Saturday, 28 January 2012

Saturday, January 28, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၈-၁-၂၀၁၂ - နံနက်ပိုင်း)

- ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ နိုင်ငံရေး ဆွေးနွေး click
- ၈၈ ခေါင်းဆောင်တချို့ ရွေးကောက်ပွဲ မျှတရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး click
- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- လွှတ်တော်ထဲ ရောက်ပါက မတရားဥပဒေ ဖျက်သိမ်းရေး NLD ကြိုးပမ်းမည် click
- ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ကျန်သေးတယ် (ရုပ်သံ) click
- မဂ္ဂင်ကျောင်းအမှု မဟန ဓမ္မစက်နဲ့ ကိုင်တွယ်မည် click
- ရွှေဝါရောင်သံဃာများ ကျောင်းတိုက်က ပြန်ထွက်ပေးဖို့ ၀န်ခံလက်မှတ်ထိုးရ click
- ချိတ်ပိတ်ခံ ဘုန်းကြီးကျောင်းတွေမှာ သံဃာတွေ ပြန်သီတင်းသုံးခွင့်ရမယ် click
- ဒီမိုကရေစီ ဦးတည်တဲ့ ပြောင်းလဲမှုတွေ တွေ့ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ပြော click
- ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းချိန် တန် မတန် click
- မြန်မာ့စီးပွားရေး တိုးမြှင့်ဖို့ အလားအလာ ကောင်းတယ်လို့ IMF ပြော click
- သဘာဝဓာတ်ငွေ့ကို ပြည်တွင်းမှာပဲ သုံးစွဲမယ်လို့ စွမ်းအင်ဝန်ကြီး ပြော click
- ဦးသိန်းဇော်၏ အဆိုနှစ်ခု အတည်ပြု click
- ပြည်သူတွေကို နှိပ်စက်လျှင် ကြံ့ဖွံ့ပါတီဝင်တွေ အရေးယူ ခံရတော့မည် (ရုပ်သံ) click
- ALP ရခိုင်ပါတီကို အစိုးရက ငြိမ်းချမ်းရေး ကမ်းလှမ်း click
- ပအိုဝ်း PNLO ငြိမ်းချမ်းရေးကိုယ်စားလှယ် ရွေးပြီး၊ ဆွေးနွေးရက် မသိရသေး click
- KNU ဗဟိုကော်မီတီ အစည်းအဝေး click
- ခိုင်မာသည့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးပမ်းမည်ဟု KNU က ပြော click
- အစိုးရနဲ့ ကေအန်ယူ အပစ်အခတ်ရပ်စဲရေး (သတင်းသုံးသပ်ချက်) click
- တပ်မတော်သားလည်း ပြည်သူပါပဲ (ဆောင်းပါး) click
- ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဘယ်လိုတည်ဆောက်ကြမလဲ (ဆောင်းပါး) click
- ထိုအဖေ ဤသမီး (၁) (ဆောင်းပါး) click
- မြန်မာအလုပ်သမားသမဂ္ဂ ဖြစ်မြောက်ရေးအဖွဲ့တွေနဲ့ ILO အကြီးအကဲ တွေ့ click
(ဖေ့စ်ဘွတ်ခ်မှ ...)
- ရခိုင်မှာ သစ်တောစိုက်ဖို့ဆိုပြီး လယ်ဧက ၈၀၀ သိမ်း click
- မွန်ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရန် တည်နေရာ click
- လုပ်ငန်းခွင်တွင်းက အမျိုးသား အမျိုးသမီးများ click
- တရားမ၀င် ကလေးများအား အစိုးရမှ ပညတ်ဖြင့် ဆက်လက် ထိန်းသိမ်းထား click
- မျက်နှာချင်းဆိုင် လမ်းမှာတွေတဲ့ ကားနှစ်စီး (ရုပ်သံ) click
- အကယ်ဒမီပွဲ ဒီနှစ်ဘယ်လို ထူးမလဲ၊ အကျဉ်းကျနေတဲ့ အနုပညာပစ္စည်းတွေ လွတ်ပါစေနဲ့ ပြန်ရှင်းတဲ့ စံရတီမိုးမြင့် click
- ဂီတမှူး ကိုဝင်းမော်(ရွှေသံစဉ်) လုပ်ငန်းခွင် စတင်ဝင်ရောက်ခြင်းနှင့် တေးသံရှင်များနှင့် တွေ့ဆုံခြင်း (ဓာတ်ပုံသတင်း) click
- မလေးတွင် ပြုလုပ်သည့် အာရက္ခ လူမှုရေးထောက်ပံ့ကူညီရေး စင်တင်စတိတ်ရှိုးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး click
- ရှစ်လေးလုံး အရေးတော်ပုံကို အခြေခံရေးဖွဲ့ထားတဲ့ လုံးချင်းဝတ္ထု ဖြန့်ချိ (ရုပ်သံ) click
- ငလျင်ဒဏ်ခံနိုင်တဲ့ ပုဂံဘုရား click
- လက်ဝဲသုန္ဒရ နောက်ဆုံးပိုဒ်များ (အသံလွှင့်ဆောင်းပါး) click
- ဆီးရီးယား အကြမ်းဖက်မှု အဆုံးသတ်ရေး လုံခြုံရေးကောင်စီ ဆွေးနွေး click
- အမေရိကန် ကာကွယ်ရေးအသုံးစရိတ် သန်းပေါင်း ငါးသိန်း လျှော့ချမည် click
- ပြင်သစ်-အာဖဂန် ဗျူဟာ သဘောတူညီမှု click
- အာဖဂန်က ပြင်သစ်တပ်တွေ တနှစ်စော ရုပ်သိမ်းတော့မယ် click
- အမေရိကန်တပ်ဖွဲ့တွေ တိုးချဖို့ ဖိလစ်ပိုင် လိုလား click
- ထောက်လှမ်းရေးလေယာဉ် ဖိလစ်ပိုင် လက်ခံဖို့ စဉ်းစား click
- ရေနံအငြင်းပွားမှု ဆူဒန်နှစ်နိုင်ငံ ဆွေးနွေး click
- တရားရုံးအမှားအတွက် လျော်ကြေး ဒေါ်လာ ၂၅ သန်း click
- ဇန်န၀ါရီ ၂၇ ရက် တမိနစ် သတင်းဗီဒီယို click
- စင်္ကာပူ အောင်မြင်မှုနောက်ကွယ်မှ ပညာရေး စွမ်းဆောင်မှု ၇ ချက် (ဆောင်းပါး) click
(ဖေ့စ်ဘွတ်ခ်မှ ...)

ဒီမိုကရေစီ ရပလားဟေ့

ဒီမိုကရေစီ ရပလားဟေ့
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

(“ကတ္တီပါလမ်းခွဲ” ဆောင်းပါးရဲ့ အဆက်ဖြစ်ပါတယ်။ ကတ္တီပါလမ်းခွဲ ဆောင်းပါးမှာ အပျော့နဲ့ အမာကြား၊ တဘက်ကို တဘက် မနှောင့်ယှက်ကြဖို့ ကျနော် ရေးခဲ့ပါတယ်။)

အရင်ဆောင်းပါးနိဂုံးမှာ ပြောခဲ့တဲ့အတိုင်း ဘာဆက်လုပ်ကြမလဲဆိုတဲ့ ကိစ္စကို အကြံပြုတင်ပြချင်ပါတယ်။ ဒီနေ့အချိန်မှာ လုပ်ခွင့်သာပေမယ့် အတွေးအခေါ် ရှုပ်ထွေးပြီး တွေဝေစရာတွေ သိပ်များလွန်းတဲ့အတွက် လူသိရှင်ကြား ထုတ်ဆွေးနွေးတာ ဖြစ်ပါတယ်။ လူပုံကြားမှာ အထုပ်ဖြည်ပြနေတယ်လို့ တချို့က ဆိုချင်ဆိုပါလိမ့်မယ်။ ဒါပေမယ့် ပြည်သူကို တိုင်တည်ထားမှသာ လမ်းကြောင်း တည့်မတ်နိုင်မယ်လို့ ထင်တဲ့အတွက် လမ်းဆုံလေးခွမှာ လူသိရှင်ကြား ကြေညာပြောဆိုပါမယ်။

အားလုံးသိကြတဲ့အတိုင်း တကယ်ပြောင်းပြီလား၊ ဒီမိုကရေစီရပြီလားဆိုတာဟာ ဒီနေ့ရေပန်းစားတဲ့ မေးခွန်းပါ။ တကယ်တော့ ဒီမိုကရေစီတိုက်ပွဲက အဆုံးသတ်ဖို့ အဝေးကြီးလိုပါသေးတယ်။ ခုမှ စလုံးရေ စမလို့ ရှိပါသေးတယ်။ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်မှာ မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်ပေးခဲ့တယ်။ တိုင်းရင်းသားအဖွဲ့အစည်းတချို့နဲ့ ယာယီ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တယ်။ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို လွှတ်ပေးခဲ့တယ်။ ဒီအချက်တွေကို ဘာပဲပြောပြော ပြည်သူတွေ သဘောကျကြတယ်။ စစ်အစိုးရရဲ့ ပြီးခဲ့တဲ့ သမိုင်းတလျှောက်မှာ ပြည်သူတွေ လိုလားတဲ့ အရာမှန်သမျှ ဘာတခုမှ လုပ်ပေးခဲ့တာ မရှိတော့ အခုလို ဆောင်ရွက်ချက်မျိုးကို လူတွေက ကျေနပ်ကြတယ်။ ဒါပေမယ့် ဒါဟာ ဒီမိုကရေစီအပြောင်းအလဲလို့ ခေါ်နိုင်ပါပြီလား။

မြစ်ဆုံဆည်စီမံကိန်းဟာ ပြည်သူ့ဆန္ဒကို တစုံတရာ လိုက်လျောပေးလိုက်တာလို့ ဆိုနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြစ်ဆုံဆည်စီမံကိန်းကို ပြည်သူလူထုက မကြုံစဖူးလောက်အောင် ညီညီညာညာ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြလို့ပါပဲ။ ၈၈ လူထုလှုပ်ရှားမှုကြီးကလွဲရင် နောက်ပိုင်းမှာ အညီညွတ်ဆုံး လှုပ်ရှားမှုတခုလို့တောင် ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။ လူထုဆန္ဒပြမှုဟာ ခေတ်မမီတော့ဘူးလို့ ထင်နေသူတွေ မြစ်ဆုံသင်ခန်းစာကို ပြန်လေ့လာသင့်ပါတယ်။

“ပြည်သူတွေကိုယ်တိုင်ရမှ ဒီမိုကရေစီ၊ ပြည်သူတွေ မရရင် အဲဒါ လေမိုခရေဇီပဲ။ (လေတွေပဲ မို့မောက် များပြားနေတဲ့ ရူးကြောင်ကြောင် အပြောတွေလို့ ဆိုချင်တာပါ။) အိမ်မှာ ထမင်းပိုစားရမလား၊ ဟင်းကောင်းကောင်းနဲ့ စားရမလား၊ ဝင်ငွေ တိုးလာမလား၊ အဲဒါဆိုရင် ကောင်းလာပြီလို့ ယုံလိုက်ပါမယ်။ စကားပိုပြောခွင့်ရမလား၊ စာပိုရေးခွင့်ရမလား။ အဲဒါဆိုရင် တိုးတက်လာပြီလို့ လက်ခံမယ်။ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ ရဝတ၊ စစ်သားကအစ၊ ဘယ်တရားသူကြီး၊ ဘယ်ဝန်ကြီး၊ ဘယ်ဗိုလ်ချုပ်၊ ဘယ်သမ္မတကိုမှ ကြောက်စရာမလိုဘူး၊ ငါမှန်တာလုပ်ရင် ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူးကွလို့ ပြောနိုင်ပြီလား။ အဲဒါဆိုရင် ဒါမှ ဒီမိုကရေစီကွလို့ လှိုက်လှိုက်လှဲလှဲ ထောက်ခံလိုက်မယ်။ ကိုယ့်ဆီရောက်မှ ဒီမိုကရေစီ၊ ကိုယ်တိုင်ရမှ ဒီမိုကရေစီပဲ။ ကိုယ်တိုင် ဘာမှမရရင်တော့ ဘာသမ္မတ၊ ဘာလွှတ်တော်ကြီးတွေက အမြှုပ်တစီစီထအောင် ပြောပြော သူတို့ပြောသမျှဟာ လေမိုခရေဇီပဲ ဖြစ်မှာပဲ။”

No comments:

Post a Comment