Thursday, 26 January 2012

Thursday, January 26, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၆-၁-၂၀၁၂ - နံနက်ပိုင်း)

- မြန်မာပြုပြင်ပြောင်းလဲမှု သမ္မတအိုဘားမား ချီးကျူး click
- မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ စတင်နေပြီလို့ အမေရိကန်သမ္မတ ပြော click
- မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဆက်ဖိအားပေးဖို့လို click
- သမ္မတကြီးနဲ့ “နောက် ပြန်မလှည့်ကြေး” click
- ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန်သမ္မတ ဆုချီးမြှင့် click
- ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန်က ဒီမိုကရေစီဆု ချီးမြှင့် click
- ဒေါ်အောင်ဆန်းစုကြည်ကို ဘာနာဇီယာဘူတို ဒီမိုကရေစီဆု ချီးမြှင့် click
- ဒေါ်အောင်ဆန်းစုကြည် ပါကစ္စတန်နိုင်ငံ၏ ဂုဏ်ထူးဆောင် ဆုတံဆိပ် ချီးမြှင့်ခံရ (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ ခေါင်းဆောင်တွေ အနှစ် ၂၀ ကျော်မှာ ပထမဆုံး ပြန်တွေ့ click
- ၈၈ မျိုးဆက်များ အိမ်ထောင်ပြုကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- RFA TV အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သ၀ဏ်လွှာ (ရုပ်သံ) click
- ပုလဲ NLD ဆိုင်းဘုတ်တင်ပြီ click
- လွတ်လပ်တဲ့ နိုင်ငံရေးဝန်းကျင်နဲ့ ကျောင်းသားသမဂ္ဂ ရပ်တည်ခွင့် (တိုက်ရိုက်လေလှိုင်း) click
- ၂၀၁၅ ရွေးကောက်ပွဲမှာ ဦးခွန်ထွန်းဦး ၀င်ပြိုင်မယ် click
- SSA-S ခေါင်းဆောင်များ မြို့ကြီးသုံးမြို့တွင် စီးပွားရေးလေ့လာမှု ပြုလုပ် click
- အစိုးရနှင့် ဆွေးနွေးရန် မွန်ပြည်သစ် ကိုယ်စားလှယ် ရွေးပြီး click
- မွန်ပြည်သစ်ပါတီနှင့် အစိုးရ ဒုတိယအကြိမ် ထပ်မံ ဆွေးနွေးမည် click
- မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် အနည်းအကျဉ်း တိုးတက်လာကြောင်း RSF ပြော click
- မီဒီယာဥပဒေကြမ်း စာပေစိစစ်ရေး ရှင်းလင်း click
- လပိုင်းအတွင်း စာပေစိစစ် ဖျက်တော့မယ်တဲ့ click
- ဂီတလောကနဲ့ လွတ်လပ်ခွင့် (အနုပညာမိုးကောင်းကင်) click
- ကျောက်မီးသွေးစီမံကိန်းအားလုံး ရပ်တန့်ရန် တောင်းဆို click
- ထားဝယ်စီမံကိန်းအတွက် ၁၈ ရွာ ပြောင်းရမည် သေချာ click
- ဖေဖော်ဝါရီ ၂ ၀ါရှင်တန်ဒီစီမှာ ဇာဂနာ၊ ဒေါ်ဘောက်ဂျာနဲ့ ဒေါ်ခင်သန်းမြင့်တို့ NED မှာ တွေ့ကြမည် click
- ပထမအကြိမ်မြောက် ဆရာကြီးဦးရာဇတ်နေ့ကို မန္တလေးမြို့တွင် စည်ကားစွာ ကျင်းပ click
- ဆော်ဒီအာရေဗီးယားမှာ မြန်မာအလုပ်သမားတချို့ ဒုက္ခရောက်နေ click
- အလုပ်သမားဝန်ကြီးဌာန ၀က်ဘ်ဆိုက်တွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်ကုမ္ပဏီများ လိုင်စင်ရှိမရှိ ကြည့်ရှုနိုင် click
- ဆင်းရဲသားများထံမှ ပေးစာ click
- အတွေးများနဲ့ ရထားတစ်စင်း (ဆောင်းပါး) click
- အီဂျစ်ဆန္ဒပြမှု နှစ်ပတ်လည် ကျင်းပ click
- ဆိုမားလီးယားမှာ ပြန်ပေးဆွဲခံရသူတွေကို ၀င်ကယ် click
- တရုတ်-ဗီယက်နမ် သတင်းလွတ်လပ်ခွင့် ဆိုး click
- တိဘက်ဆန္ဒပြသူတွေကို တရုတ်ရဲ့က ပစ်ခတ် click
- ဇန်န၀ါရီ ၂၅ တမိနစ် သတင်းဗီဒီယို click

မုဒိတာလူ့အဖွဲ့အစည်း

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၁၆)
မုဒိတာလူ့အဖွဲ့အစည်း
ဒေါက်တာလွဏ်းဆွေ

ဗြဟ္မစိုရ်တရားလေးပါးဖြစ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသည့် မြတ်သောအကျင့်တရား လေးပါးတွင် အပြောလွယ်ကူသလောက် လက်တွေ့ကျင့်ကြံရာ၌ အခက်ခဲဆုံးကား မုဒိတာတရားဟုပင် ထင်မိပေသည်။ မုဒိတာ၏ အဓိပ္ပာယ်မှာ “သူတပါး ကောင်းကျိုးချမ်းသာ ခံစားရသည့်အတွက် ၀မ်းမြောက်ခြင်း” ဟု မြန်မာအဘိဓာန်က အဓိပ္ပာယ်ဖွင့်ဆို၏။ အမှန်တကယ်ပင် သူတပါး ကောင်းကျိုးချမ်းသာ ခံစားရသည့်အတွက် ကျနော်တို့၏ ရင်ထဲ အသည်းထဲမှ လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်နိုင်ပါ၏လော။ မေးခွန်းထုတ်စရာ ရှိနေပေသည်။

*****

နေ့တဓူဝ တွေ့ကြုံနေရသော လူမှုဆက်ဆံရေးနယ်ပယ်တွင် ကျနော်တို့သည် တရားနည်းလမ်းကျကျ ထူးချွန်အောင်မြင်သူများကို မုဒိတာအကြည့်နှင့် မကြည့်နိုင်ကြ၊ မုဒိတာစကား မုဒိတာလက်ခုပ်သြဘာသံများဖြင့် ဂုဏ်မပြုနိုင်ကြ၊ တရားနည်းလမ်းကျကျ ကြီးပွားချမ်းသာလာသူများကို မုဒိတာအပြုံးဖြင့် မကြိုဆိုနိုင်ကြ … စသည့် မြင်ကွင်းများကို မကြာခဏ မြင်တွေ့နေကြရပေသည်။

အနီးစပ်ဆုံး ပြဆိုရလျှင် ယနေ့ ထွက်ရှိနေသော စာနယ်ဇင်းအတော်များများတွင် တရားနည်းလမ်းကျကျ အောင်မြင်ကျော်ကြားလာသူ၊ အရှိန်အ၀ါရှိလာသူများအပေါ် မုဒိတာမပွားနိုင်သော အရေးအသားများကို ဥပမာပေး၍ မကုန်နိုင်လောက်အောင်ပင် စိတ်ညစ်ညူးဖွယ် တွေ့မြင် ဖတ်ရှုနေကြရပေသည်။

*****

တိုးတက်သော လူ့အဖွဲ့အစည်းတခု ဖြစ်ပေါ်ရန်မှာ ထိုလူ့အဖွဲ့အစည်းအတွင်း၌ ပါဝင်သူများ၏ တဦးချင်းစီ၌ တာဝန်ရှိပေသည်။ ထိုလူတဦးစီ၏ စိတ်ကူးဉာဏ်၊ တီထွင်ကြံဆမှုများဖြင့်ပင် ပိုမိုတိုးတက်ကောင်းမွန်သော လူ့အဖွဲ့အစည်းဖြစ်အောင် တည်ဆောက်ကြရမည်ဖြစ်သည်။ သူတထူးအား မုဒိတာမပွားနိုင်သောသူသည် အတွေးသစ်၊ အမြင်သစ်၊ အကြံသစ်၊ ဉာဏ်သစ်များ မဖြစ်ပေါ်နိုင်ဘဲ မစ္ဆရိယ၀န်ထုပ်ဝန်ပိုးများ၊ စိုးရိမ်သောကများဖြင့် လေးလံဖိစီးကာ အမြင့်သို့ တက်လှမ်းနိုင်မည်မဟုတ်ပေ။ ထိုသို့ မုဒိတာမပွားနိုင်သောသူများက လူအများစုဖြစ်လာလျှင် ထိုလူ့အဖွဲ့အစည်းသည်လည်း …။ ။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၁၉၉၈ ခုနှစ်)

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည် တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲမြင်ကွင်း

အပြည့်အစုံသို့...

လာမယ့် လပိုင်းအတွင်း စာပေစိစစ်ရေး လုံးဝ ရှိမှာမဟုတ်တော့ ...

လပိုင်းအတွင်း စာပေစိစစ် ဖျက်တော့မယ်တဲ့
သတင်း - အာရ်အက်ဖ်အေ (၂၅-၁-၂၀၁၂)

မြန်မာနိုင်ငံမှာ လာမယ့် လပိုင်းအတွင်း စာပေစိစစ်ရေး လုံးဝ ရှိမှာမဟုတ်တော့ဘူးလို့ စာပေစိစစ်ရေးအဖွဲ့ အကြီးအကဲ ဗိုလ်မှူးဟောင်း ဦးတင့်ဆွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ စာနယ်ဇင်းဥပဒေမူကြမ်းကို ဇန်န၀ါရီ ၂၇ ရက် ခေါ်ယူမယ့် လွှတ်တော်အစည်းအဝေးမှာ တင်သွင်းပြဋ္ဌာန်းပြီးတဲ့အခါ စာနယ်ဇင်းတွေအနေနဲ့ ဆင်ဆာအဖွဲ့ကို တင်ပြစရာမလိုဘဲ ထုတ်ဝေခွင့် ရရှိမှာဖြစ်ကြောင်း စာပေစိစစ်ရေးဌာန အကြီးအကဲ ဦးတင့်ဆွေက အာအက်ဖ်အေနဲ့ သီးသန့် ဆက်သွယ်မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

စာနယ်ဇင်းဥပဒေကို ပြဋ္ဌာန်းပြီးတဲ့အခါ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့် အပါအ၀င် တခြား ဒီမိုကရေစီနိုင်ငံတွေမှာလို စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အ၀ ရရှိလာမှာဖြစ်တယ်လို့လည်း ဦးတင့်ဆွေက ပြောပါတယ်။ စာပေစိစစ်ရေးဌာန အကြီးအကဲ ဦးတင့်ဆွေနဲ့ အာအက်ဖ်အေ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

No comments:

Post a Comment