Friday, 23 March 2012

Friday, March 23, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၃-၃-၂၀၁၂ - ညပိုင်း)

- ဖွဲ့စည်းပုံနှင့် မညီသည့် အစိုးရလုပ်ရပ်များ ဦးရွှေမန်း ထောက်ပြ click
- သမ္မတကိုယ်တိုင် မတရား မဲဆွယ်ဟု NLD ပြော click
- လှည်းကူးမြို့က မိခင်နဲ့ ကလေးငယ်များက လှည့်လည်ချီတက်ကာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ပြသ (၁) click
- လှည်းကူးမြို့က မိခင်နဲ့ ကလေးငယ်များက လှည့်လည်ချီတက်ကာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ပြသ (၂) click
- ဒေါ်အောင်ဆန်းစုကြည်၏ စတုတ္တအကြိမ် ကော့မှူးခရီးစဉ် click
- ဂီတသမားများ မဲဆွယ်ခြင်း၊ ဦးအောင်သိန်းလင်းနဲ့ ပြောင်းဖူး click
- မဲစာရင်း လွဲမှားစွာ ထုတ်ပြန်မှု ပြင်ဆင်၍ မပြီးသေး click
- ကြိုတင်မဲ စောင့်ကြည့်ခွင့်မရသည့်အတွက် စိုးရိမ်နေ click
- မြန်မာအစိုးရ ရိုးသားသင့်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ ပြောဆို click
- ရွေးကောက်ပွဲ စောင့်ကြည့်ရေး သတင်းစာရှင်းလင်းပွဲ ကျင်းပ click
- ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကွန်ရက် ၈၈ တို့ ဦးဆောင်ဖွဲ့ click
- ရွေးကောက်ပွဲ တရားမျှတရုံနဲ့ မြန်မာ့ပြုပြင်ရေး မပြီးဆုံးသေး click
- မြန်မာအပေါ် သတိရှိရှိနဲ့ စနစ်တကျ ကူညီဖို့လို click
- Derek Mitchell ထံ လူမျိုးစုတွေ စာတင် click
- အမေရိကန်အထူးသံအရာရှိ Derek Mitchell နှင့် RFA တွေ့ဆုံမေးမြန်းခန်း - ၁ (ရုပ်သံ) click
- မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ရှေ့တွင် ကျင်းပခဲ့တဲ့ နိုင်/ကျဉ်း လွတ်မြောက်ရေးလှုပ်ရှားမှု (၁) click
- မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ရှေ့တွင် ကျင်းပခဲ့တဲ့ နိုင်/ကျဉ်း လွတ်မြောက်ရေးလှုပ်ရှားမှု (၂) click
- ပဉ္စမ ပါရာဇိကနှင့် ဒေဝဒတ် ဂိုဏ်းသားများ (ဆောင်းပါး) click
- အပစ်အခတ်ရပ်စဲရေးခရီးစဉ်နှင့် ပတ်သက်ပြီး ကေအဲန်ပီပီ အင်တာဗျူး click
- KNU နှင့် ဖြစ်ပေါ်နေသော ပဋိပက္ခကို DKBA မလိုလား click
- ပြည်ထောင်စုအဆင့် လက်မှတ်ထိုးထားသည့် မြောက်ပိုင်း SSA တပ်စခန်းအား အစိုးရတပ် တက်တိုက် click
- အစိုးရနှင့် တရုတ် ပူးပေါင်းစီမံကိန်း တိုးချဲ့၊ နမ့်ခမ်းမြို့ခံများ အခက်အခဲကြုံတွေ့ click
- စစ်ပညာသင်ရန် မြန်မာစစ်ဗျူဟာ ဆင့်ခေါ်၊ ဒေသခံအမျိုးသားများ ထွက်ပြေးတိမ်းရှောင် click
- နိုင်ငံရေးနှင့်လူမှုရေးဆိုင်ရာ ပညာရေးသင်တန်း ပြည်နယ်အစိုးရက ရပ်ဆိုင်းခိုင်း click
- ဖွံ့ဖြိုးရေး အားမပေးတဲ့ ဘတ်ဂျက်သစ် click
- အစိုးရဘတ်ဂျက်ခွဲဝေမှုမှာ ကာကွယ်ရေးအသုံးစရိတ်က အမြင့်ဆုံးဖြစ် click
- ခုံရုံးဆုံးဖြတ်ချက် ရေနံလုပ်ကွက်များ မထိခိုက်ဟု အစိုးရ ပြော click
- မော်ဒန်ဂျာနယ်အမှု ကျေအေးရန် နှစ်ဘက်သဘောတူ click
- မော်ဒန်ဂျာနယ်အမှု နှစ်ဘက်သဘောတူ ကျေအေး click
- ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး ဆရာစံဇာဏီဘို၏ ဟောတမ်း click
- ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကြီး အဓိကတည်ရှိရာ ကျောက်ဖြူ-မဒေးကျွန်းမှာ ဘာတွေဖြစ်ပျက်နေသလဲ (အင်တာဗျူး) click
- ကျုံကူးရွာသား ဦးသိန်းစိန် (သို့မဟုတ်) စစ်ပုံမကျသော စစ်သားတယောက် (ဘာသာပြန်အက်ဆေး) click
- မြစ်ဆုံလမ်းခွဲ (ကာတွန်း) click
- မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး သံဆူးကြိုးများ အခိုးခံရ click
- ကရင်နီမှာ ဘီးလပ်မြေစက်ရုံ ဆောက်ဖို့ တရုတ်နဲ့ ဂျာမနီ ပညာရှင်တွေ ရောက်ပြီ click
- လိုင်းပြတ်တောက်မူ ရှိသော်လည်း GSM ဖုန်းသစ်များ ရခိုင်တွင် ၀ယ်လိုအားကောင်းနေ click
- ဗုဒ္ဓဓမ္မယဉ်ကျေးမှုနှင့် အခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းအောင်ပွဲ (ဓာတ်ပုံ) click
- မွန်အမျိုးသားစာသင်ကျောင်းကို မွန်လူ့အဖွဲ့အစည်းတရပ်က တာဝန်ယူသင့် click
- မဲဆောက် ရခိုင်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ် click
- အထည်ချုပ်ကား တိမ်းမှောက်ရာ ကိုယ်ဝန်ဆောင်သည်ပါ သေဆုံးပြီး ဒဏ်ရာရသူ များပြား click
- မသေခင် သုတ္တန် (၁) click
- မသေခင် သုတ္တန် (၂) click
- စံမြန်မာ-မြန်မာစံလား (ဆောင်းပါး) click
- အမေရိကန်စစ်သားကို လူသတ်မှုတွေနဲ့ စွဲမယ် click
- ပြင်သစ်မှာ ညီညွတ်ဖို့ ပန်ကြား click
- တရုတ် (သို့မဟုတ်) အန္တရာယ်ပေးမယ့် ပေါက်ဖော်လား (ဆောင်းပါး) click
- မြတ်နိုးအတုယူဖွယ် စစ်ပြန်စစ်မှုထမ်းဘဝ - ၃ (ဆောင်းပါး) click
- ၂၀၁၂ ခုနှစ် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၁၀၀ စာရင်း ထုတ်ပြန် click
- ၂၁ ရာစု စာသင်ခန်းများ အခင်းအကျင်း (ဆောင်းပါး) click

ကာတွန်း နေမျိုးအေး “သင်္ကြန်မကျသေးပေမယ့် ...”

အဆင့်အတန်း

အဆင့်အတန်း
ယာမားရှီး

“အဘ ... ဘယ်လို သဘောရသလဲ”

“မင်းတို့ အကြံအစည်ကတော့ ကောင်းပါရဲ့။ ဒါပေမယ့် မင်းတို့က လူတိုင်းကို ဖုန်းကိုင်စေချင်တာကတော့ ငါ သဘောမကျဘူးကွ။ လူဆိုတာ သူ့အဆင့်အတန်းနဲ့ သူပဲ။ ကိုင်သင့်တဲ့လူပဲ ကိုင်ရမယ်။ မင်းတို့ စီမံကိန်း လောလောဆယ် ခွင့်မပြုသေးဘူးကွာ”

ဦးမျိုးမြင့် စိတ်ညစ်သွားပါတယ်။ သုံးနှစ်ခန့် လုပ်ကိုင်ထားတာတွေ သဲထဲရေသွန်သလို ဖြစ်သွားပြီ။ နိုင်ငံခြား Company နဲ့ အကြိမ်ကြိမ်အခါခါ ဆွေးနွေးပြီးခါမှ လုပ်ငန်းတွေ စတော့မယ်ဆိုမှ အနီးကပ် ချေမှုန်းခံလိုက်ရသလို ...။ ဆင်းမ်ကတ်တန်ဖိုးမှာ နေ့စားအလုပ်သမားတယောက်တောင် ၀ယ်သုံးနိုင်တဲ့ စီမံချက်တွေပါတယ်။ စီမံကိန်းသာ အကောင်အထည်ပေါ်ရင် လူတွေ တော်တော်ပျော်ကြမှာ။ ဦးမျိုးမြင့်တို့ Company လည်း နိုင်ငံမှာ ပြည်သူ့အကျိုးဆောင်တဲ့ Company ဆိုပြီး နာမည်ကောင်းရကာ ရှေ့ဆက် စီးပွားရေးတွေ အောင်မြင်လာမယ်ဆိုပြီး အိပ်မက်လှလှတွေ မက်နေမိတယ်။ အဘနဲ့လည်း အရင်ကတည်းက သိကျွမ်းခဲ့တယ်ဆိုတော့ အဆင်ပြေမယ်လို့ ထင်နေတာ။

အခုတော့ ဖုန်းဈေးတွေ နိုင်ငံတကာစံနှုန်းနဲ့ ၀ယ်လို့ရပြီး နိုင်ငံသားတွေ ဆက်သွယ်မှုလွယ်ကူအောင်
ကြိုးပမ်းပေးခဲ့တာကို အသိအမှတ်ပြုမခံရတဲ့အတွက် စိတ်ပျက်မိပါတယ်။

နိုင်ငံခြား Company က လူက ...

“ခင်ဗျားတို့ဆီမှာ အတော်ထူးဆန်းပါလား။ စီးပွားရေးအမြင်လည်းမရှိ။ လူတွေကို အဆင်ပြေအောင် လုပ်ပေးနိုင်တဲ့ အရည်အချင်းမရှိဘဲ အုပ်ချုပ်နေကြတာလည်း ဆန်းတယ်။ တော်ပြီဗျာ ... ကျနော်တို့ နောက်ဆို မလာတော့ဘူး”

စိတ်ပျက်လက်ပျက် ပြောဆိုပြီး “ဘိုင်ဘိုင် ... ဦးမျိုးရေ” ဆိုပြီး သူ့နိုင်ငံ ပြန်သွားတော့တယ်။

ဦးမျိုးမြင့်မှာ အိပ်လို့ မပျော်တော့။ တန်ဖိုးကြီး ဖုန်းတွေကို မော်ကြွားစွာ ကိုင်နေတဲ့ အဘဆီမှာ ကပ်စား ပေါင်းစားနေတဲ့ သူ့မိတ်ဆွေတွေကိုလည်း စိတ်တိုနေမိတယ်။ သြော် ... အဆင့်အတန်းမြင့်ကြပါပေ့။

အဆင့်အတန်းရှိမှ ဖုန်းကိုင်ရမယ်ဆိုရင်တော့ ဒီဖုန်းတွေကို တသက်မကိုင်တော့လို့ ဆုံးဖြတ်လိုက်တယ်။

စီးပွားရေးလုပ်ငန်းတွေကိုလည်း ရပ်နားလိုက်တယ်။ လူတွေနဲ့ ဝေးတဲ့ တနေရာမှာ ခြံလေး စိုက်စားပြီး နေလိုက်တော့တယ်။

အဘ ဆိုသူကို စိတ်ထဲ နာကျည်းမိတယ်။
အဆင့်အတန်း ??
အဆင့်အတန်း ????
အဆင့်အတန်း ??????

ဒီစကားတွေကို ကြားယောင်မိတိုင်း ရင်နာတယ်။ အဘ ဆိုသူကို သူ ကောင်းကောင်းသိတယ်။ ခွီးတဲ့မှပဲ။ သူက ဘယ်အဆင့်အတန်းက လာသလဲဆိုတာ သူ မေ့သွားရှာပြီကိုး။ ရယ်ချင်သေးတယ်။

အာဏာပိုင်ကြီးမဖြစ်ခင် လူရွယ်ဘ၀က အိမ်လာတည်းတော့ သင်ဖြူးဖျာခင်းပေးတာ မအိပ်ရဲခဲ့တဲ့ လူ။

“ဒါ ... ကျနော် တခါမှ မမြင်ဖူးဘူးဗျ” တဲ့။

သြော် ... ရိုးလိုက်တဲ့ လူ ဆိုပြီး သနားမိတယ်။

အခုတော့ လူဆိုတာ သူ့အဆင့်အတန်းနဲ့ သူလို့ ဆိုနေပြီ။ ထူးတာလား ရူးတာလားဆိုတာ ဦးမျိုးမြင့် မသိတော့ပါ။ စဉ်းစားမရတာက ဖုန်းကိုင်တာကို အဆင့်အတန်းခွဲလို့ ရပါသလား ဆိုတာကိုပါ။

(နိုင်ငံခြားတိုင်းပြည်တခုမှ လူထုအရေးထား စီးပွားရေးသမားတဦး၏ ကိုယ်တွေ့ခံစားချက်ကို မြန်မာလို မှီငြမ်းဖော်ပြအပ်ပါတယ်။)

ယာမားရှီး
၂၁-၃-၂၀၁၂

အပြည့်အစုံသို့...

မှတ်မှတ်ရရ ဗိုလ်ချုပ်စကား (ရုပ်သံ)



3 comments

No comments:

Post a Comment