Tuesday, January 31, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၃၁-၁-၂၀၁၂ - နံနက်ပိုင်း)
- ကင်တားနား မြန်မာပြည် သွားမည် click
- လူ့အခွင့်အရေးကိုယ်စားလှယ် ခရီးစဉ် မနက်ဖြန် စမည် click
- မြန်မာ့လူ့အခွင့်အရေး အခြေအနေကို ကင်တားနား သွားလေ့လာမည် click
- အိန္ဒိယတက္ကသိုလ်ကြီးတခုက ဒေါ်အောင်ဆန်းစုကြည်ကို ဒေါက်တာဘွဲ့ ပေးမည် click
- အစိုးရသစ်မူဝါဒသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နည်းဗျူဟာသစ် (ဆောင်းပါး) click
- ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး NLD ပြင်ဆင် click
- ‘မဲဘယ်လိုပေးမလဲ’ စာအုပ် အန်အယ်လ်ဒီကို လှူ click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်း ခရီးစဉ် (ရုပ်သံ) click
- ဟာဗဲလ် ရေးပို့ခဲ့တဲ့စာ click
- ၈၈ ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင် အိမ်ပြန်ရောက် (ရုပ်သံ) click
- ရွှေဝါရောင်အရေးအခင်းကတည်းက ပျောက်ဆုံးနေသည့် သားအား မိခင်က စောင့်မျှော်နေ click
- အညတရအကျဉ်းသားရဟန်းတော်များ (၁၂) - အရှင်ပဏ္ဍဝံသ (ခ) ဦးပြည်ကျော် (ဆောင်းပါး) click
- ဗိုလ်မှူးကြီးဗထူးရဲ့သား ဗိုလ်ကြီးမြင့်ထူးအကြောင်း (ဆောင်းပါး) click
- ဗိုလ်မှူးဗထူး၏သား ရေကြည်အိုင်တွင် ကွယ်လွန်ခဲ့ click
- ရေရှည်ငြိမ်းချမ်းရေးအတွက် ချင်းနှင့် ရှမ်းပါတီ ပြော click
- မွန်ပြည်သစ်ကိုယ်စားလှယ်အဖွဲ့ သံဖြူဇရပ် ရောက် click
- ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ပါဝင်သွားမည်ဟု ကရင်အမျိုးသမီးများ ပြောဆို click
- ကရင်ဒေသ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ KWO ပါဝင်လို click
- မီဒီယာအလုပ်ရုံဆွေးနွေးပွဲ ရန်ကုန်တွင် ကျင်းပ click
- ပထမဆုံး မီဒီယာဖွံ့ဖြိုးရေး ဆွေးနွေးပွဲ ရန်ကုန်မှာ ကျင်းပ click
- မီဒီယာလွတ်လပ်ခွင့်အတွက် အကြံပြုမည့် အလုပ်ရုံဆွေးနွေးပွဲ စတင် click
- မီဒီယာအလုပ်ရုံဆွေးနွေးပွဲမှာ ပြည်တွင်းပြည်ပမီဒီယာများ တွေ့ဆုံခွင့်ရ click
- မီဒီယာအလုပ်ရုံဆွေးနွေးပွဲ ပြည်ပအခြေစိုက် မြန်မာသတင်းဌာနအချို့ တက်ရောက် click
- ပြည်ပအခြေစိုက် မြန်မာမီဒီယာများကိုပါ ဖိတ်ကြား၍ ပထမဆုံး မီဒီယာဖွံ့ဖြိုးမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ click
- လွတ်လပ်သော မီဒီယာသမဂ္ဂ ဦးစွာ ဖွဲ့စည်းသင့် click
- မီဒီယာဥပဒေကို လွတ်လပ်ခွင့်ပေးရေး အခြေခံနဲ့ ချဉ်းကပ်သင့် click
- စင်ကာပူထံ နည်းပညာအကူအညီ မြန်မာ တောင်းခံ click
- စင်္ကာပူက မြန်မာအစိုးရကို ကူညီမည် click
- စင်္ကာပူက မြန်မာကို နည်းပညာ ကူညီမယ် click
- ပိတ်ဆို့မှု ရုပ်သိမ်းချိန်တန်ပြီလား (ဆွေးနွေးဖလှယ်) click
- EU ၏ စီးပွားရေးပိတ်ဆို့မှုများကို တဆင့်ချင်း လျှော့သွားရန် FBE ဆွေးနွေးပွဲက တောင်းဆို (ရုပ်သံ) click
- မြေလွတ်မြေရိုင်း ဥပဒေကြမ်း လွှတ်တော်မှာ ဆွေးနွေး click
- မြေလွတ်မြေရိုင်း ဥပဒေ click
- မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် ပြောင်းလဲကိုင်ဆောင်ရန် ခက်ခဲနေ click
- မြန်မာအလုပ်သမားအရေး ပိုတိုက်တွန်းနိုင် click
- ၅,၀၀၀ တန် SIM Card မကြာမီ ရတော့မည်ဟု ဆိုပြန် click
- ငါးထောင်တန် SIM ကတ် ရောင်းချနိုင်ရန် ရွှေပြည်တံခွန်ကုမ္မဏီက ဆက်လက်လုပ်ဆောင်သွားမည် click
- မောင်တော အ.ထ.ကတွင် ကျောင်းသားများထံမှ အပိုကြေး ကောက်ခံနေ click
- တောင်ကုတ်ဈေး မီးလောင်၊ ဆိုင်ခန်း ၁၀ ခန်းနီးပါး မီးထဲပါ click
- မြို့တော်ဟားခါးမှ ည၀ိညာဉ်ခေါ် ဖောက်ထွင်းဝိဇ္ဖာ လူငယ်သုံးဦး ဖမ်းဆီး click
- အဖေတို့ခေတ်နဲ့ ခုခေတ် (ဆောင်းပါး) click
- တိရိစ္ဆာန်လောက ပညာရေး (ဆောင်းပါး) click
- ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် - အမှတ် ၄၀၉ (အသံလွှင့်ဆောင်းပါး) click
- အရွဲ့တိုက်နေတဲ့ဆောင်း၊ ယုံကြည်မှု ပျက်ပြယ်ရခြင်းအကြောင်းနှင့် ငါးကလေးများ (အက်ဆေး) click
- အတ္ထုပ္ပတ္တိ … အစိမ်း (ကဗျာ) click
- ချိုးကူသံ လမ်းကလေး - ၄ (ကဗျာ) click
- ကိုဒေါသ (ကာတွန်း) click
- ဆီးရီးယားမှာ လုံခြုံရေးကောင်စီ ၀င်စွက်ရမည် click
- ဆီးရီးယားကို အရေးယူကို ကုလသမဂ္ဂကို ဖိအားပေး click
- ဆီးရီးယားအစိုးရက အတိုက်အခံတွေကို တိုက်ခိုက် click
- အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ ဆွေးနွေးမယ် click
- စီးပွားရေးအကျပ်အတည်း ဆွေးနွေးဖို့ ဥရောပ စည်းဝေး click
- ဖလော်ရီဒါမှာ Mitt Romney အပေါ် ထောက်ခံမှုတိုး click
- အောက်လွှတ်တော်အမတ် Giffords အကြောင်း တစေ့တစောင်း click
- အငြင်းပွားကျွန်းစု ဂျပန်နာမည်ပေးမှု တရုတ် ကန့်ကွက် click

အရိုင်းစိတ်၊ အယဉ်စိတ်
ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၁၈)
အရိုင်းစိတ်၊ အယဉ်စိတ်
ဒေါက်တာလွဏ်းဆွေ
မြန်မာ့လက်ဝှေ့အကျော်အမော်များဖြစ်ကြသည့် ၀မ်ချိုင်း၊ အယ်ထီးကော်၊ စောသဲမျိုးတို့နှင့် အမေရိကန် ကစ်ဘောက်ဆာချန်ပီယံများ ထိုးသတ်ကြမည်ဆိုသည့် ရက်ပိုင်းအလို တညနေက ဖြစ်ပါသည်။
ထိုညနေက စာနယ်ဇင်းလောကသားများ စုဝေးရာ ‘လေထန်ကုန်း’ လက်ဖက်ရည်ဆိုင်သို့ သွားရန် ၃၃ လမ်းထဲသို့ အ၀င် ညိုညိုတေးသံသွင်းရှေ့အရောက်၌ မိတ်ဆွေစာနယ်ဇင်းဆရာတဦးက ကျနော့်အား သတင်းတခု လာပြောပါသည်။ သူက မကြာမီ ကျင်းပမည့် လက်ဝှေ့ပွဲအတွက် အကျိုးဆောင်ဂျာနယ်တိုက်တွင် မဂ္ဂဇင်းတစောင်လျှင် မေတ္တာလက်မှတ်တစောင်နှုန်း ပေးနေကြောင်း၊ အပြင်ဈေးနှင့် ၀ယ်ကြည့်မည်ဆိုလျှင် လက်မှတ်တစောင် ၄,၀၀၀၊ ၅,၀၀၀ ဈေးရှိကြောင်း၊ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းအတွက် လက်မှတ်သွားယူဖို့ အခွင့်အရေးကို လက်မလွတ်စေလိုသည့် စေတနာနှင့် အသိပေးပြောပြပါသည်။
ကျနော်က လက်ဝှေ့ပွဲကြည့်ရသည့် အရသာကို မနှစ်သက်ကြောင်း၊ ကြည့်ချင်စိတ်မရှိကြောင်းနှင့် ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားကာ လေထန်ကုန်း လက်ဖက်ရည်ဆိုင်သို့ ဆက်လျှောက်ခဲ့ပါသည်။ မိတ်ဆွေစာနယ်ဇင်းဆရာကတော့ အခွင့်အရေးတခုကို အလွယ်တကူ ငြင်းဆိုခဲ့သည့် ကျနော့်အပေါ် နားမလည်နိုင်သည့် အတွေးများနှင့် ကျန်ခဲ့မည်လား မပြောတတ်။ အမှန်ဆိုလျှင် ကျနော် မကြည့်ချင်လည်း ထိုလက်မှတ်ကို သွားယူပြီး မဂ္ဂဇင်းတိုက်မှ ကြည့်ချင်သည့်သူကို သွားကြည့်ခိုင်း၍ ရသည်ပဲမဟုတ်လား။ သို့သော် ကျနော်သည် အခြားသူတယောက်ယောက်ကိုလည်း လက်ဝှေ့ပွဲ သွားကြည့်ဖို့ အားပေးချင်စိတ်မရှိ၍ ထိုအခွင့်အရေးကို ငြင်းဆိုခဲ့ခြင်းသာဖြစ်ပါသည်။ ကျနော့်တွင် ထိုသို့ လက်ဝှေ့ပွဲကို မကြည့်ချင်သည့်၊ ကြည့်ဖို့လည်း အားမပေးချင်သည့်စိတ် ကိန်းအောင်းနေခဲ့ခြင်း၌ အကြောင်းတရားတချို့ ရှိပါသည်။
ကျနော် ခပ်ငယ်ငယ်က (၇ တန်၊ ၈ တန်း ကျောင်းသားအရွယ်လောက်က ဖြစ်မည်ထင်သည်) တောင်ငူမြို့ လွတ်လပ်ရေးပွဲတော်ကြီးတွင် သမန်းကျားနှင့် စောရူဘီတို့ ထိုးသတ်သော မြန်မာ့လက်ဝှေ့ပွဲကို ကြည့်ခဲ့ဖူးပါသည်။ ထိုနေ့က လက်ဝှေ့သမားနှစ်ဦး အပြန်အလှန် ထိုးသတ်ကြရင်း မျက်နှာနှင့် ခန္ဓာကိုယ်တို့တွင် ဖူးရောင်နီရဲလာကြသည်တို့ကို မြင်ရသောအခါ ကျနော် ဆက်၍ မကြည့်ရက်တော့ဘဲ မျက်နှာလွှဲကာ ခေါင်းငုံ့နေခဲ့ပါသည်။ ထို့အပြင် မိမိ၏ အသားမနာတိုင်း လက်ဝှေ့သမားနှစ်ဦးအပေါ် ကိုယ်ချင်းမစာနာစွာ “ထိုးကွ … နှက်ကွ … ချကွ” ဟု အော်ဟစ်တောင်းဆိုနေကြသော ပရိသတ်တချို့၏ အော်ဂလီဆန်စရာ အသံဗလံများကိုလည်း စက်ဆုပ်ရွံရှာလာမိပါသည်။ ထို့နောက်ပိုင်း လက်ဝှေ့ပွဲများကို ကျနော် မကြည့်ဖြစ်တော့။ ကြည့်ချင်စိတ်လည်း မရှိတော့ …။
တက္ကသိုလ်တက်နေစဉ်ကာလကလည်း လက်ဝှေ့နှင့် ပတ်သက်၍ အကြီးအကျယ် တုန်လှုပ်ချောက်ချားကာ စိတ်မကောင်းဖြစ်ခဲ့ရဖူးပါသည်။ သူငယ်ချင်းတဦးက မြောက်ဥက္ကလာ ပွဲတော်တခုတွင် သူကြည့်လာခဲ့သည့် လက်ဝှေ့ပွဲအကြောင်းကို ပြန်ပြောပြခဲ့စဉ်အခါက ဖြစ်ပါသည်။ ထိုနေ့ညက သူကြည့်လာခဲ့သောပွဲတွင် လက်ဝှေ့သမားတဦးက ပြိုင်ဘက်လက်ဝှေ့သမား၏ လည်ပင်းကို ခြေထောက်နှင့် ဖြတ်ကန်ရာ အကန်ခံရသည့် လက်ဝှေ့သမားမှာ ကြိုးဝိုင်းပေါ်တွင်ပင် ချက်ချင်း အသက်ထွက်ကာ ပွဲကို ရပ်နားလိုက်ရကြောင်း ပြောပြခဲ့ခြင်းဖြစ်ပါသည်။ ထိုသတင်းကို ကြားပြီး ဆုံးပါးသွားသော မမြင်တွေ့ဖူးသည့် လက်ဝှေ့သမားတဦးအတွက် အထူးပဲ ၀မ်းနည်းကြေကွဲခဲ့ရဖူးပါသည်။
တခါတုန်းကလည်း ရန်ကုန်ဘူတာကြီးသို့ ဧည့်သည်လိုက်ပို့စဉ် ဘူတာကြီးစင်္ကြံထက်က တယ်လီဗေးရှင်းတွင် ပြသနေသော မြန်မာ့လက်ဝှေ့ပွဲမြင်ကွင်းတခုကို သွားရင်းဟန်လွဲ မြင်လိုက်ရပါသည်။ မြင်နေရသည့် မြင်ကွင်းမှာ လက်ဝှေ့ပွဲချီ ခေတ္တရပ်နားထားချိန်တွင် ပွဲကြည့်စင်ထက်မှ ပရိသတ်တဦးက လောင်းကြေးနိုင်နေ၍ပဲလား၊ သူအားပေးသည့် လက်ဝှေ့သမား အသာစီးရနေ၍ပဲလားမသိ။ သူ၏ဘေးက ပရိသတ်များ ညာသံပေး၍ လက်ခုပ်တီးနေကြသည့် စည်းချက်တွင် ကွေးနေအောင် က,နေသည့် မြင်ကွင်းဖြစ်ပါသည်။ ထိုမြင်ကွင်းကို တွေ့ရသည့်အခါ ကြိုးဝိုင်းထဲမှ လက်ဝှေ့သမားနှစ်ဦးအတွက် စိတ်မကောင်းဖြစ်မိသလို ထိုသူများကိုလည်း အထူးပင် စိတ်ပျက်သွားမိပါသည်။
ကြိုးဝိုင်းထဲမှာတော့ လက်ဝှေ့သမားနှစ်ဦးစလုံး၏ သွေးသံရဲရဲနှင့် ရောင်ကိုင်းနေသည့် မျက်နှာများကို အကူလူများက ကြပ်ပူထိုးပေးနေကြသည်များကို ပြတာတွေ့ခဲ့ရပါသည်။ တဆက်တည်းမှာပင် လမ်းဘေး၌ မကြာခဏ မြင်တွေ့ရတတ်လေ့ရှိသော ရပ်ကွဲထဲက ကြက်ပွဲလေးများကို မျက်စိထဲ မြင်ယောင်လာမိပါသည်။ ကြက်နှစ်ကောင်က စည်းဝိုင်းထဲမှာ အတောင်ကျွတ်ပြီး သွေးသံရဲရဲဖြစ်နေသော်လည်း ဘေးက ပရိသတ်က အော်ဟစ်ဆဲဆိုကာ ညာသံပေး၍ ဆက်ခွပ်ခိုင်းနေသည့် မမြင်ရက်စရာ မြင်ကွင်းများကို ပြန်လည်မြင်ယောင်လာမိပါသည်။
အဆိုပါ ကခုန်နေကြသည့် ပရိသတ်များ၏ စိတ်တွင် အယဉ်စိတ်ထက် မိမိ၏ စိတ်လိုဘတခု ကျေနပ်မှုရစေရေး၊ လောင်းကြေးငွေ အနိုင်ရရေးအတွက် လက်ဝှေ့သမားတို့အပေါ် ကိုယ်ချင်းမစာနာစွာ အားပေးသည့် အရိုင်းစိတ်က ပိုမိုလွှမ်းမိုးနေသည်ဟု ကျနော် ထင်မိပါသည်။ ထိုးသည့်လူကတောင် ထိုးရဲကြသေးတာ ဘာလို့ မကြည့်ရဲရမှာလဲဟု စောဒကတက်လာခဲ့လျှင်လည်း လူမှန်လျှင် မကြည့်ရဲတာနဲ့ မကြည့်ရက်တာ၊ မလုပ်ရဲတာနဲ့ မလုပ်ရက်တာ၊ မပြောရဲတာနဲ့ မပြောရက်တာ ဆိုတဲ့ ကိုယ်ချင်းစာတရားအခြေခံနှင့် ခွဲခြားကြည့်မြင်ဖို့လိုကြောင်း ကျနော်က ဆင်ခြေပေးချင်ပါသည်။ ထိုဆင်ခြေကြောင့်ပင် နောက်ပိုင်း လက်ဝှေ့ပွဲတွေကို ကျနော် မကြည့်ရက် မမြင်ရက်တော့ခြင်းဖြစ်ပါသည်။
ထို့အပြင် မိမိတဦးတည်း၏ အမြင်အရလည်း လက်ဝှေ့ကစားနည်းကို အားကစားနည်းတခုဟု မရှုမြင်မိပေ။ အားကစားနည်းဆိုသည်မှာ သတ်မှတ်ထားသော စည်းမျဉ်းများအတိုင်း လိုက်နာယှဉ်ပြိုင်ပြီး နှစ်ဘက်အားကစားသမားများအတွက် (မတော်တဆ ထိခိုက်နာကျင်မှုမှလွဲ၍) ဘေးအန္တရာယ် တစုံတရာ မဖြစ်စေဘဲ ပရိသတ်ကိုလည်း စိတ်ကျေနပ်အားရပျော်ရွှင်စေသည့် ကစားနည်းများကိုသာ အားကစားဟု သတ်မှတ်လိုပါသည်။
လက်ဝှေ့ကစားနည်းကား မထိုးသတ်မီကပင် အသက်အန္တရာယ်ရှိသည့်အတွက် သေသွားလျှင်လည်း သဘောတူကြောင်း လက်မှတ်ရေးထိုး ကစားရသည်ဟု ကျနော် ကြားဖူးပါသည်။ ထိုသို့ ရခဲလှသော လူ့အသက်နှင့် အလောင်းအစားလုပ်ရသည့် ကစားနည်းဖြစ်သည့်အတွက် ကျနော့်အနေဖြင့် အားကစားနည်းတခုဟု မရှုမြင်နိုင်ခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် အားကစားနည်းသည် အားပေးသော ပရိသတ်များကို အရိုင်းစိတ် မဖြစ်ပေါ်စေဘဲ အယဉ်စိတ်ကိုသာ တိုးပွားစေသင့်သည်ဟုလည်း ထင်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်တို့သည် ကိုယ်ချင်းစာတရားကို ရှေးရှုသည့် ယဉ်ကျေးသိမ်မွေ့သော စိတ်ဓာတ်များဖြင့်သာ ပိုမိုငြိမ်းချမ်းသာယာသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဟု ယုံကြည်မိသောကြောင့် ဖြစ်ပါသည်။
စာကြွင်း ။ ။ ဤစာစုကို ရေးသားခြင်းသည် လက်ဝှေ့ထိုးသတ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော လက်ဝှေ့သမားများ၏ ၀မ်းရေးကို ထိခိုက်စေလိုသောဆန္ဒဖြင့် မဟုတ်ဘဲ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်သည့် လက်ဝှေ့အားကစားနည်း၏ အကျိုးအာနိသင်များကို ပြန်လည်စဉ်းစားသုံးသပ်စေလိုသော စေတနာဖြင့်သာ ရေးသားခြင်းဖြစ်ကြောင်း အလေးအနက် ပြောကြားအပ်ပါသည်။
မှတ်ချက် ။ ။ ဤ ‘တာဝန်ခံအယ်ဒီတာစကား’ ကို စာပေစိစစ်ရေးမှ ဖော်ပြခွင့်မပြုခဲ့ပါ။
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၀၁ ခုနှစ်)
အပြည့်အစုံသို့...Monday, January 30, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၃၀-၁-၂၀၁၂ - ညပိုင်း)
- အခြေခံဥပဒေပြင်ရန် ရွေးကောက်ပွဲဝင်ရခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော click
- ပြည်သူအတွက် မလိုလားအပ်သည့် ဥပဒေများ လွှတ်တော်တွင်း ပြင်သွားမည်ဟုဆို click
- ထားဝယ်ဒေသက ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို ကြိုကြတယ် (ဓာတ်ပုံ) click
- ထားဝယ်သားတွေ သောင်းသောင်းဖြဖြ ကြိုဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စည်းရုံးရေးခရီးစဉ် (ရုပ်သံ) click
- ထားဝယ်မြို့နယ် NLD ရုံးတွင် ပြောကြားသွားသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း (ရုပ်သံ) click
- “ဓယ်ဝယ်သား ဂူလောင်း အမေစုကို ရှစ်ဟယ်” (ဆောင်းပါး) click
- ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် သြစတြေးလျသံအမတ်ကြီး ခွန်ထွန်ဦးနှင့် တွေ့ click
- စက်ဆန်းမီးဘေး တလပြည့် အထိမ်းအမှတ် လှူဒါန်းပွဲ (ဓာတ်ပုံသတင်း) click
- ကော့မှူးမြို့နယ်က ပြည်သူတွေ ဂုဏ်ပြုကြိုဆိုကြတဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းတွေ (ရုပ်သံ) click
- စင်္ကာပူရောက် ဦးသိန်းစိန် (ဓာတ်ပုံ) click
- မြန်မာ့စီးပွားရေး ခေတ်မီရန် စင်ကာပူက ကူညီမည် click
- စီးပွားရေး အဆင့်မြှင့်ရန် စင်ကာပူ သင်တန်းများ ပေးမည် click
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေး click
- ပင်လုံစိတ်ဓာတ်အရင်းခံရန် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ၌ သဘောတူ click
- SSA နဲ့ ပြည်ထောင်စုအဆင့် click
- အစိုးရနှင့် အပစ်ရပ်ရေး ဆွေးနွေးရန် NMSP ထွက်ခွာ click
- မူစယ်ခရိုင်အတွင်း တိုက်ခိုက်မှုနှင့် ဗုံးကွဲမှုများ ဆက်တိုက်ဖြစ်ပွား click
- ကေအဲန်ယူ တပ်မဟာ ၄ ဘက်တွင် အစိုးရစစ်တပ်များ တိုးချဲ့ကာ ရိက္ခာပို့နေ click
- ဖားကန့်-မိုးညှင်းလမ်းတွင် စစ်တပ်က ငွေကောက် click
- ရွှေရေနံ/ဂက်စ်ပိုက်လိုင်း လုံခြုံရေးကျ အစိုးရတပ်များ လူ့အခွင့်အရေးချိုးဖောက် click
- အရပ်သားအစိုးရလက်ထက်တွင်လည်း ရေတပ်က ရခိုင်လူထုကို အနိုင်ကျင့် click
- ဘင်္ဂလား- မြန်မာ နယ်စပ်တွင် လက်နက်များ ဖမ်းမိ click
- ဒီမိုကရေစီရေး မပြီးပြတ်သေးဟု ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မြန်မာဝန်ကြီး ပြောကြား click
- မီဒီယာဖွံ့ဖြိုးမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ click
- အိမ်နီးချင်းနိုင်ငံများကို လေ့လာ၍ မြန်မာ့မီဒီယာဥပဒေကြမ်း ရေးဆွဲပြီးပြီ click
- မျိုးကိုမျိုးရဲ့ ဝတ္ထုသစ် ရောင်းရငွေ နိုင်ငံရေးအကျဉ်းသားတွေကို ခွဲဝေထောက်ပံ့မည် click
- အကျဉ်းကျသံဃာ အနည်းဆုံး ၆၀ နီးပါး ကျန်ရှိနေ click
- မြေသြဇာရဲ့ ဖိတ်စာနဲ့ လှုံ့ဆော်စာ click
- ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အဖွဲ့ဝင်ဟောင်းများမှ သူရဦးရွှေမန်းသို့ ပေးပို့စာ click
- ဘာကြောင့် တရားဥပဒေစိုးမိုးမှု လိုအပ်နေသလဲ (ဆောင်းပါး) click
- တရားရုံးအုတ်နံရံကို ခေါင်းနဲ့တိုက်ခဲ့သူ (မေးမြန်းချက်) click
- ဒီဗွီဘီလည်း ပြည်တွင်းဝင်ရောက်ရန် ကြိုးစားမည် click
- ကိုဇာဂနာ အပါအဝင် မြန်မာနိုင်ငံသားသုံးဦးကို အမေရိကန် NED ဖိတ်ကြား click
- ကိုဇာဂနာနှင့် မြန်မာမိသားစုတို့ တွေ့ဆုံပွဲ ဆန်ဖရန်ဘေးဧရိယာ၊ ဖေဖော်ဝါရီ ၁၉ ၊ ချာဘိုးကောလိပ်၊ ဟေးဝဒ်မြို့မှာ ကျင်းပမည် click
- အမေရိကန်ဒေါ်လာ ၁ သောင်းအထိ စာရွက်စာတမ်းမလို ငွေလဲနိုင်ပြီ click
- ၅၀၀၀ တန် ဖုန်းကတ်များ မကြာမီလာမည် click
- ထိုင်းမွေးမြူရေးပုစွန်များ တရားမ၀င် တင်ပို့သဖြင့် မြန်မာ့ပုစွန်လုပ်ငန်းရှင်များ နစ်နာ click
- ၆၅ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ကျင်းပခြင်း click
- ရန်ကုန် ရခိုင်ကျင်ပွဲ ရွှေမောင်းတန်း ပထမဆု ဘီအီးဒီ နောက်ဆုံးနှစ်ကျောင်းသား ဆွတ်ခူးရရှိ click
- ပညာရေးဘတ်ဂျက်ကို အဆများစွာ တိုးပေးရန် လိုအပ်ဟုဆို click
- “ပညာရေးနဲ့ ပတ်သက်တာက တအားကို လိုအပ်ချက်ရှိပါတယ်” (မေးမြန်းခန်း) click
- အကျင့်ပျက်ခြစားနေသော ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများအကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သိပါစေ (ပေးစာ) click
- ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ - ၁၃ (ဆောင်းပါး) click
- နို့ဖိုး၊ မျိုးမင်းအောင်နှင့် စိန့်ဖရန့်စစ်က အကြွေစေ့ကလေးတွေ - ၃ (ဆောင်းပါး) click
- စာရေးစာဖတ် ဘာလုပ်ဖို့ (အက်ဆေး) click
- နွေတည - အပိုင်း ၁၀ (၀တ္ထုရှည်) click
- အိမ်အပြန်တဲ့လား (ကဗျာ) click
- ကြားဖြတ် (ဟာသ) click
- အင်တာနက်နဲ့ ဖုန်းတွေမှာ ရေပန်းစား ပျံ့နှံနေတဲ့ တောင်ကိုရီးယား နိုင်ငံရေးပြက်လုံး click
- နီပေါနိုင်ငံမှ ဈေးအသက်သာဆုံးနဲ့ အရည်အသွေးမြင့်တဲ့ ကျောင်း click
- ကွန်မြူနစ်တံဆိပ်ကပ်ခံထားရသူ အင်ဒိုနီးရှားကချေသည်က အစိုးရကို တရားစွဲဆို click
- အာဖဂနန်နစ္စတန်မှ အမျိုးသမီးများ အမျိုးသမီးအခွင့်အရေး ဆုံးရှုံးနေဆဲ click
- တရုတ်နိုင်ငံမှာ ကျေးလက်မှ မြို့ပြပြောင်းရွှေ့လာသူ သန်းပေါင်းများစွာကို ထိန်းချုပ်ဖို့ စတင် click
- ကမ္ဘောဒီးယား ဒေသခံတိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံများ ဖျက်ဆီးခံနေရ click
- တရုတ်ပြည်မှာ အခြေချနေထိုင်တဲ့ ကာဇက်လူမျိုးများ click
- ဖိလစ်ပိုင် ဆင်းရဲသားအိမ်တွေကို အလင်းရောင်ရရှိစေတဲ့ ဆိုလာရေဘူးမီးသီး click
- ယနေ့ အိန္ဒိယ ရင်ဆိုင်နေရသော အခက်အခဲများ click
- ဂင်းနစ်စံချိန်တင်ခဲ့တဲ့ ဂန္ဒီမျိုးဆက်သစ်လေးတွေ (ဓာတ်ပုံသတင်း) click
- အရင်းရှင်ဆန့်ကျင်ရေး (ဓာတ်ပုံ) click
- လူမျိုးရေးခွဲခြားသည့် အမူအရာကြောင့် လီဗာပူးပရိသတ် အဖမ်းခံရ click
- စပါယ်ရှယ်ဝမ်း ‘မော်ရင်ဟို’ click