Thursday, 3 May 2012

Tuesday, May 1, 2012

ခပ်ညံ့ညံ့ ရာသီဘွဲ့

ခပ်ညံ့ညံ့ ရာသီဘွဲ့
အောင်ခိုင်မြတ်

ဥသြတွေကတော့
ရွှေတွဲလဲ ငွေတွဲလဲ မိသားစုလို
စိတ်ချမ်းသာနေကြမပေါ့။

အရိုးပေါ်အရေတင် သစ်ပင်တွေခမျာသာ
လျှပ်ပေါ်လော်လီ နိုက်ကလပ်မယ်တို့
ငွေစ၊ ကြေးစကို မီးကုန်ယမ်းကုန် မျှော်လင့်သလို
လေပြေညင်းကို မျှော်လင့်ကြ။

ထိုနည်းလည်းကောင်း
ချွေးတရွှဲရွှဲ တောင်တန်းတွေကလည်း
ကုန်းပေါ်ရောက် ရေမြွေလို
ပျော့ခွေ၊ တွန့်လိမ် အရေခွံလဲဖို့ အားပြင်ကြ။

နွေရာသီလေ
စိတ်ထားမှန်သူ စမ်းချောင်းလေးကိုတောင်
ရေ၀တ်လည်း ချိုးသေး
နေလှန်းလည်း ထားခဲ့သေးရဲ့။ ။

အောင်ခိုင်မြတ်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မတ်လ၊ ၁၉၉၇ ခုနှစ်)

မြန်မာ့ရေးရာ သတင်းပဒေသာ (၁-၅-၂၀၁၂ - နံနက်ပိုင်း)

- ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက် click
- ကချင်မှာ တိုက်ပွဲတွေ အပြင်းအထန် ပြန်ဖြစ် click
- အစိုးရတပ်ဖွဲ့တခုအား KIA နှင့် မဟာမိတ်တပ်များ ၀ိုင်းရံထား click
- ဆထုံး သတ်ဖြတ်မှု စွပ်စွဲချက် KIO ငြင်းဆို click
- လေပြင်းတိုက်ခတ်မှုကြောင့် ကချင်ဒုက္ခသည်စခန်း တဲအိမ် ၂၀ ကျော် ပျက်စီး click
- မူစယ်မြို့ ဗုံးကွဲမှု၊ ဗုံးခွဲသူ သေဆုံး click
- ဦးအောင်သောင်း ငြိမ်းချမ်းရေး အဖွဲ့သစ်မှာ မပါဝင်တော့ကြောင်း ပြော click
- မီဒီယာပွင့်လင်းလာတဲ့ခေတ်မှာ ၀န်ကြီးများ အပြောအဆို ဆင်ခြင်သင့် click
- လယ်/ဆည်ဝန်ကြီး လွှတ်တော်အမတ်များကို တောင်းပန် click
- လယ်ယာစိုက်ပျိုးရေးဝန်ကြီးက လွှတ်တော်အမတ်တွေကို တောင်းပန် click
- ၀န်ကြီး ဦးမြင့်လှိုင်က လွှတ်တော်ကိုယ်စားလှယ်များကို တောင်းပန် click
- စီးပွား/စီမံဝန်ကြီးနေရာ သျှမ်း/၀န်ကြီးချုပ်အဆို တတိယအကြိမ် လွှတ်တော်အမတ်များ ကန့်ကွက် click
- မြန်မာအစိုးရရဲ့ ပြည်တွင်းပိတ်ဆို့မှု ၈၈ ကျောင်းသားများ ထောက်ပြ click
- နိုင်ငံရေးအကျဉ်းသားမိသားစုများကို နိုင်ငံရေးအကျဉ်းသားဟောင်းများက တွေ့ဆုံအားပေး click
- ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်နေ click
- မြန်မာလွှတ်တော်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မိန့်ခွန်းပြောကြား click
- ပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ ဘန်ကီမွန်း တောင်းဆို click
- မြန်မာအပေါ် ဒဏ်ခတ်မှုတွေ ဖယ်ရှားဖို့ ကုလ အတွင်းရေးမှူးချုပ် တိုက်တွန်း click
- ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးရေး အကူအညီပေးဖို့ ဘန် တိုက်တွန်း click
- ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်အား မစ္စတာဘန်ကီမွန်း ချီးကျူး click
- နှစ် ၃၀ အတွင်း မြန်မာသန်းခေါင်စာရင်း ကုလ အကူအညီဖြင့် ကောက်မည် click
- လွှတ်တော်တက်ရန် NLD ဆုံးဖြတ်လိုက်ပြီ click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်တက်မည် click
- NLD ပါတီ လွှတ်တော်တက်ရန် ဆုံးဖြတ်ချက်ချ click
- လွှတ်တော်တက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် နိုင်ငံတကာ ကြိုဆို click
- NLD ဆုံးဖြတ်ချက် ၈၈ ကျောင်းသားများ ကြိုဆို click
- NLD ဆုံးဖြတ်ချက် လွှတ်တော်ထဲရောက် ကျားဖြူအမတ် ထောက်ခံ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် အီးယူအရာရှိ သတင်းစာရှင်းလင်းပွဲ (ရုပ်သံ) click
- နိုင်ယက္ခကို မွန်ပြည်သစ်ပါတီထံ ပြန်အပ် click
- သမ္မတ၏ လက်ဆောင်အဖြစ် မွန်ပြည်သစ်ပါတီဝင် ၂ ဦးကို ပြန်လွှတ် click
- ခနောက်စိမ်း တူးဖော်ရေးလုပ်ငန်း KNU ရပ်ဆိုင်းမည် click
- မနန်းဝိုးဖန်အမှု အမျိုးသားလွှတ်တော်ဥက္ကဌထံ တင်ပြမည် click
- မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသ၏ ကျေးဇူးဂုဏ်သတိရပွဲ မန္တလေးတွင် ကျင်းပ click
- ပေါင်းလဲတိုက် ယဉ်ကျေးလိမ္မာသင်တန်းတွင် အရှင်ဝီရသူ တရားဟော click
- ထားဝယ်က ဖိုးသီးချို ကိုယ်ပိုင်မီးအားပေးလုပ်ငန်းကို စားသုံးသူတို့ မီတာခလျော့ရန် တောင်းဆိုမည် click
- မှတ်မှတ်သားသား မှတ်တမ်းတင်ပါတယ် click
- ကမ္ဘာပြားပေါ်က မြန်မာအလုပ်သမားများ (ဆောင်းပါး) click
- ဖက်ဆစ်တော်လှန်ရေးနှင့် သခင်ဗဟိန်း (ဆောင်းပါး) click
- ကျနော်သိသော တရံရောအခါများ click
- ကျမ၏ စာအုပ်စင် (စာဖတ်ခန်း) click
- အာဏာသစ် (ကဗျာ) click
- ဖိုးလှကြီးသို့တမ်းချင်း … (မေဒေးနေ့ အမှတ်တရကဗျာ) click
- ခေါင်းပန်လှန်ကြည့် (ကာတွန်း) click
- တရုတ် မျက်မမြင် လူ့အခွင့်အရေးလှုပ်ရှားသူ ကံကြမ္မာ မရေရာ click
- ချန်ဂွန်းချန်းကိစ္စ ဝေဖန်ချက်ပေးဖို့ အိုဘားမား ငြင်းဆို click
- ဆီးရီးယား ပေါက်ကွဲမှု လူအများအပြား သေဆုံး click
- ဆီးရီးယား အကြမ်းဖက်မှု လူ ၂၀ သေ click
- ဘာရိန်းဆန္ဒပြသူကို ညှင်းပန်း စော်ကားမှုတွေရှိ click
- မောင်းသူမဲ့ယာဉ်တွေနဲ့ တိုက်ခိုက်မှု အကျုံးဝင်တယ် click
- အိန္ဒိယက အာသံပြည်မှာ လှေမှောက်၊ လူတရာကျော် သေဆုံး click
- ဧပြီ ၃၀ ရက် နိုင်ငံတကာ ဗီဒီယိုသတင်းလွှာ click
- အင်ဒိုနီးရှား အသွင်ကူးပြောင်းရေးမှာတော့ အတိတ်နဲ့ လမ်းခွဲဖို့ ကြိုးစားခဲ့ပါတယ် (ဆောင်းပါး) click
- အာဖရိကရဲ့ ဒုတိယမြောက် အမျိုးသမီးသမ္မတ ဂျိုက်စ်ဘန်ဒါအကြောင်း တစေ့တစောင်း click

Monday, April 30, 2012

NLD ခေါင်းဆောင်များသို့ မေတ္တာရပ်ခံချက်

ပြည်သူလူထုကိုပါ အရှက်ခွဲသလို ဖြစ်ဖြစ်နေ
(NLD ခေါင်းဆောင်များသို့ မေတ္တာရပ်ခံချက်)

‘ရရင်ရ မရရင်နေ’ ဆိုတဲ့ NLD ရဲ့ လက်သုံးမူအတိုင်း ကျမ်းကျိန်စာသားပြင်ဆင်ရေး တောင်းဆိုလို့ မရတဲ့အဆုံး လွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့။ ဒီလိုပဲဖြစ်လာမယ်လို့ မျှော်လင့်ပြီးသားမို့ ထူးပြီး မအံ့သြမိပါ။

“အလျှော့ပေးတယ်လို့ မြင်ချင်လည်း မြင်နိုင်ပါတယ်” လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ NLD ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အလျှော့ပေးတာလား၊ မရှက်တတ်တာလား၊ လေးဘက်ထောက်တာလား ကျနော့်အနေနဲ့ စိတ်မ၀င်စားရိုးအမှန်ပါ။

ဒါပေမယ့် ‘ရရင်ရ မရရင်နေ’ ဆိုတဲ့မူကို NLD ကျင့်သုံးနေတာ ဒီတကြိမ် နောက်ဆုံးဖြစ်ပါစေလို့ မေတ္တာရပ်ခံချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ‘ရရင်ရ မရရင်နေ’ ဆိုတဲ့မူကို NLD ခေါင်းဆောင်တွေ မျက်နှာပူရကောင်းမှန်းမသိဘဲ အကြိမ်ကြိမ် ဆက်ကျင့်သုံးနေရင် ကြာလာတာနဲ့အမျှ ကြံ့ဖွတ်ကလည်း ဟား၊ ပြည်သူကလည်း မလေးစား ဆိုတာမျိုး ဖြစ်လာပြီး လွှတ်တော်တွင်းမှာ ရှေ့ဆက်အလုပ်လုပ်ရ သိပ်ခက်သွားမှာကို စိုးလို့ပါ။

နောက်တခုက NLD တောင်းလိုက် မရလိုက်နဲ့ အခုလို မကြာခဏ အရှက်တကွဲ အကျိုးနည်းဖြစ်နေရခြင်းဟာ NLD ကို မျက်စိစုံမှိတ် တခဲနက် ထောက်ခံအားပေးတဲ့ ပြည်သူလူထုကိုပါ အရှက်ခွဲသလို ဖြစ်ဖြစ်နေတယ်လို့ ခံစားရလို့ပါ။

ဒါကြောင့် နောင်မှာ “ရရင်ရ မရရင်ချ” ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းမူအတိုင်း လုပ်နိုင်လုပ်ရဲမယ့် plan ရှိမှသာ တောင်းဆိုတဲ့အလုပ်ကို လုပ်ကြပါလို့ NLD ခေါင်းဆောင်တွေကို ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် မေတ္တာရပ်ခံလိုက်ရပါတယ်။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်တက်မည်ဟု ယနေ့ ဆုံးဖြတ် (ရုပ်သံ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း လွှတ်တော်နှစ်ရပ် ဥက္ကဌတွေနဲ့ တွေ့ဆုံပြီး ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောကြား (ရုပ်သံ)


No comments:

Post a Comment