Sunday, January 29, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၉-၁-၂၀၁၂ - နံနက်ပိုင်း)
- ပြုပြင်မှုတွေ ဆက်လုပ်မည် မြန်မာစက်မှုဝန်ကြီး ကတိပေး click
- ထာဝရငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ အစိုးရ ရည်မှန်း click
- SSAN အဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့တို့ ဆွေးနွေး click
- မြန်မာအစိုးရနဲ့ ရှမ်း (မြောက်) တပ်ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူ click
- SSPP နဲ့ အစိုးရ အပစ်ရပ် လက်မှတ်ထိုး click
- ကေအိုင်အိုက နိုင်ငံရေးဆွေးနွေးရင်း အပစ်ရပ်လို click
- ဖထီး ဖတ်မိတဲ့ ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက်များ (ဆောင်းပါး) click
- တရားမ၀င် ကုန်သွယ်မှုနှုန်း မြင့်တက်ကြောင်း မြန်မာအစိုးရ၏ ပြောဆိုချက် KNU ငြင်းဆို click
- မြောက်ပိုင်း ABSDF က လူသတ်မှုများ click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီခရီး (ဓာတ်ပုံသတင်း) click
- ဒေါ်အောင်ဆန်းစုကြည်ကို ကြိုနေတဲ့ ထားဝယ် (ဓာတ်ပုံသတင်း) click
- NLD ရဲ့ နိုင်ငံအနှံ့လှုပ်ရှားမှုများ (ဓာတ်ပုံသတင်း) click
- ဒေါ်အောင်ဆန်းစုကြည် နည်းဗျူဟာလမ်းစဉ်သစ် အောင်မြင်နိုင်ပါ့မလား (ဆောင်းပါး) click
- ထိုအဖေ ဤသမီး - ၂ (ဆောင်းပါး) click
- ဦးလှဝင်းရဲ့ဆောင်းပါး click
- ဂုဏ်ယူတယ် click
- ရခိုင်ရိုးရာ ကျင်ပြိုင်ပွဲ အဆင့်မြင့်မားရေး click
- ရခိုင်တော်လှန်ရေးသမား သက်ကြီးရွယ်အိုများအား ဂုဏ်ပြုပူဇော်ပွဲကို ARG က နိုင်ငံသုံးခုတွင် တပြိုင်တည်း ပြုလုပ်မည် click
- မြန်မာပြည်မှာ လူကြည့်အများဆုံး စာမျက်နှာ ... တဲ့ click
- ကျနော်တို့ သိသင့်တဲ့ ထိုင်းနိုင်ငံတွင်း မြန်မာအလုပ်သမားလက်မှတ်နှင့် ပတ်စ်ပို့ (ဆောင်းပါး) click
- ဒစ်ဂျစ်တယ်ခေတ်နှင့် ပညာရေးကဏ္ဍသစ် (ဆောင်းပါး) click
- The Experiment မှ အတွေးမျှင်များ (ဆောင်းပါး) click
- မလွတ်လပ်တဲ့ ကလေးငယ် (အက်ဆေး-ဒုတိယပိုင်း) click
- အောက်လမ်း (ကဗျာ) click
- မွေးရပ်မြေ (ကဗျာ) click
- ဆီးရီးယား လေ့လာစောင့်ကြည့်ရေး အာရပ်အဖွဲ့ချုပ် ရပ်ဆိုင်း click
- ဆီးရီးယားမှ အာရပ်အဖွဲ့ချုပ် ရုပ်သိမ်းဖို့ ပြင် click
- ဆီးရီးယား အကြမ်းဖက်မှု အဆုံးသတ်စေဖို့ လုံခြုံရေးကောင်စီ ဆွေးနွေး click
- ဂျာမန် အဆိုပြုချက် ဂရိ ပယ်ချ click
- တရုတ်တောင်ပိုင်း မြစ်တစ်စင်း ဓာတုအဆိပ်ဓာတ်သင့် click

အသားနာတဲ့ကိစ္စ
ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၁၇)
အသားနာတဲ့ကိစ္စ
ဒေါက်တာလွဏ်းဆွေ
ငယ်ငယ်တုန်းက ပညာရေးနဲ့ ပတ်သက်ရင် ကျနော့်အမေက အင်မတန် စည်းကမ်းကြီးပါတယ်။ ညနေ ကျောင်းက ပြန်လာတာနဲ့ တနေ့တာ သင်လိုက်တဲ့စာကို အကုန်အလွတ်ရအောင် ကျက်မှတ်ရပါတယ်။ ရပြီဆို ညကျရင် အမေ့ဆီမှာ ပြန်ဆိုပြပြီး အစစ်ဆေးခံရပါတယ်။ ပြီးမှ ကျနော်တို့ ညီအစ်ကိုတွေကို အမေက အိပ်ခွင့်ပေးတာပါ။ စာမရလို့ကတော့ စောစောမအိပ်ရဘူးပေါ့ (နေ့စဉ် တာဝန်ကြီးတခုလိုဖြစ်နေပေမယ့် ကျင့်သားရသွားတော့လည်း ကျနော်တို့အတွက် သိပ်တော့ မပင်ပန်းတော့ပါဘူး)။ ကလေးသဘာဝ ကစားချင်၊ ဆော့ချင်တဲ့ စိတ်က အလေးကဲနေပေမယ့်လည်း ပညာရေးနဲ့ ပတ်သက်ပြီး အမေ့ကို ကြောက်နေရတော့ ကျနော်တို့ ကလေးဘ၀မှာ ကစားချိန်က စာဖတ်ချိန်တွေလောက် များများစားစား မရှိခဲ့ပါဘူး။ စနေ၊ တနင်္ဂနွေလို ကျောင်းအားရက်တွေ ဆိုရင်တော့ တပတ်စာ ကျောင်းစာတွေကို ပြန်လှန်လေ့ကျက်လို့ ပြီးပြီဆိုရင် အမေက ကျနော်တို့ကို ကစားခွင့်ပေးပါတယ်။ အဲဒီအခါမှာတော့ ရသလောက် အချိန်လေးမှာ ကျနော်တို့ ညီအစ်ကိုတတွေ အစွမ်းကုန် ဆော့တော့တာပါပဲ။
အိမ်နီးနားချင်း ဘော်ဒါတွေကို ခေါ်ပြီး ခြံထဲမှာ ဘောလုံးကန်၊ သားရေကွင်းပစ်၊ ဂေါ်လီရိုက်၊ ဒိုးပစ်၊ ခြင်းလုံးခတ်၊ စွန်လွှတ်၊ ဂျင်ပေါက် … စသဖြင့် သူ့ရာသီနဲ့သူ အစုံလျှောက်ကစားပါတယ်။ တခါတခါ အဲဒီကစားနည်းတွေအပြင် ရပ်ကွက်ထဲက တချို့လူကြီးတွေ ငှက်ပစ်တာ၊ ငါးမျှားတာတွေကို အားကျပြီး လိုက်လုပ်ခဲ့တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ခြံထဲမှာ လေးခွတလက်နဲ့ ငှက်လျှောက်ပစ်တာတော့ တကောင်တလေမှ လောက်စာ ထိမှန်ပြီး အောက်ပြုတ်ကျခဲ့တာ မရှိခဲ့ပါဘူး။ အဲ … ငါးမျှားခဲ့ဖူးတာမှာတော့ အခုအချိန်အထိ မေ့မရနိုင်ဘဲ ကျနော့်ရင်ထဲ စွဲမြဲနေခဲ့တဲ့ အဖြစ်အပျက်ကလေးတခု ရှိခဲ့ဖူးပါတယ်။
No comments:
Post a Comment