Sunday, 22 January 2012

Sunday, January 22, 2012

လိပ်ပြာလှသော လူ့အဖွဲ့အစည်း

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၁၃)
လိပ်ပြာလှသော လူ့အဖွဲ့အစည်း
ဒေါက်တာလွဏ်းဆွေ

ကျနော်တို့ လူ့အဖွဲ့အစည်းတွင် “ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား” ဟူသော ဆိုရိုးစကား ရှိခဲ့သည့်အတိုင်း အစဉ်အဆက် ပြုမူပြောဆို နေထိုင်ခဲ့ကြသည်မှာ အလွန်ပင် ကျက်သရေမင်္ဂလာရှိလှပေသည်။ မြင်တွေ့ရသည်မှာလည်း စိတ်ကြည်နူးချမ်းမြေ့စရာ ကောင်းလှပေသည်။

သို့သော် ယခုအခါတွင်မူကား ထိုထိုသော လှပသည့် ကျနော်တို့၏ စိတ်လိပ်ပြာလေးများသည် ဘယ်ဆီသို့ ၀ဲပျံပုန်းလျှိုး ကွယ်ပျောက်ကုန်ကြပြီလဲမသိ။ နေ့စဉ် ၀မ်းသမုဒ္ဒရာ၏ ခက်ထန်ကြမ်းတမ်းသော လှိုင်းတံပိုးများထဲ၌ ရုန်းကန်လှုပ်ရှားနေကြစဉ်တွင် ကျနော်တို့ အစဉ်အဆက် ကျင့်သုံးခဲ့ကြသော ထိုဆိုရိုးစကားအား မေ့ပျောက်စပြုလာသည်ကို ၀မ်းနည်းဖွယ် တွေ့မြင်နေရပေသည်။ အားလုံးဟု မရည်ညွှန်သော်လည်း အများစုက မေ့ပျောက်စပြုလာသည်ကို တွေ့ရသည့်အခါ ထိတ်လန့်တုန်လှုပ်မှု ဖြစ်မိပေသည်။

*****

ဥပမာအားဖြင့် ...

ဘတ်စကားပေါ်သို့ သံဃာတော်များ ကြွလာသည်။
ထိုင်ခုံမှ ထပေးဖို့ ကျနော်တို့ ၀န်လေးနေကြပေပြီ။ မသိချင်ယောင်ဆောင်နေကြပေပြီ။

အဘိုးအို၊ အဘွားအိုများ တက်လာသည်။
ကိုယ်ရထားသည့် နေရာလေးအတွက် ကျနော်တို့ မသိကျိုးကျွံပြုရက်နေကြလေပြီ။

ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကလေးငယ်ချီပိုးထားသည့် အမျိုးသမီးများ တက်လာသည်။
ကျနော်တို့ နေနိုင်တော်မူအားရက်ကြလေပြီ။

ရောဂါသည်များ ...၊ ကလေးငယ်များ ... စသည်၊ စသည်ဖြင့် ...။ ကျနော်တို့ ...။

ထိုထိုသော မြင်ကွင်းများအတွက် အံ့သြ၀မ်းနည်းဖြစ်ရလေသည်။

*****

လူ့အဖွဲ့အစည်းတခုတွင် ရုပ်ဝတ္ထုပစ္စည်း မဖွံ့ဖြိုး မကြွယ်ဝသေးလင့်ကစား၊ ၀မ်းသမုဒ္ဒရာထဲတွင် ခက်ခဲပင်ပန်းစွာ လက်ပစ်ကူးခတ်နေကြရလင့်ကစား အစဉ်အလာကောင်းများကို ကြံ့ကြံ့ခံ ထိန်းသိမ်းထားနိုင်သည့် လိပ်ပြာလှသော လူ့အဖွဲ့အစည်းသည် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံပြီး နေပျော်သေးသည့် လူ့အဖွဲ့အစည်း ဖြစ်နေဦးမည်ဟု ယုံကြည်မိပါသည်။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မတ်လ၊ ၁၉၉၈ ခုနှစ်)

ကဗျာဆရာကြီး တင်မိုး ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအစီအစဉ်




၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက် စနေနေ့က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ၁၀၃ နှစ်မြောက် မွေးနေ့ပွဲ အခမ်းအနားကို ရန်ကုန်မြို့မှာ တရက်ကြိုတင် ကျင်းပ (ရုပ်သံ)

မြန်မာပြည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရှင်သန်ရေးတို့အတွက် ရည်စူး၍ ၈၈ မျိုးဆက်ကျောင်းသားများ အပါအ၀င် နိုင်ငံရေးအင်အားစုများ ရွှေတိဂုံဘုရားတွင် ဆီမီးပူဇော်

(Photo - Yangon Media Group)
အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၂-၁-၂၀၁၂ - နံနက်ပိုင်း)

- မြန်မာအပေါ် ဒဏ်ခတ်မှုဖယ်ရှားရေး အချိန်ယူရဦးမည် click
- မြန်မာအပေါ် ဒဏ်ခတ်အရေးယူမှု ဆက်လက် ထားရှိဦးမည် click
- ၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲ ကျင်းပ click
- ၈၈ ကျောင်းသားအဖွဲ့ ပါတီထောင်ဖို့ မစဉ်းစားသေး click
- ၈၈ မျိုးဆက်တွေ ပါတီထောင်ဖို့ မဆုံးဖြတ် click
- ဒေါ်အောင်ဆန်းစုကြည်ကို အားပေးဝန်းရံမယ်လို့ ၈၈ ပြော click
- ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက် ၈၈ မျိုးဆက်ကျောင်းသားများ ထောက်ခံ click
- ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​ သတင်း​စာရှင်း​လင်း​ပွဲ (ဓာတ်ပုံသတင်း​) click
- ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက် click
- နိုင်ငံရေးသမားတွေ ထပ်လွတ်ဖို့ ကြိုးစားမယ်လို့ အစိုးရကော်မရှင် ပြော click
- အကျဉ်းထောင်လွတ် သံဃာတွေ သိမ်ထပ်တဲ့ပွဲ click
- လွတ်မြောက်လာတဲ့ သံဃာတော်တွေအတွက် သိမ်ထပ်ပွဲ ကျင်းပ click
- နိုင်ငံရေးအကျဉ်းကျခံရသော သံဃာတော်အရှင်သူမြတ်များ ဒု-အကြိမ် သိမ်ထပ်မင်္ဂလာအခမ်းအနား click
- နိုင်/ကျဉ်း သံဃာတော်အရှင်သူမြတ်များအား ဒု-အကြိမ် သိမ်ထပ်မင်္ဂလာပွဲ (ဓာတ်ပုံ) click
- အပစ်ရပ် သဘောတူညီချက် ကေအန်ယူ ရှင်းလင်းတင်ပြ click
- မပြီးဆုံးသေးတဲ့ လူထုဒီမိုကရေစီ အရေးတော်ပုံအရေး (ဆောင်းပါး) click
- အိပ်မက်တွေ တချွင်ချွင် မြည်လွန်းနေတယ် (ကဗျာ) click
- သမ္မတကြီးကိုယ်တိုင် … က (ကာတွန်း) click
- ကလေးတွေရဲ့ အခွင့်အရေး ဘယ်လိုကာကွယ်ပေးမလဲ (ဆွေးနွေးဖလှယ်) click
- ဟိုပင်မြို့တွင် တရားမဲ့ သတ်ဖြတ်မှုတခု ဖြစ်ပွား click
- တက္ကသိုလ်သင်ကြားမှုပုံစံ ပြောင်းလဲရန် အချိန်ယူရမည်ဟု ပညာရှင်များ ပြောဆို click
- မလွတ်လပ်တဲ့ ကလေးငယ် (အက်ဆေး ပထမပိုင်း) click
- အီဂျစ် ရွေးကောက်ပွဲ Muslim Brotherhood အနိုင်ရ click
- ဆီးရီးယားတပ်ပြေးတွေ ဒမတ်စကာဒ်ရပ်ကွက် သိမ်း click
- နိုက်ဂျီးရီးယားဗုံး သေဆုံးသူ များလာနိုင် click
- နိုက်ဂျီးရီးယား အသေခံဗုံးခွဲမှု လူအများအပြား သေဆုံး click
- နိုက်ဂျီးရီးယားဗုံးခွဲမှု လူ ၁၀၀ ကျော် သေဆုံး click
- သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး တရုတ် စတင်ဆောင်ရွက် click
- ကြက်ငှက်တုပ်ကွေးရောဂါပိုး သုတေသန ဆိုင်းငံ့ click

၈၈ မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲ (ရုပ်သံ)



ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဒေသခံလူထုကို ကေအန်ယူ ရှင်းလင်းပြောကြား

ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
ဇန်န၀ါရီ ၂၁ ရက်၊ ၂၀၁၂ ခုနှစ်

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ယခုလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာအစိုးရနှင့် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၇ မှူး ဗိုလ်မှူးချုပ် ဂျော်နီနှင့် ဘာအံခရိုင်ဥက္ကဌ ပဒိုအောင်မော်အေးတို့က လူထုထံသို့ ရှင်းလင်းပြောကြားခဲ့သည့် အခမ်းအနားတရပ်ကို ယနေ့ တပ်မဟာ ၇ တပ်စခန်းတခုတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံလူထု ၃၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ ရှင်းလင်းပွဲသို့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုအားတိုးနှင့် ဗိုလ်မှူးရောဂျာခင်တို့ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာနှင့် ပတ်သက်၍ ဒေသခံလူထု၏ မေးမြန်းချက်များကို ပြည်လည်ဖြေကြားပေးခဲ့သည်။

No comments:

Post a Comment