Thursday, 26 January 2012

Thursday, January 26, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၆-၁-၂၀၁၂ - ညပိုင်း)

- အာဏာရ အင်အားစုအတွင်း NLD ကို လက်မခံသူများ ရှိနိုင် click
- နော်ဝေနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ click
- မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေနိုင်ငံခြားရေးဝန်းကြီး Mr.Jonas Gahr Store တို့ တွေ့ဆုံ (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည်အား ဘင်နီဇီယာဘူတို ဒီမိုကရေစီဆု ချီးမြှင့် click
- “ပူညံပူညံ ဖြစ်တယ်ဆိုတာ ဒီလိုဗျ” ဦးတင်ဦး ရှင်းပြ click
- မဲဆွယ်မယ့် NLD ရဲ့ အစီအစဉ် click
- ၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီကြီးများ မှတ်ပုံပြန်တင်တော့မည် click
- မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်တကျ အသွင်ကူးပြောင်းမည် နိုင်ငံခြားရေးဝန်ကြီး ပြော click
- သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများ စစ်တပ် ထောက်ခံ click
- မြန်မာ့စီးပွားရေးမူဝါဒ တိုးတက်မှု IMF ကြိုဆို click
- မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို IMF ချီးကျူး click
- မြန်မာ့ဖွံ့ဖြိုးရေးအတွက် မဟာအခွင့်အလမ်းရှိနေဟု IMF ပြော click
- စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်ရန် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ တိုက်တွန်း click
- EU က မြန်မာကို ယူရို သန်း ၁၅၀ ထောက်ပံ့ဖွယ်ရှိ click
- မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု ထပ်မလျှော့ပေးဖို့ ပန်ကြား click
- ဘန်ကီမွန်း မြန်မာပြည် လာမည် click
- ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည် သွားမည် click
- အမျိုးသားနဲ့ ပြည်သူ့လွှတ်တော် ပြန်စ click
- ငြိမ်းချမ်းရေးရန်ပုံငွေ ထူထောင်ရန် လွှတ်တော်တွင် အတည်ပြု click
- စစ်အရာရှိနှင့် ခိုက်ရန်ဖြစ်ပြီး လူငယ်တဦး သေဆုံးမှု လွှတ်တော်ကို တိုင်ကြားမည် click
- လွှတ်တော်ထဲမှာကွယ် … (ကာတွန်း) click
- ပဒိုမန်းငြိမ်းမောင်ကို အင်းစိန်တရားရုံးထုတ် click
- အပစ်ခတ်ရပ်စဲရေးအတွက် အစိုးရနှင့် ကေအဲန်ပီပီတို့ လာမည့် ဖေဖော်ဝါရီလအတွင်း ဆွေးနွေးမည် click
- တိုင်းရင်းသားဒေသများတွင် အစိုးရတပ်အချို့ ရုပ်သိမ်း click
- ကရင်နီ ရွာသားများကို အစိုးရတပ် ပစ်ခတ် click
- လက်နက်ကိုင်တိုင်းရင်းသားတွေလည်း မီဒီယာလွတ်လပ်ခွင့် တောင်းဆိုပြီ click
- စိစစ်ရေး၏စည်းကမ်း လိုက်နာကြရန် ဒု-ညွှန်ချုပ် မေတ္တာရပ်ခံ click
- ၈၈၈၈ ဆိုတာ သမိုင်းမှာပဲ ကျန်နေခဲ့ဖို့လိုပါပြီ၊ နောက်ထပ်တကျော့ ပြန်မလာပါနဲ့တော့ဗျာ click
- ဒိတ်လိုင်း ဧရာဝတီ (ရုပ်သံ) click
- အကျဉ်းသား သတင်းသမား (အောက်မေ့ဖွယ်) click
- အမေ့ဒိုင်ယာရီ သို့မဟုတ် မြေစာပင်တို့ရဲ့ နှလုံးသားပုံရိပ် (ဆောင်းပါး) click
“နဂါးနှစ်မှ ကြိုဆိုပါ၏” (ကာတွန်းဘီရုမာ - ဧရာဝတီဝက်ဘ်ဆိုက်)
- ချင်းပြည်နယ် အစာရေစာခေါင်းပါးမှု ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းလေ့လာမည် click
- နယူးဇီလန် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUB နှင့် လာရောက်တွေ့ဆုံ click
- တရုတ်လက်ထဲ ကျရောက်တော့မယ့် လက်ပတောင်းတောင်ကြေးနီစီမံကိန်း click
- ပိုက်လိုင်းကြောင့် လယ်မြေဆုံးရှုံးသူ လယ်သမား ၄၉ ဦး လျော်ကြေးအပြည့်မရ၍ စာရေးတိုင်ကြား click
- တနိုင်ငံလုံးရှိ ကျောက်မီးသွေးစက်ရုံများ ရပ်တန့်ရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများ တောင်းဆို click
- တနိုင်တပိုင် ခဲတူးခွင့်ရခြင်းဖြင့် ဒေသခံများ အဆင်ပြေမှုရှိလာ click
- ဘိန်းအစားထိုး မွေးမြူရေး ဖော်ဆောင်သင့် click
- မင်္ဂလာတောင်ညွန့် မီးလောင်မှု အဓိက အကြောင်းရင်း ပေါ်ပြီ click
- လူနေရပ်ကွက်အနီး ဓာတုပစ္စည်း တန်တရာကျော် click
- မြဝတီ-ကော့ကရိတ် နှစ်လမ်းသွား ကားလမ်းသစ် ဖောက်လုပ်မည် click
- နယ်စပ်လိုင်းကားများ ခရီးသည်လုသည့်ကိစ္စ​ မြန်မာနှင့်ထိုင်း ပူးပေါင်းဖြေရှင်း click
- တမူးတွင် ဆိုင်ကယ်ချင်းတိုက်၍ တဦး သေ၊ တဦး ဆေးရုံရောက် click
- ပုစွန်ထဲ အပ်တွေ့သဖြင့် အလုပ်သမား ၂၅၀ ကျော် အလုပ်ထုတ်ခံရ (ရုပ်သံ) click
- အက်ဖ်အီးစီ ၂၀ တန် တခါသုံး ဆင်းမ်ကတ် ပြန်လည်ရောင်းချ click
- လားရှိုးမြို့တွင် လောင်းကစားဝိုင်း ဖမ်းနေ click
- မွန် ကယ်ဆယ်ရေး ရန်ပုံငွေအတွက် မလေးရှားတွင် ဖျော်ဖြေပွဲ ကျင်းပ click
- စင်္ကာပူအလှူနဲ့ ဇာဂနာရဲ့ ကူညီလှုပ်ရှားမှု click
- အဝေးရောက်ကုသိုလ် click
- ရထားစီးသူများ click
- ဒေါင်းမျိုး ဒေါင်းနွယ် (ကဗျာ) click
- ဆီးရီးယားကို ကုလအရေးယူမှု ရုရှား လက်ခံမည်မဟုတ် click
- ဆိုမာလီ ပြန်ပေးလက်မှ ဓားစာခံများ အမေရိကန် ကယ်တင် click
- လစ်ဗျားက လက်နက်ကိုင်ဆောင်မှု သတိပေးပြီ click
- နိုက်ဂျီးရီးယား ရဲချုပ်ကို သမ္မတ ရာထူးက ဖယ်ရှား click
- US ဗဟိုဘဏ်အတိုးနှုန်း ဆက်ထိန်းထားဖွယ်ရှိ click
- စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ဆက်စပ်ပြီး ဘင်္ဂလာဒေခ်ျ့တွင် စစ်အရာရှိ ၄၀ စစ်ဆေးခံနေရ click
- စစ်တပ်အင်အားတွေ တစိတ်တပိုင်း လှစ်ပြတဲ့ အိန္ဒိယ Republic Day click
- ကမ္ဘောဒီးယား နိုင်ငံခြားခရီးသွားလုပ်ငန်းကြောင့် တက္ကသိုလ်များ တိုးတက် click
- ချစ်သူရဲ့ ရုပ်အလောင်းနဲ့ လက်ထပ်သူ click
- လူအား စက်အားနဲ့ ပြင်ရတဲ့ စာလုံးပေါင်းအမှား click

ဒေါက်တာလွဏ်းဆွေမှတဆင့် Burma VJ Media Network သို့ အကြံပြုချက်

ဒေါက်တာလွဏ်းဆွေရှင့် ...

ဆရာ့ Blog ကို သူငယ်ချင်းတယောက်ပြောလို့ သိကတည်းက အမြဲတမ်းနီးပါး ကြည့်ဖြစ်ပါတယ်။ အခုနောက်ပိုင်း သတင်းတွေက နေ့စဉ်နဲ့အမျှ သက်ဝင်လှုပ်ရှားလာပြီး တိုင်းပြည်အတွက် နေ့စဉ်သမိုင်းမှတ်တမ်းတွေလို ဖြစ်နေတာမို့ အထူးအလေးပေးပြီး အချိန်ပေးပြီး ကြည့်ဖြစ်ပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေက သမိုင်းမှတ်တမ်းတွေ ဖြစ်လာမှာမို့ အလွန်အရေးကြီးပါတယ်။

များသောအားဖြင့် ဆရာ့ဘလော့မှာ တင်ပေးတဲ့ ဗီဒီယိုသတင်းတွေရဲ့ Source တွေက Burma VJ Media Network ကဖြစ်ပြီး သူတို့ ရိုက်ကူးထားတာ အင်မတန်ညံ့ပါတယ်။ ကင်မရာကလည်း ကောင်းဖို့ လိုနေပါတယ်။ အခုသတင်းတွေ၊ ဓာတ်ပုံတွေက ကိုယ့်လက်ထဲရှိတဲ့ ဖုန်းလေးနဲ့ ကြုံတုန်းလေး ရိုက်လိုက်ရတာ ကိုယ်တတ်နိုင်သလောက်လေး ပေးဝယ်ထားတဲ့ ကင်မရာလေးမို့ quality က ဒီလောက်ပဲရတယ်ဆိုတာမျိုး မဖြစ်သင့်ပါဘူး။ Professional သတင်းသမားတွေဖြစ်ပြီး ကင်မရာရိုက်နေရင်း လက်က တချိန်လုံး လှုပ်နေပါတယ်။ ဥပမာ - ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့မှာ မိန့်ခွန်းပြောနေတဲ့ အင်မတန်ငြိမ်တဲ့ အရုပ်တွေ ဖမ်းတာတောင် အဲဒီသတင်း ၃ မိနစ်လောက် ကြည့်ပြီးရင် လူက မူးသွားပါတယ်။

လွတ်လပ်ခြင်း အနုပညာပွဲတော်တုန်းကလည်း အဲလိုပါပဲ။ ပုံတွေက တချိန်လုံး ရမ်းနေပါတယ်။ မနေနိုင်လို့ Comment ၀င်ရေးမိပါသေးတယ်။ ဖတ်ပုံမရပါဘူး။ ခုထိလည်း အဲလို ရမ်းနေတုန်း၊ မှုန်နေတုန်းပါပဲ။ ဆရာတို့ သတင်းသမား အချင်းချင်းတော့ အဆက်အသွယ်ရှိမယ်ထင်လို့ ဆရာမှတဆင့် အကြံပြုအပ်ပါတယ်။ နောင်မှာ သမိုင်းဝင်မှတ်တမ်းတွေ ဖြစ်လာမှာမို့ သတင်းဌာနကြီးတခုအနေနဲ့ Professional Camera ကို အသုံးပြုပြီး Professional cameraman ကိုသာ သတင်းယူခိုင်းသင့်ပါကြောင်း ပြောပါရစေ။

အစိုးရဘက်မှာတော့ နိုင်ငံတော်အဆင့် သတင်းစာဆရာ၊ ဓာတ်ပုံဆရာတွေ ရှိမှာပါ။ အခုက ကိုယ့်ပြည်သူပြည်သားတွေ ကိုယ့်အကျိုးကိုယ်ကြိုးပမ်း၊ ကိုယ့်ဘက်က အမြဲရှိတဲ့ ကိုယ့်အမေကို ကိုယ်ထောက်ခံနေရတာမို့ အစိုးရဘက်က လာပြီး သတင်းမှတ်တမ်းတင်မှာ မဟုတ်ပါဘူး။ သမိုင်းတင်ကျန်မယ့် ဓာတ်ပုံကောင်းလေးတွေ မရလိုက်မှာစိုးလို့ပါ။ ဒီနေ့ဆို Pakistan President နဲ့ တွေ့တဲ့ပုံတွေ အကုန်မှုန်နေတာပါပဲ။ ကျမပဲ မျက်စိမကောင်းတော့တာလား ထင်မိလို့ တခြားပုံတွေတောင် လျှောက်ရှာကြည့်မိပါတယ်။ အင်တာနက်က ရှုခင်းပုံတွေ ကြည့်လေ လှလေ သတင်းဓာတ်ပုံတွေကို အားမရဖြစ်မိလေပဲမို့ ဆရာ့ဆီတကြိမ်မှ စာမပို့ဖူးပေမယ့် ပို့လိုက်ရပါတယ်ရှင့်။ ဆရာ စာကို အဆုံးထိ ဖတ်မယ်လို့ မျှော်လင့်ပါတယ်။

ကျန်းမာပါစေ ...
SMT
၂၄-၁-၂၀၁၂

SMT ခင်ဗျား ...

ကျနော်ကတော့ ဘလော့မှာ ဒီ quality လောက်နဲ့ပဲ ထပ်ဆင့်မျှဝေခွင့်ရနေတဲ့အပေါ် Burma VJ Media Network အဖွဲ့သားတွေကို အထူးကျေးဇူးတင်နေရတာပါ။ ကိုယ်က ဘလော့ဆိုတော့ သတင်းထောက် ခန့်ဖို့၊ ကင်မရာမင်း ထားဖို့ စရိတ်စက မတတ်နိုင်တဲ့ အနေအထားမို့ လုပ်နိုင်သူတွေဆီက တဆင့်ပြန်လည်မျှဝေခွင့်ရတာကိုပဲ ကံကောင်းတယ်လို့ မှတ်ယူနေရတာပါ။ SMT ရဲ့ အကြံပြုချက်ကို ဖတ်ပြီး Burma VJ Media Network အဖွဲ့သားများလည်း နောက်လာမယ့် ဗီဒီယိုဖိုင်တွေကို သူတို့တတ်နိုင်သမျှ အကောင်းဆုံး ကွာလတီဖြစ်အောင် စွမ်းဆောင်ပေးလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

ဇန်န၀ါရီ ၂၄ ရက်နေ့ ညနေပိုင်းက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည် ညစာဖြင့် တည်ခင်းဧည့်ခံ (ရုပ်သံ)



No comments:

Post a Comment