Thursday, 29 March 2012

Friday, March 30, 2012

ဦးအေးမြင့် (လမ်းပြကြယ်) ၏ ပေးစာနှင့် ကျနော်၏ ပြန်ကြားချက် (၂)

ဦးအေးမြင့် (လမ်းပြကြယ်) ၏ ပေးစာနှင့် ကျနော်၏ ပြန်ကြားချက် (၂)
ဒေါက်တာလွဏ်းဆွေ

ခင်မင်လေးစားရပါသော အန်ကယ် ဦးအေးမြင့် (လမ်းပြကြယ်) ခင်ဗျား …

ပေးစာပါ မေးမြန်းမှုတွေကို ကျနော့်အနေနဲ့ စဉ်းစားသုံးသပ်မိသလောက် အစဉ်လိုက် ဖြေကြားပါရစေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီကို ပြည်သူလူထု အားကိုးတာ ရာနှုန်းပြည့် ဆိုတာတော့ မငြင်းလိုပါ။ ပြည်လူထုက ဒေါ်စုကို ချစ်တာလား၊ အန်အယ်လ်ဒီပါတီကို ချစ်တာလား ဆိုတာတော့ နိုင်ငံရေးသမားတွေ ခွဲခြားဖို့ လိုတယ်လို့ ယူဆမိပါတယ်။

ဖြေ ။ ။ ကျနော့်အထင်တော့ ပြည်သူလူထုက ဒေါ်စုကို ချစ်တာလား၊ အန်အယ်လ်ဒီပါတီကို ချစ်တာလား ဆိုတာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေချိန်တွေမှာ အန်အယ်လ်ဒီပါတီရဲ့ စည်းရုံးလှုပ်ရှားနိုင်တဲ့ စွမ်းရည်နည်းပါးခဲ့မှုနဲ့ တိုက်ပွဲဝင်နိုင်တဲ့ အနေအထားတွေ မရှိခဲ့တာကို ပြန်လည်သုံးသပ်ကြည့်ရင် နိုင်ငံရေးကို စိတ်ဝင်စားသူတွေအနေနဲ့ အလွယ်တကူ သိမြင်နိုင်မယ်ထင်ပါတယ်။ တချို့ကဆို ဒေါ်အောင်ဆန်းစုကြည် အပြင်မှာ မရှိတဲ့အချိန် အန်အယ်လ်ဒီပါတီရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီး လူအိုရုံလို့ ပြောသူကပြော၊ သတင်းစာဆရာကြီး လူထုစိန်ဝင်းကဆိုရင် ဆွံ့အနားမကြားကျောင်းလို့ ကင်ပွန်းတပ်လိုတပ် ဖြစ်ခဲ့တာကို ကြည့်ရင် အခုအချိန်မှာ ပြည်သူလူထုက အန်အယ်လ်ဒီပါတီထက် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လို့ အားပေးကြခြင်းသာ ရာနှုန်းပြည့်ဖြစ်တယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။ တကယ်တော့ အဲဒီကိစ္စကို နိုင်ငံရေးသမားတွေ ခွဲခြားသိဖို့ထက် အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်တွေ မိမိပါတီရဲ့ အင်အားကို အမှန်အတိုင်း ရှုမြင်သုံးသပ်ပြီး ပြင်သင့်တာကို အချိန်မီပြုပြင်မယ်ဆိုရင် မြန်မာပြည်သူလူထုအနေနဲ့လည်း မျှော်လင့်အားကိုးရကျိုးနပ်မယ်လို့ ယူဆပါတယ်။ အဓိက က ဒေါ်အောင်ဆန်းစုကြည် ရှိရှိ မရှိရှိ အခုအချိန် တက်ကြွလှုပ်ရှားနေပုံအတိုင်း ဆက်လက်ဦးဆောင်မှုပေးနိုင်အောင် ကြိုးပမ်းအားထုတ်သင့်တယ်လို့ ကျနော့်အနေနဲ့ အကြံပြုလိုပါတယ်။

အန်အယ်လ်ဒီပါတီဟာ ဒေါ်စု နေအိမ်အကျယ်ချုပ်ကျစဉ် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို မ၀င်ဘူး၊ သပိတ်မှောက်တယ်လို့ ဦးဉာဏ်ဝင်းက မီဒီယာမှာ (ဒေါ်စုက မှာလိုက်တယ်) ဆိုသော စကားရပ်နှင့် တာဝန်ယူပြောခဲ့ပြီး ယခုတော့ ကြားဖြတ်ရွေးကောက်ပွဲဝင်တော့ ဘာကြောင့် ၀င်ရတယ်ဆိုတာနှင့် ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုတဲ့ စကားရပ်ကို ရှင်းရန် တာဝန်ရှိနေတာကို ၀န်ခံစကား မပြောတာသည် ခေါင်းဆောင်ကောင်းတဦး၏ တာဝန်ကို ရှောင်လွှဲရာရောက်နေသည်ဟု ယူဆမိတာ မှားသလားလို့ ဝေဖန်ပေးစေလိုပါတယ်။

ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က မလွတ်မြောက်မီအချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာနဲ့ပတ်သက်ပြီး ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွေက NLD ပါတီ ကိုင်စွဲထားတဲ့ ရွှေဂုံတိုင်မူတွေနဲ့ ကိုက်ညီမှုမရှိလို့ ဆိုတာကို အဓိက အကြောင်းပြခဲ့တယ်လို့ ကျနော့်အနေနဲ့ မှတ်မိနေပါတယ်။ ဒါပေမယ့် အကျယ်ချုပ်က ပြန်လွတ်မြောက်လာပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုတော်လှန်ရေးနည်းလမ်းနဲ့ တိုက်ပွဲဝင်ဖို့ ဆန္ဒမရှိတော့တာရယ်၊ သူ အကြိမ်ကြိမ် ထိတွေ့ဆက်ဆံရတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက မျက်စိကြီး နားကြီး ပါဝါကြီးများ (အဓိက ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အနောက်အုပ်စု ကိုယ်စားလှယ်များ) ရဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြိုင်ဖို့ တိုက်တွန်းအကြံပြုချက်တွေအရရယ်၊ သူကိုယ်တိုင်ရဲ့ ကြံ့ဖွံ့အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နည်းနဲ့ ပြည်သူလူထု ထိခိုက်နာကျင်မှု သက်သာအောင် ကြိုးစားဆောင်ရွက်ကြည့်ချင်တဲ့ ပိုင်းဖြတ်ချက်အရရယ် ၉၀ ရလဒ်ကို စွန့်လွှတ်ပြီး ကြံ့ဖွံ့အစိုးရ ၀င်ပြိုင်စေချင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် NLD ပါတီ မှတ်ပုံပြန်တင်ဖို့ ကြိုးစားခဲ့တယ်လို့ မြင်ပါတယ်။

အဲဒီလို နဂိုကိုင်စွဲထားတဲ့ မူတွေနဲ့ ဆန့်ကျင်ဘက် ဂငယ်ကွေ့ ပြန်ကွေ့ပြီး လျှောက်လှမ်းတာဖြစ်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တုန်းက ပြောဆိုခဲ့တဲ့ စကားရပ်တွေနဲ့တော့ ဆန့်ကျင်ဘက်သဘောမျိုး ဖြစ်ကုန်တာတွေလည်း ရှိမှာပါ (ပြည်သူလူထုရဲ့ ချစ်ခင်မှု၊ ယုံကြည်ကိုးစားမှု အားကြီးလွန်းနေချိန်မှာ တကြိမ်တခါ ဂငယ်ကွေ့ ကွေ့တာ ပြဿနာမရှိပေမယ့် တကြိမ်ထက်ကျော်ရင်တော့ ယုံကြည်မှုကျဆင်းလာတဲ့ အန္တရာယ်နဲ့ ကြုံတွေ့လာနိုင်တယ်လို့ ကျနော့်အနေနဲ့ ယူဆမိပါတယ်)။ ဒါပေမယ့် ပါတီမှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်ပြီး နောက်ပိုင်းပြုလုပ်တဲ့ NLD အခမ်းအနားတချို့မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မှတ်ပုံပြန်တင်ရခြင်းနဲ့ ရွေးကောက်ပွဲဝင်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့တာကို နားထောင်ခဲ့ရတာတွေ ရှိပါတယ် (ဗီဒီယိုဖိုင်တွေ ပြန်ပြီး မရှာအား၊ နားမထောင်အားလို့ အတိအကျ မပြောပြနိုင်တာ ခွင့်လွှတ်ပါ)။ ကျနော်တို့အားလုံး ကျေနပ်လက်ခံနိုင်တဲ့ အဖြေမျိုးတော့ ဟုတ်ချင်မှဟုတ်မှာပေါ့။

အခုနောက်ပိုင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာတော့ အန်အယ်လ်ဒီပါတီ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်သုံးမျိုးဖြစ်တဲ့ (၁) တရားဥပဒေစိုးမိုးရေး (၂) ပြည်တွင်းငြိမ်းချမ်းရေး (၃) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆိုတာကို ဒေါ်အောင်ဆန်စုကြည်ကိုယ်တိုင် တိတိလင်းလင်း ပြောကြားလာတာကို ကြားလာရပါတယ်။ အဲဒီတော့ ကျနော့်အနေနဲ့ ပြောရရင်တော့ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တာနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်တာအပေါ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တစုံတရာ ရှင်းလင်းပြောကြားခဲ့တယ်လို့ ယူဆမိပြီး ကျနော်တို့အားလုံး ကျေနပ်လက်ခံတဲ့အဖြေမျိုး မဟုတ်ခဲ့တာလောက်ပဲ ရှိမယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် ကျနော်တို့ ကျေနပ်တဲ့အဖြေ ရခြင်း မရခြင်းထက် တတိုင်းတပြည်လုံးရဲ့ အကျိုးစီးပွားအတွက် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်ရခြင်း ကတိ ၃ ရပ်ကို အကောင်အထည်ဖော်နိုင်၊ မဖော်နိုင်ဆိုတာကိုပဲ ကျနော်တို့ စောင့်ကြည့်ဖို့ လိုတယ်လို့ ယူဆမိသလို လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့ နိုင်ငံရေးအဆင့်တခုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို လိုအပ်သလို လူထုအားနဲ့ ၀ိုင်းရံပေးနိုင်ဖို့လည်း ကျနော်တို့အနေနဲ့ ပြင်ဆင်ထားသင့်တယ်လို့ မြင်မိပါတယ်။

ကျနော့်အနေနဲ့ ကြိုတင်ခန့်မှန်းမိတာတခုကတော့ အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ အဓိက ဖြေရှင်းရမယ့် အခန်းကဏ္ဍကြီးကို ရောက်လာရင် လွှတ်တော်တွင်းရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအမတ်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံရဲ့အောက်မှာ မဲခွဲမှုအရ အကြိမ်ကြိမ် ရှုံးနိမ့်မှုနဲ့ ကြုံတွေ့လာရပြီးရင် သူ ရင်မခုန်တော့ဘူးလို့ ပြောခဲ့တဲ့ လူထုတိုက်ပွဲရဲ့ ၀ိုင်းရံမှုအားကို ယူကိုယူရလိမ့်မယ်လို့ မှန်းဆမိပါတယ်။ အဲဒီအတွက် ၀ိုင်းရံနိုင်အောင် ကျနော်တို့ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေ အားလုံးက အားမွေးပြင်ဆင်ထားကြဖို့ လိုမယ်လို့ ပြောချင်ပါတယ်။

ယခု ၂၀၁၂ နှစ် ကြားဖြတ်ရွေးကောက်ပွဲရခြင်းသည် ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းနေသာလမ်းကို မှန်းကြည့်မည်ဆိုလျှင် အချက် ၂ ချက် တွေ့ရပါတယ်။

(၁) မိမိ၏ နိုင်ငံရေးဂုဏ်သိက္ခာကို ထိန်းသိမ်းလျက် ပြည်ထောင်စုလွှတ်တော်အတွင်းမှာပဲ နိုင်ငံရေးအနားယူတော့မည်လို့ ယူဆခြင်း။

ဖြေ ။ ။ ကျနော်အနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးဂုဏ်သိက္ခာကို ထိန်းသိမ်းလျက် လွှတ်တော်အတွင်းမှာပဲ အနားယူတော့မယ်လို့ လုံးဝ မယူဆမိပါ။ ဒါကလည်း သူ့ရဲ့ပေးဆပ်မှုတွေနဲ့ ချိန်ထိုးပြီး သုံးသပ်ပြောဆိုခြင်းပါ။ သူ့အနေနဲ့ ကျန်းမာရေး ကောင်းပြီး လုပ်နိုင်ကိုင်နိုင်နေသေးတဲ့ အချိန်အထိ မြန်မာပြည် ဒီမိုကရေစီစနစ်ဆီ စစ်စစ်မှန်မှန် ကူးပြောင်းအောင်၊ မြန်မြန်ဆန်ဆန် ကူးပြောင်းခဲ့ရင်လည်း အခြေခိုင်သထက်ခိုင်အောင် အဆက်မပြတ် ဆောင်ရွက်ချင်စိတ် အပြည့်ရှိနေမယ်လို့ ယုံကြည်မိပါတယ်။

(၂) စစ်အုပ်စု ပုံဖော်သော နှပ်ကြောင်းထဲ ၀င်သွားပြီလို့ ယူဆမိခြင်း

ဖြေ ။ ။ သူ့အနေနဲ့ အများအမြင်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုနည်းနဲ့မှ ပြင်ဆင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ယူဆချက်ကို ချေဖျက်နိုင်မယ်လို့ ယုံကြည်လို့ စစ်အုပ်စု နှပ်ကြောင်းထဲ ၀င်သလိုဖြစ်နေမှန်း သိသိကြီးနဲ့ ဆက်တိုးတာဖြစ်နိုင်သလို လူထုအရေးတော်ပုံကို ဦးမဆောင်၊ ရင်မဆိုင်ချင်လို့ တော်လှန်ရေးကို ရှောင်လွှဲတဲ့အနေနဲ့ ဒီလမ်းကို တိုးတာလည်း ဖြစ်နိုင်ပါတယ်။ စစ်အုပ်စု ပုံဖော်တဲ့ နှပ်ကြောင်းထဲ ၀င်သွားတာမဟုတ်ကြောင်း သူ့အနေနဲ့ သက်သေပြချင်ရင်တော့ ကြားဖြတ်ရွေးကောက်ပွဲ ကတိက၀တ်တွေကို အကောင်အထည်ဖော်နိုင်မှုနဲ့ပဲ ခက်ခက်ခဲခဲ သက်သေပြရလိမ့်မယ်လို့ ယူဆမိပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒေါ်စုတယောက်အနေနှင့် တွက်လျှင် …

(က) ၂၀၁၂ ခုနှစ်၊ ၂၀၁၅ နှစ် နောက်တကြိမ် ရွေးကောက်ပွဲရောက်ချိန်တွင် ဒေါ်စု အသက် ၇၁ နှစ်

ဖြေ ။ ။ ၂၀၁၅ ခုနှစ်မှာ အသက် ၇၁ နှစ်ပြည့်လည်း ကျန်းမာရေးအခြေအနေ ကောင်းမွန်နေသေးလျှင် ၇၅ နှစ်အထိ၊ သိပ်ကောင်းနေသေးလျှင် ၈၀ လောက်အထိ ပါတီကို ဦးဆောင်မှု ပေးနိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်။ သူအနေနဲ့ အချိန်ရှိတုန်းရှိခိုက် ပါတီကို ပိုပြီး ကျစ်လစ်သိပ်သည်းခိုင်မာအောင် မြန်မြန်ထက်ထက် လုပ်ဆောင်ဖို့တော့ လိုတယ်လို့ မြင်မိပါတယ်။

(ခ) အန်အယ်လ်ဒီပါတီကလည်း ယခု လူထုအမြင်က မြောက်ဆွမြောက်ဆွ လုပ်နေကြတဲ့ ပါတီဝင်တွေရဲ့ သရုပ်ပျက်မှု ရင်လေးနေကြတယ်။ မဲဆွယ်ပွဲတွေမှာ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်နေသလိုနှင့် သင်္ကြန်သံချပ်ထိုးအဖွဲ့ လုပ်ရပ်မျိုးအပြင် ဒေါ်စုကိုယ်တိုင် သူ့ပါတီကို သူမနိုင်ဖြစ်တာ သူကိုယ်တိုင် သိနေတယ်ဆိုတာ လူထုက သိတယ်။

ဖြေ ။ ။ မြောက်ဆွမြောက်ဆွ ဖြစ်တဲ့ပါတီဝင်တွေလည်း ရှိကောင်းရှိနိုင်သလို ဒေါ်အောင်ဆန်းစုကြည် ရှေ့ကနေ မားမားမတ်မတ် ဦးဆောင်မှုပေးနေတဲ့ အချိန်ဖြစ်တဲ့အတွက် စိတ်ဓာတ်တွေ အရမ်းတက်ကြွနေကြပြီး လုပ်ချင်ကိုင်ချင်စိတ်တွေ များနေတာလည်း ဖြစ်နိုင်ပါတယ်။ အာဏာပိုင် ကြံ့ဖွံ့အစိုးရလက်ကိုင်တုတ်တွေရဲ့ ဖိနှိပ်ကောက်ကျစ်မှုတွေ၊ နှောင့်ယှက်ဖျက်ဆီးမှုတွေကြားမှာ မဲဆွယ်စည်းရုံးပွဲတွေ လုပ်နေရချိန်ဆိုတော့ တစုံတရာ အန္တရာယ်မပြုနိုင်အောင် စုစုစည်းစည်း အုပ်ဖွဲ့လုပ်ကိုင်နေကြရပုံတွေက ဘုရားပွဲလှည့်သလို၊ သင်္ကြန်သံချပ်ထိုးတဲ့ အဖွဲ့တွေလို မျက်စိနောက်စရာ ဖြစ်ကောင်းဖြစ်နေမယ်လို့လည်း ယူဆမိပါတယ်။ အဲသလိုမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သူ့ပါတီ သူမနိုင်တဲ့ အနေအထားမျိုးဆိုရင်တော့ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လိုအပ်သလို ကြပ်မတ်ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

(ဂ) ဒီတော့ သူ့အနေနှင့် ရွေးချယ်တင်မြှောက်ခံရမှာ သေချာနေတော့ အနည်းဆုံး ဒု-၀န်ကြီးတော့ ဖြစ်မှာ သေချာတယ်။

ဖြေ ။ ။ ကျနော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဒု-၀န်ကြီးရာထူးကို ယူလိမ့်မယ်လို့ လုံးဝမယူဆမိပါ။ ၀န်ကြီးချုပ်လို ရာထူးမျိုးကို သမ္မတက ထွင်ပြီး ပေးရင်တော့ မပြောတတ်ပါ။ ကျနော့်အနေနဲ့ကတော့ ၀န်ကြီးချုပ်ရာထူးမျိုး ပေးလည်း မယူသင့်လို့ ထင်မိပါတယ်။ ပါတီအခြေမခိုင်သေးဘဲ ပါတီနဲ့ ကင်းကွာသွားမယ့် အနေအထားမျိုးကို လုံးဝမရွေးချယ်သင့်ဘူး၊ သူ့အနေနဲ့လည်း ရွေးချယ်မှာမဟုတ်ဘူးလို့ ယူဆမိပါတယ်။ အရွေးချယ်ခံရရင် လွှတ်တော်တွင်း အရှိန်အ၀ါကြီးတဲ့ အတိုက်အခံတဦးအနေနဲ့ပဲ သူပေးထားတဲ့ ရွေးကောက်ပွဲကတိတွေ အကောင်အထည်ပေါ်လာအောင် ဦးဆောင်စည်းရုံးလှုံ့ဆော်ပြီး လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစုတွေနဲ့ အချိတ်အဆက်မိမိ လှုပ်ရှားဆောင်ရွက်နိုင်အောင် ကြိုးပမ်းလိမ့်မယ်လို့ ယူဆမိပါတယ်။ အောင်မြင်ခြင်း မအောင်မြင်ခြင်း ဆိုတာကိုတော့ ကျနော်တို့အနေနဲ့ ပိတ်ကားပေါ်မှာပဲ ဆက်လက်ရှုစားရမှာ ဖြစ်ပါတယ်။

(ဃ) ၀န်ကြီးဖြစ်ရင် ဒေါ်စုအနေနှင့် အန်အယ်ဒီပါတီက ဖွဲ့စည်းပုံအရ နှုတ်ထွက်ရမယ်လေ။

ဖြေ ။ ။ ကျနော့်အနေနဲ့ ဒေါ်အောင်ဆန်စုကြည် ၀န်ကြီးရာထူး ယူလိမ့်မယ်လို့ လုံးဝမယူဆတဲ့အတွက် ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဖြေဖို့လိုမယ်မထင်တော့ပါ။

(င) သူမရှိတော့ ဒီ ၃ နှစ်ကျော်အတွင်းမှာ အန်အယ်လ်ဒီကို သူဘယ်လိုထိန်းမလဲ။ ဒီတော့ ၂၀၁၅ ရောက်ရင် အသက် ရ၁ နှစ်၊ အသက်ကြီးလို့ နိုင်ငံရေးအနားယူမယ်လို့ ပြောပြီး ဂုဏ်သိက္ခာဆယ်သွားမည်လို့ ယူဆမိပါတယ်။

ဖြေ ။ ။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီးတော့လည်း အပေါ်တွေမှာ အဖြေတွေ ပါသွားခဲ့ပြီလို့ ယူဆပါတယ်။

ဒုတိယယူဆချက်အရတော့ လက်ရှိ စစ်အုပ်စုဟာ နိုင်ငံရေးပညာပါးနပ်စွာနှင့် ဒေါ်စုနှင့် အန်အယ်လ်ဒီကို နှပ်ကြောင်းပေးပြီး အပြီးအပိုင် ချုပ်ငြိမ်းအောင်လုပ်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာထဲ ရောက်သွားပြီဟု သုံးသပ်မိပါတယ်။

(A) ဒေါ်စု ရွေးကောက်ပွဲနိုင်မှာကို သိတယ်။ လွှတ်တော်ထဲရောက်ရင် ၀န်ကြီး ၁ နေရာရအောင် လုပ်ပေးမည်၊ ပါတီက ထွက်ပေါ့။

ဖြေ ။ ။ အပေါ်က အဖြေတွေထဲမှာ ပါသွားပြီလို့ မြင်ပါတယ်။

(B) ဒေါ်စု အန်အယ်လ်ဒီပါတီက ထွက်တော့ ၂၀၁၂ မှ ၂၀၁၅ အတွင်း ပါတီ တဖြေးဖြေး ပါဝါလျော့လာမယ်လေ။

ဖြေ ။ ။ ဒီမေးခွန်းအတွက်လည်း အပေါ်က အဖြေတွေထဲမှာ ပါသွားပြီလို့ မြင်ပါတယ်။

(c) ၂၀၁၅ ခု ရွေးကောက်ပွဲလည်း စတော့ ဒေါ်စု အသက်ကြီးပြီ၊ အန်အယ်လ်ဒီပါတီကလည်း ဖရိုဖရဲဖြစ်နေချိန်၊ ဒီတော့ ဘာဖြစ်မလဲ။ - - - ယူဆမိပါတယ်။ အဲဒီကိစ္စကို သုံးသပ်ဝေဖန်ပေးပါ။

ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာပြည် စစ်စစ်မှန်မှန် ဒီမိုကရေစီ မရမချင်း ပါတီနဲ့ ကင်းကွာအောင် နေမှာမဟုတ်သလို ပါတီကို ပိုပြီး ကျစ်လစ်ခိုင်မာအောင် ပြင်ဆင်ဖွဲ့စည်းတည်ဆောက်ဖို့ ကြိုးပမ်းလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ လုပ်တာမလုပ်တာကတော့ ဒေါ်အောင်ဆန်းစုကြည်အပိုင်းပေါ့။ ယုတ်စွအဆုံး ဒေါ်အောင်ဆန်းစုကြည် ပါတီနဲ့ ကင်းကွာအောင်နေခဲ့လို NLD ပါတီ ဖရိုဖရဲဖြစ်ခဲ့ရင်လည်း (အဲသလိုမျိုးတော့ အဖြစ်ခံမှာ မဟုတ်ဘူးလို့ ထင်ပါတယ်) ရှေ့မှာဖြစ်ပျက်ခဲ့တဲ့ အဆိုးအကောင်း နမူနာအ၀၀ကို ယူပြီး ကျနော်တို့ ပြည်သူလူထုတွေ လေးစားအားကိုးတဲ့ နိုင်ငံရေးအင်အားစုတခုဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ၂၀၁၅ အမီ ကြံ့ဖွံ့ပါတီနဲ့ ရင်ဆိုင်ယှဉ်ပြိုင်နိုင်မယ့် အားကောင်းမောင်းသန် ပါတီကြီးတခုကို စနစ်တကျ ဖွဲ့စည်းဦးဆောင်နိုင်မယ့်လို့ ယုံကြည်မျှော်လင့်ထားပါတယ်။

အခုရက်ပိုင်း နည်းနည်းအလုပ်ပိနေလို့ ပြန်ကြားမှု နောက်ကျခဲ့တဲ့အပေါ် ခွင့်လွှတ်ပါ အန်ကယ် ဦးအေးမြင့်ခင်ဗျား။

ခင်မင်လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ

အပြည့်အစုံသို့...

Thursday, March 29, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၉-၃-၂၀၁၂ - ညပိုင်း)

- ကချင်ပြည်နယ် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး ကူညီမည်ဟု KIO ပြော click
- NLD ကြေညာချက်အား KIO တုံ့ပြန် click
- ခွပ်​ဒေါင်း​ကို မဲ​ပေး​ရင် ​ခြေ​ထောက်ရိုက်ချိုး​မည်ဟု ခြိမ်းခြောက် click
- ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါ တီရှပ်ဝင်ဆင်သူ အရိုက်ခံရမှု ရဲတွင် အမှုဖွင့်၍ မရ click
- ပခုက္ကူရှိ ကျေးရွာရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ရိုက်နှက်ခံရ click
- လားရှိုးမှာ အနိုင်ရမည်ဟု ကျားဖြူပါတီ ပြောကြား click
- ရွေးကောက်ပွဲ ဘယ်ပါတီနိုင်မလဲ click
- ရွေးကောက်ပွဲ ပြည်တွင်းပြည်ပ စောင့်ကြည့်မည် click
- ကြားဖြတ်ရွေးကောက်ပွဲမှသည် (အယ်ဒီတာ့အာဘော်) click
- မွန်နိုင်ငံရေး နှစ်ပါတီ မပူးပေါင်းနိုင်သေး (ရုပ်သံ) click
- လွှတ်တော်ရေးရာကော်မတီ လုပ်ပိုင်ခွင့်များ ကန့်သတ်ခံရ click
- လွှတ်တော်ကော်မတီများ ပြည်ထောင့်စုအဆင့် မဟုတ်ကြောင်း ခုံရုံး ဆုံးဖြတ် click
- ဆီးနိတ်အမတ် ဂျင်ဝက်ဘ် မြန်မာပြည် ထပ်သွားမည် click
- ‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွာစို့’ အိန္ဒိယသံချပ် ထွက်ရှိ click
- စနစ်ဆိုးနဲ့ စစ်ဂျိုးခွာစို့ သံချပ် (အသံ) click
- ဒိတ်လိုင်း ဧရာဝတီ (ရုပ်သံ) click
- သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး - ၂၄ (အောက်မေ့ဖွယ်) click
ကာတွန်း နေမျိုးအေး
- တရုတ်နယ်စပ်မှာ မြန်မာအလုပ်သမား အများအပြား အဖမ်းခံရ click
- တရုတ်-မြန်မာနယ်စပ်တွင် အဖမ်းအဆီးများ၊ ရခိုင်များလည်း ဖမ်းဆီးပြန်ပို့ခံရရာတွင် ပါဝင် click
- နယ်စပ်ရှိ ထောင်နဲ့ချီတဲ့ ကလေးများ ပညာသင်ရန် အခက်တွေ့ click
- နယ်စပ်မျဉ်းကို ပေါင်းကူးတံတားအဖြစ် ပြောင်းသင့်ပြီဟု ထိုင်းရေဒီယိုဌာန အကြီးအကဲ ပြော click
- မီဇိုရမ်အစိုးရ၀န်ကြီးတဦး နှစ်ပြည်နယ် ကားလမ်းဖောက်လုပ်ရေးအတွက် နယ်စပ်သို့ ကွင်းဆင်း click
- နန်းဝိုးဖန်အမှုကို တရားရင်ဆိုင်မည်ဟု ခင်ပွန်းသည် ပြော click
- စသုံးလုံး စစ်ရင်း သေဆုံးသွားသူအမှု သတင်းစာရှင်းလင်းပွဲ လုပ် click
- အင်းမှာ ငါးဖမ်းခွင့် တောင်းသူကို လက်နက်မှုဖြင့် ထောင်ချ click
- ထိခိုက်မှု တာဝန်မယူတဲ့ အလုပ်ရှင်ကို ရွှေတွင်းလုပ်သား တိုင်တန်း click
- မထုံဋ္ဌာနီအနီး လူမှောင်ခိုကား တိမ်းမှောက် click
- နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ အာရှတွင် ခေတ်စား click

ထွက်ပေါက်မရှိ ချောင်ပိတ်အရိုက်ခံနေရတဲ့ သင်္ဘောသားများ (ပေးစာ)

သို့/
သမ္မတကြီးခင်ဗျား ...

ကျနော်တို့ သင်္ဘောသားတွေဟာ ထွက်ပေါက်မရှိ ချောင်ပိတ်အရိုက်ခံနေရပါတယ် ဆိုတဲ့အကြောင်းကို တိုင်ကြားလိုပါတယ်ခင်ဗျား။ ကျနော်တို့သင်္ဘောသားတွေဟာ နိုင်ငံခြားသင်္ဘောလိုင်းတွေမှာ တာဝန်ထမ်းဆောင်ပြီး နိုင်ငံတော်အပေါ် အခွန်ကျေနေတဲ့ သင်္ဘောသားဦးရေ ၃,၀၀၀ ကို ၂၀၀၇ ခုနှစ်အထက် မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုခဲ့တာကြောင့် ကျနော်တို့သင်္ဘောသားအများစုဟာ မိမိတို့ တင်သွင်းလိုတဲ့ ကားများကို ပြည်ပလေလံများမှလည်းကောင်း၊ ဂျပန်နိုင်ငံရှိ Show Rooms များမှ တိုက်ရိုက်ကြည့်ရှုပြီး ကြိုက်နှစ်သက်ရာ ကားများကို ဝယ်ယူခဲ့ပါတယ်။ မြန်မာနိုင်ငံသို့ ရောက်ရှိလာစဉ် ဆိပ်ကမ်းရှင်းလင်းခြင်း ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိနေစဉ် မိမိတို့ ဝယ်ထားသော ကားများမှာ ထုတ်ယူလို့မရဘဲ ဖြစ်နေပါတယ်။

ထုတ်ယူလို့မရတဲ့ အကြောင်းရင်းကတော့ ၂၀၀၇ ခုနှစ်ဖြင့် တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေကို ဆိပ်ကမ်းအကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတွေက စစ်ဆေးရာ ၂၀၀၆ ခုနှစ်ထုတ် မော်တော်ယာဉ်တွေ ဖြစ်တယ်ဆိုပြီး ထုတ်ခွင့်မပြုဟု ပြောပါတယ်။ အဲ့ဒီကိစ္စရပ်အပေါ် ကျနော်တို့က နားမလည်ဘူး ဖြစ်နေတယ်။ ကျနော်တို့ ပြည်ပမှ မော်တော်ယာဉ်တွေကို ဝယ်ယူရာမှာ နိုင်ငံတော်က ထုတ်ပြန်ချက်များနဲ့အညီ အောက်ပါ အချက်အလက်များကို စိစစ်ပြီး သင်္ဘောတင်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

(၁) International က ဝယ်ယူလို့ရတဲ့ လေလံစာရွက်မှာ မော်တော်ယာဉ်နဲ့ သက်ဆိုင်တဲ့ ထုတ်လုပ်တဲ့ ခုနှစ်ကို ဖော်ပြထားတာ 2007 ဖြစ်ပါတယ်။

(၂) မော်တော်ယာဉ်ကို လေလံက ဝယ်ယူပြီး ဂျပန်နိုင်ငံ မော်တော်ယာဉ်လိုင်စင်ကို ဖျက်သိမ်းခြင်း စာရွက်တွင်လည်း ထုတ်လုပ်တဲ့ ခုနှစ်ကို 2007 ဟု ဖော်ပြထားပါတယ်။

(၃) သင်္ဘောတင်ဆောင်ရာတွင်လည်း ပြည်ပသို့ တင်ပို့သည့် စာရွက်တွင် မော်တော်ယာဉ် ထုတ်လုပ်တဲ့ ခုနှစ်ဟာ 2007 ဖြစ်ပါတယ်။

ဒီစာရွက်စာတမ်း အထောက်အထားတွေနဲ့အညီ ထုတ်လုပ်တဲ့ ခုနှစ်ကို 2007 နှစ်လို့ တိကျတဲ့ ကားတွေကို ဆိပ်ကမ်းအကောက်ခွန်ဦးစီးဌာနက ဘယ်အချက်အလက်တွေနဲ့ စစ်လိုက်လဲတော့မသိဘူး။ 2007 ထုတ်ကားက 2006 ထုတ်ဖြစ်သွားလို့ ထုတ်မရဘူးဖြစ်နေတယ်။ သူတို့ ထုတ်လုပ်တဲ့ခုနှစ်ကို ပေတံအဖြစ် စံသတ်မှတ်တိုင်းတာတဲ့ အချက်အလက်တွေကိုလည်း ကျနော်တို့ သိရှိအောင် ထုတ်ပြန်ထားချက်မျိုးလည်း မရှိဘူး။ Public Announce လုပ်ထားတာမျိုးလည်း မတွေ့ရဘူး။ သူတို့ ၃၊ ၄ ဦးရဲ့ ဆုံးဖြတ်ချက်နဲ့ မင်းတို့ သွင်းလာတဲ့ ကားတွေက ငါတို့ စည်းမျည်းနဲ့ မညီကြောင်း ပြောဆိုပါတယ်။

ထုတ်ယူချင်ရင် CIF ကားတင်သွင်းတန်ဘိုးရဲ့ ၃ ဆဖြစ်တဲ့ သိန်း ၁၂၀ ယူလာခဲ့၊ မပါရင် မင်းတို့နဲ့ အချိန်ပေးပြီး စကားမပြောချင်ဘူးဟု အကောက်ခွန်အရာရှိတဦးမှ ပြောပါသည်။ အခု သင်္ဘောသားတွေအတွက်ဆိုရင် တင်သွင်းလာတဲ့ ကားတွေက 1300 CC အောက် ကားတွေ၊ ဈေးနှုန်းသက်သာတဲ့ ကားတွေကို အိုးပစ်အိမ်ပစ် အသက်နဲ့ရင်းပြီး စုထားတဲ့ ငွေလေးတွေနဲ့ တင်သွင်းလာကြတာဖြစ်လို့ သတ်မှတ်တဲ့ဒဏ်ကြေး ပေးဆောင်ဖို့အတွက် တင်သွင်းလာတဲ့ CIF ကားတန်ဘိုးရဲ့ ၃ ဆဖြစ်တဲ့ သိန်း ၁၂၀ ကို ပေးဆောင်ဖို့ ကျနော်တို့မှာ ပိုက်ဆံလည်း မရှိကြတော့ဘူး၊ ပေးဆောင်ရမယ့် ငွေကလည်း များတယ်။ ပြောရရင် ဒဏ်ကြေးပေးဆောင်ဖို့ အခက်အခဲမျိုးစုံ ရှိနေတယ်။ ကျနော်တို့အနေနဲ့ ကိုယ်ဝယ်တဲ့ ကားကို မရွေးနိုင်တော့ဘူး။

အခုဟာလည်း ၂၀၀၇ ခုနှစ်ထုတ်လို့ တင်ပြခဲ့တဲ့ အချက်အလက်တွေပေါ် အခြေခံပြီး ရိုးသားစွာ ဝယ်ယူတင်သွင်းလာကြခြင်းဖြစ်ပါတယ်။ မည်သူမှ ၂၀၀၇ Model သွင်းခွင့်ရတာကို မော်ဒယ်နိမ့်တဲ့ ၂၀၀၆ Model ကို တင်သွင်းလာမှာလည်း မဟုတ်ပါဘူး။

သမ္မတကြီးမှ မိမိနိုင်ငံသားများ အတိဒုက္ခရောက်နေသည်ကို ကူညီဆောင်ရွတ်ပေးသင့်ပါတယ် ဆိုတဲ့အကြောင်းကို ထွက်ပေါက်မရှိ ချောင်ပိတ်အရိုက်ခံရသော သင်္ဘောသားများကိုယ်စား အသနားခံ တင်ပြအပ်ပါတယ်။

လေးစားစွာဖြင့် ...

ကိုမင်းကျော်စိုး
CDC-၁၀၃၉၄
ကျိုက်မရော

အပြည့်အစုံသို့...
2 comments

Thursday, March 29, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၉-၃-၂၀၁၂ - နံနက်ပိုင်း)

- ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိရစေမယ် click
- ရွေးကောက်ပွဲအတွက် အသင့်ဖြစ်နေပြီလို့ ကော်မရှင် ဥက္ကဌ ပြော click
- ကြိုတင်မဲ မသမာမှု ထပ်မဖြစ်စေဖို့ ကော်မရှင် ကတိပေး click
- မော်လမြိုင်တွင် မဲပေးခွင့်ရှိသူ လေးထောင်ခန့် တိုးလာ click
- သတင်းမီဒီယာ လွတ်လပ်စွာ သတင်းရယူခွင့်ပြု click
- နိုင်ငံတကာအဖွဲ့တွေ ရွေးကောက်ပွဲ စောင့်ကြည့်ချိန် အပြည့်အဝ မရ click
- ရွေးကောက်ပွဲ နိုင်ငံတကာလေ့လာရေးအဖွဲ့တွေ ရောက်ရှိ click
- ရွေးကောက်ပွဲ ကြည့်ရှုဖို့ အမေရိကန်အဖွဲ့ ရောက်ရှိ click
- မြန်မာ့ရွေးကောက်ပွဲ စောင့်ကြည့်ရန် အိန္ဒိယမှ နှစ်ဦး စေလွှတ် click
- အီးယူနဲ့ အာဆီယံ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေ စေလွှတ် click
- ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ပြင်ဆင်မှုများ (တိုက်ရိုက်လေလှိုင်း) click
- ရွေးကောက်ပွဲကို ကေအိုင်အို နှောင့်ယှက်မှာ မဟုတ် click
- KIO အဖွဲ့ ကြေညာချက် ထုတ်ပြန် click
- ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန်ရက်လှုပ်ရှားမှု click
- ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တိုက်တွန်း click
- NLD ရဲ့ ထိပ်တန်းကိစ္စသုံးရပ်နဲ့ ကာကွယ်ဦးစီးချုပ်ရဲ့ အဓိကတာဝန် (ဆောင်းပါး) click
- မင်္ဂလာတောင်ညွန့်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း မဖြူဖြူသင်းရဲ့ စည်းရုံးရေးခရီး click
- လှည်းကူးမြို့နယ် NLD လူထုအစည်းအဝေးပွဲ (ရုပ်သံ) click
- ဒလမြို့နယ်အတွင်းရှိ ရပ်၊ကျေးတွေမှာ NLD ရုံးခန်းသစ်များ ဖွင့်လှစ် (ဓာတ်ပုံ) click
- ဧရာဝတီတိုင်း ပုသိမ်ခရိုင် ငသိုင်းချောင်းမြို့နယ် ကမ်းနီကျေးရွာ NLD ရုံးဖွင့်ပွဲ (ဓာတ်ပုံ) click
- အနုပညာရှင်များကို သောင်းသောင်းဖြဖြ အားပေးတဲ့ စစ်ကိုင်းမြို့က NLD ထောက်ခံသူများ (၁) click
- အနုပညာရှင်များကို သောင်းသောင်းဖြဖြ အားပေးတဲ့ စစ်ကိုင်းမြို့က NLD ထောက်ခံသူများ (၂) click
- မော်လမြိုင်မြို့ မောင်ငံရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဖွင့်လှစ်ပွဲ click
- NLD ရုံး မြ၀တီမြို့၌ ဖွင့်လှစ် click
- တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေနှင့် တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ) click
- မဲဆွယ်ရာတွင် တရားမဲ့ ပြုကျင့်မှု click
- ထူးထူးဆန်းဆန်း လွှတ်တော် သတင်းများ click
- ခွန်ထွန်းဦးနှင့် စိုင်းညွန့်လွင် သျှမ်းပြည်မြောက်ပိုင်း ရောက်၊ ပါတီဝင်ဟောင်းများနှင့် တွေ့ဆုံ click
- ကချင်ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲကို ကိုမင်းကိုနိုင် တက်ရောက် click
- မြန်မာ့လူ့အခွင့်အရေးကော်မရှင် သတင်းစာရှင်းလင်းပွဲလုပ် click
- မြန်မာ့လူ့အခွင့်အရေးကော်မရှင် အခက်အခဲတွေကြားက ဆက်လက် ရပ်တည်သွားမည် click
- ပြန်ကြားရေးဝန်ကြီးမှ ရုပ်ရှင်အစည်းအရုံးသစ်ကို အသိအမှတ်မပြု click
- ကိုမိုးသီးဇွန် ဖြေရှင်းချက် click
- ဒို့တာဝန်အရေး ၃ ပါး အမြဲဦးထိပ်ထားသော အမောင်တပ်မတော်သားသို့ ... (ဆောင်းပါး) click
- ဖြေရှင်းရမယ့် တိုင်းရင်းသားအရေး (သတင်းသုံးသပ်ချက်) click
- SWAN ၁၃ နှစ်ပြည့် လုပ်ခဲ့သည့် လုပ်ငန်းများနှင့် ရင်ဆိုင်ရသည့် အခက်အခဲများ ပြော click
- သိန္နီနား ဗုံးကွဲ click
- ရွှေည၀ါဆရာတော်အား အရှင်ဝီရသူ (မစိုးရိမ်) သွားရောက် ဖူးမြှော် click
- လူသားချင်းစာနာမှု ထူးချွန်ဆု ချီးမြှင့် click
- မြန်မာ့စွမ်းအင်ဈေးကွက် ပြည်သူ ခံစားနိုင်ဖို့ လိုအပ် click
- နိုင်ငံခြားငွေ လဲလှယ်နှုန်း ‘နှုန်းရှင်’ ဖြစ်တော့မည် click
- နစကနှင့် သစ်တောအုပ်များ ဘင်္ဂလာဒေခ်ျ့သို့ သစ်ခိုးထုတ် click
- နစက ဗိုလ်ကြီး သင်္ကြန်စရိတ်အတွက် ကျေးရွာသားများပိုင် မီးသွေးအိတ်များကို သိမ်းပြီး ငွေရှာ click
- ‘ပုသိမ်သူ’ ရေယာဉ် နစ်မြုပ်၍ သေဆုံးသူများအတွက် ၅ သိန်းစီ ပေးအပ် click
- ထိုင်းမှာ မြန်မာလုပ်သားများ ကားမှောက် သေ click
- မနန်းဝိုးဖန် စသုံးလုံးတွင် မိမိကိုယ် သတ်သေသွားသည်ဟု ယူဆကြောင်း ခင်ပွန်းဖြစ်သူက ပြော click
- စင်ကာပူတွင် ဖျော်ဖြေသွားသော မေဆွိ click
- ထမင်းစားလက်မှတ် သင်တန်းဆင်းပွဲ click
- မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်အတွက် မိုးမခ မဟာသင်္ကြန်စာ click
- အစာအိမ် ကင်ဆာ click
- အနိစ္စတရားကို မျက်မှောက်ပြုသည့် မြန်မာ့ဓလေ့ (ဆောင်းပါး) click
- ငှက်ပိတုန်းစိတ်ဓာတ် (အက်ဆေး) click
- ကုတ်ရဲ့ဗဟိုကို ရွေးချယ်ခြင်း (ကဗျာ) click
- ငြိမ်းချမ်းရေးအကြံ ဆီးရီးယား မနာခံ ဆို click
- ဆီးရီးယားဆိုင်ရာ ကုလအဆိုပြုချက် အာရပ်အဖွဲ့ချုပ် ထောက်ခံဖွယ်ရှိ click
- ဆီးရီးယားတပ်တွေ ကလေးတွေကို ညှင်းပန်းနှိပ်စက်နေတယ်လို့ ကုလ ပြော click
- အာဖဂန်အမျိုးသမီး ရာနဲ့ချီ အဖမ်းခံရ click
- အီရန်အရေး အလျှော့မပေးဖို့ ကန်အမတ်တွေ တိုက်တွန်း click
- ပုပ်ရဟန်းမင်း ကက်စထရို တွေ့ click
- အာစီယံနိုင်ငံတွေ ဘာကြောင့် လက်နက် နင်းကန် ၀ယ်နေသလဲ click
- စကြဝဠာအတွင်း ဂြိုဟ်ကမ္ဘာတွေ အများကြီး ရှိနိုင် click
- တက္ကသိုလ်မှပညာ အင်တာနက်ဖြင့် ရှာ (ဆောင်းပါး) click

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် ဗီအိုအေ တွေ့ဆုံမေးမြန်းခန်း



ဦးအေးမြင့် (လမ်းပြကြယ်) ၏ ပေးစာနှင့် ကျနော်၏ ပြန်ကြားချက်

ဦးအေးမြင့် (လမ်းပြကြယ်) ၏ ပေးစာနှင့် ကျနော်၏ ပြန်ကြားချက်
ဒေါက်တာလွဏ်းဆွေ

တူတော်မောင် ဒေါက်တာလွဏ်းဆွေ …

မြန်မာနိုင်ငံ ဒီမိုကရေစီတော်လှန်ရေးမှာ ပြတ်ပြတ်သားသား မိမိအမြင်အတိုင်း ရေးတတ် တွေးတတ်တာကို လေးစားလို့ သဘောထားချင်း တိုက်ဆိုင်လိမ့်မည်လို့ ယူဆလို့ ဒီစာကို ရေးကြည့်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီကို ပြည်သူလူထု အားကိုးတာ ရာနှုန်းပြည့် ဆိုတာတော့ မငြင်းလိုပါ။ ပြည်လူထုက ဒေါ်စုကို ချစ်တာလား၊ အန်အယ်လ်ဒီပါတီကို ချစ်တာလား ဆိုတာတော့ နိုင်ငံရေးသမားတွေ ခွဲခြားဖို့ လိုတယ်လို့ ယူဆမိပါတယ်။

အန်အယ်ဒီပါတီဟာ ဒေါ်စု နေအိမ်အကျယ်ချုပ်ကျစဉ် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို မ၀င်ဘူး၊ သပိတ်မှောက်တယ်လို့ ဦးဉာဏ်ဝင်းက မီဒီယာမှာ (ဒေါ်စုက မှာလိုက်တယ်) ဆိုသော စကားရပ်နှင့် တာဝန်ယူပြောခဲ့ပြီး ယခုတော့ ကြားဖြတ်ရွေးကောက်ပွဲဝင်တော့ ဘာကြောင့် ၀င်ရတယ်ဆိုတာနှင့် ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုတဲ့ စကားရပ်ကို ရှင်းရန် တာဝန်ရှိနေတာကို ၀န်ခံစကား မပြောတာသည် ခေါင်းဆောင်ကောင်းတဦး၏ တာဝန်ကို ရှောင်လွှဲရာရောက်နေသည်ဟု ယူဆမိတာ မှားသလားလို့ ဝေဖန်ပေးစေလိုပါတယ်။

ယခု ၂၀၁၂ နှစ် ကြားဖြတ်ရွေးကောက်ပွဲရခြင်းသည် ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းနေသာလမ်းကို မှန်းကြည့်မည်ဆိုလျှင် အချက် ၂ ချက် တွေ့ရပါတယ်။

(၁) မိမိ၏ နိုင်ငံရေးဂုဏ်သိက္ခာကို ထိန်းသိမ်းလျက် ပြည်ထောင်စုလွှတ်တော်အတွင်းမှာပဲ နိုင်ငံရေးအနားယူတော့မည်လို့ ယူဆခြင်း။

(၂) စစ်အုပ်စု ပုံဖော်သော နှပ်ကြောင်းထဲ ၀င်သွားပြီးလို့ ယူဆမိခြင်း။

ဘာကြောင့်လဲဆိုတော့ ဒေါ်စုတယောက်အနေနှင့် တွက်လျှင် …

(က) ၂၀၁၂ ခုနှစ် ၂၀၁၅ နှစ် နောက်တကြိမ် ရွေးကောက်ပွဲရောက်ချိန်တွင် ဒေါ်စု အသက် ၇၁ နှစ်။

(ခ) အန်အယ်လ်ဒီပါတီကလည်း ယခု လူထုအမြင်က မြောက်စွမြောက်စွ လုပ်နေကြတဲ့ ပါတီဝင်တွေရဲ့ သရုပ်ပျက်မှု ရင်လေးနေကြတယ်။ မဲဆွယ်ပွဲတွေမှာ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်နေသလိုနှင့် သင်္ကြန်သံချပ်ထိုးအဖွဲ့ လုပ်ရပ်မျိုးအပြင် ဒေါ်စုကိုယ်တိုင် သူ့ပါတီကို သူမနိုင်ဖြစ်တာ သူကိုယ်တိုင် သိနေတယ်ဆိုတာ လူထုက သိတယ်။

(ဂ) ဒီတော့ သူ့အနေနှင့် ရွေးချယ်တင်မြှောက်ခံရမှာ သေချာနေတော့ အနည်းဆုံး ဒု-၀န်ကြီးတော့ ဖြစ်မှာ သေချာတယ်။

(ဃ) ၀န်ကြီးဖြစ်ရင် ဒေါ်စုအနေနှင့် အန်အယ်ဒီပါတီက ဖွဲ့စည်းပုံအရ နှုတ်ထွက်ရမယ်လေ။

(င) သူမရှိတော့ ဒီ ၃ နှစ်ကျော်အတွင်းမှာ အန်အယ်လ်ဒီကို သူဘယ်လိုထိန်းမလဲ၊ ဒီတော့ ၂၀၁၅ ရောက်ရင် အသက် ၇၁ နှစ်၊ အသက်ကြီးလို့ နိုင်ငံရေးအနားယူမယ်လို့ ပြောပြီး ဂုဏ်သိက္ခာဆယ်သွားမည်လို့ ယူဆမိပါတယ်။

ဒုတိယယူဆချက်အရတော့ လက်ရှိ စစ်အုပ်စုဟာ နိုင်ငံရေးပညာပါးနပ်စွာနှင့် ဒေါ်စုနှင့် အန်အယ်လ်ဒီကို နှပ်ကြောင်းပေးပြီး အပြီးအပိုင် ချုပ်ငြိမ်းအောင်လုပ်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာထဲ ရောက်သွားပြီဟု သုံးသပ်မိပါတယ်။

(A) ဒေါ်စု ရွေးကောက်ပွဲနိုင်မှာကို သိတယ်။ လွတ်တော်ထဲရောက်ရင် ၀န်ကြီး (၁) နေရာရအောင် လုပ်ပေးမည်၊ ပါတီက ထွက်ပေါ့။

(B) ဒေါ်စု အန်အယ်ဒီပါတီက ထွက်တော့ ၂၀၁၂ မှ ၂၀၁၅ အတွင်း ပါတီ တဖြေးဖြေး ပါဝါလျော့လာမယ်လေ။

(c) ၂၀၁၅ ခု ရွေးကောက်ပွဲလည်း စတော့ ဒေါ်စု အသက်ကြီးပြီ၊ အန်အယ်လ်ဒီပါတီကလည်း ဖရိုဖရဲဖြစ်နေချိန်၊ ဒီတော့ ဘာဖြစ်မလဲ။ - - - ယူဆမိပါတယ်။ အဲဒီကိစ္စကို သုံးသပ်ဝေဖန်ပေးပါ။

ဦးအေးမြင့် (လမ်းပြကြယ်)

ခင်မင်လေးစားရပါသော အန်ကယ် ဦးအေးမြင့် (လမ်းပြကြယ်) ခင်ဗျား …

ပေးစာပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဖြေကြားခြင်းမပြုမီ ကျနော် တင်ပြချင်တဲ့ အချက်အလက်ကလေး အချို့ကို အရင်ဦးဆုံး တင်ပြခွင့်ပြုစေလိုပါတယ်။ အနည်းငယ် ဆက်စပ်မှု ရှိမယ်ထင်လို့ပါ။

ကျနော့်အနေနဲ့ အန်အယ်လ်ဒီပါတီနဲ့ ပတ်သက်ပြီးတော့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ရော ဝေဖန်သုံးသပ် အကြံပြုတင်ပြတဲ့ ဆောင်းပါးတွေ မရေးဖြစ်ခဲ့တာ အတော်ကြာပါပြီ။ ပြောရရင် အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲကော်မရှင်မှာ ပြန်လည်မှတ်ပုံတင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၁၁ နိုဝင်ဘာ ၁၈ ရက်နေ့က စပြီး အခုအချိန်အထိပဲ ဆိုပါတော့။

အဲသလို မရေးဖြစ်တော့ခြင်းဟာ ကျနော့်အနေနဲ့ အန်အယ်လ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စိတ်ကုန် စိတ်ပျက် စိတ်မ၀င်စားတော့လို့ မဟုတ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ ဒီမိုကရေစီရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ချင်တဲ့ လမ်းကြောင်းနဲ့ ကျနော် ဝေဖန်အကြံပြုတင်ပြခဲ့တဲ့ တိုက်ပွဲလမ်းကြောင်းတွေ မတူတော့လို့လည်း မဟုတ်ပါဘူး။

မရေးဖြစ်တော့တဲ့ အဓိက အကြောင်းအရင်းက ၂၀၁၁ နိုဝင်ဘာ ၁၈ ရက်ကနေ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ၂၀၁၂ ဧပြီ ၁ ရက်နေ့ကြား အချိန်ကာလဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ လက်တွေ့ကျကျ လျှောက်လှမ်းကြည့်ချင်တဲ့ တိုက်ပွဲလမ်းကြောင်းကို (ကျနော်နဲ့ အမြင်သဘောထား မတူသော်ငြား) အကောင်းဆုံး ပံ့ပိုးရမယ့်အချိန်လို့ ယူဆလို့ မရေးဖြစ်တော့ခြင်းပဲဖြစ်ပါတယ် (အခြားရေးဖြစ်ခဲ့သူတွေရဲ့ ဆောင်းပါးတွေကိုတော့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူတွေနဲ့ အခြားစိတ်ဝင်စားသူတွေ ဖတ်ရှုဆင်ခြင်သုံးသပ်နိုင်အောင် ကျနော့်ဘလော့မှာ တင်ဆက်ပေးခဲ့ပါတယ်)။ တနည်းပြောရရင် ၉၀ ရလဒ်ကို ပစ်ပြီး ၂၀၀၈ အခြေခံဥပေဒ (လင်ဆိုး) နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတဲ့၊ မြန်မာပြည်သူတွေက မိခင်လို အားကိုးယုံကြည်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်တဲ့လမ်း (ဂငယ်ကွေ့ ပြန်ကွေ့ပြီး လျှောက်တဲ့လမ်း) အကောင်းဆုံးရလဒ် ထွက်ပေါ်အောင် တတ်နိုင်သလောက် ပံ့ပိုးဖို့ပဲ ရှိတော့တယ်၊ ဒေါ်အောင်ဆန်းစုကြည် လျှောက်တဲ့လမ်း မအောင်မြင်လို့ နောက်ပြန်ဆုတ်ခဲ့ရင်လည်း သူ့ကို အပြစ်ပြောနေစရာမလိုဘဲ (ဘာဖြစ်လို့ အပြစ်ပြောနေစရာ မလိုဘူးလဲဆိုတော့ ၈၈ ကတည်းက ကိုယ်တွေအားလုံး ယုံယုံကြည်ကြည် တင်မြှောက်ခဲ့တဲ့ ခေါင်းဆောင်မို့ သူ မှားလည်း အကုန်လုံး မျှခံဖို့ပဲရှိတယ်လို့ ခံယူလို့ပါ) ကျနော်တို့ ယုံကြည်တဲ့ လူထုတိုက်ပွဲလမ်းကြောင်းအတွက် တဘက်တလမ်းက ကြိုတင်ပြင်ဆင်ထားဖို့ပဲ ရှိတော့တယ်လို့ ယူဆမိလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီအပေါ် ဝေဖန်သုံးသပ် အကြံပြုတင်ပြတဲ့ ဆောင်းပါးတွေ ကျနော့်အနေနဲ့ ဆက်မရေးဖြစ်တော့ခြင်းပဲဖြစ်ပါတယ်။

အထက်မှာ ကျနော်ပေးခဲ့တဲ့ ဥပမာမျိုး ကျနော့်ထက် စောပြီး နိုဝင်ဘာ ၁၈ ရက်နေ့က ဖေ့စ်ဘွတ်ခ်မှာ ရေးခဲ့သူတဦး ရှိပါတယ်။ သူကတော့ ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်ပါ။ သူက ဖတ်သူ မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်လာအောင် “ညီမလေးရေ … ဒီနေ့ ရာသီဥတု မကောင်းဘူး၊ အိမ်ပြန်မလာနဲ့၊ အမေ လမ်းမတော်ဖိုးတုတ်နဲ့ နောက်အိမ်ထောင်ပြုသွားတယ်” ဆိုတာမျိုး ဥပမာ ခပ်ကြမ်းကြမ်း ပေးပြီး ရေးလိုက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိစုံမှိတ် ကြည်ညိုလေးစားသူတွေရဲ့ ၀ိုင်းအားပေးခြင်းကို ခံလိုက်ရပြီး တင်ထားတဲ့ စာသား ပြန်ဖြုတ်ပေးလိုက်ရတယ်လို့ ဖတ်လိုက်ရသူတွေရဲ့ တဆင့်စကား ကြားလိုက်ရဖူးပါတယ်။ အမှန်တော့ ကိုမိုးသီးဇွန် ပေးတဲ့ ဥပမာက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ကွက်တိပါပဲ။ ဒါပေမယ့် မြန်မာပြည်မှာက ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် တင့်တယ်တယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်တည်နေလို့သာ ကိုမိုးသီးဇွန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုလေးစားသူတွေရဲ့ အားပေးခြင်းကို ခံလိုက်ရတာလို့ ယူဆမိပါတယ်။ ကျနော့်အနေနဲ့ ကိုမိုးသီးဇွန်ကို ထောက်ခံပြောဆိုနေခြင်း မဟုတ်သလို လေးစားမြဲ လေးစားဆဲ ဒေါ်အောင်ဆန်းစုကြည်ကို ပြက်ရယ်ပြုချင်လို့ ထပ်မံပြောဆိုနေခြင်းလည်း မဟုတ်ပါ။ ဖြစ်ရပ်နဲ့ ဥပမာ ကွက်တိဖြစ်သွားခဲ့တယ် ဆိုတာကို သတိရသွားလို့ရယ်၊ ပြည်သူချစ်နေရင် ဘာပဲလုပ်လုပ် တင့်တယ်တယ် ဆိုတာကို ဆင်ခြင်မိတာရယ်ကြောင့် ပြန်လည်တင်ပြခြင်းမျှသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့ “ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်တဲ့လမ်း (ဂငယ်ကွေ့ ပြန်ကွေ့ပြီး လျှောက်တဲ့လမ်း) အကောင်းဆုံးရလဒ် ထွက်ပေါ်အောင် တတ်နိုင်သလောက် ပံ့ပိုးဖို့ပဲ ရှိတော့တယ်” လို့ ပြောရတာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က သူ ယုံကြည်လို့ ရွေးချယ်လိုက်တဲ့ တိုက်ပွဲလမ်းကြောင်းကို ပြန်ပြင်တော့မှာ မဟုတ်တော့တာရယ်၊ ဒီကနေ့ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထောက်ခံမှုကို အံ့မခန်း ရရှိထားတဲ့ ပြိုင်စံမပေါ် ကမ္ဘာကျော် ပုဂ္ဂိုလ်ထူး ဖြစ်တဲ့အတွက် ကျနော် အပါအ၀င် အခြားဝါရင့်ပုဂ္ဂိုလ်များ အကြံပြုတင်ပြတဲ့ တိုက်ပွဲလမ်းကြောင်း မည်၍မည်မျှပင် ကောင်းနေစေကာမူ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်လိုက်တဲ့ တိုက်ပွဲလမ်းကြောင်းကို ကျော်ပြီး ပြည်သူလူထု လက်ခံအောင် ချပြနိုင်ဖို့ အလှမ်းဝေးလွန်းလှတာရယ်ကြောင့် သူ ရွေးချယ်တဲ့ လမ်းကြောင်းကိုပဲ တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ပံ့ပိုးဖို့ ရှိတော့တယ်လို့ ဆိုခဲ့ခြင်းပဲ ဖြစ်ပါတယ်။ တနည်းပြောရရင် ကြံ့ဖွံ့ စစ်အုပ်စုအကျိုးစီးပွားနဲ့ ပြည်သူ့အကျိုးစီးပွား နှစ်ခုပဲ ရှိနေသေးတဲ့အချိန်မှာ ပြည်သူ့အကျိုးကို မျှော်ကိုးပြီး ပြည်သူလူထု လေးစားကြည်ညိုတဲ့ ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ရွေးချယ်မှု (မှားမှား မှန်မှန်) ကို အတတ်နိုင်ဆုံး ပံ့ပိုးဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီလို ဆုံးဖြတ်လို့ ကျနော် ယုံကြည်တဲ့ တိုက်ပွဲလမ်းကြောင်းကို စွန့်လွှတ်လိုက်ပြီလို့ မယူဆစေလိုပါဘူး။ ကျနော်တို့ လက်ခံယုံကြည်တဲ့ တိုက်ပွဲလမ်းကြောင်းနောက်ကို ပြည်သူလူထု လိုက်ပါလာအောင် ဒေါ်အောင်ဆန်စုကြည်ကို ကျော်လွန်ပြီး ချမပြနိုင်သေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်တဲ့ လမ်းကြောင်းကို အတတ်နိုင်ဆုံး ပံ့ပိုးရင်း ကျနော် ယုံကြည်တဲ့ တိုက်ပွဲလမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်လာရင်၊ ပေါ်ပေါက်လာရင် အဆင့်သင့် တိုက်ပွဲဝင်နိုင်အောင် ဒီမိုကရေစီရေး တိုက်ပွဲဝင်အားလုံး ပြင်ဆင်ထားသင့်တယ်လို့ ယုံကြည်နေဆဲပါ။ ဘယ်လိုတိုက်ပွဲလမ်းကြောင်းလဲ ဆိုရင်တော့ ကျနော် ရေးသားတင်ပြခဲ့တဲ့ “အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့” ဆိုတဲ့ ဆောင်းပါးကိုသာ ပြန်ညွှန်းပါရစေတော့ …။

ဒါပေမယ့် နိုင်ငံရေးပြဿနာတွေကို အဖြေရှာရတဲ့ကိစ္စဟာ ဆန်းကြယ်ထွေပြားသလို သိမ်မွေ့နက်နဲပါတယ်။ အစတေးခံ တိုက်ပွဲဝင်ရမယ့် အချိန်ကာလတွေ ရှိတတ်သလို စိတ်ရှည်သည်းခံပြီး သိမ်သိမ်မွေ့မွေ့ ခေါင်းအေးအေးထား အဖြေရှာရမယ့် အချိန်ကာလတွေလည်း ရှိတတ်ပါတယ်။ အဲဒါကြောင့်မို့ ကျနော်နဲ့ အမြင်မတူတဲ့ လမ်းကြောင်းကို ရွေးချယ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းကြောင်း မအောင်မြင်နိုင်ဘူးလို့လည်း ယတိပြတ် ပြောလို့မရသလို ဒေါ်အောင်ဆန်းစုကြည် ရင်မခုန်တော့ဘူးဆိုတဲ့ လူထုတော်လှန်ရေး (အခု အာရပ်ကမ္ဘာမှာ ဖြစ်ပေါ်နေသလို) ဆိုတာလည်း ထပ်ပြီး မပေါ်ပေါက်နိုင်ဘူးလို့ ထတစ်ချ ပြောလို့မရပါဘူး။ ဖြစ်စဉ်ကြီးတခုလုံးထဲမှာ ပါဝင်ပတ်သက်နေတဲ့ နှစ်ဘက် အဓိကဇာတ်ကောင်တွေရဲ့ တဦးချင်း စိတ်နေစိတ်ထားနဲ့ ဆုံးဖြတ်ချက် အမာအပျော့တွေအပေါ်မှာ မူတည်ပြီးတော့ ပွဲကြမ်းသွားတာတွေ ရှိနိုင်သလို သိမ်သိမ်မွေ့မွေ့ ပြောင်းလဲသွားနိုင်တဲ့ မထင်မှတ်တဲ့ အခြေအနေတွေလည်း အမျိုးမျိုး ဖြစ်တည်လာနိုင်တဲ့အတွက် ဆန်းကြယ်ထွေပြားတယ်လို့ ဆိုရခြင်းပါ (စစ်တုရင်စကားနဲ့ ပြောရရင်တော့ ကစားကွက် မကုန်နိုင်ဘူးပေါ့)။

(ဆက်လက်ဖတ်ရှုပါရန်)

အပြည့်အစုံသို့...
37 comments

Wednesday, 28 March 2012

Wednesday, March 28, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၈-၃-၂၀၁၂ - ညပိုင်း)

- ပြည်သူ့စိတ်ဓာတ်တော်လှန်ရေးကြီး အောင်မြင်ပါစေကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆုတောင်း click
- ကချင်ဒေသမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး အန်အယ်လ်ဒီ ကြားဝင်မှု ကေအိုင်အို ကြိုဆို click
- မြ၀တီမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဆိုင်းဘုတ်တင်ပွဲကို ဒီကေဘီအေ တက်ရောက် click
- ပခုက္ကူ မဲဆွယ်ပွဲ မသမာမှုများ တိုင်းကော်မရှင်ထံ တိုင်ကြား click
- အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အောင်နိုင်မည်ဟု ကျားဖြူကိုယ်စားလှယ်လောင်း ပြော click
- ကော့မှူးကြံ့ဖွံ့၏ မဲထည့်နည်း ပယ်မဲသဘောဆောင်ဟု မြို့ခံများ ပြောဆို click
- မွန်ပြည်နယ် မဲစာရင်းမှားယွင်းမှု တသောင်းဝန်းကျင်ရှိဟု မွန်ပါတီ ပြော click
- မွန်ပြည်နယ် မော်လမြိုင်မဲဆန္ဒနယ်၌ မဲပေးသူ လျော့မည် click
- ၈၈ မျိုးဆက်များ ၂၀၁၅ အတွက် ရွေးကောက်ပွဲ အတွေ့အကြုံယူမည် click
- သုံးခွမြို့နယ်တွင် မျက်စိစမ်းသပ်၊ မျက်မှန်များ ကိုယ်တိုင်ကိုယ်ကျ တပ်ဆင်ပေးပြီး တဘက်လှည့်နဲ့ မဲဆွယ်တဲ့ သာသနာရေးဝန်ကြီး သူရမြင့်မောင် click
- သျှမ်း/မြောက် အမှတ် ၃ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အတွင်း တိုက်ပွဲဆက်တိုက်ဖြစ် click
- သျှမ်းပြည် (မြောက်ပိုင်း) ပြည်ထောင်စုလမ်းမ အဓိက တံတား၌ ဗုံးများ ပေါက်ကွဲ click
- SSA တိုက်ခိုက်ခံရမှု ဦးအောင်မင်းက သမ္မတနှင့် တိုက်ရိုက် ဆွေးနွေးမည် click
- ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ ရွှေ့ဆိုင်း click
- သိန္နီတံတား​မှာ ဗုံး​ပေါက်ကွဲမှုများ​ ဖြစ်ပွား​ click
- လူ့အခွင့်အရေးကော်မရှင် ဖျက်သိမ်းခြင်းမရှိ click
- အမျိုး​သား​လူအခွင့်​အ​ရေး​​ကော်မရှင် ဆက်ရှိမည် click
- လူ့အခွင့်အရေးကော်မရှင် ပျက်ပြယ်ခြင်းမရှိဟု ထုတ်ပြန် click
- လူ့အခွင့်အရေးကော်မရှင်က ကော်မရှင်ကိစ္စကို သတင်းစာထဲကနေ သတင်းထုတ်ပြန်ရှင်းလင်း click
- တိုင်း​ရင်း​သား​ဝန်ကြီး​တွေ အ​ဆောင်အ​ယောင် ရပြီ၊ လုပ်ပိုင်ခွင့်အတွက် ဆက်တင်မည် click
- နာမည် အလွဲသုံးစားမှုကြောင့် စည်ပင်ကို လွှတ်တော်အမတ်နှစ်ဦး တရားစွဲမည် click
- မလေးရှားဝန်ကြီးချုပ် နေပြည်တော် ရောက်ရှိ click
- မစိုးရိမ် ဦးဝီရသူမှ ရွှေည၀ါဆရာတော်အား သွားရောက်ဖူးမြော် (ဓာတ်ပုံသတင်း) click
- ကရင်အမျိုး​သမီး​တဦး​ နိုင်ငံတကာထူး​ချွန်ဆုရ click
- ၂၀၁၂ ခုနှစ် InterAction ၏ လူမှုဦးဆောင်ဆု ကရင်အမျိုးသမီး ရရှိ click
- နှစ်ဘက် ယုံကြည်နိုင်ရင် ငြိမ်း​ချမ်း​ရေး​ တည်​ဆောက်နိုင် (ပဒိုမန်း​ငြိမ်း​မောင်နှင့် အင်တာဗျူး) click
- ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နိုင်ငံတကာနှင့် လူထုမှ ပါဝင်လာရေး click
- “ရခိုင်ပြည်မှာ ရှိနေတဲ့ သယံဇာတတွေဟာ ရခိုင်ပြည်သူလူထုတွေ ပိုင်တဲ့ အမွေအနှစ်တွေ ဖြစ်တယ်” click
- မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ - ၂ (ဆောင်းပါး) click
- ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် - အပိုင်း ၁၅ (ဆောင်းပါး) click
- ဝါရင့်နိုင်ငံရေးသမားကြီးများ၏ ၆၇ ကြိမ်မြောက် တော်လှန်ရေးနေ့ မိတ်ဆုံစားပွဲ click
- ၀ါရင့်နိုင်ငံရေးသမားကြီးများမှ ၆၇ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း) click
- ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မနီလာသိန်း၏ ဖခင်ဈာပန ကျင်းပ click
- လူမျိုးဘာသာပေါင်းစုံ၏ ငြိမ်းချမ်းရေးဆုတောင်းပွဲ (ဓာတ်ပုံသတင်း) click
- “စိန်မဟာ မျက်လှည့်သဘင်ကြီး” နှင့် ဦးရုက္ခစိုး (ထွေရာလေးပါး) click
- နယူးဒေလီက “စနစ်ဆိုးနဲ့ စစ်ဂျိုးခွာစို့” သင်္ကြန်သံချပ် click
- နိုင်ငံခြား​ငွေလဲနှုန်း​စနစ်သစ် စတင်​တော့​မည်ဟု ဗဟိုဘဏ် ကြေညာ click
- နိုင်ငံခြားငွေလဲနှုန်း အစီအစဉ်ပြောင်းလဲမယ့်အကြောင်း ဗဟိုဘဏ်က တရားဝင် ကြေညာ click
- အခက်အခဲတွေကြားက ဖွဲ့စည်းလိုက်တဲ့ ချည်မျှင်နဲ့ အထည်ချုပ် အလုပ်သမားများ သမဂ္ဂ (ရုပ်သံ) click
- လယ်ယာမြေနစ်နာမှု ဖြေရှင်းရန် ပန်းတောင်းရွာသားများ တောင်းဆို click
- အယုဒ္ဓယ ကား​မှောက်မှု မြန်မာအလုပ်သမား​ ၆ ဦး​ ​သေဆုံး​ click
- လာရောက်ရှင်းလင်းခြင်း မရှိသေးသည့် စစ်ကျန်ဗုံးတလုံး click
- ဓာတ်ဆီ၊ ဓာတ်ဆံ အပါအဝင် ရှေးဟာသပြက်လုံးများ click
- ဆရာမြင့်မောင်မောင်နဲ့ မောင်မောက်တို့ရဲ့ ကွယ်လွန်ခြင်း ၈ နှစ်ပြည့် (ရုပ်သံ) click

နောက်တခါ လာပြန်ပြီဟေ့

နောက်တခါ လာပြန်ပြီဟေ့
စိန်သံလုံး

၂၀၁၀ ရွေးကောက်ပွဲကြီးပြီးတော့ အစိုးရသစ်ဆိုတာ ပေါ်ပေါက်လာတယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ပြည်သူတွေက ရွေးချယ် တင်မြှောက်ခဲ့တယ်လို့ ဆိုထားတယ်။ အဲဒီကိစ္စ လက်ခံသူ လက်မခံသူတွေ အများကြီးရှိတယ်။ ဇွတ်ဖန်တီးပြီး မရ ရတဲ့နည်းနဲ့ မဲနိုင်ခဲ့တာတွေ၊ မဲခိုး မဲညစ်ခဲ့တာတွေ၊ ကြိုတင်မဲတွေက ဘယ်သူတွေက ပေးပြီး ဘယ်လိုလုပ် ဘယ်က ပေါ်လာတာလဲ၊ ဘာတွေမှန်းလဲ မသိဘူး၊ ဘယ်လိုဖြစ်ကုန်တာလဲ ဆိုတဲ့ ဘ ငါးလုံး မေးခွန်းတွေ ဘယ်သူက ဖြေလို့လဲ။

၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ အားမတန်လို့ မာန်လျှော့ခဲ့ကြတယ် မဟုတ်လား။ ထောင်ကျမှာ ကြောက်ကြသလို အဖမ်းဆီး အချုပ်အနှောင်ခံပြီး ဂျပန်ကင်ပေတိုင် လူဆိုးတွေလို နှိပ်စက်တာ မခံနိုင်ဘူးလေ။ နောက်ပြီး အခန့်မသင့်ရင် သေနတ်နဲ့ အပစ်ခံရမှာက ရှိသေး။ အရေးအခင်းဖြစ်ပြီဆိုရင် စာရင်းမရှိ အင်းမရှိ သေခဲ့ကြတာ မျက်မြင်ကိုယ်တွေ့လို မြင်တွေ့ထားတော့လည်း ကြောက်ကြတာပေါ့၊ လောကမှာ မိုက်တယ်ဆိုတာ လွယ်ပေမယ့် သံဃာတော်တွေပါ ချမ်းသာမပေးတဲ့ စစ်အစိုးရကိုတော့ ပိုမိုက်တယ်ဆိုပြီး သတိထားကြရတာပေါ့။

ဒါကြောင့် ... ဒါ့ကြောင့် မလွှဲသာလို့ ရေငုံနှုတ်ပိတ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ တိုင်းမှူးအဆင့်ကအစ အာဏာပိုင်အဆင့်ဆင့်က ခြိမ်းခြောက်ပြီး မက်လုံးတွေပေးပြီး ကြံ့ဖွံ့ ကို မဲထည့်ခိုင်းတာတွေ၊ ရန်ကုန်မြို့တော်မှာ မြို့တော်ဝန် အောင်သိန်းလင်းက ရပ်ကွက်တွေမှာ နိုင်ငံတော်စရိတ်နဲ့ နှစ်ပေါက်တပေါက် ရိုက်၊ ကြံ့ဖွံ့တွေ လုပ်အားနဲ့ မင်္ဂလာယူ၊ ကျောက်စာတိုင်မှာ ကြံ့ဖွံ့တံဆိပ် ကပ်ပြီး သူတို့စားရိတ်နဲ့ ခင်းသလိုလို လိမ်လှည်လှည့်ဖြားခဲ့တယ်။ အစိုးရပိုင် ငွေကြေး၊ အစိုးရပိုင် စက်ယန္တရားတွေ သုံးပြီး ကြံ့ဖွံ့က လုပ်အားလေး မဖြစ်စလောက် စိုက်ထုတ်ခဲ့တာကို သူတို့ကြောင့် လမ်းကောင်းသွားသလိုလို လုပ်ခဲ့တာ၊ ပိုဆိုးတာက ရပ်ကွက်မှာ တံတားဆောက်တာ၊ လမ်းဖောက်တာ ရွေးကောက်ပွဲ နီးမှ လုပ်တာပဲ။ ရပ်ကွက်ထဲက လူတွေကတော့ ရွေးကောက်ပွဲတွေ ခဏခဏ လုပ်ပေးစေချင်တယ်။ ဒါမှ လမ်းတွေ ကောင်းမှာလေ ...။

အဲဒီကြံ့ဖွံ့တွေက သူတို့ကို မဲမပေးတဲ့ ရပ်ကွက်ဆို မှတ်ထားတာ၊ သူတို့ ရှုံးခဲ့တဲ့နေရာတွေကို လမ်းဆက်မခင်းပေးတော့ဘူး။ တန်းလန်းကြီး ထားခဲ့တာပဲ။ စည်ပင်ကို သွားပြောတော့ တခြားစီမံကိန်းတွေ ရှိနေလို့ ခဏစောင့်ပါတဲ့။ သူတို့ခဏကတော့ သိကြတဲ့အတိုင်း သိပ်ကြောက်စရာကောင်းတယ်။ နိုင်ငံရေးလုပ်တဲ့လူကို အိမ်က ခဏဆိုပြီး ခေါ်သွားတာ ၁၀ နှစ်၊ ၁၅ နှစ်၊ ၂၀ နှစ်ကျော်မှ အိမ်ကို ပြန်ရောက်ခဲ့ကြတယ်လေ။ ဒီတော့ သူတို့ရဲ့ ခဏဆိုတာကြီးက ကြောက်စရာမကောင်းပေဘူးလား။

ထားပါတော့ ... ထားပါတော့။ အခုတဖန် ပြန်ရောက်လာပြန်ပြီ။ ကြားဖြတ်ရွေးကောက်ပွဲတဲ့။ ဧပြီ ၁ ရက်နေ့ ၂၀၁၂ မှာ လုပ်မယ်။ အော်တောင် အော်လိုက်ချင်တယ်။ “နောက်တခါ လာပြန်ပြီဟေ့” လို့။ ဟုတ်တယ်လေ ... ၂၀၁၀ တုန်းကလိုပဲ အနိုင်ကျင့်ခံရဦးမှာပဲလို့ ထင်မိနေတာကို ဒီတခါ အာဏာသုံးပြီး အနိုင်မကျင့်တော့ဘူးလို့ ပြောလည်း ဘယ်သူက ယုံမှာလဲ၊ ဘယ်သူက တာဝန်ယူမှာမို့လဲ။

ကြံ့ဖွံ့ရဲ့ အဓိကပြိုင်ဘက် NLD ပါတီရဲ့ စည်းရုံးရေးခရီးစဉ်တွေမှာ နှောက်ယှက်ပိတ်ဆို့ခြင်းနဲ့ ခြိမ်းခြောက်မှု၊ မတရားမှု၊ အနိုင်ကျင့်မှု၊ အာဏာအလွဲသုံးစားလုပ်မှုတွေ တနေ့ထက်တနေ့ ဆိုးဆိုးလာတာကို မြင်နေရတယ်။ တည့်တည့်တမျိုး၊ သွယ်ဝိုက်ခြင်းတဖုံ ညစ်နည်းမျိုးစုံတွေ တွေ့မြင်ကြားသိလာရတော့လည်း လွတ်လပ်မျှတ သန့်ရှင်းတဲ့ ရွေးကောက်ပွဲဆိုတာကြီး ဖြစ်လာပါ့မလားလို့ စိုးရိမ်မိတယ်။ ယုံကြည်ရမှာတော့ ခပ်ခက်ခက်ပဲ။

ဖြစ်စဉ်တွေကို လေ့လာကြည့်တော့ မြိတ်မှာ ရှပ်ပြေးရေယာဉ် ငှားမရအောင် အာဏာပိုင်တွေက ရှပ်ပြေးရေယာဉ်ပိုင်ရှင်တွေကို ပြောင်ပြောင်တင်းတင်း တားမြစ်ခဲ့တယ်ဆိုတာ အဆိုးဆုံးပဲ။ မလုပ်သင့် မလုပ်ထိုက်ဘူးဆိုတာ မူလတန်းကျောင်းသားလေးတွေတောင် သိတယ်။ မိုက်တွင်းနက်လိုက်ပုံများ၊ NLD ဆိုတာ ပါတီတခုပါ။ ခွဲခြားခွဲခြား တားမြစ်လို့မှ မရတာ။ ဒါက ၂၀၁၂ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုကို ကျူးလွန်တာလေ။ ရွေးကောက်ပွဲကော်မရှင် ဥပဒေ အခန်း (၁၃) မှာ ပြစ်မှု ၂၀ ပြဋ္ဌာန်းထားတယ်။

အဲဒီပြဋ္ဌာန်းချက်ရဲ့ အပိုဒ် (၁) မှာ ပုဂ္ဂိုလ်တဦးရဲ့ ဆန္ဒမဲပေးပိုင်ခွင့်၊ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း၊ လာဘ်ယူခြင်း၊ အပိုဒ် (၃) မှာ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန် လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးဦးကိုလည်းကောင်း၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ တဦးဦးကို ခြိမ်းခြောက်ခြင်း။

အပိုဒ် (၅) မှာ - ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန် ရွေးကောက်ပွဲ ပျက်ပြားစေရန် စည်းဝေးဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာများ အသုံးပြုခြင်း သို့မဟုတ် အခြားနည်းတနည်းဖြင့် အားထုတ်ခြင်း (ဥပမာ - ငါးမင်းဆွေဆိုလား၊ နွားမင်းဆွေဆိုလား တိရစ္ဆာန်နာမည်နဲ့ သတ္တ၀ါက ပါတီဥက္ကဌတဦးကို အပုတ်ချတဲ့ စော်ကားတဲ့ စာတွေ ဖြန့်ဝေနေတာကို သက်ဆိုင်ရာအာဏာပိုင်တွေက တားမြစ်ဖမ်းဆီးခြင်းမရှိဘူး။ ရှင်းရှင်းလေးပါ၊ စေ့စေ့တွေး ရေးရေးပေါ် ဆိုတာလိုပေါ့)။

အပိုဒ် (၁၆) မှာ - ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တဦးဦးကို ဆန္ဒမဲပေးခြင်း၊ မပြုနိုင်စေရန် နှောက်ယှက်ခြင်း၊ ယင်းပြုလုပ်မှုကို အားပေးကူညီခြင်း။

အဲဒီပြဋ္ဌာန်းချက်များဟာ ရဲ အရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မည်သူမဆို အာဏာပိုင် အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် ရဲအရေးယူတဲ့ ပြစ်မှုဖြစ်လို့ ပြစ်မှုကျူးလွန်ပါက ပြစ်မှုကြောင်းအရ အရေးယူခံရမှာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း တရားဥပဒေစိုးမိုးရေးကို လိုလားကြောင်း မတ် ၁ ရက် မိန့်ခွန်းမှာ ပြောသွားခဲ့ပြီးဖြစ်လို့ အခုလို အတင့်ရဲနေတဲ့ အာဏာပိုင်တွေကို ဘာကြောင့် အရေးမယူတာလဲလို့ မေးစရာရှိပါတယ်။

နေပြည်တော်လို နေရာမှာတောင် ခဲနဲ့ ပေါက်၊ လောက်လေးခွနဲ့ ပစ်တဲ့ ပြစ်မှုတွေ ကျူးလွန်နေတာ ဟန့်တားခြင်း၊ အရေးယူခြင်း၊ နောက်ကို ဒီလိုလုပ်ရင် ပြင်းထန်စွာ အရေးယူမယ်လို့ သတိပေး ကြေညာခြင်းတွေ မတွေ့ရတာလည်း ထူးပေဆန်းပေသည်လို့ပဲ ပြောရမှာပဲ ဖြစ်တယ်လေ။ လူမှုရေးကပဲ ကြည့်ကြည့် မသင့်တော်တာ။ ဘာသာရေးအရလည်း မလျော်ကန်တာတွေ ရှိနေတယ်။ ဖမ်းမိတဲ့ လူတွေကို ဘယ်လိုအရေးယူတယ်ဆိုတာ မကြားရသေးတာမို့ ဖမ်းပို့တဲ့ လူတွေကတော့ ဥပဒေစိုးမိုးရေးကို ဘယ်လိုယုံကြမှာလဲ။

ပြဋ္ဌာန်းချက် အပိုဒ် (၄) မှာ လူမျိုးရေး၊ ဘာသာရေး အကြောင်းပြုပြီး (မဲပေးရန် - မဲ မပေးရန်) ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ခြင်း၊ ယင်းသို့ပြုရန် အားပေးလှုံ့ဆော်ခြင်းတွေကို တားမြစ်ထားခဲ့ပေမယ့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ ကျောက်ခဲအင်းကျေးရွာက ကျောင်းထိုင်ဘုန်းကြီးကို ကြံ့ဖွံ့က လူတွေလာပြီး မီးစက်တလုံးနဲ့ ငွေ ၁၅ သိန်း လှူလိုက်တယ်၊ အဲဒီနောက်မှာတော့ အဲဒီဘုန်းကြီးက လော်စပီကာတပ်ပြီး NLD ကို ပုတ်ခတ်ဝေဖန်သတဲ့။ ရက်သတ္တတပတ်လုံး အော်နေတာကို တားမယ့်လူမရှိ ဖြစ်နေတာ၊ NLD က ဘာမှ လုပ်မပေးဘူးဆိုပြီး ရွာသားတွေကို စည်းရုံးနေတယ်။ ဒါမျိုးကျတော့ မဟန က မတားဘူး ခေါ်ပြီး အာဏာမပြဘူးနော်။

မြန်မာနိုင်ငံရဲ့ ပါတီစုံရွေးကောက်ပွဲတွေကို (၁) ၁၉၄၇ (၂) ၁၉၅၂ (၃) ၁၉၅၆ (၄) ၁၉၆၀ (၅) ၁၉၉၀ (၆) ၂၀၁၀ တွေမှာ ကျင်းပခဲ့တယ်။ အဲဒီလို ကျင်းပခဲ့တဲ့အထဲမှာ ကော်မရှင်ဥက္ကဌ ဦးဘဌေးနဲ့ အတွင်းရေးမှူး ဦးအေးမောင်တို့ ဦးဆောင်တဲ့ ၁၉၉၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေကို လွတ်လပ်တရားမျှတတယ်လို့ ကမ္ဘာက သုံးသပ်ခဲ့ကြပါတယ်။ သူတို့က နိုင်ငံရေးလောကကို ရှေ့မီနောက်မီ ကျင်လည်ဖြတ်သန်းခဲ့သူများဖြစ်လို့ ဆင်ခြင်မှု၊ သတိထားမှု၊ ဆောင်ရွက်မှုတွေ ကောင်းခဲ့ကြတာပေါ့။

ခုတော့ ရွေးကောက်ပွဲ နီးလာလေ ကောက်ကျစ်မှုတွေ များလာလေမို့ စိုးရိမ်မိတာ အမှန်ပါပဲ။ လွတ်လပ် သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တာ အမှန်ပါ။ လစ်လပ်တဲ့ နေရာက ၄၈ နေရာထဲပါ။ နေရာနည်းပေမယ့် လွတ်လပ်တယ်၊ သန့်ရှင်းတယ်၊ မျှတတယ်ဆိုတဲ့ သိက္ခာပိုင်းဆိုင်ရာလုပ်ရပ်ကို ကမ္ဘာက စောင့်ကြည့်နေတယ်။ အခုလို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ၄၈ နေရာလေးတောင် လွတ်လပ်ခြင်း၊ သန့်ရှင်းခြင်း၊ မျှတခြင်း မရှိဘူးဆိုရင်တော့ ၂၀၁၅ ရွေးကောက်ပွဲကျရင်လည်း လက်ရဲဇက်ရဲနဲ့ ပျော်ပျော်ကြီး ဆက်ညစ်ကြပေမှာ မလွဲမသွေပါပဲ။

၂၀၁၀ တုန်းက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် အားလုံးအတွက် ၁,၁၅၄ နေရာ ရွေးချယ်ခဲ့ကြတယ်။ ကြံ့ဖွံ့က ၈၈၂ ဦး အနိုင်ရခဲ့တယ်။ အဲဒီ ၈၈၂ ဦးစလုံးက ရိုးသားမှု၊ မှန်ကန်မှုတွေနဲ့ အနိုင်ရခဲ့တာ ဟုတ်ရဲ့လားလို့ မေးလာရင် ဘယ်လိုဖြေမလဲ၊ ကဲ ... ဖြေရဲရင် ဖြေကြပေတော့။

အခု ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲရဲ့ မဲစာရင်းတွေက ၂၀၁၀ မဲစာရင်းတွေကို အခြေခံတာတဲ့။ ခုချိန်မှာ နေရာတော်တော်များများ မဲစာရင်း မမှန်ကန်တာတွေ တွေ့လာရတယ်။ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ဆို မှတ်ပုံတင် နံပါတ်တခုထဲနဲ့ လူ ၁,၀၀၀ ဖြစ်နေတယ်။ ရက်စက်ပါပေ့ကွယ် လုပ်ရက်လှချည်လား၊ တကယ့်မဖွယ်မရာကြီးပဲ။

ကျန်တဲ့ မြို့နယ်တွေမှာတော့ ရပ်ကွက်ထဲမှာ မနေသူတွေ၊ သေသွားတဲ့လူတွေ၊ အသက်မပြည့်သေးတဲ့လူတွေ မဲစာရင်းထဲ ပါနေပြီးတော့ ကြံ့ဖွံ့ စိတ်မချတဲ့လူတွေ ၁၈ နှစ်ပြည့်ပြီး စာရင်းမရှိ ဖြစ်နေတယ်။ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရှိတယ်တဲ့။ ဒါပေမယ့် မဲစာရင်းမှာ မပါရင်တော့ အသက် ၈၀ ပြည့်တဲ့အထိ စောင့်ပေတော့။ ဘယ်နိုင်ငံမှာမှ မရှိဘူးတဲ့။ ဖြစ်ရပ်မျိုးစုံ ညစ်နည်းမျိုးပေါင်းစုံ၊ ကောက်ကျစ်မှုမျိုးစုံနဲ့ ကျော်ကြားနေတဲ့ ၂၀၁၂ ရွေးကောက်ပွဲကြီးကို သိကြားမင်း လေးခွကိုင်ပြီး သင်္ကြန်မတိုင်ခင် ဧပြီ ၁ ရက်မှာ ဆင်းစောင့်ပေးရင်တော့ ကောင်းမှာပေါ့နော်။ သန့်ရှင်းတဲ့ အစိုးရဆိုတာလည်း မမေ့ကြနဲ့ ...။

စိန်သံလုံး

အပြည့်အစုံသို့...

နေရာတကာ မြန်မာဂျာနယ် (မတ်လ - ၂၀၁၂ ခုနှစ်)

Nayyartakar - March 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၈-၃-၂၀၁၂ - နံနက်ပိုင်း)

- အကြောက်တရားကို တော်လှန်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်နိုင်ရေး ပြည်သူသာ အဓိကလို့ ဒေါ်အောင်ဆန်းစုကြည် ပြော click
- ဒေါ်အောင်ဆန်းစုကြည်အတွက် ဒလိုင်းလားမား ဆုတောင်းမေတ္တာပို့ click
- ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ မကွေးမြို့ပြည်သူတွေ ဆုတောင်းမေတ္တာပို့ click
- မကွေးလူထု ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်း (ရုပ်သံ) click
- အနုပညာရှင်တို့ ရွေးကောက်ပွဲ ပညာပေး အစီအစဉ် စတင် click
- မြိုင်မြို့မှာ ပြုလုပ်တဲ့ မင်းသားရဲတိုက်ရဲ့ NLD စည်းရုံးမဲဆွယ်မှု (ဓာတ်ပုံ) click
- ဒေါ်ဖြူဖြူသင်း မင်္ဂလာတောင်ညွန့်မှာ စည်းရုံး (ရုပ်သံ) click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လှည်းကူးမြို့နယ်) လူထုစည်းဝေးပွဲ (ဓာတ်ပုံ) click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြ၀တီခရိုင် ရုံးဖွင့်ပွဲ အခမ်းအနား (၁) click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြ၀တီခရိုင် ရုံးဖွင့်ပွဲ အခမ်းအနား (၂) click
- NLD ကြေညာချက် အဓိပ္ပါယ်လွဲမှားနိုင်ဟု KIO ပြော click
- ကုလကိုယ်စားလှယ်အဖွဲ့ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ စေလွှတ်မည် click
- ကြားဖြတ်ရွေးကောက်ပွဲ မီဒီယာစည်းမျဉ်း ပြန်ကြားရေး ထုတ်ပြန် click
- တောင်ငူမဲဆန္ဒနယ်တွင် မဲစာရင်းများ ရှုပ်ထွေးမှုရှိနေဆဲ click
- အာဆီယံအတွက် မြန်မာ့ရွေးကောက်ပွဲ စိန်ခေါ်မှုများရှိနေ (သတင်းသုံးသပ်ချက်) click
- လွပ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ရင်တောင် နိုင်ငံရေးလွတ်လပ်ခွင့် မဟုတ်ဟု အေအေပီပီ ပြော click
- ကော့မှူးမှာ ၀န်ကြီးဟောင်းတွေကိုယ်တိုင် မဲဆွယ် click
- ရွေးကောက်ပွဲ ကော်မရှင်ဆိုပဲ (ကာတွန်း) click
- နိုင်ငံရေးမှာ တပ်မတော် ဆက်လက် ပါဝင်သွားမည် click
- ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်က ကာကွယ်မည် click
- တပ်မတော်က အမျိုးသားနိုင်ငံရေးတာဝန် ထမ်းနေတာလို့ ကာချုပ် ပြော click
- ပဒိုမန်းငြိမ်းမောင် နိုင်ငံရေးဓားစာခံအဖြစ် အသုံးခံရဟု မြင် click
- ထာဝရငြိမ်းချမ်းရေးဖြစ်ရန် ကရင်နိုင်ငံရေးသမားများ ဆွေးနွေးခဲ့ click
- ဂျဲမ်ဝက်ဘ် မြန်မာနိုင်ငံ သွားမည် click
- Jim Webb မြန်မာနိုင်ငံကို ထပ်သွားမယ် click
- အမေရိကန် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် မြန်မာပြည် လာဦးမည် click
- အလုပ်သမားသမဂ္ဂ ၂ ခု ဖွဲ့စည်းလိုက်ပြီ click
- အလုပ်သမားသမဂ္ဂနှစ်ခု ဖွဲ့စည်းပြီးကြောင်း သတင်းစာရှင်းလင်းပွဲ တရားဝင် ကျင်းပ click
- မျိုးချစ်မြန်မာများ၏ မျိုးချစ်ဂုဏ်ရည်ဆု click
- နာဂစ်ဒဏ်ခံ လပွတ္တာလူငယ်များအတွက် မဇ္ဈိမအလင်း (ရုပ်သံ) click
- ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းရဲ့ အဖေ ဈာပနအခမ်းအနား (ရုပ်သံ) click
- စသုံးလုံးတိုက်ပေါ်က အမျိုးသမီးတဦး ပြုတ်ကျသေဆုံး click
- ပဲခူးတိုင်း အနောက်ခြမ်းက လယ်သမားများ ဆန္ဒပြ click
- လိမ်လည်လှည့်ဖျား၍ စစ်တပ်ထဲသို့ အသွင်းခံရသူ လူငယ် ၃ ဦး ပြန်လည်လွတ်မြောက် click
- ၁၉၉၂ မြောက်ပိုင်း ABSDF တွင် ရက်စက်စွာ လုပ်ကြံစွပ်စွဲခံခဲ့ရသောသူများထဲမှ လူတယောက်၏ မိသားစုဘ၀ (ဆောင်းပါး) click
- မပြောရဲပေါင် … မောင်တို့ရာ (ကာတွန်း) click
- ကုန်သွယ်ခွန်အားလုံး တပြေးညီ ကောက်မည် click
- ပြည်ပအထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံသူတွေ မြန်မာပြည်ကို စိတ်ဝင်စားလာ click
- ဗုံးခွဲပြီး ငါးဖမ်းမယ့် မြန်မာတွေကို ထိုင်းစစ်တပ်က ဖမ်း click
- ဒေါ်လာ ငါးသန်းဖိုး ဆုံးရှုံးတဲ့ သီလ၀ါဆိပ်ကမ်း မီး click
- မဟာမုနိ ရွှေထီးတော်အသစ်နှင့် အရှုပ်အထွေးများ click
- ရန်ကုန်ကို ခေတ်မီအောင်ပြင်ဖို့ အပိုင်း (၄) click
- ဆီးရီးယားလုပ်ရပ် နိုင်ငံတကာ စောင့်ကြည့် click
- ဆီးရီးယားမှာ တရားဝင် အတိုက်အခံ ဖွဲ့စည်းနိုင် click
- ကိုဖီအာနန်နဲ့ တရုတ်ဝန်ကြီးချုပ် တွေ့ click
- နျူကလီးယား ထိပ်သီးညီလာခံ click
- နျူကလီးယားအကြမ်းဖက်မှု ဟန့်တားဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ ကြိုးပမ်း click
- ဗီယက်နမ်က ခရစ်ယာန်ဘုန်းတော်ကြီး ထောင် ၁၁ နှစ်ကျ click
- မတ်လ ၂၇ ရက် ဗီဒီယိုသတင်းလွှာ click
- အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်ပတ်သက်မှုနှင့် ပဋိပက္ခ ပြီးဆုံးချိန်ကာလ နီပေါနိုင်ငံ (ဆောင်းပါး) click
- LINUX စသုံးမည့်သူများ သိသင့်စရာ အဖြာဖြာ click

0 comments