Monday, 5 March 2012

Tuesday, March 6, 2012

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ် ရှင်းလင်းပွဲ (ဒုတိယအကြိမ် သတင်းထုတ်ပြန်မှု)



နိုင်ငံပိုင်လုပ်ငန်းတွေ ဘယ်ရောက်ကုန်လဲ

နိုင်ငံပိုင်လုပ်ငန်းတွေ ဘယ်ရောက်ကုန်လဲ
ဦးစိန်ကျော်လှိုင်

ဦးသိန်းစိန်အစိုးရတက်ပြီး ၆ လအကြာမှာ အရှုံးပေါ်နေတဲ့ စက်မှု (၁) ၀န်ကြီးဌာနပိုင် စက်ရုံအတော်များများဟာ တချိန်က စက်မှု (၁) ၀န်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ရင်းနှီးတဲ့ ပုဂ္ဂလိက ကုန်သည်တစုလက် ရောက်ကုန်တယ်လို့ စုံစမ်းသိရပါတယ်။ ဦးအောင်သောင်းလက်ထက်မှာ အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံတွေအတွက် ထိပ်ပိုင်းအရာရှိတွေ အစိုးရဘတ်ဂျက်ကို ဘယ်လို အလွဲသုံးစားလုပ်ခဲ့သလဲဆိုတာ ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်ထားပါတယ်။

တကယ်တော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း အတော်များများဟာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ထဲက ပုဂ္ဂလိကပိုင် လွှဲပြောင်းရေးအစီအစဉ်နဲ့ ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံပိုင်အဆောက်အဦတွေ၊ ဓာတ်ဆီဆိုင်တွေ၊ သင်္ဘောလိုင်းတွေ၊ လေကြောင်းလိုင်းတွေ အကုန်လုံး စုစုပေါင်း အမျိုး ၃၀၀ ကျော် ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ရောင်းချတဲ့ ငွေပမာဏက များပြားလွန်းတဲ့အတွက် ဗိုလ်ချုပ်တွေနဲ့ အဆက်အစပ်မရှိတဲ့ သာမန်လုပ်ငန်းရှင်တွေ မ၀ယ်နိုင်ဘဲ ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးသူတွေသာ ၀ယ်နိုင်ပါတယ်။

ဒါကြောင့် အဲဒီနောက်ဆုံးအကြိမ် ရောင်းချခဲ့တဲ့ တန်ဖိုးကြီးတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေဟာ ဦးပိုင်ကုမ္ပဏီကြီးတွေကတဆင့် ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားတယ်။ ဒါမှမဟုတ် ဗိုလ်ချုပ်ကြီးတွေရဲ့ မဟာမိတ်လုပ်ငန်းရှင်တွေ လက်ရောက်သွားတယ်။ ဒီမှာတင် ဗိုလ်ချုပ်လူထွက် လူတန်းစားလက်သစ်ဟာ မြန်မာနိုင်ငံမှာ ငွေကြေးဆိုင်ရာ သြဇာရှိသူတွေ ဖြစ်လာတယ်။ အနောက်နိုင်ငံ ဆန်ရှင်တွေသာ ရုတ်သိမ်းခဲ့ရင် တိုးလာမယ့် ကုန်သွယ်မှုကနေ အကျိုးအမြတ်ရသူမယ့် သူတွေ ဖြစ်လာတယ်။ ဒါကြောင့်လည်း ဦးသိန်းစိန်အစိုးရဘက်က ပြောင်းလဲမှုတွေလုပ်နေတာ ဖြစ်တယ်လို့ Reuters သတင်းဌာနက ထောက်ပြပါတယ်။
အပြည့်အစုံသို့...

ပတ္တမြားမြေကို ကယ်တင်ကြ

ပတ္တမြားမြေကို ကယ်တင်ကြ
ဝီရသူ (မစိုးရိမ်)

ဦးပဉ္ဇင်းသည် ၂၉-၂-၂၀၁၂ မှ ၃-၃-၂၀၁၂ ရက်နေ့အထိ လေးညတိတိ မိုးကုတ်မြို့မှာ တရားဟောခဲ့ပါသည်။ မိုးကုတ်မြို့သည် ဟိုယခင်ကလို မဟုတ်တော့ပါ။ မိုးကုတ်သူ/မိုးကုတ်သားတို့လည်း ဟိုတချိန်ကလို မဟုတ်တော့ပါ။

မိုးကုတ်မြို့မှ ပတ္တမြားမြေများကို မိုးကုတ်သူ/မိုးကုတ်သားတွေ မပိုင်တော့သလို ဆိုင်လည်း မဆိုင်တော့ပါ။ မိုးကုတ်မြို့ကြီး ခြောက်သွေ့နေပြီး စီးပွားရေးလည်း မဖြစ်ထွန်းတော့ပါ။ ယခင်က မြန်မာပြည်အရပ်ရပ်မှ စီးပွားရေးသမားများ မိုးကုတ်တက်၍ စီးပွားရှာခဲ့ကြသော်လည်း ယခုအခါ မိုးကုတ်သားများ ကိုယ်တိုင်ပင် ဖားကန့်၊ ရွှေတော ... စသည့် မြို့များသို့ စီးပွားရှာထွက်နေရပြီ ဖြစ်ပါသည်။

သတ္တိကောင်းခြင်း၊ ညီညွတ်ခြင်း၊ စည်းလုံးခြင်းတို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ချီးကျူးအားကျခဲ့သော မိုးကုတ်သူ/မိုးကုတ်သားတွေလည်း ယခင်ကလို သတ္တိမကောင်းကြတော့ပါ။ ကြောက်စိတ်တွေ လွှမ်းမိုးနေပြီး လူတိုင်းကိုယ်စီ ကြောက်ရောဂါ ရနေကြ၍ လူရုပ်မပေါ်ကြတော့ပါ။ ကြောက်အားကြီးသည့် ကျောက်ရုပ်ကြီးတွေ ဖြစ်နေကြပါပြီ။ ဦးပဉ္ဇင်း ဟောသည့် တရားကိုတောင် မနာရဲကြတော့ပါ။ တရားနာလာကြသူများလည်း ကြောက်ရွံ့ထိတ်လန့်စွာဖြင့် နာနေကြရပြီး ဦးပဉ္ဇင်း မေးသည့် မေးခွန်းများကိုပင် မဖြေရဲကြတော့ပါ။ လူတရာမှာ တယောက်သာ ပြန်ဖြေသည်ကို တွေ့ခဲ့ရပါသည်။

ရွှေဝါရောင်တော်လှန်ရေးကာလက တက်တက်ကြွကြွ ဆင်နွှဲခဲ့ကြတဲ့ မိုးကုတ်သူ/မိုးကုတ်သားများ
အပြည့်အစုံသို့...

Monday, March 5, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၃-၂၀၁၂ - ညပိုင်း)

- နေပြည်တော်လူထု ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက်ကြို click
- နွား​ထိုး​ကြီး​မြို့တွင် ​ဒေါ်​အောင်ဆန်း​စုကြည် လူထုဟောပြောပွဲပြုလုပ် (ဓာတ်ပုံ) click
- ဖျာပုံ မဲဆန္ဒရှင်စာရင်း မှားယွင်းမှုများစွာဖြစ်ဟု NLD ပြော click
- ဗန်းမော်မြို့နယ် မဲပေးခွင့်ရှိသူစာရင်း လွဲမှားစွာ ထုတ်ပြန် click
- ဒေါ်အောင်ဆန်းစုကြည် မန္တလေး–စစ်ကိုင်း–ပျဉ်းမနား ခရီးစဉ် (ဓာတ်ပုံ) click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်တောင်ပိုင်း အောင်ပန်း စည်းရုံးရေးခရီးစဉ် မိန်းခွန်း (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်တောင်ပိုင်း ဟဲဟိုးခရီးစဉ် မိန်းခွန်း (ရုပ်သံ) click
- ဒဂုံမြို့သစ်တောင်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ (ရုပ်သံ) click
- ပထမဆုံးအကြိမ် စင်မြင့်ထက်မှာ ဟောပြောခဲ့တဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှ ညောင်ပင်ရွာ မဲဆွယ်စည်းရုံးရေး (ရုပ်သံ) click
- ၈၈ ကျောင်းသားများ သမ္မတဦးသိန်းစိန် မိန့်ခွန်းကို ကြိုဆို click
- စောင့်ကြည့်ရဦးမည့် ဦးသိန်းစိန်အစိုးရ (အယ်ဒီတာ့အာဘော်) click
- ကြံ့ခိုင်ရေးပါတီ၏ မြေယာဥပဒေအကြောင်း ဆွေးနွေးမည့်ပွဲ ဖျက်သိမ်းခံရ click
- တိုက်ပွဲများ အဆုံးသတ်ရန် ကေအိုင်အေနှင့် အစိုးရ ထပ်မံဆွေးနွေးမည် click
- နိုင်ငံရေးဆွေးနွေးနိုင်ရန် ထပ်ကြိုးပမ်းမည်ဟု KIO ပြော click
- ကေအဲန်ပီပီနှင့် အစိုးရတို့ လာမည့် ၇ ရက်တွင် အပစ်ရပ်ရေး တွေ့ဆုံဆွေးနွေးကြမည် click
- မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးတွင် KNU ကို ပြည်တွင်းပြည်ပ ကရင်များ ၀ိုင်းရံသွားမည် click
- ငြိမ်းချမ်းရေးအစစ်အမှန်ရနိုင်ဖို့အတွက် ပြည်တွင်းပြည်ပ ကရင်လူထု KNU ကို ကူညီမည် (မေးမြန်းခန်း) click
(သျှမ်းသံတော်ဆင့်ဝက်ဘ်ဆိုက်မှ ...)
- ဗမာစစ်သည်ဟု သံသယရှိသူ ၂ ဦး ကရင်အမျိုးသမီးတဦးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ click
- အမျိုးသမီးတို့ ဘ၀လုံခြုံမှုရှိစေရေး သမ္မတကြီးအား မွန်အမျိုးသမီးများ တောင်းဆို click
- ဂျပန်ရောက် ဦးထွန်းအောင်ကျော် ဆွေးနွေးပွဲ click
- ရခိုင်ကလေးငယ်တဦး စစ်သားအဖြစ် စုဆောင်းခံရမှု အိုင်အယ်လ်အိုသို့ တိုင်ကြား click
- အာဏာပိုင်နှင့် ကုမ္ပဏီပိုင်ရှင် ပေါင်းပြီး သိမ်းပိုက်ခံရ ယာပိုင်ရှင်များအား ဆင့်ခေါ်လက်မှတ်ထိုးခိုင်း click
- မီးရှို့ခံရသည့် ဘင်္ဂလာက ရခိုင်အိမ် ပြာကျ click
- အကျင့်ပျက်ခြစား အကောက်ခွန်အရာရှိများ ဌာနပြောင်း click
- သမ္မတကြီး ပြောလို့ ဈေးလျှော့မယ် click
- ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်ကို လက်တို့ပေးပါ (ပေးစာ) click
- ရွှေပါရမီရဲ့ မြ၀တီမြို့ဆေးခန်း click
- R ဇာနည် Facebook အဖောက်ခံရ click
- ကမ္ဘာ့ကဗျာနေ့ အစည်းအဝေး (ရုပ်သံ) click
- တံငါ့မိတ်ဆွေ ဧရာဝတီလင်းပိုင်တို့ ဘေးကင်းဖို့ (ဆောင်းပါး) click
- ပြည်သူ့စကား နားထောင်ချင်လွန်းလို့ ... (ကာတွန်း) click
- တရုတ်စကား ပင်ယင်း အသံထွက်စနစ် တီထွင်သူ အသက် ၁၀၆ နှစ် အဖိုးအို click
- တပတ်အတွင်း အကောင်းဆုံးဓာတ်ပုံများ click
- ချယ်ဆီးအသင်း နည်းပြဘိုးအာရှ့်ကို ထုတ်ပယ် click
“ဥပဒေအထက်မှာ မရှိဘူးဆိုတာ မရှိဘူး” (ကာတွန်း နေမျိုးအေး - မိုးမခ၀က်ဘ်ဆိုက်)

ယနေ့ နေ့လည် ၁ နာရီတွင် ဘန်ကောက်၌ နိုင်ငံတကာ ကရင်အမျိုးသားကွန်ဖရင့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြုလုပ်

ယနေ့ နေ့လည် ၁ နာရီတွင် ဘန်ကောက်၌ နိုင်ငံတကာကရင်အမျိုးသားကွန်ဖရင့်ဆိုင်ရာ
သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြုလုပ်
ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)၊ နန့်ဘွာဘွာဖန်းဖေ့စ်ဘွတ်ခ်
မတ်လ ၅ ရက်၊ ၂၀၁၂ ခုနှစ်

ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မြန်မာအစိုးရတို့အကြား ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ယခုလဆန်း ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် နိုင်ငံတကာ ကရင်အမျိုးသားကွန်ဖရင့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတရပ်ကို ယနေ့ မွန်းလွှဲ ၁ နာရီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ်တွင် ပြုလုပ်ခဲ့ပြီး ကွန်ဖရင့်၏ ပြောရေးဆိုခွင့်အဖွဲ့မှ နမ့်ဇိုယာဖန်း၊ နော်ကညောဖောနှင့် စောကက်နက်မိုးတို့က နိုင်ငံတကာသတင်းဌာနများကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ၄ ရက်ကြာ ပြုလုပ်ခဲ့သည့် နိုင်ငံတကာကရင်အမျိုးသားကွန်ဖရင့်တွင် နိုင်ငံတကာမှ ကရင်အမျိုးသား ၁၆၇ ဦး တက်ရောက်ခဲ့ကြပြီး KNU မှ ဆောက်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမည်ခံငြိမ်းချမ်းရေးမဟုတ်ဘဲ ထာဝရတည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး ရရှိနိုင်ရန်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာမှ ကရင်အမျိုးသားများက အချက် ၁၂ ချက်ပါ လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။

ကွန်ဖရင့်မှ ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်များထဲတွင် KNU နှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်အဆင့်များတွင် ပြည်တွင်းပြည်ပရှိ ကရင်အဖွဲ့အစည်းများမှ ၀ိုင်းဝန်းပံ့ပိုးသွားမည့် အစီအစဉ်တရပ် ပါရှိသည်။

အပြည့်အစုံသို့...
0 comments

No comments:

Post a Comment