Saturday, March 3, 2012
အုန်းဖျန်ဒုက္ခသည်စခန်းမှ မီးဘေးဒုက္ခသည်တွေ အကူအညီ လုံလောက်စွာ မရ

ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း(အင်းစိန်)
မတ်လ ၃ ရက်၊ ၂၀၁၂ ခုနှစ်
လွန်ခဲ့တဲ့ ၁၀ ရက်က လောင်တဲ့ မီးကြောင့် မီးဘေးဒုက္ခသည်တွေဖြစ်နေရတဲ့ ထိုင်း-မြန်မာနယ်စပ် ဖို့ဖတ်မြို့နယ် အုန်းဖျန်ဒုက္ခသည်စခန်းက ထပ်ဆင့်ဒုက္ခသည် ၄,၀၀၀ လောက်ဟာ ဒီနေ့အထိ လိုအပ်တဲ့ အကူအညီတွေ အနည်းအကျဉ်းသာ ရရှိတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်တွေက ပြောနေကြပါတယ်။
အမြဲတမ်းအေးတဲ့ အရပ်မို့ အအေးဒဏ်နဲ့ လေဒဏ်ကို ရင်ဆိုင်နေရပါတယ်။ UNHCR နဲ့ အခြားအစိုးရမဟုတ်တဲ့ အဖွဲ့တွေက စားနပ်ရိက္ခာတွေ ပေးပေမယ့် နေရာထိုင်ခင်းနဲ့ အမိုးအကာမရှိတဲ့အတွက် ဖြစ်သလို နေကြရပါတယ်။ လက်ရှိမှာ UNHCR က တအိမ်ထောင်ကို မိုးရောကာဖျင် တခုပဲပေးတဲ့အတွက် မိသားစုအလိုက် ဖြစ်သလိုပဲ အိပ်ကြရလို့ အခု နေထိုင်မကောင်းဖြစ်တဲ့လူတွေ များလာတယ်လို့လည်း ပြောကြပါတယ်။
မနေ့ကတော့ မြန်မာနိုင်ငံသားဒုက္ခသည်တွေအတွက်ဆိုပြီး ကရင်ပြည်နယ်အစိုးရ၀န်ကြီးချုပ် ဦးဇော်မင်းက (ပြည်နယ်အစိုးရကိုယ်စား) မြန်မာကျပ်ငွေသိန်း ၃၀ နဲ့ ဆန်အိတ် ၁၀၀ ပေးပို့ခဲ့တယ်လို့ ဒေသခံ ထိုင်းအုပ်ချုပ်ရေးအဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေတွေကတော့ ဓာတ်ပုံထဲကအတိုင်းပဲလို့ ဒုက္ခသည်တွေက ရင်ဖွင့်နေကြပါတယ်။
ဒုက္ခသည်အများစု ပြောတာကတော့ အရင်ကဆိုရင် မြန်မာဘက်က ဒုက္ခသည်စခန်းတွေကို လာရောက် ပစ်ခတ်မီးရှို့မှုတွေ လုပ်နေရာကနေ နှစ် ၃၀ ကျော် ဒုက္ခသည်သမိုင်းမှာ တခါမှ မရှိခဲ့ဖူးတဲ့ အခုလို အကူအညီပေးတဲ့အတွက် မြန်မာဘက်က အကျိုးလိုလို့ ညောင်ရေလောင်းတာလို့ပဲ ယူဆနေကြပြီး မကြာခင်မှာ မြန်မာနဲ့ထိုင်း ပေါင်းပြီး မြန်မာဒုက္ခသည်တွေကို အတင်းအကျပ် ပြန်ပို့နိုင်တယ်လို့လည်း ဒုက္ခသည်တွေက စိုးရိမ်နေကြပါတယ်။
အပြည့်အစုံသို့...
မြန်မာ့ရေးရာ သတင်းပဒေသာ (၃-၃-၂၀၁၂ - နံနက်ပိုင်း)
- ဒဏ်ခတ်မှု မရုပ်သိမ်းခင် အဓမ္မလုပ်အားစေခိုင်းမှု ရပ်ပါ click
- ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ CRPP ကို အမည်သစ်နဲ့ ပြန်ဖွဲ့မည် click
- ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း တက္ကသိုလ်မှ နည်းပြများ တနင်္ဂနွေနေ့ ကျောင်းတက်ရမည် click
- ဒေါ်အောင်ဆန်းစုကြည် မိတ္ထီလာ လွတ်လပ်ရေးကွင်းမှာ ဟောပြောခွင့်မရ click
- ပင်လုံစိတ်ဓာတ်နှင့် ငြိမ်းချမ်းရေး၏ တန်ဖိုး (ရုပ်သံ) click
- ငြိမ်းချမ်းရေး၏ တန်ဖိုး (ရုပ်သံ) click
- ပြည်ထောင်စုစိတ်ဓာတ် ပိုမိုမြင့်တက်လာစေဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း (ရုပ်သံ) click
- မော်လမြိုင်မြို့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေးခရီးစဉ် (ဓာတ်ပုံသတင်း) click
- ကချင်ပြည်နယ် စစ်ဘေးသင့် တိုင်းရင်းသားတွေအတွက် အန်အယ်လ်ဒီ အလှူငွေ ပေးအပ် click
- နိုင်ငံရေးပါတီတချို့ EU တွေ့ဆုံ click
- KNU နဲ့ ၀န်ကြီး ဦးအောင်မင်း ဆွေးနွေး click
- ကေအန်ပီပီနဲ့ အစိုးရ ဆွေးနွေးရန်ရှိ click
- ကျောင်းသားတွေ နိုင်ငံရေးကင်းရှင်းရင် အခွင့်အရေးပေးမယ် ပါမောက္ခချုပ် ပြော click
- မြန်မာကိစ္စ ဗြိတိန်ဝန်ကြီးကို TUC တိုက်တွန်း click
- ဗီဂျေးနမ်ဘီးယားကို မြန်မာအတွက် သီးသန့် တာဝန်ပေး click
- လယ်ယာကဏ္ဍ တိုးတက်အောင် လုပ်နေလို့ သမ္မတ ပြော click
- မြစ်ဆုံစီမံကိန်း ရွှေ့ပြောင်းခံရတဲ့ ရွာသားတွေ ကျေးရွာဟောင်း ပြန်နေ click
- AI အဖွဲ့ကြီး ရွှေရတုအခမ်းအနားမှာ ကိုဇာဂနာ ဟောပြောမည် click
- သမ္မတ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးသိန်းစိန်၏ မိန့်ခွန်းအပေါ် NLD အငြိမ်းစားဗိုလ်ကြီး ဦးဝင်းထိန်း၏ အမြင်သဘောထား (တပ်မှူးတပ်သား ပြောစကား) click
- တရားဥပဒေစိုးမိုးမှုနဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေး click
- အမှန်တရားကို လက်ခံနိုင်သလား (သတင်းသုံးသပ်ချက်) click
- ရင်းနှီးမြှုပ်နှံဖို့ မြန်မာ ဆွဲဆောင် click
- အိန္ဒိယနိုင်ငံရှိ ချင်းဒုက္ခသည်များအရေး အစီရင်ခံစာ ထွက်ရှိ click
- မြန်မာ့စာနယ်ဇင်း အနာဂတ် click
- ရန်ကုန်ကို ခေတ်မီအောင် ပြင်ဖို့ click
- ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ - ၃၄ (ဆောင်းပါး) click
- Made in China Willis Tower, လေလုံးထွားတဲ့မြို့နှင့် မံမီရုပ်တွေနေတဲ့ အရပ် - ၁ (အက်ဆေး) click
- သုတေသန (ကာတွန်း) click
- ဆီးရီးယားမြို့တွေထဲ ကြက်ခြေနီတွေ ၀င်ခွင့်မရ click
- ကယ်ဆယ်ရေးယာဉ်တန်း ဟုမ်းစ်မြို့ကို ရောက် click
- အီရန် နျူကလီယားလက်နက် လုပ်ရင် အမေရိကန် တကယ် တိုက်မယ် click
- အီရန်မှာ ပါလီမန်ရွေးကောက်ပွဲ ကျင်းပ click
- အီရန်ဘာသာရေးခေါင်းဆောင် မဲပေးဖို့ တိုက်တွန်း click
- ရုရှားဝန်ကြီးချုပ် ပူတင် အာဏာတည်မြဲရေး ၀ါဒဖြန့်ဓာတ်ပုံများ click
- TOEFL ဖြေပြီး နိုင်ငံခြားထွက် ပညာသင်သော တရုတ်ကျောင်းသား သုံးသန်းကျော်ရှိ click
- အမေရိကန်မှာ မှောင်ခိုဂိုဏ်း ဖမ်းမိ click
- စိတ်ကြွဆေးပြား လေးသန်း ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ ဖမ်းမိ click
- ရေဒီယို နားထောင်သူတွေ click
- အိုင်တီသမား ဖြစ်ချင်ရင် ဒါတွေ ခံနိုင်ရည်ရှိပြီလား (ဆောင်းပါး) click
- Bush House မှသည် Multimedia Centre ကြီးဆီသို့ (ရုပ်သံ) click

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်တောင်ပိုင်း စည်းရုံးရေးခရီးစဉ် (ရုပ်သံ)
ဒေါ်အောင်ဆန်းစုကြည် ကလောမြို့တွင် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ (ရုပ်သံ)
ဒေါ်အောင်ဆန်းစုကြည် အောင်ပန်းမြို့တွင် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ (ရုပ်သံ)
No comments:
Post a Comment