Monday, 12 March 2012

Monday, March 12, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၂-၃-၂၀၁၂ - ညပိုင်း)

- မြစ်ဆုံဆည် ဆက်လုပ်ရန် ဆွေးနွေးမှု နယ်ပယ်အသီးသီးမှ ကန့်ကွက် click
- မြန်မာအစိုးရစစ်တပ် သဘောတူညီချက် မလိုက်နာ၊ SSA အား ထိုးစစ်ဆင်ဆဲ click
- ကျနော်တို့ တောင်းဆိုနေတာ ကိုယ်ပိုင်ပြဌာန်းခွင့်ပါ (အင်တာဗျူး) click
- ABSDF ၏ ဒုတိယအကြိမ် ပဏာမ ဆွေးနွေးပွဲ click
- ပဒိုမန်းငြိမ်းမောင်ကို ချက်ချင်းလွှတ်ဖို့ ကျောင်းသားလူငယ်မဟာမိတ်တွေ တောင်းဆို click
- ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် လို click
- ဦးဝင်းတင်၏ ၈၂ နှစ်ပြည့် စကားသဝဏ်လွှာ (ဓာတ်ပုံသတင်း) click
- ကိုဖုန်းမော် နှစ်ပတ်လည်နေ့ ကိုမင်းကိုနိုင် အမှာစကား (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် မဲဆန္ဒနယ် မဲစာရင်း လွဲမှားမှုဖြစ်နေ click
- ရွေးကောက်ပွဲဝင်ပါတီများ မဲစာရင်းပြဿနာနှင့် ရင်ဆိုင်နေရ click
- မဲပေးခွင့်ရှိသူများ အမည်စာရင်း မှားယွင်းဖော်ပြခွင့်နည်း အစိုးရ ကျင့်သုံးဖွယ်ရှိ click
- ဥတ္တရသီရိမြို့နယ် NLD ဆိုင်းဘုတ် ဖျက်ဆီးခံရပြန် click
- ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် လေ့လာ click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မွန်ပြည်နယ် ပြည်သူလူထုတို့ တွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်၏ မော်လမြိုင်မြို့နယ် မဲဆွယ်ဟောပြောမှု လူတသိန်းကျော် တက်ရောက် click
- ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင် စည်းရုံးရေးခရီး (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် မော်လမြိုင်မြို့ခရီးစဉ် (၁၁-၃-၂၀၁၂) click
- ဒေါ်အောင်ဆန်းစုကြည် သထုံ စည်းရုံးရေးခရီး (ရုပ်သံ) click
- ဒေါ်ဖြူဖြူသင်း မင်္ဂလာတောင်ညွှန့် မဲဆန္ဒရှင် ရပ်မိ/ရပ်ဖတွေနဲ့ တွေ့ (ရုပ်သံ) click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင် ရုံးခန်းသစ်ဖွင့်ပွဲ (ရုပ်သံ) click
- တိုင်းရင်းသားပါတီပေါင်းစုံ ပါဝင်သော အဖွဲ့ချုပ် ဖွဲ့စည်းမည် click
- မွန်အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် တွေ့ဆုံမေးမြန်းချက် click
- ကြံ့ခိုင်ရေးပါတီ ငွေပေး မဲဆွယ် click
- ကြံ့ခိုင်ရေးပါတီက အမည်ပြောင်း သိမ်းယူပြီး ကွန်ဒို ဆောက်လုပ်နေတာကို အယ်ဒီတာမှတဆင့် ပြည်သူတို့အား အသိပေးချင်ပါသည် click
- အမျိုးသားသတင်းဆု မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ချီးမြှင့် click
- အမေရိကန်နဲ့ မြန်မာအလုပ်သမားရေးရာအဖွဲ့ တွေ့ဆုံ click
- အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ လယ်သမားတွေရဲ့ သတင်းစာရှင်းလင်းပွဲ click
- စွန့်ပစ်မြေဇာများကြောင့် ဖားကန့် ဥရုချောင်း တိမ်ကောမည့်အရေး ရင်ဆိုင်နေရ click
- သို့/ သမ္မတကြီး ဦးသိန်းစိန်ရှင့် (ပေးစာ) click
- ဒုစရိုက်လုပ်ငန်း လိုင်းကြေးပေးဆောင်ရွက်နိုင် (ပေးစာ) click
- နွေရာသီ မွန်စာပေသင်တန်း သင်ကြားနေပြီ click
- လက်တော့ပ် ကိုင်မည့် မျိုးဆက်သစ်များ click
- အသွင်ပြောင်းကျောင်း (ဆောင်းပါး) click
- ကလေးတွေ ညံ့တာ အပြစ်မြင်သင့်သလား (ဆောင်းပါး) click
- တရံရောအခါက ကျောင်း (၀တ္ထုတို) click
- အခုတလောတွေမှာ (ကဗျာ) click
- မန်ယူ ဇယားထိပ် ရောက်လာတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) click

မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းမော်တော်ယာဉ်လိုင်းများ ဆန္ဒပြအရေးဆိုမှု ပြုလုပ်တော့မည်

မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းမော်တော်ယာဉ်လိုင်းများ
ဆန္ဒပြအရေးဆိုမှု ပြုလုပ်တော့မည်
သတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
မတ်လ ၁၂ ရက်၊ ၂၀၁၂ ခုနှစ်

မဲဆောက်မြို့တွင် မြန်မာနိုင်ငံ မြ၀တီဘက်မှ ခရီးသည်တင်မော်တော်ယာဉ် အစီးရေ ၁၀၀ ကျော် နေ့စဉ် ၀င်ရောက် ပြေးဆွဲနေသည့်အတွက် ထိုင်းမော်တော်ယာဉ်လိုင်းများ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသဖြင့် ဆန္ဒပြအရေးဆိုမှုများ ပြုလုပ်တော့မည်ဟု မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းယာဉ်မောင်းများက ပြောသည်။

ထိုင်းယာဉ်မောင်းတဦးဖြစ်သည့် နိုင်စုံချိုင်းက “ကျနော်တို့ ယာဉ်လိုင်းက အစီးရေ ၆၀ နီးပါး ရှိတယ်။ ကားတစီး တနေ့ သုံးလေးခေါက်ရဖို့ မလွယ်ဘူး။ ဒီအနေအထားနဲ့ ရေရှည်ရပ်တည်ဖို့ ခက်တယ်။ မဲဆောက်ကို လာတဲ့ မြန်မာခရီးသည်တင်ကားက တနေ့ကို အစီးရေ ၁၀၀ အထက်မှာ ရှိတယ်။ မြန်မာကားတွေ စနစ်တကျ ပြေးဆွဲဖို့ ထိုင်းတာဝန်ရှိသူတွေကို တင်ပြထားတာရှိပေမယ့် ဒီနေ့အထိ အဆင်ပြေအောင် စီစဉ်ပေးတာ မရှိသေးဘူး။ ဒီရက်ပိုင်းမှာမှ အဆင်မပြေရင် ကျနော်တို့ဘက်က မြန်မာကားတွေကို ဆန္ဒပြဖို့ အစီအစဉ်ကို လုပ်ရတော့မယ်” ဟု ပြောသည်။

ထိုင်းယာဉ်မောင်းများ၏ အဆိုအရ စည်းကမ်းတကျ သွားလာပြေးဆွဲခြင်းမရှိဘဲ မဲဆောက်မြို့တွင်းမြို့ပြင်ရှိ လူနေရပ်ကွက်များနှင့် အလုပ်ရုံစက်ရုံများသို့ ခရီးသည်များ လိုက်လံပို့ဆောင်ခေါ်ယူခြင်းများကြောင့် သတ်မှတ်လမ်းကြောအတိုင်းသာ ပြေးဆွဲနေရသော ထိုင်းယာဉ်လိုင်းများမှာ ခရီးသည်များ မရရှိကြကြောင်း မြန်မာကားဂိတ်ကို မဲဆောက်တွင် ထိုင်းအာဏာပိုင်များက သီးသန့်သတ်မှတ်၍ အလှည့်ကျစနစ်ဖြင့် ပြေးဆွဲမှုကို စီစဉ်ဆောင်ရွက်ပေးသင့်သည်ဟုလည်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

လက်ရှိ မဲဆောက်-မြ၀တီ ကမ်းနားသို့ ပြေးဆွဲနေသည့် ထိုင်းခရီးသည်တင်ကားမှာ အစီးရေ ၆၀ ခန့်ရှိပြီး မြန်မာနိုင်ငံ မြ၀တီနှင့် မဲဆောက်သို့ နေ့စဉ် ပြေးဆွဲနေသည့် မြန်မာခရီးသည်တင် မော်တော်ယာဉ်များနှင့် ကုန်တင်ကားငယ်များမှာ အစီးရေ ၁၀၀ ကျော်ခန့် ရှိသည်ဟု သိရသည်။

မြ၀တီ-မဲဆောက်လမ်းကြောတွင် ယခင်လဆန်းကစ၍ မြ၀တီရှိ ရွှေမြန်မာ ခရီးသည်တင်ယာဉ်လိုင်းမှ အစီးရေ ၉၀ ခန့်နှင့် ယခုလ ၃ရက်နေ့က စတင်ပြေးဆွဲသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ကလို့ထူးဘောအဖွဲ့မှ ယာဉ်အစီးရေ ၄၀ နှင့် မြ၀တီအခြေစိုက် အစိုးရဌာနဆိုင်ရာများမှ နားလည်မှုဖြင့် ပြေးဆွဲခွင့်ပြုထားသည့် တရားမ၀င် ကုန်တင်ကားငယ်များ ၁၀ စီးကျော် အပါအ၀င် နေ့စဉ် မြန်မာကားအစီးရေ ၁၀၀ ကျော် ပြေးဆွဲလျက်ရှိသည်။

မြ၀တီ-မဲဆောက် ပြေးဆွဲသည့် DKBA ကလို့ထူးဘော မော်တော်ယာဉ်လိုင်းမှ တာဝန်ရှိသူတဦးက လက်ရှိ မြန်မာယာဉ်လိုင်းများအပြင် အခြားကရင်ငြိမ်းချမ်းရေးအဖွဲ့တခုမှလည်း မဲဆောက်-မြ၀တီယာဉ်လိုင်းကို မကြာမီ ပြေးဆွဲရန် စီစဉ်နေသည်ဟု ပြောသည်။

မြန်မာခရီးသည်တင်ကားအစီးရေ ၁၀၀ ကျော်သည် မြ၀တီမှ မဲဆောက်သို့ ခရီးသည်တဦးလျှင် ထိုင်းဘတ်ငွေ ၅၀ နှုန်းဖြင့် ခရီးသည် ၂,၀၀၀ ခန့်ကို နေ့စဉ် ပို့ဆောင်ပေးလျက်ရှိပြီး အပြန်ခရီးတွင်လည်း ခရီးသည် ၁,၀၀၀ နီးပါးခန့် ရရှိသည်ဟု မြန်မာယာဉ်လိုင်း တာဝန်ရှိသူတဦးက ပြောသည်။

ထိုင်းယာဉ်မောင်းတဦးက “ထိုင်းအာဏာပိုင်တွေဘက်က ကိုယ့်လူမျိုးတွေဘက်က မရပ်တည်ဘူးဆိုရင်တော့ ပြဿနာတွေက ပိုပြီး ရှုပ်ထွေးလာနိုင်တယ်။ အခုကိစ္စမှာလည်း ထိုင်းဌာနဆိုင်ရာအချို့ရဲ့ မရိုးသားမှုနဲ့ တာဝန်ပျက်ကွက်မှုတွေကြောင့် ဒီအနေအထားတွေ ဖြစ်နေတာ” ဟု ဆိုသည်။

ထိုင်းဘက်ခြမ်း နယ်စပ်ချစ်ကြည်ရေးတံတားမှ မဲဆောက်သို့ ပြေးဆွဲနေသည့် ထိုင်းခရီးသည်တင် ယာဉ်စီးခမှာ ခရီးသည်တဦးလျှင် ထိုင်းဘတ်ငွေ ၂၀ ဖြစ်သည်။ မြ၀တီမှ မဲဆောက်သို့ နေ့စဉ် မြန်မာနိုင်ငံသားများ သောင်းဂဏန်းခန့် သွားရောက်ကြသည့်အနက် ချစ်ကြည်ရေးတံတားမှတဆင့် တရားဝင် သွားရောက်သည့် အရေအတွက်မှာ ၂,၀၀၀ ခန့်သာရှိပြီး ကျန်အရေအတွက်များမှာ ချစ်ကြည်ရေးတံတား၏ ဘေးဝဲယာရှိ လှေဂိတ်များမှတဆင့် တရားမ၀င် သွားရောက်ကြခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၂ နှစ်ကျော်က ထိုင်းခရီးသည်ယာဉ်လိုင်းက မြန်မာမော်တော်ယာဉ်များ ပြေးဆွဲမှုကို စနစ်တကျ ရှိစေရန် ဆန္ဒပြအရေးဆိုသည့်အနေဖြင့် ချစ်ကြည်ရေးတံတား ထိုင်းဘက် ၀င်ပေါက်ကို ထိုင်းခရီးသည်တင်ကား အစီး ၆၀ ခန့်နှင့် ပိတ်ဆို့ခဲ့သဖြင့် နှစ်နိုင်ငံချစ်ကြည်ရေး တင်းမာမှုများ ဖြစ်ပွားခဲ့သည့်အပြင် မြန်မာဘက်က ချစ်ကြည်ရေးတံတားကို ဖွင့်ချီပိတ်ချီ ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မှုများ ရှိခဲ့သည်ဟု နှစ်နိုင်ငံ ကုန်သည်ကြီးများအသင်းက ပြောသည်။

မဲဆောက်မြို့တွင် နေ့စဉ်ပြေးဆွဲနေသည့် မြန်မာယာဉ်လိုင်းများနှင့် မြန်မာခရီးသွားများ

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၂-၃-၂၀၁၂ - နံနက်ပိုင်း)

- ပြည်သူ့အသံ ပေါ်လွင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော click
- ပယ်ချခံ ကိုယ်စားလှယ်လောင်းများ ကော်မရှင်ထံ တင်ပြ click
- KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ယုံကြည်မှုမရသေး click
- သဘောတူညီချက် မရသေးသည့် KIO ဆွေးနွေးပွဲ click
- ဆားလင်းကြီး ဆန္ဒပြတောင်သူတွေကို အာဏာပိုင်တွေ လာတွေ့ click
- မတူပီတွင် CNF ဆက်ဆံရေးရုံး ဖွင့်လှစ်ရေး ပခုက္ကူ ချင်းတက္ကသိုလ်ကျောင်းသားများ ကြိုဆို click
- အခြေခံအလုပ်သမားသမဂ္ဂ (ယာယီ) ဖွဲ့စည်းရေး click
- သတင်းထောက်သမဂ္ဂ ဖွဲ့ဖို့ ရန်ကုန်မှာ စည်းဝေး click
- ဖုန်းမော်နေ့ အထိမ်းအမှတ် မုံရွာတက္ကသိုလ်ကျောင်းသားတွေ ကုသိုလ်လုပ် click
- ၀န်ကြီးဌာနတွေက ပြည်သူ့ဘဏ္ဍာတွေ မယိုဖိတ်အောင် ဘယ်လိုတားဆီးမလဲ (ဆွေးနွေးဖလှယ်) click
- ၁၉၆၂ နောက်ပိုင်း မြန်မာ့နိုင်ငံရေးသုံးသပ်ချက် (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- သူများတွေအတွက် ဦးဝင်းတင် (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- အကြွေးပိုင်ရှင် ဒေါက်တာစောဝါးထူး (ဆောင်းပါး) click
- အိမ်အတွက် ပူနေရဆဲလား ရန်ကုန်သူ ရန်ကုန်သား (ဆောင်းပါး) click
- မင်းတို့ ပြန်ဆုံတွေ့ကြတဲ့အခါ ... (ကဗျာ) click
- ကုလကိုယ်စားလှယ် ဆီးရီးယားခရီးစဉ် အဖြေမထွက်ဘဲ အဆုံးသတ် click
- ဆီးရီးယား ဆွေးနွေးပွဲ click
- ပါကစ္စတန် အကြမ်းဖက်တိုက်ခိုက်မှု ၁၅ ယောက် သေ click
- အမေရိကန်စစ်သားလက်ချက်ကြောင့် အာဖဂန်မှာ လူအများ သေဆုံး click
- သမ္မတ အိုဘားမားရဲ့ ၀မ်းနည်းစကား click

တန်ဖိုးနည်းဖုန်း လှုပ်ရှားမှု (ရုပ်သံ)

တပ်နှင့် ပြည်သူ စာစောင် - အမှတ် (၇)

The Army and the People (7)
0 comments

No comments:

Post a Comment