Sunday, 22 January 2012

Monday, January 23, 2012

ယုံကြည်မှုပေါင်းကူးတံတား

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၁၄)
ယုံကြည်မှုပေါင်းကူးတံတား
ဒေါက်တာလွဏ်းဆွေ

ခရီးတခုကို သွားလာဖူးခဲ့ကြသည့် ကျနော်တို့အားလုံး တံတားပေါင်းများစွာကို အမှုမဲ့ အမှတ်မဲ့ ဖြတ်သန်းခဲ့ကြဖူးသည်။ မိမိလိုရာ ခရီးသို့ ချောချောမောမော ရောက်ရှိသွားလျှင်ကား “ကျနော်တို့သည် တံတားပေါင်းများစွာကို ဖြတ်သန်းပြီးမှ ဤခရီးကို ရောက်ခဲ့ကြသည်” ဟူသော အတွေးမျိုးကို ယောင်လို့ပင် မတွေးမိတတ်ကြပေ။ သို့သော် တခါတရံ မိမိလိုရာ ခရီးတခုသို့ သွားလာခိုက် လမ်းခုလတ်တွင် တံတားကျိုးကျမှုနှင့် ကြုံကြိုက်သောအခါမှ တံတား၏ တန်ဖိုးကို ကျနော်တို့ တွေးမိတတ်ကြသည်။ တံတားကျိုးကျမှုကြောင့် မိမိ သွားလိုရာ ခရီးသို့ အချိန်မီ မရောက်နိုင်တော့ဘဲ အချိန်ကုန် လူပန်း ဒုက္ခရောက်ကြရသည်။ ရှေ့သို့ ခရီးမဆက်နိုင်ဘဲ နောက်သို့ ပြန်ဆုတ်ကြရသည်။ နောက်သို့ ပြန်မဆုတ်နိုင်လျှင်လည်း အန္တရာယ်ကြားမှ ခဲရာခဲဆစ် ကူးဖြတ်ကြရသည်။

*****

လူမှုဆက်ဆံရေးနယ်ပယ်အသီးသီးတွင်လည်း လူတဦးနှင့်တဦးကြား၊ အဖွဲ့အစည်းတခုနှင့်တခုကြား၊ နိုင်ငံတနိုင်ငံနှင့်တနိုင်ငံကြားတွင် မမြင်ရသော ပေါင်းကူးတံတားဖြင့် ကူးလူးဆက်ဆံနေကြရသည်။ ထိုမမြင်ရသော ပေါင်းကူးတံတားသည်ကား နှစ်ဦးနှစ်ဘက် အပြန်အလှန် ယုံကြည်မှုဟူသော စိတ်ပိုင်းဆိုင်ရာ ပေါင်းကူးတံတားပင်ဖြစ်သည်။ ထိုပေါင်းကူးတံတား ကျိုးကျမှုကြောင့် အချိန်မကုန်သင့်ဘဲ ကုန်ကြရသည်။ ပြဿနာအ၀၀ ပြေလည်သင့်ပါလျက် မပြေလည်ဘဲ နှောင့်နှေးကြန့်ကြာနေကြရသည်။ အသေးဆုံး ဥပမာအားဖြင့် စက်ဘီးအပေါက်ဖာသည်မှ မော်တော်ကားပြင်သည်အဆုံး၊ နာရီပြင်သည်မှ တယ်လီဗေးရှင်းပြင်သည်အဆုံး တဦးနှင့်တဦး ယုံကြည်မှုမရှိကြတော့ဘဲ ထိုင်စောင့်နေကြရသည်မှာ ကျနော်တို့လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှုပေါင်းကူးတံတားများ ကျိုးကျနေသည့်သဘောကို ပြဆိုနေခြင်းပင်ဖြစ်သည်။

*****

ထိုသို့ လူတဦးနှင့်တဦးကြား၊ အဖွဲ့အစည်းတခုနှင့်တခုကြား၊ နိုင်ငံတနိုင်ငံနှင့်တနိုင်ငံကြား ယုံကြည်မှုပေါင်းကူးတံတား ကျိုးကျနေလျှင် နှစ်ဘက်စလုံးက အပြန်အလှန် တည်ဆောက်မှ ရနိုင်ပေမည်။ နှစ်ဘက်စလုံးက တာဝန်ယူ ထိန်းသိမ်းမှ ထိုပေါင်းကူးတံတားသည် တည်မြဲနိုင်မည်ဖြစ်သည်။ ထိုယုံကြည်မှုပေါင်းကူးတံတားကို ရိုးသားဖြောင့်မတ်မှုနှင့် ကတိသစ္စာ တည်ကြည်မှုအပေါ်တွင် အခြေခံ တည်ဆောက်ကြရမည်ဖြစ်ပေသည်။ ထိုသို့သော ယုံကြည်မှုပေါင်းကူးတံတားဖြင့် ကူးလူးဆက်ဆံနေသော အပြန်အလှန် ယုံကြည်မှုရှိသည့် လူ့အဖွဲ့အစည်းသည် ပြဿနာများ ပြေလည်ကင်းရှင်းပြီး ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်တွင် အစဉ်အမြဲ တည်ရှိနေမည်မှာ မလွဲမသွေပင်ဖြစ်သည်ဟု ယုံကြည်မိပါသည်။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မေလ၊ ၁၉၉၈ ခုနှစ်)

ဇာဂနာရဲ့ “ဘာဘာညာညာ ဇာဂနာ - အပိုင်း (၁)” - ခွင့်လွှတ်ခြင်း သင်ခန်းစာ



Sunday, January 22, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၂-၁-၂၀၁၂ - ညပိုင်း)

- ထောင်ထဲ၌ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားစာရင်း click
- ဂျပန်နိုင်ငံနှင့် ပြည်ပရောက် မျိုးချစ်များအတွက် ကိုမင်းကိုနိုင် နှုတ်ခွန်းဆက်စကား (အသံ) click
- နိုင်ငံရေးအကျဉ်းသားများကို ပတ်စ်ပို့ရုံးက တနှစ် စောင့်ကြည့်မည် click
- အမေရိကန်လွှတ်တော်သို့ လေ့လာရန် မြန်မာလွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြား click
- ရှမ်းပါတီအသစ် မှတ်ပုံတင်လျှောက်ထား click
- မွန်အမျိုးသားပါလီမန်တရပ် တည်ထောင်ရန် ၆ ကြိမ်မြောက် MAU ကွန်ဖရင့်မှ ချမှတ် click
- ကေအန်ယူ ထိန်းချုပ်နယ်မြေမှ ထွက်သော သတ္တုများ အ၀ယ်လိုက် click
- ဇာဂနာရဲ့ အနုပညာပြပွဲ ရုပ်ရှင်ကားတချို့ စင်္ကာပူရဲက ပြသခွင့် ပိတ်ပင် click
- နယူးယောက်မှာ ဇာဂနာနဲ့ ပရိသတ်တို့ လှပစွာ ရုန်းကန်ကြမည် click
- ရဟန်းတော်များ၏ သံတိုင်နောက်က မှတ်တမ်းများ အင်္ဂလိပ်ဘာသာစာအုပ်နှင့် ရဟန်းတော်များနဲ့ နိုင်ငံရေးဆောင်းပါးပေါင်းချုပ် အရှင်ပညာနန္ဒနှင့် ပြည်ပရောက်မြန်မာရဟန်းတော်များအဖွဲ့က ထုတ်ဝေ click
- ကိုဇော်သက်ထွေးနှင့် တွေ့ဆုံခြင်း click
- စည်သူဇေယျနှင့် တွေ့ဆုံခြင်း click
- ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တွေဆုံမေးမြန်းခြင်း click
- ဘူးသီးတောင်ထောင်မှ လွတ်မြောက်ခဲ့သော ဗကသ စည်သူမောင်နှင့် တွေ့ဆုံခြင်း click
- ပျော်ရွှင်ခြင်း၊ နွေးထွေးခြင်းတို့ဖြင့် ပြည့်နေသော အိမ် (သို့) ဒီငြိမ်လင်းမိသားစုနှင့် တွေ့ဆုံခြင်း click
- မောင်နှမ ၃ ယောက် (ဓာတ်ပုံ) click
- စစ်တုရင်ပွဲထဲက အဖြူနဲ့ အနက်ရဲ့ ပရိုမိုးရှင်း (ဆောင်းပါး) click
- ပိတ်ဆို့မှု ရုပ်သိမ်းသင့်ပြီလား (ဆောင်းပါး) click
- ကျနော် သိခဲ့တဲ့ ကိုထွန်းအောင်ကျော် (သို့) ၈၈ ရဲ့ ကိုဗဟိန်း (ဆောင်းပါး) click
- ကာတွန်းဆရာနှင့် နိုင်ငံရေးသမား click
- မန္တလေး NLD ကာတွန်းပြပွဲမှ ကာတွန်းများ click
- ကျိုက္ခမီ ရေလယ်ဘုရား၏ စင်္ကြံနတ်လမ်း အသစ်ပြန်လည်ဆောက်လုပ် click
- မြန်မာတိုက်စစ်မှူးကို ဂျာမန်ကလပ် ကမ်းလှမ်း click
- ဟင်းအိုးထဲရောက်မယ့် မြွေများ မေမြို့မှာ ကယ်တင်ခံရ click
- ဖောင်ကြီးသင်တန်း (ဓာတ်ပုံ) click
- ချင်းတောင်ရှိ မြေပေါ်မြေအောက် သယံဇာတများဖြင့် အနာဂတ်ကို ပုံဖော်ကြည့်သည် (ဆောင်းပါး) click
- ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ - ၃၃ (ဆောင်းပါး) click
- ‘ကိုကြီးမိုးသို့’ ၂၀၁၂ တမ်းစာ (ကဗျာ) click

No comments:

Post a Comment