Sunday, 18 March 2012

Monday, March 19, 2012

မိုးအေး (DVB) တင်ဆက်သည့် “ပွင့်လင်းစပြုလာပြီလို့ ယူဆရတဲ့ နေရာဒေသတွေက သတင်းသမားတွေ တစုံတရာ သတိထားဆင်ခြင်စရာ စစ်မြေပြင် အမျိုးသမီးသတင်းထောက် ၂ ဦးအကြောင်း”

စစ်မြေပြင်သတင်းထောက်တွေလို့ နိုင်ငံတကာ သတင်းမီဒီယာလောကမှာ နာမည်ကြီးထင်ရှားတဲ့ အမျိုးသမီးသတင်းထောက် ၂ ယောက် ...။ တယောက်က ဒီကနေ့ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဆီးရီးယားမှာ အာဏာရှင်သမ္မတ အာဆတ် သစ္စာခံတပ်တွေ လက်ချက်နဲ့ သေဆုံးခဲ့ရ ...။ နောက်တဦးကတော့ ဒီကနေ့ အသွင်ကူးပြောင်းရေး စတင်မယ်ဆိုရင် စတင်လို့ရနေပြီဖြစ်တဲ့ အီဂျစ်နိုင်ငံမှာ လူစုလူဝေးနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသူ (အများအမြင်ကတော့ ပြုတ်ကျသွားတဲ့ အာဏာရှင်သမ္မတ မူဘာရက်ရဲ့ နောက်လိုက်တွေရဲ့ လက်ချက်လို့ ယူဆပါတယ်) ...။ အဆိုပါ စစ်မြေပြင် အမျိုးသမီးသတင်းထောက် ၂ ဦးကို ဂုဏ်ပြုရင်း၊ ဒီကနေ့ ပွင့်လင်းစပြုလာပြီလို့ ယူဆရတဲ့ နေရာဒေသတွေက သတင်းသမားတွေ တစုံတရာ သတိထားဆင်ခြင်စရာ ကောင်းတယ်လို့ ယူဆမိရင်း ဒီတပတ်အစီအစဉ်ကို ဖန်တီးဖြစ်ပါတယ်။ (မိုးအေး)

Sunday, March 18, 2012

အမျိုးသားသတင်းဆု ချီးမြှင့်ပွဲ (၁၈-၃-၂၀၁၂)

ပထမအကြိမ် အမျိုးသားသတင်းဆုရရှိသူများ
အကောင်းဆုံး သတင်းဆုရ ကုမုဒြာဂျာနယ်မှ အမျိုးသမီးသတင်းထောက်များ ဆုယူနေကြစဉ်
အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၈-၃-၂၀၁၂ - ညပိုင်း)

- NLD နိုင်မှာကို တရုတ်လုပ်ငန်းရှင်များ မစိုးရိမ်စေလို click
- ဒေါ်အောင်ဆန်းစုကြည် ရှည်းပြည်နယ်ခရီးစဉ်တွင် တရုတ်-မြန်မာဆက်ဆံရေးအကြောင်း​​ ​ပြောဆို click
- ဒေါ်အောင်ဆန်းစုကြည် လားရှိုးခရီးစဉ် click
- NLD စည်းရုံးရေး၊ ရွေးကောက်ပွဲ ပညာပေးဗီဒီယို ဖြန့်ဝေ click
- ဦးအောင်သောင်း၏ စည်း​ရုံး​​ရေး​ခရီးအတွင်း​ ယာဉ်တိုက်မှုကြောင့် လူတဦး ပွဲချင်းပြီးဆုံး click
- မြန်မာပြည်က ရွှေနှင့် မူးယစ်ဆေးတို့၏ ၀ိရောဓိ (ဆောင်းပါး) click
- ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူဦးရေ အဆမတန် ဖောင်းပွနေသည့် အခြေအနေ click
ကာတွန်း နေမျိုးအေး

ညောင်မြစ်တူးရင် ပုတ်သင်ဥတွေ ပေါ်မယ်

ညောင်မြစ်တူးရင် ပုတ်သင်ဥတွေ ပေါ်မယ်
စိန်သံလုံး

ခုတလော ညောင်မြစ်တူးလို့ ပုတ်သင်ဥတွေ ပေါ်နေတာ မြင်ရကြားရမှာပါ၊ လောကမှာ ပုပ်ရင် ပေါ်ပြီး ဟုတ်ရင် ကျော်တတ်ပါတယ်။ အခုလည်း ၀န်ကြီးဌာန ၆ ခုက အလွဲသုံးစားမှုတွေက သိန်းထောင်ချီပြီး ပေါ်ပေါက်လာတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ လိုက်ကြည့်ရင် ဘယ်သူတွေ တာဝန်ရှိသလဲ။ ဘယ်သူ့တပည့်တွေ အတင့်ရဲနေတာလဲ ဆိုတာကို အသေးစိတ်လိုက်မှ သိရမှာပါ။

အဲဒီဝန်ကြီးဌာန ၆ ခုကို ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်း မလိုက်နာမှုများနဲ့ စပ်လျဉ်းပြီးတော့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက ဖေဖော်ဝါရီ ၂၉ ရက်စွဲပါ သုံးသပ်တင်ပြခြင်း အစီရင်ခံစာ ၃/၂၀၁၂ နဲ့ အတည်ပြုခဲ့ပါတယ်။

အဲဒီအစီရင်ခံစာမှာ ပါဝင်တဲ့ ၀န်ကြီးဌာနတွေကတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မြန်မာ့အလင်း သတင်းစာတိုက် သတင်းစာဖိုး သိန်း ၂,၅၀၀ ကျော် အလွဲသုံးစားမှု၊ စက်မှု (၁) အမှတ် (၁) ဂျုံနဲ့ ဂျုံထွက်ပစ္စည်းစက်ရုံမှ မီးထိုးဆီ ဂါလံ နှစ်သိန်းကျော် ပြင်ပသို့ လွှဲပြောင်းရောင်းချသော အလွဲသုံးစားမှု၊ လယ်/ဆည်ဝန်ကြီးဌာန ဒေါပုံ ကော်ဇောပစ္စည်းစက်ရုံမှ ကျပ်သိန်းထောင်ချီ အရှုံးပေါ်နေခြင်းကို အမြတ်ငွေ ရရှိသည်ဟု လုပ်ကြံဖန်တီးထားသော နှစ်ချုပ်ရှင်းတမ်းဖြင့် အလွဲသုံစားမှု၊ စက်မှု (၂) အမှတ် (၁) အထွေထွေအကြီးစားစက်ရုံ (ရန်ကုန်) ၏ အရှုံးပေါ်နေသည့် လုပ်ငန်းနှင့် စာရင်းများကို အမြတ်ပေါ်အောင် ဖန်တီးရေးဆွဲထားသော အလွဲသုံးစားမှု (စက်မှု (၁) ၀န်ကြီးဌာနတွင် ယင်းကဲ့သို့ လိမ်လည်ဖန်တီးမှုများ လွန်စွာများပြားလျက်ရှိကြောင်း သိရသည်။ ဆက်လက် စစ်ဆေးဖော်ထုတ်ပါက အမှုပေါင်း ၂၀၀ ကျော် ပေါ်ပေါက်လာနိုင်မည် ဖြစ်ပါသည်။ ဥပမာ - ရန်ကုန်စက်ရုံနှင့် ကျောက်ဆည် စက်ဘီးစက်ရုံများ၏ မျက်လှည့်ပြ စာရင်းလိမ်လည်မှု၊ ဖန်တီးမှုများ ရှိနေသည်။)၊ သမ၀ါယမ၀န်ကြီးဌာနရဲ့ နိုင်ငံတော်ဘတ်ဂျက်မှ ခွင့်ပြုထားမှုမရှိတဲ့ အသုံးစရိတ်ကို ငွေစာရင်းလွှဲပြောင်းပြီး သုံးစွဲသော အလွဲသုံးစားမှု၊ သတ္တုတွင်းဝန်ကြီးဌာနမှ မုံရွာ ကြေးနီစီမံကိန်းရဲ့ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအတွက် ကျသင့်ငွေ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကို လွှဲပြောင်းရရှိထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင် (တပ်မတော် စီးပွားရေးကုမ္ပဏီ) က တရားဝင် ငွေသွင်းခြင်းမပြုဘဲ ဟောင်ကောင် WAHBO MINING COPPER LIMITED မှ ပေးချေထားတဲ့ အလွဲသုံးစားမှု ... စတဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးတွေ့ရှိမှု အစီရင်ခံစာများအရ ပေါ်ပေါက်လာတဲ့ ၀န်ကြီးဌာန ၆ ခုရဲ့ သိန်းထောင်ချီ အလွဲသုံးစားမှုများ ဖြစ်ပါတယ်။
အပြည့်အစုံသို့...
3 comments

No comments:

Post a Comment