Tuesday, January 24, 2012
ကတ္တီပါလမ်းခွဲ
ကတ္တီပါလမ်းခွဲ
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
ဒီနေ့အချိန်ဟာ နိုင်ငံရေးအမြင် အလွန်ရှုပ်ထွေးတဲ့ ကာလတခု ဖြစ်ပါတယ်။ ညီအစ်ကို မသိတသိ ကာလမျိုးလို့ ဆိုရပါမယ်။ ရန်သူလား၊ မိတ်ဆွေလား မကွဲပြားလောက်အောင် အမြင်ရှုပ်ထွေးတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီသမားပါလို့ ဆိုသူတွေထဲမှာတောင် ဗိုလ်ခင်ညွန့်ကို ခွင့်လွှတ် မေတ္တာထားပြီး ဦးဂမ္ဘီရ သော့ရိုက်ချိုးတာကို သဘောထားတင်းမာသူပါလို့ အပြစ်တင်ချင်သူတွေ ရှိနေကြတဲ့ ကာလဖြစ်ပါတယ်။
အတွေးအခေါ် ရှုပ်ထွေးရင် နိုင်ငံရေး ရှုပ်ထွေးပြီး ညီညွတ်ရေး ပြိုကွဲတတ်ပါတယ်။ ညီညွတ်ရေး ပြိုကွဲရင် ရန်သူဘက်က အနိုင်ရ အသာစီးရသွားတတ်ပါတယ်။ သတိကြီးကြီးထားနိုင်မှ တော်ကာကျပါလိမ့်မယ်။
စစ်အာဏာရှင်အုပ်စုအတွင်းမှာ အပျော့အမာကွဲနေတယ်လို့ ဆိုကြပါတယ်။ ဒီအပျော့အမာကိစ္စကို “ကြံ့ဖွံ့အစိုးရ၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ” ဆောင်းပါးမှာ ကျနော် ပြောခဲ့ဖူးပါတယ်။ အပျော့အမာတွေ ကွဲနေတယ်ဆိုတာ မှန်းဆချက်ပါ။ ဘယ်သူမှ အထောက်အထားနဲ့ သေသေချာချာ ပြောနိုင်တဲ့အရာ မဟုတ်ပါဘူး။ ဒါပေမယ့် အရင်က စစ်အာဏာရှင်အဆက်ဆက် လုပ်ခဲ့သလို ရာထူးဖြုတ်တာ တောရှင်းတာမျိုးတော့ မတွေ့ရသေးပါဘူး။ အဲသလို တောရှင်းတာမျိုး မတွေ့ရတဲ့အပြင် သူတို့ကို အပျော့အမာကွဲနေတယ်ဆိုပြီး လူတွေက ထင်ကြေးပေး မှန်းဆနေတာကို စစ်အစိုးရက နှစ်သက်နေသလား လို့တောင် ထင်စရာရှိပါတယ်။ သူတို့ကိုယ်တိုင်က တချို့က အမာပုံနဲ့ထွက်၊ တချို့က အပျော့ပုံနဲ့ထွက် ဆိုပြီး ဇာတ်တိုက် ကပြနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အရင်ကလည်း ဒါမျိုး လုပ်ခဲ့ဖူးပါတယ်။ စိန်လွင်က ဘီလူးဆိုင်းနဲ့ထွက်၊ ဒေါက်တာမောင်မောင်က အပျော့ဆွဲနဲ့ထွက် ဆိုတာမျိုး လုပ်ခဲ့ဖူးပါတယ်။ တကယ်တမ်းကျတော့ ဒီပုပ်ထဲက ဒီပဲတွေချည်းပါပဲ။
“ဘာပဲဖြစ်ဖြစ်
၈၈ မျိုးဆက်ကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုသဘောထားသလဲ
ဆိုတာကတော့ အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၀
ကျော်ကြာမှ လူချင်းပြန်ဆုံတွေ့ခွင့်ရကြသူတွေ ဖြစ်ပါတယ်။ ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ၈၈ အရေးတော်ပုံ၊ ၂၀၀၇
အရေးတော်ပုံကြီးတွေကို ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ကြသူတွေဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူလူထုထောက်ခံမှု၊ နိုင်ငံတကာထောက်ခံမှုကို
အကြီးမားဆုံးရရှိထားသူ ဖြစ်ပါတယ်။ အားလုံးဟာ သူရဲကောင်းတွေပါ။ သူတို့
ဘယ်လိုများ လက်တွဲပြီး တိုင်းပြည်ကောင်းကျိုး သယ်ပိုးကြမလဲဆိုတာဟာ
အားလုံးသိချင်ကြသလို မျှော်လင့်နေကြတဲ့အရာလည်း ဖြစ်ပါတယ်”
အပြည့်အစုံသို့...
No comments:
Post a Comment