Saturday, January 28, 2012
ပေးစာ၊ ရင်ဖွင့်စာ၊ တိုင်ကြားစာ (၁၁) စောင် (၂၈-၁-၂၀၁၂)
ကပစ (၉)၊ ပန်းတောင်း၊ ကျောက်ဖြူမှ စစ်သည်များ နစ်နာနေရခြင်းအကြောင်း
ကျနော်တို့တပ်တွင် ၂၀၀၈ ခု ဇွန်လမှ စ၍ တပ်သားအဆင့်မှ တပ်ကြပ်အထိ တလလျှင် ၃၀၀၀ ကျပ်၊ တပ်ကြပ်အဆင့်မှ အရာခံဗိုလ်အထိ တလလျှင် ၅၀၀၀ ကျပ်၊ ပြည်မြို့ အင်းဝဘဏ်တွင် တပ်ရင်းမှူး အမိန့်အရ မစုမနေရ ငွေစုခဲ့ရပါသည်။ ဦးပိုင်ကုမ္ပဏီတွင် ထည့်ရန်ဟု သိရပါသည်။ ယခုအခါ ဦးပိုင်ကုမ္ပဏီတွင်လည်း ထိုစုငွေများကို လက်မခံတော့ကြောင်း သိရပါသည်။ ငွေလို၍ မိမိ၏စုငွေကို ထုတ်ယူလိုလျှင်လည်း စုငွေကို ထုတ်ယူခွင့်မပေးပါ။ တပ်ပြောင်းသည့်အခါနှင့် သက်ဆိုင်သူ ရဲဘော် သေဆုံးလျှင်မှသာ ထုတ်ပေးပြီး မိသားစုအား အပြည့်အ၀ ထုတ်မပေးပါ။ တပ်ရင်း ငွေစာရင်းဌာနတွင် ဒု-အရာခံဗိုလ် ဘုန်းကျော်နှင့် ညှိလျှင် စုငွေကို ထုတ်၍ ရနိုင်ပြီး ငွေတသောင်း ထုတ်ယူရန် ၎င်းနှင့် အဖွဲ့ကို နှစ်ထောင်ကျပ် ပေးရပါသည်။ ဘဏ်သို့သွားရန် မလိုဘဲ ၎င်းတို့က ထုတ်ပေးပါသည်။ ဤသို့ ခေါင်းပုံဖြတ် ခံနေရခြင်းကြောင့် ဆင်းရဲကျပ်တည်းလှသည့် စစ်သည်များမှာ အလွန်နစ်နာနေရပါသဖြင့် အထက် လူကြီးများ သိရှိဖြေရှင်းပေးနိုင်ပါရန် တင်ပြလိုက်ရပါသည်။
စစ်သည်များ
ရဲတပ်ရင်း (၄) မှ လုံထိန်းများ ဓားပြ တိုက်နေကြသည်
ပြင်ဦးလွင်မှ မန္တလေးမြို့သို့ အ၀င် ၁၆ မိုင် ဂိတ်၏ ဘယ်ဘက် တောလမ်းတွင် ရဲတပ်ရင်း (၄) မှ လုံထိန်းများသည် နေ့စဉ် ပြင်ဦးလွင်ဘက်မှ ဆင်းလာသော ထော်လာဂျီများကို ပိုက်ဆံအလုအယက် တောင်းနေကြပါသည်။ လိုင်စင်မ၀င်ရသေးသော ထော်လာဂျီများသည် ၁၆ မိုင်ဂိတ်ကို ကွင်းကာ အုန်းချောမှတဆင့် မန္တလေးသို့ သွားခြင်းဖြစ်ပါသည်။ ၄င်းထော်လာဂျီများကို အရပ်ဝတ် လုံထိန်းများ အယောက် ၆၀ ခန့်က အတင်းအကျပ် ပိုက်ဆံလိုက်တောင်းနေကြပါသည်။ မပေးပါက ရိုက်မယ်/နှက်မယ် အဆင့်ထိ ဖြစ်နေကြသဖြင့် ထော်လာဂျီသမားများကလည်း ကြောက်ရွံ့ကာ ပေးကြရပါသည်။ ထော်လာဂျီနောက်ကို ဆိုင်ကယ်များဖြင့် အယောက် ၆၀ ခန့်က လိုက်နေကြသည်မှာ အုန်းချောရွာထဲတွင် မြင်မကောင်းအောင် ဖြစ်နေကြပါသည်။ ရွာထဲမှ ပြည်သူများကိုလည်း ဂရုမစိုက်/ဖြစ်ချင်တိုင်း ဖြစ်နေကြသော ရဲတပ်ရင်း (၄) မှ လုံထိန်းများအား ထိန်းသိမ်းတားမြစ်နိုင်ရေး ၄င်းတို့အထက်လူကြီးများ သိရှိနိုင်ရန် ဖော်ပြပေးစေချင်ပါသည်။ အခွင့်မသာသဖြင့် ဓာတ်ပုံ ဖော်ပြမပေးနိုင်ပါ။ နေ့တိုင်း လုပ်ဆောင်နေကြပါသည်။
ရွာသူရွာသားများ ကိုယ်စား
အပြည့်အစုံသို့...မြန်မာ့ရေးရာ သတင်းပဒေသာ (၂၈-၁-၂၀၁၂ - ညပိုင်း)
- သူရဲကောင်းတို့အတွက် click
- ဇိုရာဖန်းရဲ့ဆောင်းပါး click
- ဦးဝဏ္ဏမောင်လွင်ရဲ့ ပြောဆိုချက် (ရုပ်သံ) click
- ရန်ကုန်တွင် ကျင်းပသည့် ရခိုင်ရိုးရာ ‘ကျင်’ ပွဲ အထူးစည်ကား click
- ပြည်တောင်းနဲ့ အလေးများ ပြတိုက်သွား click
- ဂျီးဒေါ်နှင့် ၀တ်ပြုဆုတောင်းပွဲ (သရော်စာ) click
- ရတာက နည်းနည်း ပေးတာက များများ ဖြစ်နေလို့ (ပေးစာ) click
- ပေါ်လကီးတို့ လာချေပြီ (ဆောင်းပါး) click
- လမ်းဘေးဈေးကွက် စီးပွားရေးသမားများ click
- ကမ္ဘာ့အချမ်းသာဆုံး သူဌေးအကြီးစားကြီးများအကြောင်း (ဆောင်းပါး) click
- အမျက်ဒေါသ ထိန်းချုပ်နည်းသင်ခန်းစာ သင်ကြားမည့် ဗြိတိန်စာသင်ကျောင်း click

No comments:
Post a Comment