Sunday, 11 March 2012

Thursday, March 8, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၈-၃-၂၀၁၂ - ညပိုင်း)

- အရှင်ဂမ္ဘီရကို ပြန်လွှတ်လိုက်ပြန်ပြီ click
- ဦးဂမ္ဘီရအား အာဏာပိုင်များက သတင်းသုံးရာဌာနသို့ ပြန်လည်ပို့ဆောင် click
- ဦးဂန္ဘီရကို အင်းစိန်ထောင်တွင် ဖမ်းဆီးထားကြောင်း သတင်းရရှိ click
- အရှင်ဂမ္ဘီရကို ခေါ်ယူစစ်ဆေး click
- ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတမည်ဟု ဦးသိန်းစိန် အာမခံ click
- ကြိုတင်မဲ မသမာမှုကို ချိပ်ပိတ်အမှတ်အသားဖြင့် ကာကွယ်မည်ဟု ဆို click
- စာရင်း​အမှား​များ​ကို ပြုစုဖို့ ​ဒေါ်​အောင်ဆန်း​စုကြည်က ကိုယ်စား​လှယ်လောင်း​များ​ကို​ ပြော click
- ပြည်ပရောက် မြန်မာများ အလွန်အကျွံ အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်း မပြုကြဘဲ ဒီမိုကရေစီရေး မလျော့တမ်း ဆက်လှုပ်ရှားကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား click
- မော်လမြိုင်မြို့ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောခွင့်ပါမစ်မရ click
- ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင် ဟောပြောပွဲ နေရာပြောင်းရ click
- ထိုင်းနှင့် မြန်မာ ယှဉ်သည့် ဦးသုဝေ၏ အသံလွှင့်ချက် အပယ်ခံရ click
- တန်ဖဲရွာသားများ ဒု-သမ္မတအမိန့်ဖြင့် ပြောင်းရွှေ့ရမည်ဟု ခရိုင်မှူး ပြော click
- ပဒိုမန်း​ငြိမ်း​မောင်အမှုကို အင်္ဂါ​နေ့မှာ စီရင်ချက်ချမည် click
- မန်းငြိမ်းမောင်ကို အမြင့်ဆုံး ပြစ်ဒဏ်နှင့် စီရင်ချက်ချရန် ဆုံးဖြတ် click
- လာမည့်အပတ် အင်္ဂါနေ့ ပဒိုမန်းငြိမ်းမောင်ကို စီရင်ချက်ချမည် click
- အစိုးရနှင့် ABSDF တို့ ရန်ကုန်မြို့မှာ တွေ့ဆုံမည် click
- တရားဝင် ဆွေးနွေးပွဲ ကျင်းပနိုင်ရန် အစိုးရနှင့် ABSDF တွေ့မည် click
- ABSDF ဧပြီလတွင် ငြိမ်းချမ်းရေး ဆွေးနွေးမည် click
- ကေအိုင်အိုနှင့် အစိုးရ ဆွေးနွေးပွဲ ပြန်စ click
- အစိုးရနှင့် KIO ရွှေလီ၌ ထပ်မံဆွေးနွေး click
- ကေအဲန်ပီပီနှင့် မြန်မာအစိုးရ အပစ်အခတ်ရပ်စဲရေး သဘောတူ click
- အစိုးရနှင့် KNPP အပစ်ရပ် လက်မှတ်ထိုး click
- ကေအန်ပီပီနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ အပစ်ရပ်ရေး လက်မှတ်ထိုး click
- KNPP နှင့် အစိုးရ အပစ်ရပ်ရေး သဘောတူလက်မှတ်ထိုး click
- KNPP နှင့် အစိုးရ ဆွေးနွေးမှု အမေရိကန်နှင့် ဗြိတိန် သံတမန်တို့ တက်ရောက်လေ့လာ click
- KNPP နှင့် အစိုးရ နှစ်ဘက်ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် သဘောတူ click
- တိုက်ပွဲကြောင့် ပလောင်ဌာနေ၌ တပေါင်းပွဲတော် ကျင်းပခွင့်မရ click
- ပအိုဝ်းတမျိုးသားလုံး စည်းလုံးကြရန် PLNO တိုက်တွန်း click
- ပအိုဝ်းအမျိုးသားနေ့အကြောင်း တစေ့တစောင်း (ဆက်သွယ်မေးမြန်းချက်) click
- နှစ်ဘက်စစ်ရှိန်လျှော့မည်ဆိုပြီး နေ့စဉ်တိုက်ခိုက်နေသည့် KIA နှင့် အစိုးရတို့ နှစ်ဘက်ကိုယ်စားလှယ်များ လာမည့်ဆွေးနွေးပွဲအပေါ် စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇော၏ အမြင် (အင်တာဗျူး) click
- မိုင်းထားမှာ ဌာနချုပ်စိုက်ဖို့ RCSS စတင်အကောင်အထည်ဖော်နေ (RCSS ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောဝ်ဆိုင်နှင့် အင်တာဗျူး) click
ကာတွန်း နေမျိုးအေး
- အမေရိကန်ရောက် ဇာဂနာ ရန်ကုန်ပြန်ပါပြီ click
- ဒေါ်ဘောက်ဂျာ ဆန်ဖရန်ဘေးဧရိယာမှာ ပြောကြားခဲ့သည့် ရုပ်သံမှတ်တမ်း click
- ဒိတ်လိုင်း ဧရာဝတီ (ရုပ်သံ) click
- သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး - ၂၁ (အောက်မေ့ဖွယ်) click
- ဥက္ကဌကြီးနှင့် သမ္မတကြီးသိစေရန် (ပေးစာ) click
- ခင်ဗျားပါးစပ် ဆက်ပိတ်ထား၊ အကြွေး ဘယ်သူဆပ်မလဲ click
- သင်ရိုးညွှန်းတမ်းစာအုပ် မလုံလောက်မှုကို စက်မှုတက္ကသိုလ်ကျောင်းသားများ ဆန့်ကျင် click
- ချင်းမိုင်မှာ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ ပြင်ဆင်နေ click
- သင်္ကြန်ပိတ်ရက် လုပ်ခခံစား​ခွင့်​ စက်မှုဇုန်အလုပ်သမား​များ​ ​တောင်း​ဆို click
- အလုပ်သမားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ သတင်းစာရှင်းလင်းပွဲ click
- နိုင်ငံတကာ အမျိုးသမီးများနေ့ click
- ထိုင်း​နဲ့ မြန်မာအမျိုး​သမီး​များ​ ပူး​ပေါင်း​ပြီး​ နိုင်ငံတကာ အမျိုးသမီး​များ​နေ့ ကျင်း​ပ click
- 7 Day News ဂျာနယ်က သူရဲကောင်းဆုများ ချီးမြှင့် click
- သံတိုင်ကြားက ပန်းချီကားများပြပွဲ ကျင်းပမည် click
- အုန်းဖြန် မီဘေးဒုက္ခသည်တွေအတွက် ပြည်ပရောက် ဆရာတော်များ ကူညီ click
- သံဃိကဒါနမဟာဒုဂ် စာရေးတံမဲအလှူရှင်များ ဖိတ်ကြားလွှာ click
- စစ်တွေမြို့ တပေါင်းလပြည့် သဲပုံစေတီပွဲ စည်ကား click
- ချစ်စဖွယ်ကောင်းသော စစ်တွေမြို့ တပေါင်းလ သဲပုံစေတီပွဲ အထူးစည်ကား click
- ရုန်း၍ ကန်၍ ရင်ဆိုင်၍ (ဆောင်းပါး) click
- ပေါ်လကီးတို့ ပန်းနေ့ဈေး (ဆောင်းပါး) click
- ၅ ဂိုး စံချိန်တင်တဲ့ မက်ဆီနဲ့ အခါနှောင်းသွားတဲ့ အာဆင်နယ် click

ငြိမ်းချမ်းရေး မာယာထောင်ချောက်

ငြိမ်းချမ်းရေး မာယာထောင်ချောက်
(အစိုးရ၏ ငြိမ်းချမ်းရေးလမ်းပြမြေပုံစစ်တမ်း)
ဟန်တင်အောင်

သမိုင်းတကျော့ပြန်

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို အတိုချုပ်ပြောရရင် ၁၉၈၉ ခုနှစ် ဗကပပြိုကွဲအပြီးမှာ စတင်ခဲ့တာဖြစ်တယ်။

ဗကပပြိုကွဲအပြီးမှာ လူမျိုးစုလိုက်ပြီး ဗကပလက်နက်ကိုင်တပ်ဖွဲ့ကြီး ၄ ပိုင်း ကွဲထွက်သွားတယ်။ ဒီအဖွဲ့တွေကတော့ ဦးပေါက်ယိုချန်း ခေါင်းဆောင်တဲ့ UWSA ဝသွေးစည်းညီညွတ်ရေးအဖွဲ့၊ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင် ခေါင်းဆောင်တဲ့ MNDA မြန်မာနိုင်ငံလူမျိုးစုများ မဟာမိတ်တပ်ပေါင်းစုအဖွဲ့၊ ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ NDAA အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့နဲ့ ဦးဇခုန်တိန်ယိန်း ခေါင်းဆောင်တဲ့ NDAK ဒီမိုကရေစီသစ်တပ်မတော် (ကချင်) စတဲ့ အဖွဲ့ ၄ ဖွဲ့ ဖြစ်တယ်။

၁၉၈၈ ခုနှစ်မှာ အရေးအခင်းကြီးဖြစ်တယ်။

၈၈ အရေးအခင်းဖြစ်ပြီး တနှစ်အကြာမှာ လက်နက်အင်အား စစ်ရေးအတွေ့အကြုံကောင်းတဲ့ ဗကပတပ်ကြီး ပြိုကွဲသွားတယ်။ ဒီအချိန်မှာ ထိုင်း-မြန်မာနယ်စပ်မှာလည်း မာနယ်ပလောမှာ ကေအန်ယူက အားကောင်းနေချိန်ဖြစ်တယ်။ မဟာမိတ်လက်နက်ကိုင်တွေ အားကောင်းနေချိန်ဖြစ်တယ်။ ဗကပခွဲထွက် လက်နက်ကိုင်တွေနဲ့ ထိုင်း-မြန်မာနယ်စပ်လက်နက်ကိုင်တွေ ပေါင်းသွားရင်ဆိုတဲ့ အတွေးဟာ အာဏာရှင် ဦးနေ၀င်းကို ငယ်ထိပ်သွေးတက်သွားစေတယ်။

ဒီမှာတင် ဗိုလ်ချုပ်ခင်ညွန့်နဲ့ လော်စစ်ဟန် လော်စစ်မင်း အောလစ်ယန်း ဗိုလ်ချုပ်အောင်ကြီးတို့ကို ကြားပွဲစားလုပ် တက်သုတ်ရိုက် ငြိမ်းချမ်းရေးလုပ်ခဲ့တာ ဖြစ်တယ်။ နောက်ပိုင်း တခြားလက်နက်ကိုင်မျိုးစုံနဲ့ပါ ပုံစံအမျိုးမျိုးနဲ့ ငြိမ်းချမ်းရေးလုပ်တယ်။

“အခြေခံဥပဒေထဲက အရေးပါတဲ့ (လူတွေ လက်မခံတဲ့) ပုဒ်မတွေ ပြင်မယ်ဆိုရင် ဘယ်လိုမှ ပြင်မရအောင် စစ်ဗိုလ်အမတ် ၂၅ % နဲ့ တမျိုး ဥပဒေနဲ့တဖုံ ဒိုင်းတွေ လွှားတွေ မျိုးစုံကာထားပြီးဖြစ်တယ်။ ဒါကြောင့် လက်နက်ကိုင်အသွင်ပြောင်းပါတီတွေ လွှတ်တော်နိုင်ငံရေးထဲ ၀င်လာဖို့ ဦးသိန်းစိန်အစိုးရက ရဲရဲတင်းတင်း မြှောက်ပေးပြီး ထောင်ချောက်ဆင်နေတာသာဖြစ်တယ်။”

နောက် ၁၄ နှစ်ကြာတဲ့အချိန် ၂၀၀၄ ခုနှစ်မှာ ဗကပခွဲထွက် လက်နက်ကိုင်နဲ့ တခြားလက်နက်ကိုင်တွေဟာ အခြေခံဥပဒေ ၂၀၀၈ ကို မွေးထုတ်ပေးမယ့် အမျိုးသားညီလာခံကိုယ်စားလှယ်ကြီးတွေ ဖြစ်လာတယ်။ ၂ဝဝ၄ ခု အမျိုးသားညီလာခံတက်ခဲ့တဲ့ အပစ်ရပ်စဲထားတဲ့အဖွဲ့နဲ့ လက်နက်ချအဖွဲ့ပေါင်း ၂၈ ဖွဲ့ ရှိတယ်လို့ ၂ဝဝ၅ ခု ဧပြီင်္လ ၂၂ ရက် နအဖက တရားဝင်ထုတ်ပြန်တဲ့ Burma Gazette မှာ ဖော်ပြထားတယ်။ ဒါ့ပြင် အမျိုးသားညီလာခံ ပြီးကာနီးမှ လက်ပူတိုက် တက်ခိုင်းတဲ့ ဘိန်းဘုရင်ခွန်ဆာရဲ့ ခွဲထွက်အဖွဲ့တွေလည်း ပါဝင်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဦးလင်းဆိုင် ခေါင်းဆောင်တဲ့ မတ်ကျန်းဒေသ ဖွံ့ဖြိုးရေးအဖွဲ့တဲ့၊ ဦးလီချန်း ခေါင်းဆောင်တဲ့ နားရိုင်းဒေသဖွံ့ဖြိုးရေးနဲ့ ဘဝသစ်ထူထောင်ရေးအဖွဲ့တဲ့၊ မုံးဟ ပြည်သူ့စစ်အဖွဲ့တဲ့၊ ဦးလောမား ခေါင်းဆောင်တဲ့ မုံးပေါ် ပြည်သူ့စစ်အဖွဲ့တဲ့ စုံလို့ပါပဲ။ ဒီအဖွဲ့တွေအားလုံး တချိန်က ဘိန်းဘုရင် ခွန်ဆာရဲ့အဖွဲ့က ခွဲထွက်လာတဲ့အဖွဲ့တွေပါ၊ နားရိုင်းဒေသဆိုတာ ရှမ်ပြည်တောင်ပိုင်း နမ့်ဆန်မြို့နယ်ထဲက ရွာလေးပါ။ အဲဒီင်္မှာ ဦးလီချန်း ခေါင်းဆောင်တဲ့ ခွန်ဆာအဖွဲ့က ဒေသစ်ထူထောင်ပါတယ်။ မတ်ကျန်းတို့ မုံးပေါ်တို့ မုံးဟတို့လည်း ဒီသဘောပါပါပဲ။

နှစ် ၂၀ ကျော်တဲ့ လက်ရှိအချိန်မှာတော့ အခြေခံဥပဒေ ၂၀၀၈ ကို ဖန်တီးခဲ့သူက လက်နက်ကိုင်အုပ်စုတွေကို ဒုတိယအကြိမ် ငြိမ်းချမ်းရေးပြန်လုပ်၊ အခြေခံဥပဒေ ၂၀၀၈ ထောက်ခံခိုင်း၊ ပါတီဖွဲ့ လွှတ်တော်ထဲ ၀င်ခိုင်းလာပြန်တယ်။ သမိုင်းတပတ် ကျော့လာခြင်းဖြစ်တယ်။ ထူးခြားချက်က ငြိမ်းချမ်းရေးမျိုးဆက် နှစ်ခုလုံးကို စစ်တပ်က ကြိုးကိုင်ခဲ့တာ ကြိုးကိုင်နေတာဖြစ်တယ်။

ဒုတိယလမ်းပြေမြေပုံလား

၂၀၁၀ ရွေးကောက်ပွဲအပြီးကာလမှာ ဒုတိယလမ်းမြေပုံမလိုလို့ ဆရာမောင်စူးစမ်းက ယူဆပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းရေး လမ်းပြမြေပုံလိုတယ်လို့ သမ္မတဦးသိန်းစိန်က မတ်လ ၁ ရက် သူ့မိန့်ခွန်းမှာ ပြောတယ်။ လက်နက်ကိုင်တိုင်းရင်းသားတွေ၊ တိုင်းရင်းသားမဟုတ်တဲ့ လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ ကြိုးပမ်းနေတာကို အဆင့် ၃ ဆင့်နဲ့ အကောင်အထည်ဖော်နေတယ်လို့ ဦးသိန်းစိန်က ပြောတယ်။ ဒီလို အဆင့် ၃ ဆင့်နဲ့ အကောင်အထည်ဖော်တာကို ငြိမ်းချမ်းရေးလမ်းပြမြေပုံလို့ သုံးနှုန်းတာဖြစ်တယ်။

ဆရာမောင်စူးစမ်း အယူအဆအရဆိုရင် လက်နက်ကိုင်နိုင်ငံရေးက တကဏ္ဍဆိုပြီး လုပ်တာမျိုး၊ ဂိုဏ်းဂဏနိုင်ငံရေးမျိုး အခုချိန်မှာ မရတော့ဘူး။ အခုက Paradigm shift ဖြစ်သွားတာ။ ဒီမိုကရေစီနိုင်ငံရေးမှာ ရွေးကောက်ပွဲကို တန်ဖိုးထားရမယ်။ Election politic ရွေးကောက်ပွဲနဲ့ လွှတ်တော်နဲ့ လုပ်တာ။ အခု လွှတ်တော်က ပင်မရေစီးပဲ။ ဒီပင်မရေစီးကြောင်းထဲ ၀င်ပြီး ဆွေးနွေးရမယ်လို့ ဆိုတယ်။

ပင်မရေစီးကိုက ဖြောင့်ဖြောင့်မစီးနိုင်ဘဲ အမှိုက်သရိုက်တွေ အညစ်အကြေးတွေ များနေတာမို့ ပါရာဒိုင်း အပြောင်းအလဲဟုတ်ရဲ့လား ဆိုတာ အရင် ကြည့်ရမယ်။ ဒီမိုကရေစီနိုင်ငံရေးလို့ဆိုရာမှာ အခြေခံဥပဒေ ၂၀၀၈ အရ ကမ္ဘာမှာမရှိတဲ့ စည်းကမ်းပြည်ဝတဲ့ ဒီမိုကရေစီကိုသာ ဦးတည်ထားတာဖြစ်တယ်။ ဒါကြောင့် မောင်စူးစမ်းအယူအဆနဲ့ မတူတဲ့ ငြိမ်းချမ်းရေးဘေးထွက်ဆိုးကျိုးတွေ အများကြီး မျှော်လင့်ထားရမှာ ဖြစ်တယ်။

စစ်အစိုးရတလျှောက်လုံး ဘယ်လိုဒီမိုကရေစီသွားမလဲ ဆိုတာကိုတောင် ၀ိဝါဒအမျိုးမျိုး ကွဲခဲ့တယ်။

၂ဝဝ၁ ခုနှစ်မှာ Functioning ဒီမိုကရေစီစနစ်ကို သွားမယ်လို့ နအဖက ပြောတယ်။ တချိန်က နအဖပြောခွင့်ရပုဂ္ဂိုလ် ပြုတ်သွားတဲ့ ထောက်လှမ်းရေး ဗိုလ်မှူးကြီးလှမင်းကတော့ စစ်မှန်တဲ့ ဒီမိုကစီသွားရမယ်လို့ ပြောတယ်။ ၂ဝဝ၄ ခု နအဖရဲ့ Road Map မှာတော့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို သွားမယ်လို့ ဆိုတယ်။ ဒီ့နောက် ပြုတ်သွားတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်က လောကပါတရားသုံးပါး အခြေခံတဲ့ ဒီမိုကရေစီကို သွားမယ်လို့ ပြင်ဆင်ပြောပြန်တယ်။ နအဖခေတ် သတင်းစာတွေမတော့ ခေတ်သစ်ဒီမိုကရေစီဆိုပြီး ပြောင်းလဲရေးသားပြန်တယ်။ အတော် ရီစရာကောင်းတယ်။ နောက်ပိုင်း အဲသလို ပေါက်ကရ ဒီမိုကရေစီကြောင်းပြောသူ ထောက်လှမ်းရေးဗိုလ်တွေကို စစ်တပ်ကပဲ ထောင်ချလိုက်တယ်။

ငြိမ်းချမ်းရေးလမ်းပြမြေပုံ ... တဲ့

မှန်ပါတယ်။ ငြိမ်းချမ်းရေးလုပ်တာ ကောင်းတဲ့အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်တုန်းကမှ မရိုးသားခဲ့တဲ့ စစ်ဗိုလ်လူထွက်အစိုးရ လုပ်ပုံတွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဦးတည်သလား၊ ယာယီ တပွဲတိုးလုပ်ပြီး လက်နက်ကိုင်တွေကို လှည့်ဖျားဖို့လားဆိုတာလည်း ဆန်းစစ်ဖို့လိုတယ်။

သမ္မတဦးသိန်းစိန်ရဲ့ မတ်လ ၁ ရက် မိန့်ခွန်းပါ အပြောအရ အစိုးရ ကမကထပြုတဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံမှာ အဆင့် ၃ ဆင့် ရှိတယ်လို့ ဆိုပါတယ်။ အောက်ပါ ပုံကိုကြည့်ရင် ဘယ်အဆင့်တွေမှာ ဘာကိုရည်မှန်းသလဲ ရှင်းထားတယ်။ ဒါကြောင့် အစိုးရ ငြိမ်းချမ်းရေးလမ်းပြမြေပုံကို ဆန်းစစ်ကြည့်ရမှာဖြစ်တယ်။


ပြည်နယ်အဆင့် ငြိမ်းချမ်းရေး

ပထမအဆင့်ဟာ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးဖို့ ဖြစ်တယ်။

ပြည်နယ်အဆင့်မှာ နှစ်ဘက်ရန်လိုမှုတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ နှစ်ဦးနှစ်ဘက် ညှိနှိုင်းသဘောတူထားတဲ့ နယ်မြေဒေသများမှာပဲ နေထိုင်ကြဖို့၊ ယင်းသတ်မှတ်နေရာမှအပ ကျန်နေရာဒေသများသို့ သွားရောက်ရာတွင် လက်နက်ကိုင်ဆောင်ခြင်းမပြုဘဲ သွားလာဖို့၊ နှစ်ဘက်ညှိနှိုင်း သဘောတူထားသည့် နေရာများမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားရှိဖို့၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ကျင်းပမည့်နေရာ၊ အချိန်၊ နေ့ရက်တွေ ညှိနှိုင်း သတ်မှတ်ဖို့ဖြစ်တဲ့အတွက် လက်နက်ကိုင်အဖွဲ့စည်းတိုင်းက အလွယ်တကူ သဘောတူဖို့ များပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ ကျော် ဗိုလ်ချုပ်ကြီးခင်ညွန့် ငြိမ်းချမ်းရေးလုပ်တုန်းကလည်း ဒီနည်းပဲ သုံးခဲ့တာပါ။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး

ဒုတိယအဆင့်ကတော့ ပြည်ထောင်စုအဆင့်ပဲ ဖြစ်ပါတယ်။ ဒီအဆင့်ဟာ ဦးသိန်းစိန်အစိုးရရဲ့ ပရိယာယ်အများဆုံး လှည့်ကွက်အများဆုံး ပါဝင်တာမို့ မာယာထောင်ချောက်လို့ ဆိုနိုင်တယ်။ လက်နက်ကိုင်တိုင်းရင်းသားတွေ အထူးသတိထားရမယ့် အချက်ဖြစ်တယ်။ အစိုးရငြိမ်းချမ်းရေးလမ်းပြမြေပုံ ပြည်ထောင်စုအဆင့်ပါ အချက်တွေသာ လက်ခံရင် ဒီအဆင့်ကို တက်လှမ်းလာတဲ့ လက်နက်ကိုင်အဖွဲ့မှန်သမျှ လက်နက်စွန့်ရတော့မှာဖြစ်တယ်။ ဒါဟာ အစိုးရဘက်က လိုချင်တဲ့ အဓိကအချက်ဖြစ်တယ်။

ဒီအဆင့်မှာ ဆွေးနွေးရမယ့် အချက်တွေကတော့ ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဖို့၊ ဒို့တာဝန်အရေးသုံးပါးကို လက်ခံဖို့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် နှစ်ဘက် ပူးပေါင်းဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့ အချက်တွေမှာတော့ နှစ်ဘက်သဘောတူနိုင်စရာ ရှိတယ်ပဲထား။ လက်နက်ကိုင်တိုင်းရင်းသားတွေဘက်က နောက်တဆင့်ကို သဘောတူဖို့ အတော်ခက်မှာဖြစ်ပါတယ်။

အဲဒီနောက်တဆင့်က နိုင်ငံရေးပါတီများ ထူထောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ဖို့ ဆိုတဲ့ အချက်ဖြစ်ပါတယ်။

လွှတ်တော်နိုင်ငံရေးညစ်ကွက်

အစိုးရနဲ့ ပြည်နယ်အဆင့် မူလအပစ်ရပ်ချိန်တုန်းက ကိုင်ထားတဲ့လက်နက် မချရေးက လက်နက်ကိုင်အဖွဲ့တွေဘက်က အဓိက ဖြစ်မှာပါ။ ကိုယ့်လက်နကိုယ်ကိုင်ပြီး ကိုယ့်နယ်မြေနေရတယ်၊ စီးပွားလုပ်စရာလေးတွေ လုပ်နိုင်တယ်ဆိုတော့ ဟန်ကျသလိုလို တွက်နိုင်တယ်။

ဒါပေမယ့် ပြည်ထောင်စုအဆင့်မှာ နိုင်ငံရေးပါတီဖွဲ့ရမယ် ဆိုတဲ့အချက်ကို ဆုံးဖြတ်ဖို့ကျတော့ လက်နက်ကိုင်အဖွဲ့ဝင်တွေကြား သဘောထားကွဲပြားမှုတွေ ကြုံရမှာ မုချဖြစ်တယ်။ အထူးသဖြင့် နိုင်ငံရေးပါတီဖွဲ့ပြီဆိုရင် လက်နက်စွန့်ရတော့မှာဖြစ်တယ်။ လက်နက်စွန့်အောင် နိုင်ငံရေးပါတီဖွဲ့ခိုင်းတာ ဖြစ်တယ်။ ဒါမှ လက်နက်စွန့်အဖွဲ့တွေကို အစိုးရက ကြိုက်သလို ကြိုးကိုင်နိုင်မှာဖြစ်တယ်။

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးမှာ နိုင်ငံရေးပါတီဖွဲ့ရမယ်ဆိုတဲ့ ပြဌာန်းချက်တခုသာထားခဲ့ရင် လက်နက်စွန့်ခိုင်းရေး အစိုးရအကြံအစည် ရိပ်မိသွားမှာ စိုးတဲ့အတွက် ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဖို့၊ ဒို့တာဝန်အရေးသုံးပါးကို လက်ခံဖို့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နှစ်ဘက် ပူးပေါင်းဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့အချက်တွေနဲ့ အရင်ချည်တုပ်ဖို့ ကြိုးစားထားတာဖြစ်တယ်။

ဦးသိန်းစိန်အစိုးရ ပထမ ၅ နှစ်သက်တမ်း ကျန်တဲ့ ၄ နှစ်တာကာလမှာ သမ္မတနဲ့ အစိုးရအဖွဲဝင်အများစုပါတဲ့ ကြံ့ဖွံ့ပါတီကသာ လွှတ်တော်အသီးသီးမှာ ကြီးစိုးထားမှာဖြစ်ပါတယ်။

နိုင်ငံရေးပါတီဖွဲ့ပြီဆိုတာနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေ တချိန်က လက်မခံခဲ့တဲ့ အခြေခံဥပဒေ ၂၀၀၈ ကို ထိန်းသိမ်းစောင့်ရှောက်လိုက်နာပါမည်ဆိုတဲ့ ကတိပေးရတော့မှာ ဖြစ်ပါတယ်။ ဒီကတိကြောင့် အခြေခံဥပဒေကို မပြင်ခင် ကပျက်ယပျက် ပြောမိ ဝေဖန်မိရင်တောင် အခြခံဥပဒေဖောက်ဖျက်မှုနဲ့ ဒုက္ခရောက်မှာ သေချာနေပါတယ်။ ဒါ့ပြင် ကနေ့ အန်အယ်လ်ဒီပါတီ လွှတ်တော်နိုင်ငံရေးဝင်ဖို့ ဆုံးဖြတ်ချိန်မှာ ကြုံရမယ့် ပြဿနာတွေလည်း တွေ့ရမှာဖြစ်တယ်။

ပါတီဖွဲ့ပြီးရင် ရွေးကောက်ပွဲတခုခုအတွက် အနည်းဆုံး မဲဆန္ဒနယ် ၃ နေရာ မပြိုင်နိုင်ရင်လည်း ပါတီအဖျက်ခံရမှာဖြစ်တယ်။ ဒီအဆင့်မှာတင် လက်နက်ကိုင်အသွင်ပြောင်းပါတီ အတော်များများ ပြုတ်ထွက်သွားနိုင်တယ်။

- ရွေးကောက်ပွဲဥပဒေတွေအရ ပါတီဝင်ဦးရေကို သတ်မှတ်ထားတဲ့အတိုင်း ထိန်းမထားနိုင်ရင်လည်း ပါတီအဖျက်ခံရနိုင်ပါတယ်။

- အမတ်လောင်းတွေကိုလည်း အရည်အချင်းမပြည့်မီအောင် အစိုးရဘက်က ညစ်ကွက်မျိုးစုံနဲ့ ဖြုတ်ချနိုင်ပါတယ်။

- အထူးသဖြင့် ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံး စတဲ့ အဖွဲ့ဝင်တွေဟာ တချိန်က စစ်ခေါင်းဆောင်တွေရဲ့ လက်ကတုံးတောင်ဝှေးတွေ ဖြစ်နေတဲ့အတွက် တခြားညစ်ကွက်မျိုးစုံနဲ့လည်း ထစ်ထားမှာဖြစ်တယ်။

မာယာထောင်ချောက်

ပြည်ထောင်စုအဆင့်မှာပါတဲ့ နောက်လှည့်ကွက်က ...

“လွှတ်တော်တွင်းရောက်ရှိလာလျှင် အခြားသော တိုင်းရင်းသားများနှင့် အကြေအလည် ဆွေးနွေးညှိနှိုင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့” ဆိုတဲ့အချက်ဖြစ်တယ်။

လွှတ်တော်ထဲရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အသွင်ပြောင်းပါတီတွေဟာ အခြေခံဥပဒေ ပြင်ဆင်ရေးကို စိတ်ကူးယဉ်မယ်ဆိုရင် အောက်ဖော်ပြပါ အဆင့်တွေနဲ့ ချည်တုပ်ပြီး မလှုပ်နိုင်အောင် ကိုင်ထားနိုင်မှာဖြစ်တယ် (အသေးစိတ်ကို ဟန်တင်အောင်ရဲ့ ဘာပြင်မှာလဲ ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါးမှာ ဖတ်ကြည့်ပါ)။


သေချာတာက လက်နက်ကိုင်အသွင်ပြောင်း ပါတီတွေဟာ လွှတ်တော်ထဲမှာ ကြံ့ဖွံပါတီနဲ့ မဟာမိတ်လုပ်ထားတဲ့ တိုင်းရင်းသားပါတီတွေနဲ့ပါ ထိပ်တိုက်ဖြစ်မယ့်အချက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်နက်ကိုင်အဖွဲ့တွေကို မြန်မြန် လွှတ်တော်သတ်ကွင်းထဲကို အစိုးရက ကျုံးသွင်းပေးနေသလားလို့ တွက်စရာရှိပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အသွင်ပြောင်းပါတီတချို့ လက်နက်ပြန်ကိုင်သွားနိုင်မယ့် အလားအလာရှိတာမို့ ပြည်ထောင်စုအဆင့် လမ်းပြမြေပုံမှာ ပြောထားသလို “ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တခုတည်းသော လက်နက်ကိုင် တပ်မတော်အဖြစ် ရပ်တည်ရေး ညှိနှိုင်းဆောင်ရွက်ဖို့” ဆိုတာ အကောင်အထည်ဖော်နိုင်ဖို့ အလားအလာမရှိတာ ထင်ရှားနေပါတယ်။

စပေ့စ်မရှိတဲ့ လွှတ်တော်နိုင်ငံရေး

ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ အကောင်အထည်ဖော်မယ့်ကာလကို ၃ နှစ် အနည်းဆုံး ကြာမယ်လို့ ကြံ့ဖွံ့အတွင်းရေးမှူး ဦးအောင်သောင်း ပြောတဲ့အချက်ရယ်၊ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်း ကျန်တဲ့ ဦးသိန်းစိန်အစိုးရသက်တမ်းမှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ့်အလားအလာ နည်းတာရယ် ထည့်တွက်မယ်ဆိုရင် လက်နက်ကိုင်အသွင်ပြောင်းပါတီတွေဟာ အစောဆုံး ဒုတိယ ၅ နှစ်သက်တမ်း အထွေထွေရွေးကောက်ပွဲကျမှာသာ ၀င်ပြိုင်နိုင်မှာဖြစ်တယ်။ ဒါ ကြားကာလမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဟာကွက်ပျော့ကွက်ကို လေ့လာဖို့အတွက် ကြိုးရှည်ရှည်နဲ့ လှန်ထားမှာဖြစ်တယ်။

ဒုတိယ ၅ နှစ်သက်တမ်းကိုလည်း ကြံ့ဖွံပါတီကပဲ ညစ်နည်းမျိုးစုံနဲ့ ဆက်ပြီး အစိုးရဖွဲ့နိုင်အောင် လုပ်နိုင်တယ်ဆိုရင် လက်နက်ကိုင်အသွင်ပြောင်းပါတီတွေရဲ့ အနာဂတ်ဟာ လွှတ်တော်ထဲမှာ ဘာမှပြောခွင့်မရဘဲ အိပ်ငိုက်ရင်း မူလမျှော်မှန်းတဲ့ တိုင်းရင်းသားအခွင့်အရေးတွေ ဆုံးရှုံးတော့မှာဖြစ်တယ်။

စစ်တပ်နဲ့ ကြံ့ဖွံပါတီကလည်း လူထုအပေါ်သြဇာကြီးမားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နောက် ၅ နှစ်သက်တမ်း ရွေးကောက်ပွဲမှာ ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးတဲ့ပုံစံမျိုး လုပ်ခွင့်ပေးပါ့မလားဆိုတာလည်း စဉ်းစားစရာဖြစ်တယ်။ ဒုတိယ ၅ နှစ်သက်တမ်းမှာ အန်အယ်လ်ဒီက အများစုအနိုင်ရဖို့ဆိုတာ ရေရေရာရာ မရှိသေးတဲ့တိုင်အောင် လက်နက်ကိုင်အသွင်ပြောင်းပါတီတွေ အန်အယ်လ်ဒီနဲ့သာ မဟာမိတ်ဖွဲ့ပြီး အတိုက်အခံကောင်းကောင်း ပေါ်လာရေး စဉ်းစားရမှာဖြစ်တယ်။

အခြေခံဥပဒေထဲက အရေးပါတဲ့ (လူတွေ လက်မခံတဲ့) ပုဒ်မတွေ ပြင်မယ်ဆိုရင် ဘယ်လိုမှ ပြင်မရအောင် စစ်ဗိုလ်အမတ် ၂၅ % နဲ့ တမျိုး ဥပဒေနဲ့တဖုံ ဒိုင်းတွေ လွှားတွေ မျိုးစုံကာထားပြီးဖြစ်တယ်။ ဒါကြောင့် လက်နက်ကိုင်အသွင်ပြောင်းပါတီတွေ လွှတ်တော်နိုင်ငံရေးထဲ ၀င်လာဖို့ ဦးသိန်းစိန်အစိုးရက ရဲရဲတင်းတင်း မြှောက်ပေးပြီး ထောင်ချောက်ဆင်နေတာသာဖြစ်တယ်။

ဖြစ်နိုင်ခြေရှိတာက ငြိမ်းချမ်းရေးလမ်းပြမြေပုံ ဒုတိယဆင့်ခေါ် ပြည်ထောင်စုအဆင့်မှာတင် အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေကြား ပဋိပက္ခတွေ အငြင်းပွားမှုတွေ သဘောထားကွဲလွဲမှုတွေ ဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်ကို ခြေဦးပြန်လှည့်မယ့်အဖွဲ့တွေလည်း ပေါ်ပေါက်လာနိုင်စရာရှိပါတယ်။

ချုပ်ကြည့်မယ်ဆိုရင် ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ တတိယဆင့်ဖြစ်တဲ့ “နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေ ... စတဲ့ နိုင်ငံတော်မှာရှိတဲ့ အဓိကကျတဲ့ Political Player အားလုံး ပါဝင်တဲ့ ဤလွှတ်တော်ကြီးမှာ သဘောတူ လက်မှတ်ရေးထိုးရေး” ဆိုတာ စိတ်ကူးယဉ်သာဖြစ်ပြီး လုံးဝအကောင်အထည်ပေါ်လာဖို့ မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။

ဟန်တင်အောင်
(Swe Swe Kyi's Facebook မှ ...)
အပြည့်အစုံသို့...

ဆင်းရဲတွင်းက တကယ်လွတ်စေချင်တာလား

ဆင်းရဲတွင်းက တကယ်လွတ်စေချင်တာလား
ဦးစိန်ကျော်လှိုင်

ပြီးခဲ့တဲ့ မေလထဲက အမျိုးသားအဆင့် ကျေးလက်ဒေသ ဖွံဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျော့ကျရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့် တင်ပြခဲ့တဲ့ စာတမ်းအမည်က မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး - လမ်းပြစာတမ်း ဖြစ်ပါတယ်။ ဒေါက်တာဦးမြင့်ရဲ့ စာတမ်းပါ အကြံပေးချက်တွေနဲ့ ပတ်သက်ပြီး ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်ထားပါတယ်။

ဒီစာတမ်းဟာ ဦးမြင့် သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးဖြစ်လာပြီး ပထမဆုံးအကြိမ် တင်ပြတဲ့ စာတမ်းဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပမှာ စိတ်ဝင်တစား ဝေဖန်ဖတ်ရှုကြပါတယ်။

မြန်မာပြည်သူတွေ ဆင်းရဲတွင်းက လွတ်စေချင်ရင် ဘာတွေလုပ်ရမယ်ဆိုတဲ့ ဒေါက်တာဦးမြင့် အကြံပေးချက် အတော်များများက သမ္မတ အကြံပေးမဖြစ်ခင်က မြန်မာနိုင်ငံ စီးပွားရေး ဘယ်လိုပြုပြင်သင့်တယ်ဆိုတဲ့ ဦးမြင့်ရဲ့ အကြံပေးချက်စာတမ်းတွေထက် ပိုပြီး ပျော့ပြောင်းနေတယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။

ဆင်းရဲမှုလျော့ပါးရေး ကမ္ဘာ့ဘဏ်ရဲ့ သီဝရီကို ပြန်ကြည့်ရင် စီးပွားရေးတိုးတက်မှ ဆင်းရဲမှုလျော့ကျမယ်၊ စီးပွားရေးတိုးတက်မှုဆိုတာလည်း ဈေးကွက်စီးပွားရေးစစ်စစ်ဖြစ်မှသာ စီးပွားရေးတိုးတက်မှု ရနိုင်မယ် ဒါမှသာ ဆင်းရဲမှုလျော့ကျမယ် ဆိုတာကို စီးပွားရေးပညာရှင် ဒေါက်တာမျိုးညွန်က ထောက်ပြပါတယ်။

ဒေါက်တာမျိုးညွန့် ပြောတဲ့ ကမ္ဘာ့ဘဏ်သီဝရီအရဆိုရင် မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစစ်စစ် ဖြစ်ပလား ဆိုတာ မေးစရာဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေး လက္ခဏာတွေနဲ့ တချက်မှ မကိုက်ညီတဲ့ပြင် ပုဂ္ဂလိကကဏ္ဍ ထွန်းကားပလားဆိုတော့လည်း အစိုးရနဲ့ ရင်းနှီးသူတွေသာ လက်သင့်ရာ စားတော်ခေါ်တဲ့ စီးပွားရေးအဆင့်သာ ရှိတယ်လို့ ဒေါက်တာမျိုးညွန့်က မြင်ပါတယ်။

“တဘက်က ဒေါက်တာဦးမြင့်လို စီးပွားရေးပညာရှင်တွေကို အကြံပေးရုံလောက်သာ ခန့်ထားပြီး တကယ်အကောင်အထည်ဖော်မယ့် စီးပွားရေးဝန်ကြီးဌာနတွေကျတော့ ဘာစီးပွားရေးမှ မတတ်တဲ့ စစ်ဗိုလ်လူထွက်တွေက ချုပ်ကိုင်ထားတဲ့ ဦးသိန်းစိန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေ ဆင်းရဲတွင်းက လွတ်အောင် လုပ်ချင်စိတ် တကယ်ရှိသလား ဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်နေကြောင်းပါခင်ဗျား။”

ဒါပေမယ့် ဒေါက်တာဦးမြင့် စာတမ်းမှာ ဆင်းရဲမှုလျော့ကျဖို့အတွက် ဈေးကွက်စီးပွားရေး စစ်စစ်ဖြစ်အောင် လုပ်ဖို့လိုတယ်၊ အဲသလို ဈေးကွက်စီးပွားရေးမျိုးဖြစ်ဖို့ ဘာတွေ လုပ်ဖို့လိုတယ်လို့ ဦးမြင့် ထောက်ပြရင် သမ္မတဦးသိန်းစိန်က လက်ခံပါ့မလား ဆိုတာလည်း စဉ်းစားစရာဖြစ်ပါတယ်။

ဒါကြောင့်လည်း ဆင်းရဲမှုလျော့ကျရေး မဟာဗျူဟာအတွေးအမြင်ကဏ္ဍမှာ ကောင်းမွန်တဲ့ နိုင်ငံအဆင့် စီးပွားရေးစီမံခန့်ခွဲမှုမျိုး လိုတယ် ဆိုတာလောက်သာ ဒေါက်တာဦးမြင့်က ခံသာတဲ့ စကားလုံးမျိုးနဲ့ ထောက်ပြထားတာ တွေ့ရပါတယ်။

နောက်အရေးကြီးတဲ့အချက်က ဆင်းရဲမှုလျော့ကျရေးအတွက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေး လိုတယ်ဆိုတာကို ဦးမြင့်က သူစာတမ်းမှာ အသေးစိတ် အကြံပေးထားပေးထားပေမယ့် သမ္မတဦးသိန်းစိန် မိန့်ခွန်းပါ Good Governance ဆိုတဲ့ စကားအရာ စကားပမာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးမျိုးကို ဆိုလိုတာမဟုတ်ကြောင်း ပေါ်လွင်အောင် ရှင်းပြချင်ပုံရပေမယ့် ပညာရှင်စကားဆန်နေပါတယ်။ နိုင်ငံရေးပြောင်းဖို့လိုတယ် နိုင်ငံရေးတည်ငြိမ်ဖို့ အရေးကြီးတယ် ဆိုတဲ့အချက်ကို ရဲရဲတင်းတင်း အကြံပေးထားတာ မတွေ့ရပါဘူး။

ဒေါက်တာဦးမြင့် အကြံပေးချက်တွေထဲမှာ စစ်အစိုးရလက်ထက်ကရော ဦးသိန်းစိန်အစိုးရလက်ထက်ထိ အမွေခံထားတဲ့ အထူးစီမံကိန်းတွေကို ဆင်းရဲမှုလျာ့ကျရေးအတွက် အဓိက လုပ်ဆောင်ချက်များကဏ္ဍမှာ ဝေဖန်ထားတဲ့ စာပုဒ်တခုကတော့ အတော့်ကို စွန့်စားပြီး ဝေဖန်ထောက်ပြခဲ့တာဖြစ်ပါတယ်။ အခန့်မသင့်ရင် မင်းဒဏ်ပါ သင့်နိုင်တာမို့ ခုလောက် ထောက်ပြတာကို ချီးကျုးစရာဖြစ်ပါတယ်။


ဆည်မြောင်းတွေ ဘယ်နှစ်ခု ဖောက်ထားတာ ပြောနေသလို ကျေးလက်က ဆင်းရဲသားလယ်သမားဆီ ဆည်ရေတွေ ဘယ်လောက် ရောက်သလဲဆိုတာလဲ သိဖို့လိုပါတယ်။ ရေအားလျှပ်စစ်စက်ရုံတွေ ဘယ်နှစ်လုံးဆောက်ထားတယ် မဂ္ဂါဝပ်ဘယ်လောက်ထုတ်နိုင်တယ်ဆိုတဲ့ ကိန်းဂဏန်းတွေ ပြောနေသလို ဆင်းရဲသား အိမ်ထောင်စုဘယ်လောက် လျှပ်စစ်သုံးနိုင်ပြီ၊ လျှပ်စစ်ကြောင့် ကျေးရွာအသေးစားလုပ်ငန်းတွေ ဘယ်လောက်ထူထောင်နိုင်ပြီ ဆိုတာလည်း ဖော်ပြသင့်တယ်။ လမ်းတံတားတွေ ဘယ်လောက်ဖောက်ပြီးပြီ ဆိုတဲ့ သတင်းအပြင် ဒီလမ်းတံတားတွေဟာ နိုင်ငံထဲက ဆင်းရဲသားပြည်သူတွေဆီ ဘယ်လောက် အတိုင်းအတာ ထိရောက်သလဲဆိုတာ ဖော်ပြသင့်တယ်။ ဆေးရုံနဲ့ ကျောင်းတွေ ဘယ်လောက် ဆောက်ထားပြီးပြီ ဆိုတဲ့ သတင်းအပြင် ဒီဆေးရုံတွေ၊ ကျောင်းတွေကို ဆင်းရဲသားဘယ်လောက် ချဉ်းကပ်ခွင့်ရပြီလဲ ဆိုတာပါ ဖော်ပြသင့်တယ် ဆိုတဲ့ အချက်တွေကို ဒေါက်တာမောင်မြင့်က ရဲရဲဝံ့ဝံ့ ထောက်ပြထားပါတယ်။

တကယ်တော့ စစ်အစိုးရလက်ထက်ကနေ ဦးသိနိးစိန်အစိုးရထိ လက်ကိုင်ထားတဲ့ ပေါ်လစီက လမ်းတံတားတွေ ဘယ်နှစ်ခုပြီးသွားပြီ၊ ဆည်တွေ ဘယ်နှစ်ခုပြီးသွားပြီ ... စတဲ့ အချက်တွေသာ ဇောင်းပေးထားပြီး ဦးမြင့် အကြံပေးသလို ဒီလုပ်ငန်းတွေကို မြန်မာနိုင်ငံက ဆင်းရဲသူ ဘယ်လောက် အသုံးချခွင့်ရသလဲ ဆိုတဲ့အချက်ကို လစ်လျူရှုထားတာမို့ ဦးမြင့် အကြံပေးချက်နဲ့ အစိုးရပေါ်လစီက ပြဒါးတလမ်း သံတလမ်းလို ဖြစ်နေပါတယ်။

အစိုးရတည်ဆောက်ပြုပြင်လုပ်ငန်းတွေကို ဆင်းရဲသားဘယ်လောက် အသုံးချနိုင်သလဲ ဆိုတဲ့ ပေတံနဲ့ တိုင်းရင် အစိုးရ ဖုံးကွယ်ထားတဲ့ ပြည်သူတွေ လျှပ်စစ် လုံလုံလောက်လောက် မရတာတို့ ကျန်းမားရေး၊ ပညာရေးကို လစ်လျူရှုထားတာတို့ ဘူးပေါ်သလို ပေါ်တော့မှာမို့ ဦးမြင့် အကြံပေးချက်ကို ဦးသိန်းစိန်အစိုးရ လိုက်နာပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ ဒါတွေ မလိုက်နာနိုင်ရင်လည်း ဆင်းရဲမှုလျော့ကျရေးလုပ်ငန်းမှာ နှောင့်နှေးသွားမှာ သေချာနေတာမို့ ဘယ်လိုပဲ အကြံပေးပေး အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမှာ မငြင်းနိုင်တဲ့အချက် ဖြစ်ပါတယ်။

ဆင်းရဲမှုလျောချရေးမှာ အရေးပါတဲ့ ကျန်းမာရေး၊ ပညာရေးကို စစ်အစိုးရ ဘယ်လောက် ပစ်ပယ်ထားခဲ့သလဲ ဆိုတာကိုလည်း ဒေါက်တာမျိုးညွန့်က ရှင်းပြပါတယ်။

မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲ့က ကောက်ယူတဲ့ ၂၀၀၂ ခု စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ သာမန်မိသားစု တခုအနေနဲ့ စုစုပေါင်းသုံးစွဲမှုစရိတ်ရဲ့ ၇၀ % ကျော်ကို အစားအစာအတွက် သုံးနေရတယ်၊ အစားအစာအတွက် သုံးတဲ့စရိတ်ရဲ့ ၅ ပုံတပုံကို ဆန်အတွက် သုံးနေရတယ်၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် အစားအစာအတွက် သုံးရတဲ့ စရိတ်အချိုးအစား မြန်မာက အများဆုံးဖြစ်နေတာဟာ ၀င်ငွေနည်းတာ ပြနေတယ်။ ဒါကြောင့် ဆန်ကို အဓိက တင်ပို့တဲ့နိုင်ငံဖြစ်အောင် ပြန်လုပ်သင့်တယ်လို့ အသေးစိတ် အကြံပေးထားပါတယ်။

တဘက်က ဒေါက်တာဦးမြင့်လို စီးပွားရေးပညာရှင်တွေကို အကြံပေးရုံလောက်သာ ခန့်ထားပြီး တကယ်အကောင်အထည်ဖော်မယ့် စီးပွားရေးဝန်ကြီးဌာနတွေကျတော့ ဘာစီးပွားရေးမှ မတတ်တဲ့ စစ်ဗိုလ်လူထွက်တွေက ချုပ်ကိုင်ထားတဲ့ ဦးသိန်းစိန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေ ဆင်းရဲတွင်းက လွတ်အောင် လုပ်ချင်စိတ် တကယ်ရှိသလား ဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်နေကြောင်းပါခင်ဗျား။

(အာရ်အက်ဖ်အေ ဦးစိန်ကျော်လှိုင် သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)

(Vicky Mandra's Facebook မှ ...)
အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၈-၃-၂၀၁၂ - နံနက်ပိုင်း)

- မြန်မာအပေါ် ဒဏ်ခတ်မှုတွေ လတ်တလော ရုပ်သိမ်းဦးမည်မဟုတ် click
- ဒီမိုကရေစီရေးအတွက် ဆက်အားပေးဖို့ နယူးဇီလန်ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- မဲဆန္ဒရှင်အမည်စာရင်း စိစစ်ရေး ရက်တိုးပေးဖို့ NLD မေတ္တာရပ်ခံ click
- မဲဆန္ဒရှင်စာရင်း အမှားပြင်ဆင်ချက် ရက်တိုးပေးဖို့ NLD တောင်းဆို click
- ကြံ့ဖွံ့ကို မဲပေးဖို့ မိုင်းရယ် ပြည်သူ့စစ်ခေါင်းဆောင် ခြိမ်းခြောက် click
- ဒဲရစ်မစ်ချယ် ရန်ကုန် သွားမယ် click
- အရှင်ဂမ္ဘီရကို အာဏာပိုင်တွေ ဒုတိယအကြိမ် ခေါ်ယူစစ်ဆေး click
- မဇင်မာအောင် အမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်ခံရ click
- အေဘီအက်စ်ဒီအက်ဖ် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ကို သွား click
- ဧပြီလဆန်းမှာ ABSDF နဲ့ အစိုးရ စတင်ဆွေးနွေးမယ် click
- မြောက်ပိုင်းဒေသ ၀မ်းနည်းဖွယ်ဖြစ်ရပ်အတွက် ABSDF ထပ်မံ ကြေညာချက်ထုတ်ပြန် click
- ကရင်နီ KNPP နဲ့ အစိုးရကြား အပစ်အခတ် ရပ်စဲ click
- KNPP အဖွဲ့နဲ့ အစိုးရ အပစ်အခတ်ရပ်ရေး လက်မှတ်ထိုး click
- KNPP နဲ့ မြန်မာအစိုးရကြား အပစ်ရပ်သဘောတူ လက်မှတ်ရေးထိုး click
- မူးယစ်ဆေး တိုက်ဖျက်ရေးတာဝန် မြန်မာ ပျက်ကွက် click
- ဗွီအိုအေ သက်တမ်း ၇၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပါး click
- နိုင်ငံသစ်တည်ချိန်၊ ဝတ်မှုန်ကူးသော သံမဏိလိပ်ပြာနှင့် အာဂပြည်သူတွေ (ဆောင်းပါး) click
- ကသာ မြို့မဈေးကြီးမီး click
- ကသာမြို့ ဈေးကြီး မီးလောင် click
- ဟုမ်းစ်မှာ ကုလ ၀င် click
- ကုလ စာနာမှုအကြီးအကဲ ဆီးရီးယား အကြမ်းဖက်ဒေသ ရောက် click
- အာဖဂန်မှာ ဗြိတိန်စစ်သားတွေ သေဆုံး click
- Ohio ပြည်နယ်မှာ Romney အနိုင်ရ click
- အိန္ဒိယရဲ့ အားကောင်းလာတဲ့ ပြည်ပဆန်တင်ပို့မှု click
- iPad အသစ် ထွက်မယ် click

နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆုရ မဇင်မာအောင်နှင့် RFA တွေ့ဆုံမေးမြန်းခန်း

ကိုအောင်မှိုင်း - စင်ပျောက်ပေမယ့် စင်အောက်မရောက်စေနဲ့

Political Platform

အီကွေဒေါမှ လူထုတိုက်ပွဲ ... EIA လက်နက်ကိုင်စွဲ

အီကွေဒေါမှ လူထုတိုက်ပွဲ ... EIA လက်နက်ကိုင်စွဲ
ဒေါက်တာတင့်ဇော်ဦး

စက်မှုနိုင်ငံများ တည်ထောင်ကြရာတွင် အစိုးရများက သဘာ၀၀န်းကျင် မပျက်စီးစေရန် ဥပဒေများ ပြဌာန်းထားလေ့ရှိသည်။ ဥပဒေများတွင် လူထုကာကွယ်ရေးကိစ္စရပ်များအတွက် ၀န်းကျင်ထိပါး ဆန်းစစ်ချက်များကို တင်ပြရန် ဖော်ပြထားသည့် နိုင်ငံများရှိသလို မဖော်ပြထားသော နိုင်ငံများရှိသည်။ မည်သို့ပင်ဖြစ်စေကာမူ လူထုအနေဖြင့် မိမိတို့မှာ ဘေးအန္တရာယ်များ ကြုံတွေ့လာပါက စီမံကိန်းများကို ရပ်တန့်ပစ်နိုင်သော စွမ်းရည်ရှိပါသည်။

အီကွေဒေါတိုင်းပြည်၏ Andes တောင်တန်းကလေးများတွင် တောထူထူလှပသော နေရာလေးတခု ရှိသည်။ ထိုနေရာတွင် Junin လူမျိုးစုများ တောင်ယာလုပ်ကိုင်စားသောက်ကြသည်။ ဆင်းရဲကြသော်လည်း ၎င်းနေရာတွင် အသက်မွေးဝမ်းကျောင်းလာသည်မှာ နှစ်ပေါင်းရာချီရှိပြီ။ မကြာသေးသော ကာလတခုတွင် သူတို့ဒေသ၌ ကြေးနီသတ္တုမိုင်းကြီးတခု လာရောက်လုပ်ကိုင်မည်ဆိုသော စိန်ခေါ်မှုတခုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

ဂျပန် Company တခု ရောက်လာပြီး သူတို့ဒေသမှာ တူးဆွရှာဖွေမှုများ လုပ်လာသည်။ Company မှ လမ်းများ ဖောက်ပေးမည်။ ဆေးခန်းများ ဆောက်လုပ်ပေးမည်။ ကျောင်းများ ဆောက်ပေးမည် အစရှိသည့် မက်လုံးကတိများ ပေးလာသောအခါ တူးဆွရှာဖွေမှုများကို လူထုက ခွင့်ပြုထားလိုက်သည်။ နောက်ဆုံး ကုမ္မဏီမှ Copper သတ္တုကြောကြီး တွေ့သွားသည်။ Junin ဒေသခံလူထုလည်း သူတို့ ရေအရင်းအမြစ်များတွင် သတ္တုတူးဆွရှာဖွေ စွန့်ပစ်ပစ္စည်းတွေကြောင့် ညစ်ညမ်းနေပြီဆိုသည်ကို သိရှိလာကြသည်။ နောက်ပိုင်း လူအများအပြားတွင် အရေပြားယားယံ အကွက်ပေါ်ခြင်း အပါအ၀င် အခြား ကျန်းမာရေးပြဿနာပေါင်းစုံ ဖြစ်ပွားလာပါသည်။

ထို့ကြောင့် လူထုမှ Company ကို တူးဆွမှုများ ရပ်ပစ်ရန် တောင်းဆိုကြသည်။ ကုမ္ပဏီက မရပ်သည့်အတွက် လူထုလှုပ်ရှားမှုများ ဖြစ်လာသည်။ သတ္တုရှာဖွေရေးလုပ်သားများ အားလပ်ရက် အဝေးရောက်နေချိန်မှာ ရွာသူရွာသား ရာပေါင်းများစွာသည် သူတို့၏ စခန်းအထဲ ၀င်သွားပြီး မိုင်းတူးကိရိယာ၊ ပရိဘောဂ၊ အခြားတန်ဖိုးရှိသောအရာများကို စခန်းအထဲမှ ဖယ်ရှားပြီး အာဏာပိုင်တွေဆီ အပ်ထားလိုက်သည်။ ထို့နောက် စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြသည်။ ထိုအကြောင်းကို ကုမ္မဏီက သိရှိသွားပြီး လုပ်ငန်းရပ်ဆိုင်းလိုက်သည်။ ထိုနောက် ကနေဒါမှ ကုမ္ပဏီတခုဆီသို့ မိုင်းတွင်းတူးလုပ်ငန်းကို ရောင်းချလိုက်သည်။

လူထုစုစည်းမှုကို ဖြိုခွဲပစ်ရန် ကနေဒါကုမ္ပဏီမှ ကြိုးစားလာသည်။ Junin ဒေသခံများ ပိုင်ဆိုင်သော မြေများကို ငွေကြေးမြောက်မြားစွာ ပေးပြီး ၀ယ်ယူသည်။ တချို့က ရောင်းကြသည်။ တချို့က မရောင်း။ သည့်အတွက် ပဋိပက္ခဖြစ်လာနိုင်ကြောင်း ကုမ္ပဏီက သိရှိခဲ့သည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်နိုင်ရန် ဆရာဝန်တဦး ထားပေးပါ၏။ သို့သော် သတ္တုတွင်းဆောက်လုပ်ခြင်းကို သဘောတူကြောင်း စာရွက်မှာ လက်မှတ်ထိုးပေးသော လူများကိုသာ ကြည့်ရှုပေးခြင်းဖြစ်သည်။ ထိုသို့ တရားမျှတမှုမရှိသည့် လုပ်ရပ်များကို အခြားနိုင်ငံများက သိရှိပြီးနောက် ဖျားနာနေသော လူများကို ကုသပေးနိုင်ရန် အပြည်ပြည်ဆိုင်ရာ ကူညီထောက်ပံ့ရေးသမားများမှ ကျန်းမာရေးလုပ်သားတဦး စေလွှတ်ပေးပါသည်။

အီကွေဒေါနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ မစတင်ခင် EIA (Environmental Impact Assessment) ဆိုသည့် ၀န်းကျင်ထိပါး ဆန်းစစ်ချက်များ တင်ပြရန် ဥပဒေ ရှိထားသည်။ Junin လူထုမှ မိမိမြေကို ကာကွယ်နိုင်ရန် EIA ကို သူတို့အတွက် လက်နက်သဖွယ် အသုံးပြုနိုင်ကြောင်း သိရှိထားကြသည်။


EIA ကို အသေအချာ မလုပ်ဆောင်ပါက မိုင်းတွင်းဆောက်လုပ်မှုကို အစိုးရက ခွင့်ပြုရန် ငြင်းပယ်နိုင်သည်ကို လူထုမှ သိရှိထားကြသည်။ သမာသမတ်ကျသော EIA တွင် Copper သတ္တုတူးဖော်ရေးကြောင့် လူများ အတင်းအဓမ္မ ပြောင်းရွှေ့ခံရခြင်း၊ လေထုညစ်ညမ်းခြင်း၊ ရေလမ်းကြောင်းပျက်စီးပြောင်းလဲခြင်း၊ အမှိုက်သရိုက်များ၊ သတ္တုများ၊ အခြားအဆိပ်ဓာတ်များကြောင့် ညစ်ညမ်းမှုဖြစ်ပွားခြင်း ... အစရှိသည့် ၀န်းကျင်ထိပါးမှုများကို ဖော်ပြရမည်ဆိုသည်ကိုလည်း သိရှိထားကြသည်။ ထို့ကြောင့် လူထုမှ ဥပဒေကို အသုံးချပြီး အသာယူဖို့ ဆုံးဖြတ်လိုက်ကြသည်။ ကုမ္ပဏီက EIA လုပ်ဆောင်ပြီးကြောင်း ကြေညာပြီးသော်လည်း ပြည့်စုံမှုမရှိဟုဆိုကာ အစိုးရမှ ပယ်ချလိုက်ပါသည်။ Junin ဒေသတွင် ကြေးနီသတ္တု တူးဖော်ရေးလုပ်ငန်းကြီး ရပ်တန့်သွားတော့သည်။

တရားဥပဒေဘောင်အတွင်းက ဆောင်ရွက်ခြင်းများအပြင် လူထုမှ တိုက်ရိုက်လှုပ်ရှားမှုများကိုလည်း လုပ်ဆောင်ကြပါသည်။ မိမိနယ်မြေအထဲ Company ၀င်ရောက်မလာစေရန် လမ်းပိတ်ခြင်း၊ ဒေသဆိုင်ရာ အာဏာပိုင်များက မိမိတို့ဒေသကို သတ္တုမတူးရနယ်မြေအဖြစ် သတ်မှတ်ကြေညာခြင်း ... စသောနည်းလမ်း ပေါင်းစုံအသုံးပြုကာ Copper သတ္တုမိုင်းကြီးကြောင့် မိမိတို့အိမ်ယာများ ဖျက်ဆီးခံရမည့်ဘေး၊ သစ်တောများ ပြုန်းတီးမည့်ဘေးနှင့် ရေအရင်းအမြစ်များ ပျက်စီးမည့် ဘေးများကို Junin လူထုမှ ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။

EIA အကြောင်း

ပတ်ဝန်းကျင်နှင့်ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများအတွက် ရုန်းကန်လှုပ်ရှားနေရသောလူထုများမှာ ဘေးအန္တရာယ်များကို လျစ်လျူရှုကာ သဘာဝသယံဇာတ ထုတ်လုပ်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုသာ ဦးစားပေးတတ်သော အစိုးရနှင့် စီးပွားရေးအဖွဲ့အစည်းကြီးများ၏ ဆန့်ကျင်ဘက်ပြုမှုနှင့် အကြမ်းဖက် ဆက်ဆံခံရမှုများကို ကြုံတွေ့ရလေ့ရှိသည်။ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များကြောင့် ဒေသခံများ ဖယ်ထုတ်ခံရခြင်း၊ ဆိုးရွားလှသော ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်စေခြင်း၊ လူထုလုံခြုံမှုကို ခြိမ်းခြောက်ခြင်း၊ အဆိပ်ဓာတ်များကြောင့် ကျန်းမာရေးပြဿနာများ ပေါ်ပေါက်လာခြင်းတို့ ဖြစ်လေ့ရှိသည်။ အစိုးရများ၏ လူထုကာကွယ်ရေးဆိုင်ရာ ဥပဒေပြုမှုများကိုပင် ငွေကြေးပေါကြွယ်လှသော
စီးပွားရေးကော်ပိုရေးရှင်းကြီးများမှ တားဆီးထားနိုင်တဲ့ အင်အားရှိကြသည်။

ဒေသဆိုင်ရာနှင့် နိုင်ငံတော်ဥပဒေများ၏ အကူအညီကို မရရှိပါက နိုင်ငံတကာဥပဒေများမှ အကာအကွယ် ရယူနိုင်သည်။ လူထုမှ ပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးများ ရပိုင်ခွင့်ရှိ၏ ဆိုသော Idea မှာ ဥပဒေရေးရာနယ်ပယ်တွင် လူသိနည်းလှသည်။


စက်မှုလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ တိုးပွားလာပါသည်။ ထို့ကြောင့် အစိုးရများ၊ စက်မှုလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီများအနေဖြင့် ဆုံးဖြတ်ချက်ချပြီးမှ ကြံရွယ်နိုင်သော EIA ဆိုသည့် ကိရိယာတခုကို ဥပဒေအရ လိုအပ်လာကြသည်။

စီမံကိန်းတခု၏ လူ၊ တိရိစ္ဆာန်၊ မြေ၊ ရေ၊ လေ အရည်အသွေးများအပေါ် မည်သို့မည်ပုံ သက်ရောက်မှု ဖြစ်နိုင်ကြောင်း EIA တွင် ဖော်ပြရမည်။ (စီမံကိန်းများတွင် လမ်းဖောက်၊ သတ္တုတူးဖော်၊ လေဆိပ်ဆောက်၊ နောက် အခြား စက်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပါဝင်ပါသည်)

လူမှုရေးပြဿနာများဖြစ်သော ရွှေ့ပြောင်းနေထိုင်ရခြင်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ဆုံးခြင်း (ဘိုးစဉ်ဘောင်ဆက် အသက်မွေးဝမ်းကျောင်းမှု၊ သမိုင်းဝင်နေရာများ၊ ဘာသာရေး အထွတ်အမြတ်နေရာများ စသည်) တို့ကိုလည်း တင်ပြပေးရမည်။ စီမံကိန်းကို မဖြစ်မနေ ဆောင်ရွက်ရမည်ဆိုပါကလည်း EIA ရှိသည့်အတွက် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ပါမည်။ ကော်ပိုရေးရှင်းတခုတည်း သို့မဟုတ် လူထုနှင့်အစိုးရ ပူးပေါင်းပါဝင်ကာ EIA ပေါ်ထွက်လာအောင် ဆောင်ရွက်နိုင်သည်။

EIA ၏ အခြေခံလုပ်ဆောင်မှု ၂ ခုမှာ ...

၁။ စီမံကိန်းကြောင့် ထိခိုက်မှုများလေ့လာခြင်းနှင့် ထိခိုက်မှုများကို ဖော်ပြထားသော အစီရင်ခံစာ ရေးသားခြင်း၊ စီမံကိန်းကို အကောင်အထည်ဖော်မည့် Company ၏ တာဝန်သာဖြစ်သည်။ လူထုပါဝင်မှု ရှိရှိ မရှိရှိ ရသည်။

၂။ လူထု တွေ့ဆုံအစည်းအဝေးများ ပြုလုပ်ခြင်းဖြင့် ထိခိုက်ခံရမည့် ဒေသခံများကို စီမံကိန်းမစခင် သုံးသပ် အကဲဖြတ်ရန် ခွင့်ပြုခြင်းဖြစ်သည်။


EIA ကို ကြိုတင်သတိထားခြင်း စည်းမျဉ်း (Precautionary Principle) ဖြင့် လမ်းကြောင်းပေးကာ ရေးဆွဲပါမှ သမာသမတ်ကျလိမ့်မည်။

Precautionary Principle ၏ ဖွင့်ဆိုချက်မှာ...

အကယ်၍ တစုံတရာသည် အန္တရာယ်ကို ဖြစ်စေနိုင်သည်ဟု ယုံကြည်ရန် အကြောင်းပြချက်ရှိပါက သေချာကြောင်း မသိရှိသေးသော်လည်း အန္တရာယ်ကို စွန့်စားလုပ်ဆောင်ခြင်းထက် ရှောင်ကွင်းလိုက်ပါက ပိုမိုကောင်းမွန်ကြောင်း ဟူ၍ဖြစ်သည်။

ထိုစည်းမျဉ်းမှာ နိုင်ငံအများစုရှိ စည်းမျဉ်းများ ၏ ဆန့်ကျင်ဖက်။ အန္တရယ်ရှိလာမှ ရပ်ဆိုင်းမည်ဆိုသော စည်းမျဉ်းကိုသာ သုံးနေကြသည်။၎င်းစည်းမျဉ်းမျိုးကိုDead Bodies Principle (လူသေကောင် စည်းမျဉ်း) ဟုခေါ်၏။

Company အများစုမှာ လူထုပါဝင်မှုကို မဖိတ်ခေါ်ခင် EIA အစီရင်ခံစာများကို ရေးထားလေ့ရှိသည်။ EIA နှင့် ပတ်သက်သော အစည်းအဝေးများကို လူထုမှ သိရှိစေရန် လုပ်ဆောင်ခြင်းမရှိ။ သို့မဟုတ် လူထုမှ အစည်းအဝေးများကို လက်လှမ်းမမီစေရန် ဖန်တီးထားလေ့ရှိသည်။

EIA ဖော်ဆောင်ရေးတွင် လူထုမှ ပါဝင်ဆောင်ရွက်ခြင်းသည် အခွင့်အရေးတရပ် ဖြစ်သည်။ လူထု ပါဝင်လာပါက Company က ပေးသော အချက်အလက်များသာမက နေရာပေါင်းစုံမှ အချက်အလက်များ စုံလင်စွာ ရရှိလာမည်။ ဖြစ်လာနိုင်သော ဘေးအန္တရာယ်များကိုလည်း နားလည်လာစေရန် အချိန်ရလာမည်ဖြစ်သည်။

EIA ဖော်ဆောင်ရေးတွင် ပါဝင်ခြင်းဖြင့် မိမိလူထုကို ပညာပေးစည်းရုံးခြင်းဖြစ်သလို ရေရှည်အတွက် မိမိတို့ ကျန်းမာရေးနှင့် အရင်းအမြစ် ကာကွယ်ရေးလုပ်ငန်းများကို ပိုမို ထိရောက်စွာ လုပ်ဆောင်လာနိုင်မည် ဖြစ်သည်။

အန္တရာယ်ရှိသော စီမံကိန်းများကို အမြဲ ရပ်တန့်နိုင်လေ့မရှိ။ သို့သော် EIA သည် ဒေသခံလူထုကို ကာကွယ်မှုပေးနိုင်သည်။

EIA တွင် လူထုအသံ ပါဝင်ရန် တောင်းဆိုနိုင်သည်။ လူထုကိုယ်စားလှယ်ရှိပါက (သို့မဟုတ်) အစိုးရကိုယ်စားလှယ်များကို ခန့်ထားပါကလည်း ထိုသူတို့သည် သတင်းစကားများကို လူထုထံ ပြန်လည်ဖြန့်ဝေ ရှင်းပြရမည်။

EIA အစီရင်ခံစာတခုလုံးကို လူထုမှ ဖတ်ရှုခွင့်ရှိပါသည်။ အကျဉ်းချုပ် (သို့မဟုတ်) တစိတ်တပိုင်း အစီရင်ခံစာများကို လက်မခံသင့်။

EIA အစီရင်ခံစာများတွင် လုံခြုံရေးအန္တရာယ်များ၊ လူမှုရေးအန္တရာယ်များ၊ ကျန်းမာရေးအန္တရာယ်များ၊ (အညစ်အကြေး) ရှင်းလင်းရေး ကုန်ကျစရိတ်များ ...စသည့် အခန်းကဏ္ဍများ ပါဝင်လေ့ရှိသည်။ Company မှ လူထုကို အသိမပေးလိုသော အကြောင်းအရာများဖြစ်သည်။

EIA တွင် ဖော်ပြထားသော ပြဿနာအပြင် မဖော်ပြထားသော ပြဿနာများကို မီဒီယာ၊ အစိုးရအရာရှိများနှင့် လူထုမှ သိရှိနိုင်ရန် ဝေငှဖြန့်ဝေကြရမည်။ လူထုမှ သိရှိထားပါမှ အန္တရာယ်ကြီးမားလှသော စီမံကိန်းများကို အားကောင်းကျယ်ပြန့်စွာ ဆန့်ကျင်ကန့်ကွက်နိုင်ပါမည်။

အချက်အလက်များကို နိုင်ငံတကာဆိုင်ရာအဖွဲ့အစည်းများ (ဥပမာ- ကမ္ဘာ့ကုလသမဂ္ဂ) အထိ ရောက်ရှိအောင် ဖြန့်ဝေနိုင်ပါသည်။ သို့မှသာ လူထုအရေးကို တုံ့ပြန်ဆောင်ရွက်ပေးရန် အစိုးရများနှင့် စီးပွားရေး ကော်ပိုရေးရှင်းကြီးများကို ဖိအားပေးနိုင်ပါလိမ့်မည်။


ဖော်ပြခဲ့သော ဆောင်းပါးတွင် ...

(၁) သတ္တုတွင်း တူးဖော်ရေးလုပ်ငန်းကြောင့် ပတ်ဝန်းကျင်ထိခိုက်ပြီး ဒေသခံလူထုများ ကျန်းမာရေးထိခိုက်နိုင်ကြောင်း။
(၂) လောဘဇောကပ်နေသော စီးပွားရေးသမားများမှ လူထုအသံကို နားမထောင်ပုံ။ လူထုညီညွတ်မှုကို ငွေကြေး အသုံးပြုကာ ဖြိုခွဲရန် ကြိုးစားပုံ။
(၃) နိုင်ငံတိုင်းမှာ သတ္တုတူးဖော်ရေး ... စသော စက်မှုလုပ်ငန်းဆိုင်ရာ ဥပဒေများကို တိတိကျကျ
ပြဌာန်းထားရန် လိုအပ်ပုံ။
(၄) EIA အစီရင်ခံစာများ အရေးကြီးပုံ။
(၅) ပြည်သူလူထု၏ စုစည်းညီညွတ်မှုအားဖြင့် မိမိတို့ အန္တရာယ်များကို တွန်းလှန်ရန် ဥပဒေအကာအကွယ် တခုတည်းသာမက တခြား သင့်လျော်သော နည်းလမ်းများကို အသုံးပြုကြကာ အောင်ပွဲရစေရန် ကြိုးပမ်းပုံများကို သိရှိနိုင်ပါသည်။

ထို့ကြောင့် လူထု၏အားကို အထင်မသေးကြပါရန်၊ ဆင်းရဲသားများကို အနိုင်မကျင့်ကြပါရန်နှင့် ပြည်သူ့ကိုယ်စားလှယ် ဆိုသူများမှလည်း ပြည်သူ့ကာကွယ်ရေးဥပဒေများ ကြိုးစားရေးဆွဲပေးရန်။ တောင်းဆိုပေးရန်။ Honest (သမာသမတ်ကျသော) EIA များ ဖြစ်မဖြစ် ဆန်းစစ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အီကွေဒေါမှ Junin ဆင်းရဲသားလူထု အောင်ပွဲရခဲ့သလို ကမ္ဘာပေါ်ရှိ လူထုတိုင်း အောင်ပွဲရနိုင်သည်။ မိမိဒေသ ထိခိုက်မှုမရှိစေရန်အတွက် လူထုမှ တွန်းလှန်လှုပ်ရှားခြင်းသည် လူ့အခွင့်အရေးပင် ဖြစ်ပါကြောင်း ပြည်သူလူထုကို လေးစားစွာ တင်ပြလိုက်ရပါသည်။

ဒေါက်တာတင့်ဇော်ဦး
၂-၃-၂၀၁၂

စာကြွင်း ။ ။ EIA လက်နက်ကိုင်စွဲ၍ မအောင်မြင်နိုင်ပါက တရားမမှုဖြင့် တရားစွဲဆိုကြသည်။ နောက်ဆောင်းပါးများတွင် တရားစွဲပုံ နည်းလမ်းများကို တင်ပြပါမည်။ အထက်ပါ ဆောင်းပါးသည် နိုင်ငံများ၏ စက်မှုတည်ဆောက်မှု လုပ်ငန်းစီမံချက်များကို ဆန့်ကျင်တိုက်ခိုက်ခြင်း၊ လက်ခံခြင်း သဘောကို မဆောင်ပါ။ လူထုနှင့် သဘာ၀၀န်းကျင် ကာကွယ်ရေးကိစ္စများကိုသာ တင်ပြခြင်းဖြစ်သည်။
အပြည့်အစုံသို့...

Wednesday, March 7, 2012

မြန်မာ့နိုင်ငံရေးရာသီဥတု သင်ပုန်းကြီးဖတ်စာ

မြန်မာ့နိုင်ငံရေးရာသီဥတု သင်ပုန်းကြီးဖတ်စာ
စိန်သံလုံး

၁။ ဒီကနေ့ မြန်မာပြည်ရဲ့ နိုင်ငံရေးမိုးလေ၀သ ရာသီဥတုကောင်းပါရဲ့လား။
၂။ နိုင်ငံရေးရာသီဥတု ကောင်းသလိုလို ရှိပါသည်။
၃။ သို့သော် မုန်တိုင်းကိုတော့ သတိထားရမည်။
၎။ ရာသီဥတု ကောင်းပါစေဟု ပြည်သူတွေ ဆုတောင်းနေကြသည်။
၅။ နေပြည်တော်နဲ့ အနီးတ၀ိုက် သာယာနေပါသည်။
၆။ သို့သော် ကျေးရွာများတော့ မပါဝင်ဘဲ ဖြစ်နေသည်။
၇။ နေပြည်တော်အနီး နေပြည်တော်စာရင်းဝင် ကျေးရွာများဖြစ်သည်။
၈။ ကျပ်ပြေးလို့ နာမည်ပြောင်းထားတဲ့ သပြေကုန်းက ၀န်ထမ်းတွေ စားဝတ်နေရေး ကျပ်နေတုန်းမို့ ပြေးရန် ကြိုးစားနေတယ်လို့ သတင်းကြားရသည်။
၉။ ကျပ်ပြေးကို နာမည်ပြောင်းပေမယ့် ပြန်ကပြေးဆိုတဲ့ ကျေးရွာ ခုထိ နာမည်မပြောင်းနိုင်သေးဟု သိရသည်။
၁၀။ နေပြည်တော်ရောက်ရင် ပြန်ပြီး ပြေးရမယ်လို့ ဆိုလိုတာလား။
၁၁။ ကြံဖွတ်နဲ့အပြိုင် ရွေးကောက်ပွဲဝင်မယ့်သူတွေ ပြန်ပြီး ပြေးစေချင်သည်ဟု ကြားရသည်။
၁၂။ မဲဆွယ်စည်းရုံးမှုတွေမှာ တားဆီး၊ ကန့်သတ်၊ ထိန်းချုပ်မှုတွေရှိကြောင်း ကိုယ်တိုင်ရေးတဲ့ ဇေယျာသော် သီချင်းဆိုနေသည်။
၁၃။ ပြည်ထောင်စုကော်မရှင်ဥက္ကဋ္ဌကတော့ လွတ်လပ်ပြီး တရားမျှတစေရမည်လို့ အာမခံနေသည်။
၁၄။ သူကိုယ်တိုင် ရာထူးအဖြုတ်ခံပြီး မှန်ကန်သည့်ဘက်မှ ခေါင်းခံမည်ဟု ကြွေးကြော်နေသည်။
၁၅။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရဲရဲကြီး မယုံရဲတော့ဘူးတဲ့၊ နောက်ကြောင်း ပြန်လှည့်မှာကို စိုးရိမ်နေပုံရသည်။
၁၆။ ယုံကြည်မှုမရှိပါက နိုင်ငံရေးရာသီဥတု ဆိုးနိုင်ပါသည်။
၁၇။ ငြိမ်းချမ်းရေးကိစ္စတွေမှာ ယုံကြည်မှုက အဓိက ဖြစ်သည်။
၁၈။ ကြားဖြတ်ရွေးကောက်ပွဲကိစ္စလည်း ယုံကြည်မှုက အဓိက ဖြစ်သည်။
၁၉။ မဲရုံတွေမှာလည်း မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှုက အဓိက ဖြစ်သည်။
၂၀။ မဲပေးမယ့် ပြည်သူတွေလည်း အမတ်လောင်းတွေကို ယုံကြည်မှုက အဓိက ဖြစ်သည်။
၂၁။ မဲရုံဝန်ထမ်းတွေ မျှတရိုးသားဖို့ကလည်း ယုံကြည်မှုက အဓိက ဖြစ်သည်။
၂၂။ မဲရေတွက်သူတွေအတွက်လည်း ယုံကြည်မှုက အဓိက ဖြစ်သည်။
၂၃။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကလည်း ယုံကြည်မှုက အဓိက ဖြစ်သည်။
၂၄။ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေကိုလည်း ယုံကြည်မှုက အဓိက ဖြစ်သည်။
၂၅။ အမိန့်အာဏာတွေကိုထုတ်လည်း ယုံကြည်မှုက အဓိက ဖြစ်သည်။
၂၆။ နိုင်ငံရေးပါတီတွေကိုလည်း ယုံကြည်မှုက အဓိက ဖြစ်သည်။
၂၇။ နာမည်ခံလုပ်စားနေတဲ့ ပါတီတချို့ကိုလည်း ယုံကြည်မှု အဓိက ဖြစ်သည်။
၂၈။ ပါတီဥက္ကဋ္ဌ အမည်ခံပြီး သူ့လူကိုယ့်ဘက်သား လုပ်နေသူတွေကိုတော့ ယုံကြည်ရန်မလိုပါ၊ ကြောက်စရာ ကောင်းသူများဖြစ်သည်။
၂၉။ ပါတီထောင်ပြီး ကန့်လန့်တိုက် ၀င်ရှုပ်နေသူများရဲ့ အကြံအစည်လုပ်ရပ်တွေက သိသာလွန်းပါသည်။
၃၀။ လူထုဘက်မှာ အာဏာရှိသည့် ဒီမိုကရေစီစနစ်ကို တချို့ဝန်ကြီးတွေတောင် မသိသေးကြောင်း ထင်ရှားနေပါသည်။
၃၁။ ပြန်ကြားရေးဝန်ကြီးက အစိုးရအဖွဲ့က ပြည်သူကို မိဘလို အုပ်ချုပ်ကြောင်း ပြောခဲ့ပါသည်။
၃၂။ နိုင်ငံတော်သမ္မတ၏ တနှစ်ပြည့် မိန့်ခွန်းတွင် မိဘပြည်သူများဟု သုံးနှုန်း ပြောဆိုခဲ့ပါသည်။
၃၃။ “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” ခေတ်မဟုတ်တော့ကြောင်း မသိသေးသူများ သိစေချင်ပါသည်။
၃၄။ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဖြစ်ကြောင်း သိစေချင်ပါသည်။
၃၅။ မတ်လ ၁ ရက်က ပြောသော သမ္မတမိန့်ခွန်းက အလွန်ကောင်းပါသည်။
၃၆။ အဲဒီမိန့်ခွန်းအတိုင်း ဖြစ်စေချင်ပါသည်။
၃၇။ အဲဒီမိန့်ခွန်းပါအတိုင်း မိဘပြည်သူများ ဂုဏ်ယူချင်ပါသည်။
၃၈။ သမ္မတကြီး ပြောတဲ့ တန်ဖိုးနည်းဖုန်း မြန်မြန်လိုချင်ပါသည်။
၃၉။ အောက်ခြေပြည်သူတွေ တဦးချင်းဝင်ငွေ မြင့်မားရေးကို အမြန်ဆုံး ဖြစ်ချင်ပါသည်။
၄၀။ လူလတ်တန်းစားအရေအတွက် မြင့်မားရေးကို ကြိုဆိုပါသည်။
၄၁။ လစာတိုးမည့် အသံဖြင့် တက်လာသော ကုန်ဈေးနူန်းများကို နှိမ်နင်းပေးစေချင်ပါသည်။
၄၂။ ရထားခ၊ ကားခ၊ မြို့ပတ်ရထားခ၊ အဝေးပြေးကားခ၊ ဓာတ်ဆီဈေးနူန်း၊ ဒီဇယ်ဆီဈေးနူန်းတွေ၊ မီတာခတွေ တိုးလာ၊ တက်လာ၊ ဈေးနှုန်းပြင်တာတွေကိုလည်း ဆင်ခြင်ကြစေချင်ပါသည်။
၄၃။ သူများကို ကုန်ဈေးနှုန်းချခိုင်းနေချိန်မှာ ဌာနဆိုင်ရာ ဈေးတွေမြှင့်တာ သဘာဝမကျဟု ထင်ပါသည်။
၄၄။ လေယာဉ်ခ ဈေးတက်တာ၊ ရွှေဈေးတက်တာ အောက်ခြေပြည်သူတွေနဲ့ မဆိုင်ပါ။
၄၅။ အောက်ခြေပြည်သူတွေရဲ့ စား၊ ၀တ်၊ နေရေး မထိခိုက်ဘူးဆိုရင် သမ္မတကြီး ပြောတာနဲ့ နီးစပ်လာပြီ ဖြစ်ပါသည်။
၄၆။ သမ္မတကြီး မိန့်ခွန်းထဲမှာပါတဲ့ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ၀န်ဆောင်မှုကဏ္ဍတွေ တမျိုးသားလုံးရဲ့ စီးပွားရေးအဆောက်အအုံကြီးတခုလုံး ဟန်ချက်ညီ တိုးတက်ရေးအတွက် လုပ်မယ်ဆိုပါက ပြည်ထောင်စုဝန်ကြီးအဆင့်၊ ပြည်နယ်တိုင်း ဒေသကြီးအဆင့် ၀န်ကြီးတွေ၊ ဦးဆောင်ညွှန်ကြားရေးမှူးနဲ့ ညွှန်ချုပ်တွေ၊ ညွှန်မှူးတွေ၊ ဦးစီးအရာရှိတွေ၊ စစ်ဘက်ရဲဘက်မှ တာဝန်ရှိသူတွေ၊ တိုင်း ခရိုင် မြို့နယ် ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ကြိုတင်ဆုံးမထားစေချင်ပါသည်၊ သူတို့က နေ့စဉ်ပြဿနာ ရှာနေ၍ ပြောရခြင်းဖြစ်ပါသည်။
၄၇။ သမ္မတကြီးက ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်မယ့် လမ်းပြမြေပုံ ချပြပြီးဖြစ်ပါသည်။
၄၈။ ပါဝင်ဖော်ဆောင်မယ့်သူများ ကြိုးစားကြစေချင်ပါသည်။
၄၉။ တခါတခါ မိုးသက်မုန်တိုင်းများ၊ လေပြင်းခြင်း၊ မိုးကြီးခြင်းများနှင့် ကြုံတွေ့နေရပါသည်။
၅၀။ ပြဇာတ်ကနေသည့် ဇာတ်ခုံတခုပေါ်က --- မင်းသား၊ မင်းသမီး၊ လူဆိုး၊ လူကြမ်း၊ ဗီလိန်နှင့် ဇာတ်ပို့ ဇာတ်ရန်၊ အခါပေး ဒါရိုက်တာ၊ မီးစတဘက် ရေမှုတ်တဘက်ကိုင်ပြီး ခြံစည်းရိုးခွထိုင်သူများ၊ အာပေါင်အာရင်းသန်သန်နဲ့ အပြောကောင်း စကောရောင်းသူများ၊ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီး ထိုးဖောက်ချင်သူများ၊ ဟန်ဆောင်အပြုံးနဲ့ အမုန်းခွန်အားပေးသနားနေကြသူများကို အထူးပြောချင်ပါသည်။ ဒီကနေ့မှစ၍ ... ဇာတ်သိမ်းခန်းကို ရောက်ပါပြီခင်ဗျား ...။     ။

စိန်သံလုံး

မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၃-၂၀၁၂ - ညပိုင်း)

- အမေရိကန် အမျိုးသမီးသူရသတ္တိဆု မြန်မာနိုင်/ကျဉ်းဟောင်း ရရှိ click
- ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ်အချို့တွင် မဲမသမာမှုများ တွေ့ရှိ click
- မဲဆန္ဒရှင်စာရင်း မှားယွင်းမှုများ ပြင်၍မရနိုင်တော့ဟု တိုင်းကော်မရှင်ဥက္ကဋ္ဌ ပြော click
- ကြိုတင်မဲ နှိုးဆော်ချက် ကော်မရှင် ထုတ်ပြန် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ (ရုပ်သံ) click
- ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့် BG သွေးလှူ (ရုပ်သံ) click
- ဟင်္သာတမြို့မှာ ဗုံးနှစ်လုံး ထပ်မံတွေ့ရှိ click
- မြစ်ဆုံအနီးက တန်ဖဲရွာသားများကို ပြန်လည်ပြောင်းရွှေ့ခိုင်း click
- KNU ခရိုင် ၅ ခုမှ အစိုးရတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုကို FBR ထုတ်ပြန် click
- KNPP အပစ်အခတ် ရပ်စဲရေး သဘောတူ click
- အစိုးရနဲ့ ကေအန်ပီပီ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုး click
- အပစ်အခတ် ရပ်စဲရေးအတွက် ကေအဲန်ပီပီနှင့် အစိုးရတို့ သဘောတူ လက်မှတ်ထိုး click
- သျှမ်းပြည်အစိုးရ နေပြည်တော်အဖြေသာ စောင့်နေရ click
- ကျောက်မျက်အချော လုပ်ကိုင်ခွင့် ဥပဒေကြမ်း ကချင်လွှတ်တော် သဘောတူ click
ကာတွန်း နေမျိုးအေး
- သမ္မတဦး​သိန်း​စိန်လက်ထက် ထာဝရငြိမ်း​ချမ်း​ရေး​ ရနိုင်မလား (ဆောင်းပါး) click
- အာဆီယံ၏ ဒီမိုကရေစီ ချိန်ခွင်လျှာ မြန်မာနိုင်ငံ၌ အချိုးပြောင်းပြန်ပြီလော (ဆောင်းပါး) click
- မီဒီယာ ဘယ်လောက် လွတ်လပ်ခွင့်ရနေသလဲ click
- ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် - ၁၂ (သံတိုင်ကြားက မှတ်တမ်းများ) click
- နာဂစ်မုန်တိုင်းကြောင့် သေဆုံးခဲ့ရသူတွေအတွက် ဘယ်သူမှာ တာဝန်ရှိလဲ (ရုပ်သံ) click
- ဇာဂနာရဲ့ Amnesty နှစ် ၅၀ ပြည့် အခမ်းအနား ပြက်လုံး “လွှတ်တော်က ကျပ်မပြည့်ဘူး” click
- လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ) click
- မော်ဒန်ဂျာနယ်ကို ဆောက်လုပ်ရေး အင်ဂျင်နီယာက တရားစွဲ click
- တပေါင်းလပြည့်နေ့ မနက် မူဆယ်၌ ဓားပြတိုက်မှု ဖြစ်ပွား click
- သိန်းကျော်တန်ဖုန်းများအကြောင်း ကြေညာချက် click
- ကသာဈေးမီး click
- ဒုက္ခသည်၏ ဆန္ဒကို ထိုင်းအာဏာပိုင်များ ကောက်ခံ click
- ထိုင်းပညာရေး မြန်မာဆရာမနှင့် မွန်ကျောင်းသူရဲ့ အမြင် (ဆောင်းပါး) click

ပြည်သူတွေ ဆင်းရဲနေတာဟာ အုပ်ချုပ်မှု မမှန်တာကြောင့်လို့ ပဲခူးတိုင်း စည်းရုံးရေးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်သံ)

မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၃-၂၀၁၂ - နံနက်ပိုင်း)

- ဦးဂမ္ဘီရကို နောက်တကြိမ် ဖမ်းဆီး click
- အရှင်ဂန္ဘီရကို အာဏာပိုင်တွေ ခေါ်ဆောင်သွား (အင်တာဗျူး) click
- ဦးဂန္ဘီရအား အာဏာပိုင်များ ခေါ်ဆောင်သွားကြောင်း သတင်းများ ထွက်ပေါ်နေ click
- တန်ဖဲရွာသားတချို့ သက်ဆိုင်ရာမှ ခေါ်သွား click
- KIO နဲ့ အစိုးရ တွေ့ခါနီး တိုက်ပွဲဖြစ် click
- KNPP နဲ့ အစိုးရ အပစ်အခတ်ရပ်စဲရေး မဆွေးနွေးခင် အကြိုညှိနှိုင်းမှု နှစ်ကြိမ် ပြုလုပ်ခဲ့ click
- အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ နိုင်ငံတကာ အဖွဲ့အစည်းတွေ လေ့လာမယ် click
- တဘက်က အနိုင်ရမှ အပစ်ရပ်ဖို့ ပြေလည်နိုင်မှာလား (ဆောင်းပါး) click
- ဟင်္သာတ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် မတ်လ ၆ ရက်နေ့ မနက်က ပေါက်ကွဲမှုဖြစ် click
- ၂၀၁၂ အမျိုးသမီး ရဲစွမ်းသတ္တိဆုရှင်တွေထဲ မြန်မာအမျိုးသမီးတဦး ပါဝင် click
- နိုင်ငံရေးအကျဉ်းသားတွေအတွက် နိုင်ငံရေးအကျဉ်းသားဟောင်းတွေက လှူ click
- ဧပြီ ၁ ရက်နေ့က စတင်ပြီး မြန်မာကျပ်ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် ပြောင်းလဲသတ်မှတ်မည် click
- နိုင်ငံခြားငွေလဲလှယ်နှုန်း ၈၀၀ ကျပ် ၀န်းကျင် ဖြစ်မယ် click
- ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားမည် click
- ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ခရီးစဉ် သတင်းများ စိစစ်ရေး တင်းကျပ် click
- ဒေါ်အောင်ဆန်းစုကြည် ပုဗ္ဗသီရိမြို့နယ်တွင် မိန့်ခွန်းဟောပြော (ဓာတ်ပုံသတင်း) click
- ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ပုဗ္ဗသီရိ ဟောပြောပွဲ (၁) (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ပုဗ္ဗသီရိ ဟောပြောပွဲ (၂) (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဇမ္ဗူသီရိ ဟောပြောပွဲ (၁) (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဇမ္ဗူသီရိ ဟောပြောပွဲ (၂) (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဒက္ခိဏသီရီ ဟောပြောပွဲ (ရုပ်သံ) click
- ပြည်သူတွေအတွက် တပ်မတော်ကို စည်းရုံးလှုံ့ဆော်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားအမတ်တွေနဲ့ တွေ့ click
- တိုင်းရင်းသားလွှတ်တော်အမတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click
- နေပြည်တော်မှာ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး click
- ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ (ဓာတ်ပုံ) click
- တောင်ငူမြို့ မိုင်ဒါကွင်းမှာ လူငယ်နဲ့ ပညာရေးအကြောင်း ဒေါ်အောင်ဆန်းစုကြည် အဓိကထား ပြောကြား (ရုပ်သံ) click
- မဲဆန္ဒရှင်အမည်စာရင်း အမှားအယွင်းတွေ တွေ့နေ click
- လွှတ်တော်ကိုယ်စားလှယ်များ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ click
- ချင်းကျောင်းသားများသမဂ္ဂ ဖွဲ့စည်းရေး တောင်ဖီလာ သဘောထားထုတ်ပြန်ချက် ဖော်ဆောင်ပြီ click
- သပိတ်ကျင်းမြို့နယ် အာဏာပိုင်တွေက မော်ဒန်ဂျာနယ်ကို တရားစွဲ click
- စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး အမေရိကန်-မြန်မာများ တိုက်တွန်းရန် သံရုံးက စည်းရုံးလှုံ့ဆော် click
- မြန်မာ-ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက်အငြင်းပွားမှု မတ်လ ၁၄ ရက်နေ့တွင် ကုလခုံရုံးက စီရင်ချက်ချမည် click
- ခေါင်းမြီးခြုံ စစ်အာဏာရှင်၏ ခေါင်းမြီးခြုံ စစ်ဆင်ရေး (ဆောင်းပါး) click
- ကျနော် ဖတ်ဖြစ်သော စာအုပ်တစ်အုပ် (ဆောင်းပါး) click
- ကျေးရွာဝါဒ ပြောင်းလဲနိုင်ပါ့မလား (ဆောင်းပါး) click
- သမ္မတကြီးအတွက် တမလွန်မဲ (ကာတွန်း) click
- အမှာစကား ပါး … ပါရစေ … (ကာတွန်း) click
- ကာ/လုံအထက်မှာ မည်သူမျှ မရှိစေရ (ကာတွန်း) click
- နှစ်နိုင်ငံ ဒေသအာဏာပိုင်များ ကျပ်ငွေသိန်းပေါင်း ၂,၅၀၀ တန်ကားလမ်း ဖွင့်ပွဲတက်ရောက်မည် click
- နိုင်ငံတကာ ကရင်အမျိုးသား ကွန်ဖရန့်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ (ရုပ်သံ) click
- နာဂစ်မုန်တိုင်းသင့် ကျောင်းများအား အဖွဲ့ချုပ် ပညာရေးရန်ပုံငွေ သိန်း ၄၀ လှူဒါန်း (၁) click
- နာဂစ်မုန်တိုင်းသင့် ကျောင်းများအား အဖွဲ့ချုပ် ပညာရေးရန်ပုံငွေ သိန်း ၄၀ လှူဒါန်း (၂) click
- မီးကြောင့် UN ကတ် ပျက်စီးသူစာရင်း အုန်းဖျန်တွင် ကောက်ယူ click
- ဆီးရီးယားလူမျိုး ၉,၀၀၀ လက်ဘနွန်သို့ ထွက်ပြေးကြောင်း ကုလ ခန့်မှန်း click
- IAEA ကို စစ်ဘက်အဆောက်အဦ၀င်းထဲ ၀င်ခွင့်ပြုနိုင် click
- ရီပတ်ဘလီကန် သမ္မတလောင်း ရွေးနေပြီ click
- ရီပတ်ဘလင်ကန် သမ္မတလောင်း အင်္ဂါနေ့မဲပေးပွဲ အဆုံးအဖြတ်ပေးနိုင် click
- ကွန်ဂရက်ပါတီ အူတာပရာဒက်ရှ်ပြည်နယ်မှာ ရှုံး click
- နိုင်ငံစုံက ဘီလျံချီလိမ်တဲ့ အမေရိကန်ဘဏ် click
- အင်တာနက် Hacker အဖွဲ့ Anonymous ခေါင်းဆောင်ကို ဖမ်းလိုက်ပြီ click
- မတ်လ ၆ ရက် တမိနစ် သတင်းဗွီဒီယို click
- ကမ္ဘာ့ပညာတတ်နှုန်း အမြင့်ဆုံး ၁၀ နိုင်ငံ click
- ၂၀၁၂ ထိုင်းမယ်ရွေးပွဲ (ဓာတ်ပုံ) click
- လူရွှင်တော် ရပ်ဆဲပီတာ click
0 comments

No comments:

Post a Comment