေ့လာဘဲ ရိုးရာဗုဒ္ဓဘာသာကိုပဲ လိုက်နာလို့ အနှစ်သာရကို မခံစားရဘဲ ဘာသာပြောင်းသွားတာလည်း တွေ့နေရတာပဲ။
နိုင်ငံရေးမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ မိမိလမ်းစဉ်ကို ကောင်းကောင်း လေ့လာမထားဘူး။ တဘက်သားက ဘာလုပ်မလဲ ထိုင်ကြည့်နေရုံပဲ။ ပြီးတော့ ဟိုက ပေးသလောက် ယူပြီး ဇိမ်ခံနေလိုက်တယ်။ တကယ့်မူဝါဒမရှိ၊ တကယ့်အနှစ်သာရကို မရဘဲ အချင်းချင်း ပုတ်ခတ်ကုန်ရတယ်။ အချို့ဆို ဘက်ပြောင်းကုန်တယ်။
လူမှာ အမြင်ရှိမှ မြင်နိုင်မယ်၊ မရှိရင် အကန်းလိုပဲ။ လေ့ကျက်မှုအားကောင်းမှပဲ ဝေဖန်ပိုင်းခြားနိုင်မယ်၊ မရှိရင် ဆင်ကန်းတောတိုးမိမှာပဲ။
လူတစ်ယောက်ဟာ အမှားတစ်ခုကို လုပ်မိချင် လုပ်မိမယ်၊ သူတစ်ယောက်ထဲဆိုရင် သူပဲ တာဝန်ခံရမှာမို့ ထိန်းသိမ်းဖို့ မခက်လှပါ။ အဖွဲ့အစည်းနဲ့ဆိုရင် ဒါက မဟာဗျူဟာတစ်ခုဖြစ်လို့ ထိခိုက်မှုများနိုင်တယ်။ အဲဒီမဟာဗျူဟာမှားကို မှန်တယ်လို့ ပြည်သူအားလုံးက ယုံနေကြရင် တိုင်းပြည်တောင် ပျက်သွားနိုင်တယ်။
ဒါကြောင့် တိုင်းပြည်တစ်ခုမှာ ဒီမဟာဗျူဟာမှန်နေဖို့ အင်မတန် လိုအပ်တယ်။ အမှားကို အမှန်လုပ်ပြီး နာတာရှည်ရောဂါ ပျောက်အောင် မကုဘဲ အသာလေး မှေးပါသွားရင် ဒါက မဟုတ်သေးဘူး။
အရင်တုန်းက သဘောတရားတွေကို သဘောကျလို့ ခိုင်းသလို လုပ်ပေးတယ်။ အခု NLD က လွှတ်တော်နိုင်ငံရေးထဲ ရောက်နေပြီ။ သဘောတရားနဲ့ ပြောရုံမပြီးတော့။ လက်တွေ့ လုပ်ပေးဖို့ လိုတယ်။
အကြောက်ပြချက်ကောင်းကောင်း မရှိဘဲ ရန်သူကို ယုံပြီး ခြေစုံပစ်ဝင်သွားရင် လုပ်ငန်းတစ်ခုကို အကောင်အထည် မဖော်နိုင်သရွေ့ သံသယအကျိုးကို ခံစားသင့်တယ်။ လူထုအခြေပြုနိုင်ငံရေး မပေါ်သေးဘူး။ လူထုအသုံးပြုနိုင်ငံရေးပဲ ရှိသေးတယ်။ အောက်ခြေကနေ မပြင်ဘဲ ထိပ်ပိုင်းကနေ ပြောင်းနေတာပဲ ရှိသေးတယ်။
လက်ရှိအစိုးရက ဘာလဲ သိချင်ရင် သူ့ဝန်ထမ်းတွေကို ကြည့်ပါ။ သူ့တပ်မတော်ကို ကြည့်ပါ။ ရှင်းပါတယ်။ သင်က မခွဲလည်း ဟိုကခွဲရင် ကွဲတာပါပဲ။
လက်ရှိ NLD သွားနေတဲ့ လမ်းကြောင်းဟာ အတိုက်အခံလမ်းကြောင်းမဟုတ်။ မဟာမိတ်လမ်းကြောင်း ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံတစ်ခုမှာ NLD နဲ့ USDP တို့ မဟာမိတ်ပြုရုံနဲ့ မလုံလောက်သေးဘူး။ အဲဒီထက် နက်ရှိုင်းတဲ့ ပြဿနာတွေ အများကြီးပါပဲ။ ဒီပြဿနာတွေက ဒီနှစ်ပါတီ မပေါ်ခင်ကတည်းက ရှိနေခဲ့တာပါ။ ဒီပါတီ ၂ ခုက အဲဒီပြဿနာကို လက်ဆင့်ကမ်းယူရတာပဲ ရှိတယ်။
အစိုးရဟာ သူတို့ဖြစ်ချင်တဲ့ ကိစ္စဆိုရင် Road-map လုပ်ပြီး ဇွဲနပဲကြီးစွာနဲ့ လုပ်ခဲ့တယ်။ တိုင်းပြည်ကို ကြေညာပြီး တစိုက်မတ်မတ် လုပ်သွားတယ်။ အခု လက်ရှိအခြေအနေမှာ နိုင်ငံတော်မှာ ဥပမာပေါ့ ဒီလို လမ်းပြမြေပုံ ထုတ်ကြည့်ရအောင်ပါ။
၁။ ပထမဦးဆုံး လွှတ်တော်ကို NLD ဝင်ရောက်ရော တစ်နှစ်အတွင်း ကြိုးစာားပြီး တိုင်းရင်းသားများနဲ့လည်း တစ်နှစ်အတွင်း အပစ်ရပ်နိုင်ရေး ကြိုးပမ်းမယ်။
၂။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တစ်နှစ် အချိန်သတ်မှတ်မယ်။
၃။ တိုင်းရင်းသားတွေနဲ့ ရရှိထားတဲ့ သဘောတူညီချက်တွေကို လက်ရှိအစိုးရရဲ့ စတုတ္ထနှစ်သက်တမ်းမှာ လွှတ်တော်ကို တင်သွင်းပြီး လက်မှတ်ထိုးမယ်။
၎။ လက်ရှိအစိုးရ ပဉ္စမနှစ်သက်တမ်းမှာ တပ်မတော်သားကိုယ်စားလှယ်များ မရှိတဲ့ ဖက်ဒရယ်လွှတ်တော်တစ်ခု၊ ပြည်နယ်ပေါင်းစုံ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု၊ တရားမျှတရေးနဲ့ တန်းတူရေးရှိတဲ့ ဒီမိုကရေစီစနစ်တစ်ခု ရစေရမယ်။
လက်ရှိအစိုးရက ဒီ ၅ နှစ်လမ်းပြမြေပုံကို ကျေညာခဲ့ရင်၊ ကျေညာထားတဲ့အတိုင်းလည်း ပုံမှန်လုပ်သွားခဲ့ရင် ဆင်ခြေတက်စရာ မရှိပါဘူး။ အခုဟာက လူထုခေါင်းဆောင်က ဒု-သမ္မတများ ဖြစ်မလား၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်မလား မျှော်နေရတယ်။ ကိုယ့်ခေါင်းဆောင်ကို နှိမ်မိမှန်းတောင် မသိကြတော့ဘူး။
ဒီလိုစဉ်းစားကြည့်ပါ။
စစ်တပ်ဟာ တိုင်းပြည်ရဲ့အခွန်ကို ဘယ်လောက်ဖြုန်းတီးနေပါသလဲ။ ပြည်သူတို့က တိုက်ရိုက်ရွေးချယ် တင်မြှောက်လိုက်တာမဟုတ်ဘဲ ပြည်သူတို့က ကျွေးနေရတယ်။ ပြည်သူတို့ ပေးတဲ့အခွန်ကို မမျှမတ ဗုံဘောလအော သုံးနေကြတယ်။ တပ်မတော်ကိုယ်စားလှယ်တစ်ယောက်၊ အစိုးရအဖွဲ့အတွင်း တပ်မတော်သားတစ်ဦးတို့ရဲ့ လစာကို တွက်ကြည့်ပါ။ ဒါဟာ ပြည်သူတွေက သဘောမကျဘဲ အလကားကျွေးနေရတာပါ။ ပြည်သူ့ဘဏ္ဍာကို နေ့တိုင်း ဖြုန်းတီးနေကြတာပါ။ ပြည်သူ့ဘဏ္ဍာကို ဖြုန်းတီးပြီး အေးအေးဆေးဆေး နေနေတာမဟုတ်ဘူး။ တိုင်းရင်းသားဒေသတွေကို သွားပြီး လူသတ်၊ မုဒိမ်းကျင့်၊ ခိုးဆိုးလုယက်ဦးမယ်။ ပြည်သူတွေကို သေဒဏ်စီရင်ကြဦးမယ်။ တိုက်ရိုက်သတ်မိန့်လည်း ရထားဆဲ ဖြစ်တယ်။ ဒါလား အပြောင်းအလဲဆိုတာ။
လူသတ်လုပ်ငန်းများကို ဘယ်တော့ရပ်မလဲ၊ လမ်းပြမြေပုံ မထားသင့်ဘူးလား။
မြေယာသိမ်းဆည်းမှုကိုလည်း ဘယ်တော့တန့်သွားမလဲ၊ လမ်းပြမြေပုံ မထားကောင်းဘူးလား။
တိုင်းရင်းသားဒေသတွေကနေ ဗမာတပ်မတော်သားတွေ ဘယ်တော့ရုပ်သိမ်းမလဲ၊ လမ်းပြမြေပုံ မဆွဲထားသင့်ဘူးလား။
ဒါက ဥပမာပဲ ရှိသေးတယ်။
နောက်တစ်ခု ဒီမိုဘက်တော်သားတွေ သတိထားရဦးမယ်။ မြန်မာသံရုံးဆိုတာ မြန်မာပြည်သားအားလုံးကို ကိုယ်စားပြုတယ်မလား။ အစိုးရအတွက် သူလျှိုဒလန်လုပ်ဖို့အတွက် မဟုတ်ဘူးမဟုတ်လား။ ဒီသံရုံးကို စိတ်ချယုံကြည်မှု ရှိကြပါသလား။ ဒေါ်အောင်ဆန်းစုကြည်က ပြည်ပနိုင်ငံထွက်ရင် ဒီသံရုံးကို ဝင်ရမှာပဲ။ သံရုံးက ဂုဏ်ပြုညစာ တည်ခင်းပေးမှာပဲ။ အဲဒီလိုအချိန်မှာ ဆန္ဒပြဖို့ မစဉ်းစားမိကြဖို့ လိုတယ်။ ဆန္ဒပြရင် ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြရကောင်းလားဆိုပြီး အဆဲခံနေရဦးမယ်။
ခေါင်းဆောင်တွေကတော့ ပြုံးလို့ရီလို့၊ သံတမန်ဆန်ဆန် လက်ဆွဲနှုတ်ဆက်လို့၊ ဒို့တတွေ ညီညွတ်ကြပြီ၊ ကြည့်ကြပါကုန်လော့ဆိုပြီး ကမ္ဘာကို ပြစားလို့ ရတယ်။ ဘွဲ့တံဆိပ်တွေလည်း ရချင်ရဦးမယ်။ ဒါပေမယ့် ဘာမှနားမလည်ဘဲ မျှော်လင့်နေတဲ့ သာမန်ပြည်သူပြည်သားတွေကတော့ ဒုံရင်းနဲ့ ချာချာနေဦးမှာပဲ။
အခုကတည်းက ကြည့်ကြပါလား။ မကန်းရင် မြင်ကြမှာပါ။
ကျန်ရှိနိုင်ငံရေးအကျဉ်းသားကိစ္စ လုံးဝ စိတ်မဝင်စားကြတော့ဘူး။
ကချင်မှာ စစ်ဖြစ်နေတာကို ဝတ်ကျေတန်းကျေပဲ ပြောကြတယ်။
သိမ်းမြေတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေက အမှောင်ထဲရောက်သွားပြီ။
ခပ်ပြတ်ပြတ်ပဲ ပြောချင်တယ်။ လေးစားပြဖို့ မလိုဘူး။ မြှောက်ပင့်ပြောဖို့လည်း မလိုဘူး။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလည်း မလိုဘူး။ အပေါ်ယံအခွင့်အရေးလည်း မလိုဘူး။ သူရဲဘောကြောင်ဖို့လည်း မလိုဘူး။ သူ့အလုပ် သူလုပ်ဖို့ပါပဲ။ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ပါပဲ။ တိုင်းပြည်က အမှန်တကယ် အကောင်းဘက်ပြောင်းခဲ့ရင် ဒီလိုတောင် ရေးစရာမလိုတော့ဘူး။
ရုပ်ပြောင်ရုပ်လွှဲ မလိုဘူး။ အကြောတစ်ထောင် သိုင်းကျမ်းလည်း မလိုဘူး။ ဒေါ်အောင်ဆန်းစုကြည်က ဒု-သမ္မတဖြစ်မလား၊ အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်မလား စိတ်မဝင်စားဘူး။ စိတ်ဝင်စားတာက အစိုးရနဲ့ပေါင်းလို့ သာမန်ပြည်သူတွေ၊ တိုင်းရင်းသားတွေအတွက် ဘယ်လောက်လုပ်ပေးနိုင်မလဲ သိချင်တယ်။
လိုချင်တာက လက်တွေ့ကျတဲ့ ပြောင်းလဲရေး လမ်းပြမြေပုံတစ်ခုပါပဲ။
၁။ တပ်တော်သားကိုယ်စားလှယ်တွေ လွှတ်တော်ကို ဘယ်တော့ စွန့်ခွာကြမလဲ။
၂။ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဘယ်တော့စမလဲ။
၃။ ဒီမိုကရေစီအခွင့်အရေးနဲ့ ပြည့်ဝတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခု ဘယ်တော့ ပေါ်ပေါက်လာမလဲ။
လမ်းပြမြေပုံ ပြပါ။ လမ်းပြမြေပုံ ၇ ဆင့်ကို လုပ်နိုင်ခဲ့ပြီပဲ။ အခု ဘာကြောင့် မလုပ်နိုင်ရမှာလဲ။ အဲဒီလမ်းပြမြေပုံကို သိချင်တယ်။ ကျေညာပေးရင် ထောက်ခံတဲ့ ဆောင်းပါးတစ်ပုဒ်တော့ အနည်းဆုံး ရေးမယ်။
တကယ်လို့ ဒါလေးတွေကို ရေးလို့ မမှန်ဘူးဆိုရင် ဝေဖန်နိုင်ပါတယ်။ အားမနာကြပါနဲ့။
Ven Ravika
နိုင်ငံရေးမူ ခိုင်ခိုင်မာမာ မရှိသူတွေကို မျက်စိမှိတ်ထောက်ခံခြင်းရဲ့ အန္တရာယ်
Ko Watote
စကားကျွံ နှုတ်မရဆိုပေမယ့်လည်း ထွေးပြီးသား ပြန်မြိုတာ ထုံးစံလို ဖြစ်လာနေတဲ့၊ ဘာမူမှ ရှိပုံမရတဲ့ အန်အယ်ဒီလို အဖွဲ့အတွက်ကတော့ စကားကြိုက်သလောက်ကျွံပါစေ၊ နိုင်ငံရေးသိက္ခာကို မည်ကာမတ္တ ရပ်တည်ခွင့်နဲ့ လဲဖို့ ဝန်မလေးတာကို တခါ ထပ်တွေ့ခဲ့ရပြန်ပါပြီ။ တကယ်တော့ အန်အယ်ဒီမှာ ဘာမူမှ မရှိဘူးလို့ ပြောတာထက် စစ်အုပ်စု ပေးသလောက်ကိုသာ ယူရေးဆိုတဲ့ မူကို လက်ကိုင်ပြုထားတာလို့လို့ ပြောတာက ပိုမှန်မယ်ထင်တယ်။
တကယ်ဆို လွှတ်တော်ကို ဝတ်ကျေတန်းကျေ ကိုယ်စားလှယ် သုံးယောက်ပဲ လွှတ်ပြိုင်လည်း အန်အယ်လ်ဒီ တရားဝင် ရပ်တည်ခွင့် မပျက်ပါဘူး။ တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့်ရဖို့ အစိုးရ သတ်မှတ်ထားတဲ့ အနည်းဆုံး လိုအပ်ချက်လောက်ကိုပဲ ဖြည့်ဆည်းပြီး ကိုယ်ရထားတဲ့ ထောက်ခံမှုတွေကို လယ်သိမ်းခံရတဲ့ လယ်သမားတွေအတွက် အစိုးရက မျှမျှတတ ဆောင်ရွက်ပေးအောင် ပြည်သူလူထုနဲ့အတူ တောင်းဆိုတဲ့ လုပ်ရပ်လို လုပ်ရပ်မျိုးတွေမှာ အသုံးချသင့်တာပေါ့။ မြန်မာနိုင်ငံတဝှမ်းမှာ စစ်အုပ်စုရဲ့ မတရား အနိုင်ကျင့်ခံရတဲ့ ပြည်သူတွေဘက်က ရပ်တည်ပေးဖို့ သူ့လို ပုဂ္ဂိုလ်တယောက် လိုအပ်နေတာ ဆယ်စုနှစ်နဲ့ကို ချီနေပြီ။
ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်နိုင်ငံမှာသာကြီးတယ်၊ အနောက်နိုင်ငံက အတုယူစရာကောင်းတဲ့ လုပ်နည်းလုပ်ဟန်တွေကို ဒီတိုင်းပြည်ကို သယ်လာတာမျိုး မတွေ့ရဘူး။ မြန်မာနိုင်ငံက စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေး စသဖြင့် အရေးပေါင်းစုံမှာ မတရားမှုတွေ ရှိနေတာဟာ အခြေခံက နိုင်ငံရေး ပြဿနာဖြစ်တယ်၊ ဒီလို နိုင်ငံရေးပြဿနာကို သူက နိုင်ငံရေးနည်းနဲ့ ရှင်းဖို့ မကြိုးစားဘူး။ ဆိုလိုတာက ဒီမတရားမှုတွေဟာ အစိုးရရဲ့ လစ်ဟင်းမှုတွေကြောင့် ဖြစ်တာမို့ အစိုးရကို တိုက်ရိုက်ရင်ဆိုင် တောင်းဆိုတဲ့ နည်းနဲ့ ဖြေရှင်းရမှာဖြစ်တယ်။ ဒါပေမယ့် ဒီလိုနည်းတွေကို ကျင့်သုံးရင် အစိုးရ ငြိုငြင်မှာကို စိုးရိမ်ပုံရတယ်။ ဒါ့ကြောင့် အစိုးရနဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်ပြီး အင်ဂျီအိုအဆင့် နိုင်ငံရေးသမားဘဝကို ကျေကျေနပ်နပ် ခံယူနေတယ်။ မတရားတဲ့ အမိန့် အာဏာတွေကို မတရား ရေးဆွဲထားသူတွေ ချပေးထားတဲ့ ခွင်ထဲကပဲ ပြင်ဖို့ မဖြစ်နိုင်တာကို ခုကျမ်းကျိန်စာသားကိစ္စမှာ အထင်းသား တွေ့ခဲ့ရပြီ။
ဒီတော့ လက်ရှိသုံးနေတဲ့ အင်ဂျီအို နိုင်ငံရေးပုံစံနဲ့ဆို ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့ ပြဿနာတွေကို အခြေခံကျကျ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ့် အစဉ်အလာကို ချနိုင်မှာ မဟုတ်ဘူး။ တဘက်မှာ ပြည်သူလူထုရဲ့ နိုင်ငံရေးနည်းကို အယုံအကြည်ရှိမှုကိုပါ အထင်မှား အမြင်မှားမှုတောင် ဖြစ်စေနိုင်တယ်။ ကျနော်တို့အထင် ဒေါ်အောင်ဆန်းစုကြည်ကို ပီပြင်တဲ့ နိုင်ငံရေးသမား ပုံစံမပေါ်စေဘဲ အင်ဂျီအိုအဆင့် နိုင်ငံရေးသမားအဆင့်လောက်ကနေ တက်မလာအောင် အစိုးရက သူတို့ရဲ့ဒလန်တွေ၊ အလံရှူးတွေကို ဆိုရှယ်မီဒီယာတွေကတဆင့် အစီအစဉ်ရှိရှိ လုပ်နေတယ်လို့တောင် ယူဆစရာ ဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးထက် ဖက်ရှင်ကို အသားပေးနေကြသလို နိုင်ငံရေးသမားတယောက်ကို နိုင်ငံရေးသမားတယောက်လို ဆက်ဆံ ဝေဖန်ပြောဆိုတာထက် ရုပ်ရှင်မင်းသမီးတယောက်လို မြင်လာအောင် လမ်းကြောင်းချပေးနေတာတွေဟာ စစ်အုပ်စုရဲ့ အကြံအစည်တွေ မဟုတ်ဘူးလို့ ဘယ်သူပြောမလဲ။
နောက်တခါ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂန္ဒီရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလမ်းစဉ်ကို ယုံကြည်တယ်သာ ဆိုတယ်။ တကယ့်လက်တွေမှာတော့ ဂန္ဒီလို လူထုလှုပ်ရှားမှုကို အခြေခံတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လမ်းကြောင်းကို ပစ်ပယ်ပြီး ဟစ်တလာ အလိုဖြည့်ပေးတဲ့ ချိန်ဘာလိန် လမ်းစဉ်ကို ကျင့်သုံးနေတာကိုသာ မြင်နေရတယ်။ အာဏာရှင်နဲ့ ထိပ်တိုက်တွေ့အောင် မလုပ်မိဖို့ ကိုယ့်ဘက်က လျှော့ရတာ ဘယ်နှစ်ကြိမ်ရှိပလဲ။ ၈၉ အာဇာနည်နေ့၊ ကိုးဆယ်ရွေးကောက်ပွဲ၊ ခု ကျမ်းကျိန်စာသားကိစ္စ။ ဘယ်မှာဆုံးမလဲ။ ဒီအတိုင်သွားနေရင် နောက်ဆုံး ၂၀ဝ၈ ဖွဲ့စည်းပုံကို မပြင်တော့ပါဘူးလို့ ထုတ်ပြောတဲ့အဆင့်ကို တနေ့မဟုတ် တနေ့ ရောက်လာစရာရှိတယ်။
တကယ်တော့ ကျမ်းကျိန်စာသားကိစ္စကို စကတည်းက သူတို့သေချာ မလေ့လာခဲ့လို့ ခုလို နိုင်ငံရေးသိက္ခာ ကျပြီးရင်းကျရတဲ့ အဖြစ်ကို ကြုံရတာပဲ။ သူ့နိုင်ငံရေးသိက္ခာ ကျရုံသက်သက်တင်မဟုတ်ဘဲ ပြည်သူလူထုကိုပါ အကြိမ်ကြိမ် သေဖော်ညှိတယ်၊ ခုတုံးလုပ်တယ်။ ပြည်သူလူထုက ရွေးကောက်ပွဲဝင်စေချင်လို့ ဝင်ရတယ်လို့ ပြောတယ်။ ဒီတော့ ခုတခါရော ပြည်သူလူထုက ၂၀ဝ၈ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ပါတယ်ဆိုပြီး ကျမ်းကျိန်တာ မြင်ချင်လို့ ပြည်သူ့ဆန္ဒ ဖြည့်ဆည်းတဲ့အနေနဲ့ ကျမ်းကျိန်စာသား မပြောင်းခိုင်းတော့ဘဲ လွှတ်တော်တက်တာပဲလား။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် လွှတ်တော်မှာ ကျမ်းကျိန်စာသား ပြောင်းမထားတာကို သတိမပြုမိရင် ပြည်သူလူထုကရော သတိပြုမိပါ့မလား။ ပြည်သူလူထု သတိမပြုမိနိုင်တဲ့ အရာတခုကို သတိပြုမိတဲ့ပမာ ဇွတ်ယူဆပြီး ကာကွယ်စောင့်ရှောက်ဆိုတဲ့ စာသားနဲ့လည်း အန်အယ်လ်ဒီကို လွှတ်တော်တက်စေချင်တာပဲ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြောဟာ အထောက်အထားမပြနိုင်တဲ့ အရာတခုကို ပြနိုင်တဲ့ပမာ ယူဆပြီး ပြည်သူလူထု နာမည်ကို တွင်တွင်သုံး၊ တကယ်တမ်းမှာတော့ ပြည်သူလူထုကို တစက်ကလေးမှ အရေးမစိုက်ဘဲ လုပ်ချင်တဲ့ လုပ်ရပ်ဆိုတာ ဘယ်လိုမှ မငြင်းနိုင်အောင် ဖြစ်နေပြီ။
“ပြည်သူလူထုရဲ့ဆန္ဒအရ ကျမတို့ကို မဲပေးခဲ့တဲ့ ပြည်သူလူထုက ကျမတို့ လွှတ်တော်ထဲ ရောက်သွားတာကို ပြည်သူလူထုက မြင်ချင်ကြတယ်။ ဘာလို့ဆို ကျမတို့ကလည်း ပြည်သူ့ရဲ့အသံကို တချိန်လုံး နားထောင်နေရတာပေါ့နော်။ နားထောင်နေတဲ့အခါမှာ အင်မတန်မှ ကျမတို့ကို လွှတ်တော်ထဲ ဝင်စေချင်ကြတယ်။” (အောင်ဆန်းစုကြည်)
စစ်အုပ်စုနဲ့ စီးပွားရေးလုပ်ဖို့ မြန်မာနိုင်ငံကို နေ့စဉ်နဲ့အမျှ လာနေသူတွေကို ဧည့်ခံကြိုဆိုရေးတာဝန် အချိန်ပြည့် ယူထားသူတယောက်က ပြည်သူလူထုအသံကို ဘယ်လို နားထောင်နေသလဲဆိုတာ စဉ်းစားစရာပါ။ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို တခဲနက် ကြိုဆိုထောက်ခံကြတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထု နာမည်သုံးပြီး လုပ်ချင်တာလုပ်ဖို့ ခွင့်ပေးတာ ဆိုတာထက် စစ်အုပ်စုကို ရွံရှာမုန်းတီးမှုကို ပြသတာလို့ ကျနော်တို့က ယူဆတယ်။ မြန်မာ့နိုင်ငံရေးအဆင့်အတန်းက အောက်ကျ နောက်ကျနိုင်လွန်းတော့ အင်မတန်မှ အော့နှလုံးနာစရာကောင်းတဲ့ စစ်အုပ်စုကို ဆန့်ကျင်တာကို ပြသနိုင်ဖို့ တခုတည်းသောနည်းလမ်းက ပြည်သူလူထုဘက်က ပြတ်ပြတ်သားသား မရပ်တည်ရဲဘဲ ပြည်သူလူထုနာမည်ကို တွင်တွင်သုံးနေတဲ့ ကနေ့ အန်အယ်လ်ဒီလို လမ်းစပျောက်နေတဲ့ အဖွဲ့အစည်းမျိုးကို ထောက်ခံတာမျိုးသာ တတ်နိုင်ရှာတဲ့ အနေအထားကို လုံးလုံးရောက်နေရတာဖြစ်တယ်။
ဒါပေမယ့် အန်အယ်လ်ဒီဟာ လွှတ်တော်ထဲကို စကတည်းက အရှုံးပေး အညံ့ခံ ခေါင်းလျှိုပြီး ဝင်လာတာဖြစ်တဲ့အတွက် သူတို့ရဲ့လုပ်ရည်ကိုင်ရည်ကို စစ်အုပ်စုကလည်း သိပြီးသား။ ဆိုတော့ နောင်ဆို သူ့ကို သူတို့ အလိုရှိတဲ့အချိန်မှာပဲ ထုတ်သုံးပြီး စစ်အုပ်စုရဲ့ စွယ်စုံရ ခိုင်းဖတ်ဘဝနဲ့ သမိုင်းသေမယ့်ဘဝ ရောက်သွားနိုင်တယ်။ အန်အယ်လ်ဒီ ဒီလောက် ဒူးပျော့တဲ့နောက်တော့ ၂၀ဝ၈ ဖွဲ့စည်းပုံကို ပြင်ဖို့ အန်အယ်လ်ဒီကို အားကိုးလို့ မရတာကတော့ ထင်ရှားနေပြီ။ ၂၀ဝ၈ ဖွဲ့စည်းပုံကို တိုက်ဖျက်ပစ်ဖို့ ကိုယ့်ဟာကိုယ် နည်းလမ်းရှာကြမှ ရမယ်ဆိုတာ လွှတ်တော်ဥက္ကဌ တိုင်ပေးတာကို ညီညာဖျဖျ တန်းစီရပ်ပြီး ကျမ်းသစ္စာကျိန်ဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအမတ်တွေရဲ့ ပုံတွေက ပြသခဲ့ပြီးဖြစ်တယ်။ ဒါပေမယ့် လွှတ်တော်ထဲက နိုင်ငံရေးအဖွဲ့အစည်းတွေကို ထောက်ခံတာဟာ အကျိုးမရှိရုံမက အပြစ်တောင် ဖြစ်နိုင်တဲ့ ဖြစ်နိုင်ချေတွေ ရှိနေတယ်။ အဲဒါကို အခု ပြောပြချင်တယ်။
၂၀ဝ၈ ဖွဲ့စည်းပုံဟာ တမျိုးသားလုံးကို စစ်ကျွန်ပြုမယ့် စစ်ပဒေသရာဇ်စနစ်ကို တရားဝင် ဖြစ်စေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဖြစ်တယ်ဆိုတဲ့အချက်ကို လက်ခံရင် ဒီဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ဖို့ ကျမ်းကျိန်တော့မယ့် အန်အယ်လ်ဒီ အပါအဝင် ဘယ်အဖွဲ့ကိုမဆို ထောက်ခံမှုပေးနေသူတွေဟာ သူတို့ကိုယ်ကိုယ်တိုင်က တမျိုးသားလုံးကို စစ်ကျွန်ပြုမယ့်အရေးကို ထောက်ခံရာ ရောက်နေပြီ။ ၂၀ဝ၈ ဖွဲ့စည်းပုံဟာ တိုင်းရင်းသားလူမျိုးစုတွေကို သူတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ သူတို့ရဲ့ သီးခြားလူမျိုးစုအဖြစ် ရပ်တည်နိုင်မှုကို ပျောက်ပျက်သွားစေမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ ဖြစ်တယ်ဆိုတာကို လက်ခံရင် ဒီဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ဖို့ ကျမ်းကျိန်တဲ့ ဘယ်အဖွဲ့ကိုမဆို ထောက်ခံမှုပေးတာဟာ ကိုယ်ကိုယ်တိုင်က တိုင်းရင်းသားလူမျိုးစုတွေကို လူမျိုးစုပျောက်ပြီး တတိုင်းပြည်လုံးကို လူများစုဖြစ်တဲ့ ဗမာဇာတ်သွင်းတဲ့ ဖြစ်စဉ်ကို ထောက်ခံရာ ရောက်နေပြီ။ ကိုယ့်ရဲ့ထောက်ခံမှုဟာ တတိုင်းပြည်လုံးရဲ့ အနာဂတ်အတွက် အကျိုးဆက် ဘယ်လောက်ကြီးသလဲဆိုတာကို ခွန်ထွန်ဦးစကား ယူပြောရရင် ဒီတိုင်းပြည်ဟာ အာရှရဲ့ ယူဂိုစလားဗီးယားဖြစ်သွားပြီး ဒီတိုင်းပြည်ထဲမှာ အရှေ့တီမောတွေ အများကြီး ပေါ်သွားတဲ့အထိ ဖြစ်သွားမယ်။
၂၀ဝ၈ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်မယ့် အန်အယ်လ်ဒီကို တိုင်းရင်းသားမဟုတ်တဲ့ ဒီတိုင်းပြည်မှာ လူများစုဖြစ်နေတဲ့ ဗမာ၊မြန်မာတွေက အားတက်သရော ထောက်ခံမဲပေးခဲ့တာဟာ ကျနော်တို့တိုင်းပြည်က လူမျိုးစုပြဿနာကို အစိုးရနဲ့ လူမျိုးစုလက်နက်ကိုင်တွေကြားက ပဋိပက္ခ vertical conflict အသွင်ကနေ ယူဂိုစလားဗီးယားမှာလို လူမျိုးတမျိုးနဲ့တမျိုး ပဋိပက္ခ horizontal conflict အဖြစ်ကို တွန်းပို့ရာ ရောက်နေသလားဆိုတာ လေးလေးနက်နက် စဉ်းစားကြဖို့ကောင်းတယ်။
ဘာလို့ဆို အရင်ကဆိုရင် တိုင်းရင်းသားလူမျိုးစုတွေက အစိုးရစစ်တပ်ရဲ့ လုပ်ရပ်တွေကို ဗမာစစ်တပ်ရဲ့ မုဒိမ်းကျင့်မှု၊ ဗမာစစ်တပ်ရဲ့ ယုတ်မာရက်စက်မှုဆိုပြီး သုံးနှုန်းရင် ဒီစစ်တပ်ဟာ ဗမာလူမျိုးစုတွေကို ကိုယ်စားမပြုတဲ့အတွက် ဗမာစစ်တပ်လို့ မပြောပါနဲ့၊ ဒီစစ်အစိုးရဟာ ဒီမိုကရေစီနည်းကျ တင်မြှောက်ခံရပြီး တက်လာတဲ့ အစိုးရမဟုတ်တဲ့အတွက် ကျနော်တို့နဲ့ မဆိုင်ပါဘူးဆိုပြီး ကျနော်တို့ ဗမာလူမျိုးစုတွေက ပြန်ချေပလို့ ရနေသေးတယ်။ ဒါပေမယ့် အခု တိုင်းရင်းသားတွေကို လူမျိုးစု ကိုယ်ပါအမှတ်အသားပျောက်အောင် လုပ်မယ့် ဖွဲ့စည်းပုံကို ကျမ်းကျိန်မယ့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဗမာလူမျိုးစုတွေကပါ အကြီးအကျယ် ထောက်ခံနေတဲ့နောက်မှာ ကျနော်တို့ ဗမာလူမျိုးစုတွေအနေနဲ့ အရင်လို ပြန်ချေပနိုင်ပါဦးမလား။
အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော်မှာ ကျမ်းကျိန်နေချိန်မှာ လိုင်ဇာကို စစ်အုပ်စုက တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ သုံးပြီး စစ်ဆင်းရေးတွေ ဆက်လုပ်နေချိန်ဖြစ်တယ်။ ဒါ့ကြောင့်ပဲ ကချင်အတိုင်ပင်ခံအဖွဲ့ နာယက ဒေါ်အင်ဖန်ဂျာရာက မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီအန္တရာယ်ကြီးပုံကို သတိပေးခဲ့တာဖြစ်တယ်။ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အားတက်သရောပါနေတဲ့ အဖွဲ့တွေ ဒါကို လေးလေးနက်နက် စဉ်းစားသင့်တယ်။ ဒေါ်အင်ဖန်ဂျာရာတင်မက ဇိုရာဖန်းကလည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ နိုင်ရုံနဲ့ တိုင်းပြည် လွတ်မြောက်ရေးရမှာ မဟုတ်ဘူးလို့ ပြောတယ်။ သူထောက်ပြတာ ရှင်းရှင်းလေးပဲ။ တကမ္ဘာလုံးက မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်မရောက်ဆိုတဲ့ ကျဉ်းမြောင်းပြီး အနှစ်သာရမရှိတဲ့ အချက်တချက်ထဲနဲ့ ကြည့်တဲ့အခါ သိန်းစိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲ ခွေထားလိုက်တာနဲ့ မြန်မာပြည် ဒီမိုကရေစီရပြီလို့၊ လွတ်လပ်ပြီလို့ နိုင်ငံတကာက အထင်ရောက်သွားမယ်။ အဲဒီအခါ သိန်းစိန်အစိုးရက တိုင်းရင်းသားလူမျိုးစုတွေကို နိုင်ငံတကာရဲ့ ပြစ်တင်မှုမခံရဘဲ ဖိနှိပ်မှုတွေ ဆက်လုပ်နိုင်မယ့် အခွင့်အရေး ရသွားမှာဖြစ်တယ်။ ဒါဟာ တိုင်းရင်းသားလူမျိုးစုတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူဘာလုပ်လုပ် ထောက်ခံနေတဲ့ တခြားလူမျိုးစုတွေကို နာကြည်းစရာဖြစ်စေမယ်။
http://www.guardian.co.uk/commentisfree/2012/apr/02/aung-san-suu-kyi-victory-burma-freedom
၂၀ဝ၈ ကို ကာကွယ်စောင့်ရှောက်မယ့် ပါတီတွေကို ထောက်ခံနေတာဟာ တိုင်းပြည်ထဲ မှီတင်းနေထိုင်သူ အားလုံး ဒီမိုကရေစီရအောင် အတူလက်တွဲ လုပ်ဆောင်သင့်တဲ့အရေးကို တိုင်းရင်းသားတွေက သူတို့နဲ့ မဆိုင်တော့ဘူးလို့ သတ်မှတ်အောင် လုပ်နေသလို ဖြစ်မနေဘူးလား။ ဒီပါတီတွေကို ဆက်ထောက်ခံနေမယ် ဆိုရင် စစ်အုပ်စုက တဘက် ဖိနှိပ်ခံ ဗမာ၊ ကချင်၊ ကရင်၊ ရှမ်း လူမျိုးစုတွေက တဘက်ဆိုတဲ့ ပဋိပက္ခအသွင်ကနေ စစ်အုပ်စုက သူတို့ စည်းစိမ်ဥစ္စာကို ခြိမ်းခြောက်မယ့် ဘယ်သူ့ကိုမဆို တစစီ ခွဲထုတ်ပြီး ဖိနှိပ်မယ့် ပဋိပက္ခအသွင်ဆောင်သွားမယ်။ ဗမာ၊ ကချင်၊ တိုင်းရင်းသားလူမျိုးစုတွေကြားမှာ စစ်မှန်တဲ့ ညီညွတ်မှု တည်ဆောက်ပြီး စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်ကို ဝိုင်းဝန်းတိုက်ဖျက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အနေအထား ရောက်သွားမယ်။ ဒီတော့ စစ်မှန်တဲ့ ဖယ်ဒရယ်စနစ်အောက်မှာ တိုင်းရင်းသားလူမျိုးစုအားလုံး တန်းတူအခွင့်အရေးတွေ အာမခံချက် ရှိပြီး တစုတစည်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေနိုင်ရေးဆိုတာ ၂၀ဝ၈ ကို ဘာမှ ဟုတ်တိပတ္တိ ပြင်မှာမဟုတ်တဲ့ အဖွဲ့တွေကို ထောက်ခံရုံနဲ့ ဖြစ်နိုင်မှာမဟုတ်တော့ဘူး။
ခု ၂၀ဝ၈ ဖွဲ့စည်းပုံမှာ စစ်မှန်တဲ့ ဖယ်ဒရယ်ပုံစံမှာ အဓိကကျတဲ့အချက်ဖြစ်တဲ့ ပြည်နယ်တွေကို အာဏာခွဲဝေ အုပ်ချုပ်ခွင့် ပေးမထားဘူးလို့ ဖွဲ့စည်းပုံကို စနစ်တကျ လေ့လာထားသူတွေက ထောက်ပြကြတယ်။ အနှစ်သာရရှိတဲ့ ပြည်နယ်အုပ်ချုပ်ရေး၊ တရားစီရင်ရေး … စတဲ့ ကိစ္စတွေကို ဗဟိုအစိုးရက ချုပ်ကိုင်ထားတယ်။ ပြည်နယ်တွေကို ဘာမှအရေးမပါတဲ့ လုပ်ပိုင်ခွင့်၊ ဥပမာ ထင်းစိုက်ခွင့် စတဲ့ အသွင်သဏ္ဍာန်အရသာ ရှိတဲ့ လုပ်ပိုင်ခွင့်လောက်သာ ပေးထားတယ်လို့ ထောက်ပြကြတယ်။ တရားစီရင်ရေးပုံစံကိုကြည့်ရင်လည်း ပြည်နယ်တခုနဲ့တခု နိုင်ငံရေးအရ ဒါမှမဟုတ် တခြားအကြောင်းကြောင်းကြောင့် အငြင်းပွားရင် အပြီးသတ် အဆုံးအဖြတ်ကို ပြည်ထောင်စုတရားရုံးချုပ်ဆီကသာ ယူရဖို့ ၂၀ဝ၈ မှာ ပြဌာန်းထားတယ်။ ဒီတရားရုံးချုပ်ဟာ သီးခြားလွတ်လပ်တဲ့ တရားရုံးချုပ် မဟုတ်ဘူး။ နောက်တခါ ၂၀ဝ၈ ဖွဲ့စည်းပုံမှာ ပြည်နယ်တွေက ရတဲ့ ဝင်ငွေကို ဘယ်လိုသုံးမလဲ ဆိုတာကို ဆုံးဖြတ်မယ့် ဘဏ္ဍာရေးကော်မတီဟာ သမ္မတနဲ့ ကာလုံအဖွဲ့ လက်ထဲမှာသာရှိတယ်။ နောက်ဆုံး စစ်အုပ်စုရဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားတွေက မယုံတဲ့အတွက် သူတို့ရဲ့ လက်နက်ကိုင်တပ်တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ကိစ္စကို လက်မခံနိုင်ကြတာဖြစ်တယ်။
ဒီလို ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်မယ့် နိုင်ငံရေးအဖွဲ့အစည်းတွေကို ကိုယ်က အားတက်သရော ထောက်ခံမှုပေးနေတာဟာ လူမျိုးစုတွေကြား ပဋိပက္ခမှာ ဝင်ပါဖို့ ကိုယ့်နာမည်ကို ဝင်စာရင်းပေးနေသလို ဖြစ်နေမလား ဆိုတာကို သေချာစဉ်းစားကြပါ။ အထူးသဖြင့် ယုတ်မာသလောက် ဉာဏ်နီဉာဏ်နက် များလှတဲ့ စစ်အုပ်စုက တိုင်းပြည်ဒုက္ခရောက်မယ့် လုပ်ရပ်မျိုးတွေမှာ ဒေါ်အောင်ဆန်းစုကြည်နာမည်နဲ့ လုပ်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးကို သတ်ရုံမက သူ့ကို ထောက်ခံသူတွေကိုပါ နိုင်ငံရေးကို ရွံရှာပြီး ဒီမိုကရေစီကို ရွံမုန်းသွားအောင် နိုင်ငံရေးမှာ ပါချင်တဲ့စိတ် လုံးဝကုန်သွားအောင် လုပ်သွားလိမ့်မယ်။
ဒီတော့ တိုင်းပြည်ကို တချိန်မှာ စီးပွားရေး၊ နိုင်ငံရေး၊ လူမျိုးစုရေး အကျပ်အတည်းဆိုက်စေမယ့် ၂၀ဝ၈ ဖွဲ့စည်းပုံကို ဟုတ်တိပတ္တိ တိုက်ဖျက်နိုင်မှာမဟုတ်တဲ့ နိုင်ငံရေးအဖွဲ့တွေကို မျက်စိမှိတ်ထောက်ခံနေတာဟာ တိုင်းပြည်အနာဂတ်အတွက် သိပ်အန္တရာယ်ရှိတာကို သတိချပ်သင့်ပါတယ်။
Ko Watote
အပြည့်အစုံသို့...
No comments:
Post a Comment