Friday, February 3, 2012
ခင်ဝမ်း ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အမှတ်တရ
ဂျပန့်ရင်သွေး
အငြိမ်းစားသံအမတ်ကြီး ဦးသက်ထွန်း
(၁၉၉၆ ခု၊ ဇန်န၀ါရီထုတ် JAL ဂျပန်လေကြောင်း Agora စာစောင်ပါ ဆောင်းပါးမှ ဘာသာပြန်ဆိုပါသည်။)
ယောရှိအိုကာ နိုရိခိသည် ဂျပန်နိုင်ငံ ကောချိနယ၌ မွေးဖွား၍ စစ်တပ်ထဲတွင် ရောက်ရှိပြီးနောက် မန်ချူးပြည် (ယခု တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း) နှင့် မြန်မာပြည်တို့သို့ အပို့ခံရလေသည်။ နေရာအနှံ့အပြားတွင် တိုက်ခိုက်ခဲ့ရပြီး ၁၉၄၅ ခုတိုင်ခဲ့၏။ လွတ်လပ်ရေးအတွက် ဂျပန်နှင့်လက်တွဲခဲ့သော ဗမာ့လွတ်လပ်ရေး တပ်မတော်သည် စစ်ပြီးခေတ်ကိုမျှော်မှန်း၍ အင်္ဂလိပ်စစ်တပ်နှင့် ပူးတွဲကာ မတ်လတွင် ဂျပန်စစ်တပ်ကို စတင်တိုက်ခိုက်လေသည်။
ထိုအချိန်၌ ယောရှိအိုကာသည် ပြည်မြို့အနီး၌ သူ့ထက် အသက်နှစ်နှစ်ကြီး သော ဒေါ်တင်တင် အမည်ရှိသည့် မြန်မာအမျိုးသမီးတဦးနှင့် သိကျွမ်းလေသည်။ ၁၉၄၅ ခု မတ်လတွင် မန္တလေးကျ၍ မေလတွင် ရန်ကုန်ကျပြီး ယောရှိအိုကာသည် ချီတက်လာသော အင်္ဂလိပ်နှင့် အိန္ဒိယစစ်တပ်၏ သုံ့ပန်းဘ၀သို့ ရောက်သွားခါနီးအချိန်တွင် ထိုအမျိုးသမီးသည် အနီးရှိ ဘုန်းကြီးကျောင်း ဆရာတော်ထံ ချဉ်းကပ် တိုးလျှိုးလေသည်။
ဘာသာတရားကိုင်းရှိုင်းသည့် ဗုဒ္ဓဘာသာဝင်အများစုဖြစ်သော ဤနိုင်ငံတွင် သံဃာတို့၏ သြဇာတိက္ကမသည် ကြီးမားလှပေသည်။ ဆရာတော်၏ တပည့်အဖြစ် စောင့်ရှောက်မှုခံယူရရှိသော ယောရှိအိုကာအား ဒုက္ခပေးမည့်သူ (စစ်တပ်အပါအ၀င်) မည်သူမျှမရှိပါ။ ၁၉၄၆ ခုနှစ်တွင် ကျောင်းမှထွက်သော ယောရှိအိုကာအား ဆရာတော်က ‘အောင်ခ’ ဟူသော မြန်မာနာမည် ပေးသနားပါသည်။ ရွာတနေရာတွင် မြေတကွက်ပေးသဖြင့် ထိုနေရာတွင် ၎င်းတို့နှစ်ဦး အိမ်ထောင်ကျပါသည်။
၁၉၄၇ ခုနှစ် နိုဝင်ဘာလတွင် သားဦးရတနာဖွား၍ ‘ခင်ဝမ်း’ ဟု ကင်ပွန်းတပ်လေသည်။ ထို့နောက် ယောရှိအို ကာသည် လုံ့လ၀ီရိယစိုက်ထုတ်၍ ဆန်စက်တလုံး တည်ထောင်လေသည်။ ခင်ဝမ်းသည် ငယ်စဉ်ကတည်းက ဖခင်ကြီး အလုပ်လုပ်ပုံကို နီးနီးကပ်ကပ် တွေ့မြင်ရလေသည်။
ယောရှိအိုကာသည် မြန်မာစကား ပြောတတ်သော်လည်း စာတော့ မရေးတတ်ပါ။ ထို့အတွက် လုပ်ငန်းတွင် လိုအပ်သော စာရွက်စာတမ်းတို့ကို ပြုစုရန် သားအပေါ်အားထား၍ သား မြန်မြန်ကြီးပြင်းပါစေဟု အဖေကြီးက တဖွဖွ တောင့်တနေခဲ့၏။ ခင်ဝမ်းသည် မူလတန်းကျောင်း နှစ်တန်း၌ နေစဉ်ကတည်းက ဖခင်ကိုယ်စား ဆောင်ရွက်ခဲ့၏။
ခင်ဝမ်းသည် မူလတန်းကျောင်း မ၀င်မီကတည်းက သူ့ဖခင် ဂျပန်လူမျိုးဖြစ်ကြောင်း သိရှိခဲ့၏။ ၎င်းအချက်ကို သတိပေးခံရသည့်နေ့ ရောက်လာခဲ့၏။ သူငယ်ချင်းများ ရှေ့မှောက်၌ပင် တတန်းလုံးရှေ့၌ ကုလားထိုင်ပေါ် မတ်တပ်ရပ်စေပြီး …
“မင်းဟာ ဂျပန့်သား၊ ဂျပန်တွေ ဒီတိုင်းပြည်မှာ ဘာတွေလုပ်သွားသလဲ မင်းသိလား” ဟု ဆရာက ဒေါသတကြီး ပြောကြားနေ၏။၊ ဆရာသည် စစ်ဒဏ်ခံခဲ့သူ တယောက်ပေ။ မိမိနိုင်ငံကို စစ်မီးတောက်ထဲ သွင်းသည့် နိုင်ငံကို အကောင်းမြင်မည်မဟုတ်။ စစ်ဘေးဒဏ်ကို မမေ့ကြသေး။ ထို့အပြင် တိုင်းပြည်တွင်း အမျိုးသားစိတ်ဓာတ် တက်ကြွနေသည့်အခါလည်းဖြစ်၊ ခင်ဝမ်းမှာ အတော် စိတ်ထိခိုက်သွား၏။ အိမ်ပြန်ရောက်သော် အသံထွက်ပြီး ငိုကြွေးမိ၏။ သို့သော် ခင်ဝမ်းသည် ဖခင်ကြီးအား ကျောင်း၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စကို ပြန်မပြောပေ။
“ဝေးလံတဲ့ နိုင်ငံကလာ၊ တစိမ်းတွေကြား နေရတဲ့ အဖေကြီးကို စိတ်မချမ်းသာတဲ့ကိစ္စ မသိစေချင်ဘူး”
ခင်ဝမ်းသည် အသက် ၄၀ ပြည့်သည့်နေ့တိုင် ဤကိစ္စကို ဖခင်ကြီးထံမှ ဖုံးကွယ်ထားခဲ့၏။ ဤအကြောင်းကို ပြောပြသည့်အခါ ဖခင်ကြီးသည် တညလုံး စကားမပြော။ ထိုစဉ်က မပြောရကောင်းလားဟု သားကို မဆူရုံတမယ်သာ။
မိမိသည် ဂျပန့်ရင်သွေးမှန်း အသိပေးခံရပြီးနောက် ခင်ဝမ်းသည် ဂျပန်၌ အစ်ကိုများရှိကြောင်းကိုလည်း သိရှိလေသည်။ ဖခင်ကြီး စစ်မထွက်မီ လက်ထပ်ခဲ့ရာ ဂျပန်၌ သားနှစ်ယောက် ထွန်းကားခဲ့၏။ “ကျနော်တို့က အဖေကြီးကို လုယူထားသလို စိတ်ထဲမှာ ခံစားမိပါတယ်။ ဒါကြောင့်မို့ ဟိုဘက်အိမ်ထောင်စုက ဘယ်လို သဘောထားသလဲဆိုတာကို အမြဲသိချင်နေခဲ့ပါတယ်”
ဖခင်ကြီးသည် အလုပ်ကြိုးစားလုပ်၍ ဆန်စက်ကို တိုးချဲ့၊ ဂျပန်ပြည်က ဆွေမျိုးတွေထံ ပိုက်ဆံမှန်မှန်ပို့၏။ ခင်ဝမ်းသည် ကလေးဘ၀ထဲက ပုံဆွဲဝါသနာပါ၏။ ကိုယ့်ဘာသာကိုယ် သင်ကြားသော ပုံဆွဲပညာ ဖြစ်သော်လည်း လက်ရာများနှင့်အတူ တဖြည်းဖြည်း နာမည်ထွက်လာ၏။ တက္ကသိုလ် တတိယနှစ်တွင် အိမ်ထောင်ပြု၏။ ယခု မိန်းခလေး ၄ ယောက်၏ အဖေ ဖြစ်နေလေပြီ။
နှစ်နှစ်ကြာမှ ကျောင်းပြန်ဝင်ရလေရာ ထိုကာလအတွင်း ခင်ဝမ်းသည် ဂျပန်မြေကို နင်းလေသည်။ ဂျပန်ရှိ ဦးလေးတော်သူက ကျောင်းတခု၌ ပုံဆွဲဆရာအဖြစ် ထမ်းရွက်နေ၏။ ထိုနေရာ၌ ခင်ဝမ်းသည် အစ်ကိုနှစ်ယောက်နှင့် တွေ့ရ၏။
ကောချိနယ်မြေ၏ မြေအနေအထားကြောင့်လား သို့မဟုတ် အိမ်ထောင်စု ရှုပ်ထွေးမှုကြောင့်လားမသိ။ အစ်ကိုကြီးသည် အရက်ကြိုက်၏။ တွေ့တွေ့ချင်း ညီကို ခွင့်လွှတ်၏။ “အရက်မသောက်ရင် ငါ့ညီ မဖြစ်ဘူးကွ” ဟု ရယ်ရွှန်းပြောဆို၍ အရက်အတူတူသောက်ရင်း စကားလက်ဆုံကျကြ၏။
ဂျပန်က ပြန်လာပြီး ကျောင်းပြန်တက် ဘွဲ့ယူ ပန်းချီဆက်ဆွဲ၏။ ထို့နောက် ၂၇ နှစ်အရွယ်တွင် စိတ်ကူးရပြီး သီချင်းစပ်ဆို၏။
“သီချင်းစပ်ရတာ စိတ်ဝင်စားဖို့ကောင်းလို့”
သီချင်းသားမှာ မြန်မာလို၊ မြန်မာတွင် အိန္ဒိယက လာသော ပါဠိစကားရှိ၏။ ဂျပန်တွင် ခန်ဂျီ (တရုတ်စာ) ရှိသလို။ မြန်မာနှင့် ပါဠိစကား ရောထားသော သီချင်းများဖြစ်၏။ သီချင်းခေါင်းစဉ်တွင် ပါဠိစကား သုံးထား၏။ ပညာတတ်လူတန်းစားတို့ ကြိုက်နှစ်သက်သော သီချင်းများဖြစ်၏။
ခင်ဝမ်း၏ မိတ်ဆွေ ရေဒီယိုအဆိုကျော် ၀ါးခယ်မ ဦးရဲမောင်က ဆိုသည်မှာ “ဘယ်သူမဆို စတားဖြစ်ချင်နေကြတဲ့အကြား ခင်ဝမ်းက ဒီလို စိတ်မျိုးမထားဘူး။ စွမ်းရည်မရှိလို့ မဟုတ်ဘူး။ ကိုယ့်အပေါ်ကိုယ် ယုံကြည်မှုရှိလို့ ဖြစ်ရမယ်”
ခင်ဝမ်းအား ဖခင်သွေးနဲ့ သီချင်းဝါသနာ အဆက်အသွယ်ရှိမရှိ မေးကြည့်မိရာ “အဖေက ဂျပန်ဖြစ်တာနဲ့ သီချင်းဝါသနာပါတာနဲ့ မဆိုင်ဘူး။ အခုထိ သီချင်းတွေက sentimental၊ နောက်ကိုတော့ blues ရေးချင်တယ်”
blues ဆိုသည်မှာ ပျော်ရွှင်ဖွယ် အတွေ့အကြုံနှင့် ထီးတည်းကျန်မှုကို နှစ်ဆိုထားသော သီချင်းဖြစ်၏။ ခင်ဝမ်းတွင် ညီနှစ်ယောက် ညီမတယောက်ရှိ၏။ ဖခင်ကြီးမှာ မြန်မာနိုင်ငံသား ခံယူထားသော်လည်း မောင်နှမတွေကတော့ ဂျပန်နာမည်များ ရှိကြ၏။ ခင်ဝမ်းကို ယောရှိအိုကာကိချိအိုဟူ၎င်း ဘ၀ပျော်ရွှင်မှုကို ဆုတောင်းပြီး မှည့်ခေါ်ထား၏။ သူ့အောက် ယောက်ျားကလေးမှာ ယခင်အနှစ် ၂၀ ကပင် ဂျပန်နိုင်ငံသား ခံယူ၍ အိုဆာကာ၍ နေထိုင်လျက်ရှိသည်။ ဖခင်ကြီးသည် ကျန်းကျန်းမာမာနှင့် ပြည်မြို့၌ နေထိုင်လျက်ရှိသည်။
“ဖေဖေ့မှာ ဘူရှီဒို စိတ်ဓာတ်ရှိတယ်။ ဂျပန်စစ်ရှုံးလို့ ဂျပန်ပြည်ကို မကြည့်ချင်တော့။ ဒါပေမယ့် မြန်မာပြည်မှာတော့ မရှုံးချင်ဘူး။ ဆွေမျိုးတွေကိုကော တွေ့တဲ့လူတွေကိုကော ရှုံးတဲ့ ပုံပန်းသဏ္ဍာန် မပြချင်ဘူး။ ဒါကြောင့် တအားကုန် ကြိုးစားကြံ့ကြံ့ခံနေတာပဲ”
ယနေ့စာရင်းဝင် ဌာနီမပြန် ဂျပန်စစ်သည် ဦးရေမှာ မများလှ။ အသက်ကြီးရင့်လာကြပြီး တမလွန်ဘ၀ကူးကြသူ များလာ၍ ဖြစ်လေသည်။ သို့သော် စာရင်းဝင်သည်ထက် ကျော်လွန်၍ မြန်မာပြည်အနောက်ပိုင်း၊ မြောက်ပိုင်းရှိ တောင်ကုန်းဒေသတို့ကို ဗဟိုပြုသည့်နေရာတို့တွင် ဌာနီမပြန် ဂျပန်စစ်သည်တို့ ရှိသည်ဆိုသော ကောလာဟလသည် ယနေ့တိုင် မစဲသေးပေ။
တရုတ်နယ်စပ်အနီး ဂျပန်စစ်သည်တယောက်နှင့် ရန်သူ ၁၀ ယောက်တို့ တိုက်ခိုက်ခဲ့ကြသည်ဟုဆိုသော ရှမ်းပြည်နယ် မိမိ၏ အတိတ်နှင့်ပတ်သက်၍ တခွန်းမှမပြောဘဲ လန်ခြားဆွဲသူအဖြစ် ဘ၀အဆုံးသတ်သွားသော ဂျပန်စစ်သားတဦး ရှိခဲ့၏။ သူ့ကို လူတွေက ‘ဦးဂျပန်’ ဟု ခေါ်ကြ။ ဌာနီမပြန်သည့် စစ်သည်။ သူ့ဇနီး၊ သူ၏ ကလေးများ ၎င်းတို့အသီးသီးတွင် ထူးခြားသော လူ့သဘာဝရှိကြ၏။ ။
JAPANESE OFFSPRING
Retired Ambassador U Thet Tun
(Translated from an article in the January 1996 issue of JAL's "Agora".)
Retired Ambassador U Thet Tun
(Translated from an article in the January 1996 issue of JAL's "Agora".)
Yoshioka Noriki was born in Kochi, Japan, and after enlistment in the army was sent to Manchuria (now North East China) and Myanmar. He fought in various places until 1945. Myanmar Army which collaborated with the Japanese for the sake of Independence launched its resistance against the Japanese Army in March in cooperation with the British Army with a view to postwar Independence.
At that time Yoshioka had met near Prome a Myanmar woman two years his senior by the name of Daw Tin Tin. Mandalay fell in March, 1945 and Rangoon in May 1945. Before Youshioka saw taken prisoner by the advancing English and Indian Army, Daw Tin Tin approached the sayadaw (presiding monk) of a nearby monastery.
The influence of sangha in this predominantly Buddhist country is great. As a disciple under the protection of the sayadaw, Yoshioka was unharmed by anybody including the army. On leaving the monastery Yoshioka was give the Myanmar name of "Aung Kha" by the Sayadaw. On a plot of land in the village also give by the sayadaw the two set up a home.
The first born son in November 1947 was named "Khin One". Working hard, Yoshioka built a rice mill. Khin One observed from close quarters how his father worked.
Yoshioka could speak Myanmar but could not write it. Relying therefore upon his son for documentation work, Yoshioka looked forward to his son's growing up. Khin One was helping his father since the second standard primary.
Even before he entered the primary school, Khin One was aware of the Japanese identity of his father. At school the day soon arrived when he was reminded of it - in the presence of his classmates. Made to stand on a chair in front of the whole class, he was told,
"You are son of a Japanese. Do you know what the Japanese did in this country?"
by an angry teacher, apparently a victim of depredations of the war. Naturally one would not think well of a country which threw his into war flames. And one would not as yet have forgotten the damage done by the war, especially at a time of rising nationalist feelings.
Khin One was greatly upset and on return home broke down and cried aloud. However, he did not let his father know what transpired at school.
"I didn't want to upset my old man who has come from afar and has to live among strangers."
Uptil his fortieth birthday Khin One hid this incident from his father. When he finally revealed it, the old man remained silent the whole night except to reprimand Khin One for not having informed him then and there.
When the Japanese identity of his father was made known to Khin One, he was simultaneously informed that he has two half-brothers in Japan out of the prewar marriage of his father.
"We felt we had robbed them of their father. So we always wanted to find out how the other side of the family was taking it."
The father worked hard, expanded his rice mill and made regular remittances to his family in Japan.
Khin One was fond of drawing since childhood. Though self-taught, his drawing gradually made a name for him. He married in the third year of the university and is now father of four girls.
Re-admitted only two years later, Khin One in the meantime took the opportunity of visiting Japan. An uncle was teaching drawing at a school and at his place Khin One met his two Japanese half-brothers.
Either because of the good earth of Kochi or of domestic complications, the elder brother was fond of drinks. Instantly forgiving his younger brother, he jokingly said,
"If you don't drink, you cannot be my brother",
and drinking together fell into conversation.
On return from Japan, Khin One completed his degree course and continued drawing. Then at 27, he became inspired to compose music.
"It's interesting to write songs."
As Japanese has kanjis in it, Myanmar has Pali words. Khin One's songs use Pali titles and a mixed language text, which is much appreciated by the educated class.
According to Khin One's friend, radio vocalist Wakema U Ye Maung, "While everybody wants to become a "star", Khin One has no such ambition. It's not because of lack of talent. It must be because of lack of self-confidence."
When asked if there was a connection between his Japanese blood and love of music, Khin One replied, "There's no causal relation between Japanese blood and love of music. Up to now my songs have been sentimental. From now on, I'd like to write "blues".
"Blues" are a mixture of joyful experience and solitude.
Khin One has two brothers and one sister. Although the father has adopted Myanmar citizenship, the children have Japanese names. Khin One is named Yoshioka Kichio or Joie de vivre. His younger brother has taken Japanese nationality since 20 years ago and now lives in Osaka. His father still lives on in good health in Pyay.
"Father has bushido spirit. He didn't want to see Japan because Japan has lost (the war). But he doesn't want to lose out in Myanmar. He doesn't want to present a losing posture neither to his relatives nor to people he meets. That's why he works so hard and stands firm."
Japanese soldiers listed today as non-returnees are not that many. Partly because they have aged and some have passed away. But rumours persist that outside the list, there are non-returnees in the West of Myanmar and in the hilly regions of the North.
In the Shan States near the Chinese border where there was reported to have been a fight between one Japanese soldier and 10 enemy soldiers, there was a Japanese soldier who ended his days as a rickshaw puller never relating his past. He was known as "U Japan".
The Japanese soldier who did not go home, his spouse, his children, each has his/her special characteristics.
(www.mchronicle.com.mm မှ ကူးယူဖော်ပြပါသည်။)
အပြည့်အစုံသို့...မြန်မာ့ရေးရာ သတင်းပဒေသာ (၃-၂-၂၀၁၂ - နံနက်ပိုင်း)
- မြန်မာအပြောင်းအလဲ စိတ်မချရသေး click
- မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေး click
- ဒေါ်အောင်ဆန်းစုကြည် မန္တလေးလူထုနဲ့ တွေ့ဆုံဖို့ နေရာအခက်အခဲရှိ click
- မန္တလေးမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဖို့ နေရာအခက်အခဲတွေ့နေ click
- ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ် ရွှေ့ဆိုင်း click
- ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ရွှေ့ဆိုင်းလိုက်ရ click
- ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်းခရီးစဉ် ရက်ရွှေ့ click
- ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ပျက်သွား click
- ဒေါ်အောင်ဆန်းစုကြည် အနိုင်ရလျှင်လည်း ကြံ့ခိုင်ရေးပါတီက ကြိုဆိုမည် click
- ဒေါ်အောင်ဆန်းစုကြည် ထားဝယ်ခရီးစဉ် - ၂ (ရုပ်သံ) click
- ဒီမိုး ဒီလေ ဒီလူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် (ဆောင်းပါး) click
- ၈၈ မျိုးဆက်ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးရှေ့ခရီး (တိုက်ရိုက်လေလှိုင်း) click
- ကင်တားနား မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံ click
- စစ်ပွဲများ ရပ်ရန်၊ တန်းတူညီမျှရေး ရှိရန် ကွင်တားနားကို တိုင်းရင်းသားများ တင်ပြမည် click
- ကင်တားနား အကျဉ်းသားအရေး ဆွေးနွေး click
- နိုင်ငံရေးအကျဉ်းသားစာရင်း ထုတ်ပြန်ပေးရန် အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း click
- အစိုးရတပ်က ဖမ်းထားတဲ့သူတွေအရေး တရားရုံးချုပ်ကို တင်သွင်း click
- ဇိုမီးအဖွဲ့ ZRO ကို ငြိမ်းချမ်းရေး ကမ်းလှမ်းမှု မရှိသေး click
- ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်စရာသိပ်မရှိလို့ ဦးဌေးဦး ပြော click
- ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲက မြန်မာ့အရေး click
- မြန်မာ့နိုင်ငံခြားကြွေးမြီ ဒေါ်လာ ၁၁ ဘီလျံကျော် click
- မြ၀တီမြို့ထဲက လူထုတွေရဲ့ အိမ်မြေယာတွေ အသိမ်းခံနေရ click
- စစ်တပ်နှင့်ရဲ မြေသိမ်းမည့် အစီအစဉ် သမ္မတထံ တိုင်ကြား click
- ကံပေါက်တွင် ထိုင်း ပီတီတီကုမ္ပဏီ အလုပ်သမားများ ဆန္ဒပြ click
- အကောင်းဆုံး မြေသြဇာအဖွဲ့ click
- ကချင်ဒုက္ခသည်တချို့ ဆောင်တွင်း အအေးဒဏ်ကြောင့် သေဆုံး click
- ရေစီးကြောင်းများ ပြောင်းလဲချိန် ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်ခြေရှိပြီလား (ဆောင်းပါး) click
- ရေချိုးမင်္ဂလာ (ပုံရိပ်လေးတွေ ဖော်ကြမယ်) (ဆောင်းပါး) click
- HIV/AIDS ဝေဒနာရှင် စောင့်ရှောက်ရေး ရန်ပုံငွေဂီတပွဲ ကျင်းပ click
- တရားဝင် ဒေါ်လာလဲနှုန်းထက် ပြင်ပငွေဈေးကျ click
- ဟုတ်တော့မလိုလို ... click
- ပုသိမ်က ဒီမိုကရေစီ click
- ပန်းနာရင်ကျပ်ရောဂါ click
- Peninsula Plaza အရူးကြီး၏ အမှိုက်များ (ဆောင်းပါး) click
- မတူညီခြင်း ဒဿန (ကဗျာ) click
- အကယ်ဒမီလမ်းညွှန် (ကာတွန်း) click
- ပါကစ္စတန် ၀န်ကြီးချုပ် အမှုရင်ဆိုင်ရမည် click
- ဘောလုံးရန်ပွဲ မတားနိုင်မှု အီဂျစ်လူထု ရှုတ်ချ click
- အီဂျစ် ဘောလုံးရန်ပွဲ နောက်ဆက်တွဲ ဆက်တင်းမာနေ click
- ဖိလစ်ပိုင် အကြမ်းဖက်ခေါင်းဆောင် အသေမိ click
- အိန္ဒိယ ဖုန်းလိုင်စင်အမှု ဆုံးဖြတ် click
- ဖေဖော်ဝါရီလ ၂ ရက် တမိနစ် သတင်းဗီဒီယို click

Thursday, February 2, 2012
ဒီမိုကရေစီ ရပါစ ...
ဒီမိုကရေစီ ရပါစ ...
အောင်မျိုးထွန်း
မင်းသားကြီးကျော်ဟိန်းရဲ့ အုတ်အော်သောင်းနင်းဖြစ်သွားတဲ့ စကားတခွန်းကို နားထဲကြားယောင်နေမိတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ရန်ကုန်မြို့ ဘောလုံးကွင်းကြီးတကွင်းမှာ ဖျော်ဖြေတဲ့ ရှိုးပွဲကြားထဲ “ပျော်ကြတယ် မဟုတ်လား၊ ဒီမိုကရေစီ လိုသေးလား” ဆိုပြီး ပရိသတ်ကို စင်မြင့်ပေါ်က ဟော့ပ်သွားတဲ့ လေသံကို အဲဒီ့ပွဲကို ရောက်သွားတဲ့ သူငယ်ချင်းက ပြန်ပြီး ဖောက်သည်ချခဲ့တာပါ။ ဗိုလ်စောမောင် အာဏာသိမ်းပြီး ဘာမှ မကြာခင် လုပ်တဲ့ စင်မြင့်ပွဲမှာဆိုတော့ ဒီမိုကရေစီတောင်းဆိုခဲ့ကြတဲ့ မြို့ခံပရိသတ်ခမျာ ကြောင်အမ်းအမ်း ဖြစ်ပြီး လက်ခုပ်ပဲ ထ တီးရတော့မလို၊ လက်သီးပဲ ဆုပ်ရတော့မလို ...။
ခုတော့ တဖုံ ...။
“အဆင်မပြေရင် လက်ခုပ်သံလေး ကြားချင်ပါတယ်”
“ရွှီး ... ဖြောင်း ... ဖြောင်း ... ဖြောင်း”
“ရွှီး ... ဖြောင်း ဒီမိုကရေစီ” တွေနဲ့ ရှောင်ပြေးမလွတ်နိုင်တဲ့ ပစ္စက္ခဘ၀မှာ အွန်လိုင်းပေါ်က သတင်းတွေ၊ ဆောင်းပါးတွေ၊ မှတ်ချက်တွေကပဲ ဂယ်ပေါက်တခုနှယ် ဖြစ်လာရတာ အဆန်းမဟုတ်ပါဘူး။ လူထုစိန်ဝင်းရဲ့ ပိဿာလေး ဘေးပစ် ဝေဖန်ချက်ဖြစ်တဲ့ ...
“ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက အခုအခါ အတိုက်အခံပါတီ မဟုတ်တော့ဘဲ၊ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မောင်နှမပါတီလို ဖြစ်နေပြီဆိုတော့ သာမန်ပြည်သူများမှာ သတင်းမီဒီယာတွေပဲ အားကိုးအားထားပြုပါတော့တယ်” အရေးအသားဟာ ရွှီးဖြောင်းဒီမိုကရေစီကို တုတ်နဲ့ထိုးကလော်လိုက်သလို ဖြစ်ပေမယ့် အောက်စီဂျင်ပိုက်တန်းလန်းနဲ့ သက်ကြားအို သတင်းစာဆရာကြီး မျက်စေ့လျှမ်းနေတာတွေ ရှိပါသေးတယ်။
“ဘာပဲဖြစ်ဖြစ်
... လူနည်းစုဖြစ်ပါစေ၊ နောက်ဆုံး တဦးချင်းအမြင် ဖြစ်ပါစေဦး ...
နိုင်ငံရေးထင်မြင်ချက်တခုဟာ ထည့်စဉ်းစားစရာကောင်းလောက်အောင်
အတွေးသစ်တခုလို့ ထင်မှတ်ခဲ့ရင် မိမိရပ်ခံမှုနဲ့ မတိုက်ဆိုင်စေဦးတော့ ၅၀-၅၀
မဟုတ်တောင် ၃၀ % လောက်တော့ ဇောင်းပေးသင့်ပါတယ်။ စတုတ္ထမဏ္ဍိုင်ကြီး
ပီသရမယ်မဟုတ်လား။ မြင်းတွေလို နှာခေါင်းပေါက်ထဲ ကြိုးထိုးထည့်၊ ဘေးဘီ
မကြည့်ရအောင် မျက်စေ့စုံ ဖုံးကာထားတဲ့ ခိုင်းမြင်းနိုင်ငံရေးမျိုး
ခေတ်ထလာရင်တော့ “ဝေးပြီ ဒီမိုကရေစီ” ဖြစ်ဦးမှာပါပဲ။”
ပြည်တွင်းသတင်းမီဒီယာတွေဘက်မှာလည်း ပြဿနာပေါင်းစုံနဲ့ ဗွက်ထနေပြီး ညီအစ်ကိုမသိတသိနဲ့ မူဝါဒလား၊ အယ်ဒီတာချုပ်ရဲ့ လိုဘလား၊ ပိုင်ရှင်ရဲ့ ပရင်စပယ်လား ဒါမှမဟုတ် သတင်းသမားရဲ့ နိုင်ငံရေး ရပ်ခံမှုလား ဆိုပြီး ရှုပ်ထွေးပွေလီလှတဲ့ ဖြတ်တောက်ပိတ်ဆို့မှုကြားထဲမှာ ဆန့်ငင်ဆန့်ငင်တောင် အသက်ထွက်ခွင့်မရရှာတဲ့ သတင်းနဲ့ နိုင်ငံရေးယူဆချက်တွေ အောတိုက်လာနေပါတယ်။ ဒါဟာ ... ဒီမိုကရေစီရေးအတွက် အန္တရာယ်လက်မည်းကြီးပါ။
NLD ပါတီ မှတ်ပုံတင်သင့် မသင့် ကိစ္စမှာ ပြည်တွင်းဂျာနယ် ၃ စောင်က ကျနော့်ဆီ ဆက်သွယ်ပြီး အင်တာဗျူးလုပ်ဖို့ ကမ်းလှမ်းပါတယ်။ မှတ်ပုံမတင်တဲ့ဘက်က မားမားရပ်ခံတဲ့အကြောင်း နမူနာလောက်ပဲ ပြောဆိုပြီး အိမ်ကိုလာခဲ့ကြပါလို့ ဖိတ်ခေါ်တော့ ပေါ်မလာဇာတ်ကားရိုက်သွားကြပါတယ်။ ဒီမှာတင် မြန်မာ့နိုင်ငံရေး (အထူးသဖြင့်) အတိုက်အခံနိုင်ငံရေးနဲ့ အာဏာရပါတီပေါ်လစီကို ပြန်လှန်စောကြောရပါတော့တယ်။ ဦးသိန်းစိန်အစိုးရဘက်က NLD ကို ၂၀၀၈ အတွင်းစည်းထဲ အသည်းအသန် မောင်းသွင်းနေတဲ့အချိန်မှာ အခြားအယူအဆဘက်က ဝေဖန်ထောက်ပြလာမယ့် အရေးအသားမှန်သမျှဟာ အာဏာရအစိုးရအတွက် မင်္ဂလာမဲ့စေတယ်လို့ ဂျာနယ်တွေဘက်က တင်ကြို ပိုင်းဖြတ်ထားလေသလား။ ဒါမှမဟုတ် ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲကဲလား။ ဘာပဲဖြစ်ဖြစ် ... လူနည်းစုဖြစ်ပါစေ၊ နောက်ဆုံး တဦးချင်းအမြင် ဖြစ်ပါစေဦး ... နိုင်ငံရေးထင်မြင်ချက်တခုဟာ ထည့်စဉ်းစားစရာကောင်းလောက်အောင် အတွေးသစ်တခုလို့ ထင်မှတ်ခဲ့ရင် မိမိရပ်ခံမှုနဲ့ မတိုက်ဆိုင်စေဦးတော့ ၅၀-၅၀ မဟုတ်တောင် ၃၀ % လောက်တော့ ဇောင်းပေးသင့်ပါတယ်။ စတုတ္ထမဏ္ဍိုင်ကြီး ပီသရမယ်မဟုတ်လား။ မြင်းတွေလို နှာခေါင်းပေါက်ထဲ ကြိုးထိုးထည့်၊ ဘေးဘီ မကြည့်ရအောင် မျက်စေ့စုံ ဖုံးကာထားတဲ့ ခိုင်းမြင်းနိုင်ငံရေးမျိုး ခေတ်ထလာရင်တော့ “ဝေးပြီ ဒီမိုကရေစီ” ဖြစ်ဦးမှာပါပဲ။
ရှေ့နေ ကိုဖိုးဖြူရဲ့ အိုးအိမ်ဦးစီးဌာနရှေ့ ဆန္ဒပြပွဲ၊ ရွှေဝါရောင် ၄ နှစ်ပြည့် ဆုတောင်းပွဲ၊ ရွှေည၀ါဆရာတော်ကို လူဝတ်လဲခိုင်းတဲ့ကိစ္စ၊ ဒယ်အိုးဆရာတော် တရားမဟောရ၊ မဟာမုနိဘုရားကြီး သံဃာငါးပါးသတင်း ... စတာတွေဟာ သတင်းအဆင့်အတန်း မပြည့်မီလို့လား။ လယ်သိမ်းခံရတဲ့သတင်း၊ စစ်ပွဲနယ်မြေတွေက ဒုက္ခသည်တွေရဲ့ဘ၀နဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုသတင်း၊ အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဥပဒေနဲ့အညီ ရပိုင်ခွင့်ဆုံးရှုံးနေတဲ့သတင်း ... ဒါတွေဟာ ဒီမိုကရေစီ တည်ဆောက်ရေးမှာ အုတ်တချပ်သဲတပွင့် အသွင်မဆောင်လို့လား။ စာဖတ်ပရိသတ်တွေရဲ့ ဦးနှောက်အခန်းထဲ ဒီသတင်းတွေ ပြေးဝင်နေရာယူသွားမှာ စိုးထိတ်နေတာ စမတ်ကျတဲ့ အခင်းအကျင်းလား။ အာဏာရပါတီရဲ့အလုပ်ကို ချီးမြှောက်ချင်သပဆိုရင်လည်း ဟိတ်ဟန်ထုတ် အတိုက်အခံလုပ်မနေဘဲ ကြံ့ဖွံ့ပါတီထဲသာ ခြေစုံပစ်ဝင်ကြဖို့ပဲ ကောင်းတော့တယ်။
“လူနည်းစုအမြင်တွေကို
ရှင်သန်ပေါက်ဖွားခွင့် သင်းကွပ်ထားခြင်းဟာ ဒီမိုကရေစီမဆန်တဲ့အပြင်
အာဏာရှင်စနစ်သစ်တမျိုးကို ခြေချကြီးထွားခွင့် ပေးနေသလိုပဲဖြစ်မယ်။
အဆိုးရွားဆုံးက NLD နဲ့ ဒေါ်စုကို ထောက်ပြဝေဖန်လိုက်ရင်ပဲ ကွန်မြူနစ်လို့
တံဆိပ်တပ်လိုတပ်၊ ရှစ်လုံးဂိုဏ်းထဲ ဆွဲထည့်လိုထည့်၊ မှိတ်တုပ်မှိတ်တုပ်
ဒီမိုကရေစီမီးပွင့်လေးကို ရိုက်ခွဲသူလို့ စွပ်စွဲလိုစွပ်စွဲနဲ့ ...။”
တနှစ်တခါ ချင်းမိုင်မှာ ပန်းချီပြပွဲသွားလုပ်တဲ့ သူငယ်ချင်းက “ဒေါ်စုက သူ့ကို အရသာမပေးတော့ဘူး” လို့ ခပ်ထွေထွေ ပြောသွားသလို၊ တက္ကသိုလ်တုန်းက သူငယ်ချင်းကလည်း “ဂျာနယ်တွေ လှန်မကြည့်ပါနဲ့ကွာ၊ ဒါချည်းပါပဲ” လို့ စိတ်ပျက်လက်ပျက် ရင်ဖွင့်သွားဖူးပါတယ်။ လူနည်းစုအမြင်တွေကို ရှင်သန်ပေါက်ဖွားခွင့် သင်းကွပ်ထားခြင်းဟာ ဒီမိုကရေစီမဆန်တဲ့အပြင် အာဏာရှင်စနစ်သစ်တမျိုးကို ခြေချကြီးထွားခွင့် ပေးနေသလိုပဲဖြစ်မယ်။ အဆိုးရွားဆုံးက NLD နဲ့ ဒေါ်စုကို ထောက်ပြဝေဖန်လိုက်ရင်ပဲ ကွန်မြူနစ်လို့ တံဆိပ်တပ်လိုတပ်၊ ရှစ်လုံးဂိုဏ်းထဲ ဆွဲထည့်လိုထည့်၊ မှိတ်တုပ်မှိတ်တုပ် ဒီမိုကရေစီမီးပွင့်လေးကို ရိုက်ခွဲသူလို့ စွပ်စွဲလိုစွပ်စွဲနဲ့ ...။
ခုအချိန်မှာ ကွန်မြူနစ်တွေက (လက်ကျန်ရှိနေသေးရင်တောင်) ဒေါ်စုကို ပေါ်ပေါ်ထင်ထင် မဝေဖန်ဘူး၊ နားရွက်တံတွေး မစွတ်ဘူး။ သူတို့က လူနတ်ဗြဟ္မာတွေ၊ မတုံးဘူး မညံ့ဘူး။ ရေချိန်တွက်ဆပြီး မီးစင်ကြည့် ၀န်းရံကြဦးမှာ။ ရှစ်လုံးဂိုဏ်းဆိုတာတော့ စီမံချက်ကောင်းကောင်းနဲ့ အနားယူသွားသူ ဦးသန်းရွှေရဲ့လေသံကို ဖမ်းပြီး ဒန်းစီးတရားနာနေကြတဲ့ နိုင်ငံရေးလော်ဘီတချို့ရဲ့ ကောလဟလနဲ့ မှန်ကူကွက်များပါပဲ။ တကယ့် အရေးပါအရာရောက်တဲ့ အစိုးရရဲ့ နိုင်ငံရေးဖြစ်စဉ်တွေက မျက်လှည့်ဆရာတယောက်ရဲ့ ဦးထုပ်မည်းထဲက ခိုတွေ ပန်းပွင့်တွေ ပန်းကန်ပြားတွေ ဟောတမျိုး ဟောတမျိုးနဲ့ လျှောကနဲ လျှောကနဲ ထွက်ကျနေတာ အဆန်းသား ...။
ရေခဲပျော်ချိန်၊ ဒီမိုကရေစီစန်းထချိန်လို့ ကုန်းအော်နေကြသူတွေဟာ ပြည်ပရောက်မြန်မာများ မဟုတ်ကြဘဲ နိုင်ငံခြားသား အများစုဖြစ်နေတာ နည်းနည်းထူးဆန်းပါတယ်။ ဦးသိန်းစိန်အစိုးရကို နဝေတိန်တောင်နဲ့ ဝေခွဲမရဖြစ်နေချိန်မှာ နိုင်ငံခြားသား (အဖြူအများစု)တွေက ပြောင်းပြီ ... ပြောင်းပြီလို့ လက်သီးလက်မောင်းတန်း၊ ကဆုန်ပေါက် ဒုံးစိုင်းဝင်လာကြတာနဲ့ ပြည်တွင်းအတိုက်အခံများကလည်း ရေလိုက်ငါးလိုက် အဲ့ခိုးသံ လိုက်ထွက်ကြတာ အံ့ဘနန်းပါ။ ပြည်သူလူထုအများစုက မဟုတ်သေးဘူး၊ အောက်ခြေမှာ ဒုံရင်းပဲလို့ ပြောဖို့ ဟခါနီး ပါးစပ်တွေခမျာ ကော်လာရှည်အလုံးတွေကြောင့် အိုးအိုး ... အင်းအင်း ဖြစ်သွားကြတာ ၀မ်းနည်းဖွယ်ပါပဲ။ လာသမျှ ပုဂ္ဂိုလ်အားလုံးနီးနီး အစိုးရအဖွဲ့နဲ့တွေ့၊ ဒေါ်စုနဲ့တွေ့ (တခါတလေ CEC အဖွဲ့ ဘေးရောက်သွားသေးတယ်)၊ ပြီးရင် ပြန်၊ ဒီမိုကရေစီလမ်းစ ပေါ်ထွန်းပြီလို့ စတိတ်မန့်တွေထုတ်နဲ့ အတိုင်အဖောက် ညီနေလိုက်ကြတာ။
အောက်ခြေလူထုက ခေါင်းလေးတွေကုတ်၊ မျက်စေ့လေးတွေပြူးပြီး ဒီမိုကရေစီဘိုးတော်ကြီးတွေ ရက်စ်ရင်တော့ ဟုတ်မှာပါပဲလေနဲ့ ငြိမ်ကုပ်နေကြတာကို ပိုင်ပြီ တွက်ထားပုံရပါတယ်။ ဆင်းရဲတွင်းနက်ပြီး ထင်သလိုလုပ်တာ ခံနေရတဲ့ အောက်ခြေလူထုရဲ့အသံနဲ့ ကွဲပြားခြားနားတဲ့ နိုင်ငံရေးအယူအဆတွေကို ဘယ်နေရာမှာ ဖော်ထုတ်ခွင့်ရှိမလဲ၊ ဘယ်နေရာမှာ နားထောင်ဖတ်ရှုခွင့်ရမလဲ။ ဒီကနေ့ အင်တာနက် အွန်လိုင်းဟာ ဒီအခွင့်အရေးတွေ အပြည့်ပေးနေတဲ့ လွတ်လပ်ကျယ်ပြောတဲ့ နေရာတခုပါ။
နောက်တဆင့်အနေနဲ့ ပြည်တွင်းပုံနှိပ်မီဒီယာတွေပေါ် ရောက်ဖို့ ကျနော်တို့အားလုံး ခံယူချက်ပြင်းပြင်းထားပြီး မဆုတ်မနစ် လုံ့လစိုက်ရပါလိမ့်မယ်။ အာဏာရှင်နောက်မြီးဆွဲတွေရဲ့ ကီးဘုတ်တော်လှန်ရေးလို့ တမျိုး၊ ဆင်ကြီးဘေးနား သေးကော့ပန်းနေကြတဲ့ ပုရွက်ဆိတ်လိုကောင်တွေလို့ တဖုံ၊ အပုတ်ချ တိုက်ခိုက်ရုံတင် မကသေးဘူး၊ တဘက်မှာတော့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးလို့ ကြွေးကြော်နေတာ အော့နှလုံးနာစရာပါပဲ။
နှစ်ပေါင်းအစိတ်နီးပါး ခေါက်ရိုးကျိုး အသားကျနေတဲ့ စစ်မူစစ်ကျင့်တွေကို တွန်းလှန်ရပါဦးမယ်။ အယူအဆပေါင်းစုံကို မြိုင်မြိုင်ဆိုင်ဆိုင် ဖူးပွင့်ခွင့်မပေးနိုင်တဲ့ အစိုးရရော၊ အတိုက်အခံရော ဒီမိုကရေစီနဲ့ ထိုက်တန်ပြီလို့ ပြောဖို့ စောပါသေးတယ်။
အောင်မျိုးထွန်း
အပြည့်အစုံသို့...မြန်မာ့ရေးရာ သတင်းပဒေသာ (၂-၂-၂၀၁၂ - ညပိုင်း)
- ဒေါ်အောင်ဆန်းစုကြည် မန္တလေးလူထုနဲ့ တွေ့ဆုံဖို့ နေရာအခက်အခဲရှိ click
- ရွေးကောက်ပွဲ အောင်နိုင်ရေး NLD ဈေးရောင်းပွဲတော်ကြီး (ရုပ်သံသတင်း) click
- The Lady ရုပ်ရှင် ထိုင်းနိုင်ငံတွင် ရုံတင်ပြီ click
- ကေအန်ယူခေါင်းဆောင် မန်းငြိမ်းမောင်ကို နိုင်ငံတော်ပုန်ကန်မှုဖြင့် ရုံးထုတ် click
- KIA အရာရှိတဦးအား မြန်မာစစ်တပ်က ပစ်သတ် click
- ကချင်ပြည်နယ်အလယ်ပိုင်း တိုက်ပွဲတွင် မြန်မာအစိုးရစစ်သား ၃ ဦး ကျ click
- နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာ ၃ ပါး ရဟန်းပြန်ဝတ်ခွင့်ရပြီ click
- နိုင်/ကျဉ်း လွတ်မြောက်ရေး စာကပ်ခဲ့သူများ ငွေဒဏ်စီရင်ခံရ click
- နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားသူနှစ်ဦး ဒဏ်ငွေဖြင့် ပြန်လွတ် click
- မြန်မာပြည် အကြွေး ဒေါ်လာ ၁၁ ဘီလီယံ တင် click
- ဦးခင်ရွှေ၏ စက်မှုဇုန် အကောင်အထည်ဖော်မှု ရပ်ဆိုင်းရန် ညွှန်ကြား click
- တောင်ကြီးမြို့နယ်မှ လယ်ဧက ၇၀၀ ကျော်ကို ‘တပ်မြေ’ မှတ်တိုင်များ စိုက်သွား click
- မြန်မာ့ဆန်တန်ချိန် နှစ်သိန်း အင်ဒိုနီးရှားကို ရောင်းရန် သဘောတူ click
- မစ္စတာကင်တားနား ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံ click
- ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းစာရင်း ကြံ့ခိုင်ရေးပါတီ ကြေညာ click
- ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်ပြီး မေးမြန်းချက် click
- RNDP မြို့နယ်ရုံး တောင်ကုတ်တွင် ဖွင့်လှစ် click
- ဆရာကြီး ဒေါက်တာအေးကျော် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနား ဂျပန်တွင် ပြုလုပ် click
- တားမြစ်ခံထားရသည့် ရန်ကုန် မွန်အမျိုးသားနေ့ ပြန်လည်ကျင်းပခွင့်ရ click
- ရန်ကုန်ရောက် မဇ္ဈိမသတင်းဌာနမှ စီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းနှင့် အင်တာဗျုး (ရုပ်သံ) click
- မီဒီယာ ကြံ့ခိုင်ရေး အားပေးကြစေလို (အယ်ဒီတာ့အာဘော်) click
- ရွေ့လျားနေတဲ့ ကဗျာ (ဆောင်းပါး) click
- ပျောက်ဆုံးသွားသော ရပ်မိရပ်ဖနှင့် Statesman (ဆောင်းပါး) click
- သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး - ၁၇ (အောက်မေ့ဖွယ်) click
- သော့အိမ်က နေ့စွဲများ၊ လူများ၊ အတွေးစများ - ၅ (သံတိုင်ကြားက မှတ်တမ်းများ) click
- ပညာရေးအသုံးစရိတ် (ကာတွန်း) click
- အချွတ်မတော် တနီ click
- ပါကစ္စတန်မှာ စာမတတ်သော ကလေး များပြား click
- ကမ္ဘာ့ပညာတတ်အများဆုံး ၁၀ နိုင်ငံ click
- လူ ၇၉ ယောက်သေတဲ့ အီဂျစ်က ဘောလုံးပွဲ click

မြန်မာ့ရေးရာ သတင်းပဒေသာ (၂-၂-၂၀၁၂ - နံနက်ပိုင်း)
- လာမည့် ဘဏ္ဍာရေးနှစ် ဘတ်ဂျက်လိုငွေ ကျပ်ငွေ သန်းပေါင်း ၂ သန်းခွဲကျော် ရှိမည် click
- အကြွေးသူဌေး မြန်မာပြည် click
- မြောက်ကိုရီးယားထံမှ အဏုမြူပညာရယူမှုဟာ အနောက်နိုင်ငံများရဲ့ သက်သေမရှိတဲ့ သံသယဖြစ်မှုတခုသာဖြစ်ကြောင်း သမ္မတ ပြောကြား click
- ဦးသိန်းစိန်နှင့် စက္ကန့် ၉၀ click
- လယ်မြေအသိမ်းခံရမည့်အရေး လယ်သမားများ သမ္မတထံ မေတ္တာရပ်ခံစာတင် click
- မြေသိမ်းခံရမည့် လယ်သမား ၁၅၀ ကျော် သမ္မတထံ စာပို့ click
- စစ်တပ်သို့ စပါးမပေးလိုသည့် ရွာသားများ ဖမ်းဆီးခံရနိုင်ဖွယ်ရှိ click
- လယ်ယာမြေ ပြဿနာ (ဆောင်းပါး) click
- ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်နဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံ click
- ကင်တားနား နေပြည်တော်မှာ ဆွေးနွေး click
- ရွှေဝါရောင်သံဃာများ သင်္ကန်းဆီးခွင့်ရ click
- နေမျိုးဇင် အပြစ်မရှိကြောင်း တရားရုံး ဆုံးဖြတ် click
- ဗိုလ်ကြီးဟောင်း နေမျိုးဇင် အမှုက ကွင်းလုံးကျွတ် လွတ်မြောက် click
- ၈၈ ကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ တွေ့ဆုံ (ရုပ်သံ) click
- ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တရားဝင်ကော်မတီ မီဒီယာရှင်းလင်းပွဲ ကျင်းပ click
- ကျောင်းသားအရေး ဖြေရှင်းရန် ဗကသ ဖွဲ့စည်းမည် click
- ဗကသ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်း click
- မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် သမဂ္ဂအဆောက်အအုံ ပြန်ဆောက်ပေးဖို့ တောင်းဆို click
- အေဘီမြောက်ပိုင်းလုပ်ကြံမှု နှစ် ၂၀ ပြည့် ပထမဆုံးအကြိမ် စုပေါင်းကောင်းမှုကုသိုလ်ပြု ဆွမ်းကျွေးပွဲ click
- မွန်ပြည်သစ်ပါတီနဲ့ မြန်မာအစိုးရ အပစ်ရပ်ရေး မူအားဖြင့် သဘောတူ click
- အစိုးရနဲ့ မွန်ပြည်သစ်ပါတီ အပစ်ရပ်ရေး ပဏာမ သဘောတူ click
- ကချင်ဒုက္ခသည်စခန်းအချို့တွင် ဝမ်းရောဂါဖြစ်ပွားနေ click
- ဗန်းမော်-လွယ်ဂျယ် ကားလမ်း ပြန်ပွင့် click
- တမူးမြို့မှာ ပေါက်ကွဲမှုတရပ် ဖြစ် click
- FDB က လွှတ်တော်ပြင်ပ တွေ့ဆုံပွဲ လိုလား click
- ကြားဖြတ်ရွေးကောက်ပွဲ ကြံ့ဖွံ့ကိုယ်စားလှယ်စာရင်း click
- ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲက မြန်မာ့အရေး click
- လွတ်လပ်သည့် စာနယ်ဇင်းအဖွဲ့ ရှိသင့်ကြောင်း မီဒီယာသမားများ ဆွေးနွေး click
- ပုံနှိပ်ထုတ်ဝေရေး ဥပဒေ ဘာလဲ ဘယ်လဲ (ဆောင်းပါး) click
- လာမဲ့ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်သင့်သလဲ (ဆောင်းပါး) click
- ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ နှေးကွေးလွန်းနေလား (တိုက်ရိုက်လေလှိုင်း) click
- ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့မှ စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးသို့ – ၂ (ဆောင်းပါး) click
- ထာဝရငြိမ်းချမ်းရေးနှင့် စစ်မှန်သောငြိမ်းချမ်းရေး (အယ်ဒီတာ့အာဘော်) click
- ဆည်းပူးလေ့လာ နိုင်ငံရေးပညာ (အခန်း ၁၊ အပိုင်း ၂) click
- စင်္ကာပူက အနုပညာဟောပြောပွဲ (အနုပညာမိုးကောင်းကင်) click
- ဗွီအိုအေ နှစ် ၇၀ ပြည့် click
- အကျင့်ပျက်ခြစား လာဘ်ပေးလာဘ်ယူ ကျန်းမာရေးဝန်ထမ်းနှစ်ဦးအား အရေးယူအပြစ်ပေးနိုင်ပါရန် click
- ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် ရာသီဥတုကြောင့် ဖြစ်တတ်သောရောဂါများ ပျံ့ပွား click
- ဘန်ကောက်က The Lady ကြော်ငြာ click
- မန္တလေးမြို့နယ်က အုတ်ဖုတ်လုပ်ငန်း (ရုပ်သံ) click
- သွေးရိုးသားရိုး နိမိတ် (ကဗျာ) click
- ထိ … သိ … သတိ (ကဗျာ) click
- ရှေ့ပြော … အောက်ကြည့် (ကာတွန်း) click
- အီဂျစ်ဘောလုံးပွဲ အများအပြား သေဆုံး click
- အီဂျစ် ဘောလုံးပွဲ ရန်ပွဲ လူ ၇၀ ကျော် သေ click
- လန်ဒန် စတော့အိပ်ချိန်းကို ဗုံးခွဲဖို့ ကြံ click
- တာလီဘန်ကို ပါကစ္စတန်က ကူညီနေ click
- ဘိုကိုဟာရမ် ပြောခွင့်ရအရာရှိ ဖမ်းမိ click
- ကိုလံဘီယာ စည်းကမ်းသစ် click
- မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှု အမေရိကန် လမ်းဖွင့် click
- ဖလော်ရီဒါမှာ Mitt Romney အနိုင်ရ click
- ပြည်မကြီးသားတွေကို ဟောင်ကောင် ပုတ်ခတ် click
- ဖေဖော်ဝါရီ ၁ ရက် တမိနစ် သတင်းဗီဒီယို click

ပြောင်းလဲခြင်းနဲ့ လိုက်ရွှေ့ရမယ်
ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၁၉)
ပြောင်းလဲခြင်းနဲ့ လိုက်ရွှေ့ရမယ်
ဒေါက်တာလွဏ်းဆွေ
ယနေ့ကမ္ဘာကြီးသည် ပြောင်းလဲမှုအရှိန်အဟုန် ကြီးမားပြင်းထန်လွန်းလှ၏။ နည်းပညာ အပြောင်းအလဲများ၊ အတွေးအခေါ် ပြောင်းလဲမှုများ၊ စီးပွားရေးလုပ်ထုံးလုပ်နည်း အပြောင်းအလဲများ၊ လူမှုရေးစံနှုန်း သတ်မှတ်မှုအနေအထား ပြောင်းလဲမှုများ၊ နိုင်ငံရေးအခြေအနေ အပြောင်းအလဲများကြားတွင် သမားရိုးကျ ရပ်တည်၍ မရနိုင်တော့။ မျက်စိတမှိတ် လျှပ်တပြက်အတွင်း အပြောင်းအလဲများက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လို့နေသည်။ ထိုပြောင်းလဲမှုအရှိန်အဟုန်များနှင့်အတူ လိုက်လျောညီထွေ ရွေ့လျားနိုင်အောင် ကြိုးစားအားထုတ်နိုင်ပါမှ ရပ်တည်စရာ တနေရာအတွက် စိတ်ချရမည့် အနေအထားသို့ ရောက်လာသည်။
ပြောင်းလဲမှုလှိုင်းတံပိုးများသည် နယ်ပယ်အသီးသီးသို့ ရိုက်ခတ်သည့်အလျောက် စာပေနယ်သို့လည်း လာရောက် ရိုက်ခတ်သည်သာဖြစ်သည်။ ယခင်က ပုံနှိပ်လုပ်ငန်းတွင် အသုံးပြုခဲ့သော ခဲစာလုံး၊ ဘလောက်တို့နှင့် စာစီစာရိုက်စနစ်များ ပျောက်ကွယ်သလောက်နီးပါး ဖြစ်ကုန်ပြီး ယင်းတို့အစား ကွန်ပျူတာ၊ အော့ဖ်ဆက်တို့ဖြင့် စာစီစာရိုက်သောစနစ်သို့ ပြောင်းလဲလာသည်။ ပြည်တွင်းဖြစ်စက္ကူများကို သုံးစွဲထုတ်ဝေနေကြရာမှ အရည်အသွေးကောင်းမွန်သည့် နိုင်ငံခြားဖြစ် စက္ကူအချောများနှင့် ပြောင်းလဲထုတ်ဝေလာကြသည်။ စာအုပ်များကို လက်နှင့် ချုပ်ရာမှ စက်နှင့်ချုပ်သော စာအုပ်ချုပ်စက်များ ပေါ်လာနေသည်။ ကြွေစက္ကူအချောများနှင့်သာ စာအုပ်အဖုံး ပြုလုပ်ကြရာမှ ပလပ်စတစ်လောင်းထားသော ကြွေစက္ကူအဖုံးများ၊ ကတ်ထူအဖုံးများကို သုံးလာကြသည်။
ထိုသို့ စာအုပ်လုပ်သည့် နည်းပညာ အပြောင်းအလဲများနှင့်အတူ အတွင်းစာမျက်နှာ အပြင်အဆင်၊ တင်ဆက်ပုံများလည်း သိသိသာသာ ပြောင်းလဲလာကြသည်။ စာမျက်နှာအပြင်အဆင်အတွက် ယခင်က လက်နှင့် ဒီဇိုင်းလုပ်ခဲ့ကြရာက ကွန်ပျူတာဂရပ်ဖစ်ဒီဇိုင်းများ ပြုလုပ်လာကြသည်။ စာအုပ်ကို ဝေဆာစိုပြည်အောင် အရောင်စာမျက်နှာများကို ပိုမိုသုံးစွဲလာကြသည်။ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ကြော်ငြာအတွက် ရုံးအဖွဲ့များ သီးသန့်ထားလာကြသည်။ ထိုသို့ မြင်သာ ထင်သာသော အပြောင်းအလဲများကို အပြည့်အ၀ ကျင့်သုံးလာကြသူများ ရှိသလို တ၀က်လောက်သာ ကျင့်သုံးနိုင်သေးသူများလည်း ရှိနေကြသည်။ သေချာသည်မှာတော့ မပြောင်းလဲ၍ မရခြင်းပင်ဖြစ်သည်။
စာအုပ်အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုနှင့်အတူ အဓိက အရေးတကြီး ပြောင်းလဲရမည်မှာ စာမူအရည်အသွေးပင်ဖြစ်သည်။ ယနေ့အချိန်အခါသည် ပထမကမ္ဘာစစ်တုန်းက အခြေအနေမျိုးမဟုတ်၊ ဗီယက်နမ်စစ်ပွဲတုန်းက ကာလမျိုးမဟုတ်၊ စစ်အေးခေတ်က အနေအထားမျိုး မဟုတ်တော့။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်သို့ ပြောင်းလဲလာမှုနှင့်အတူ အတွေးအခေါ် အယူအဆများ၊ တွေးထောင့်များ၊ တွေးပုံတွေးနည်းများလည်း ပြောင်းလဲလာကြသည်။ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်မှ ရမည့်အနေအထား ဖြစ်သည်။ ယခင်က ကိုင်စွဲခဲ့သည့် ခေတ်မမီတော့သော အတွေးအခေါ် အယူအဆ အဟောင်းများနှင့် လိုက်လံတိုင်းထွာ၍ မရတော့။ ပြောင်းလဲလာသော အတွေးအခေါ် အယူအဆသစ်များနှင့် ချိန်ထိုးစဉ်းစားပြီး စာမူအရည်အသွေးကို အမြဲမပြတ် စောင့်ကြည့်ပြုပြင်ကြရမည့် အနေအထားဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် ယနေ့အချိန်အခါသည် ပြောင်းလဲမှုအရှိန်အဟုန်များ ကြီးမားပြင်းထန် နေသည့်အလျောက် ရပ်တည်ချက် မှန်မှန်ကန်ကန်နှင့် အပြောင်းအလဲများကို လိုက်ပါရင်ဆိုင်နိုင်မှသာ တည်မြဲနိုင်မည်ဖြစ်ရာ ရေကုန်ရေခန်း အားထုတ်ကြိုးပမ်းကြဖို့လိုကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ တဆက်တည်းမှာပင် ပြောင်းလဲခြင်းနဲ့ လိုက်ရွှေ့ဖို့လိုကြောင်း သီချင်းစပ်ဆို ရေးသားခဲ့သည် ကွယ်လွန်သူ အဉ္ဇလီမောင်မောင်၏ သီချင်းတစကိုလည်း သတိရနေမိပါသည်။
“ပြောင်းလဲခြင်းနဲ့ လိုက်ရွှေ့ရမယ် … ပုံသေဆိုရင် နောက်ကျသွားပြီတဲ့ …”
“ဦးနှောက်အသစ်နဲ့ မျိုးဆက်တဆင့်မှာ … ပုံသဏ္ဍာန်တွေဟာ ပြောင်းလဲခဲ့ပြီတဲ့ …”
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၂၀၀၁ ခုနှစ်)
အပြည့်အစုံသို့...Wednesday, February 1, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၁-၂-၂၀၁၂ - ညပိုင်း)
- ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေး လူထုဟောပြောပွဲ မိုင်ဒါကွင်းကို ပြောင်းရွှေ့ပြုလုပ်ရန် တင်ပြ click
- ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ်မြောက် နယ်ခရီးစဉ် click
- ဒေါ်အောင်ဆန်းစုကြည် ထားဝယ်ခရီးစဉ် (ရုပ်သံ) click
- NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထားဝယ် စည်းရုံးရေးခရီးစဉ် (ရုပ်သံ) click
- The Lady မိတ်ဆက်ပွဲ ထိုင်းဝန်ကြီးချုပ် ယင့်လပ် တက်ရောက် click
- ပွင့်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ (ရုပ်သံ) click
- တောင်ကုတ်မြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရုံးခန်းဖွင့်ပွဲ (ရုပ်သံ) click
- ရွေးကောက်ပွဲကော်မရှင် သတိပေး click
- ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားသံဃာများ၏ သိမ်တက်ပွဲ ပိတ်ပင်ခံရ click
- နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ ကိုယ်ထူကိုယ်ထ အစီအစဉ်က ပြုလုပ်တဲ့ Gathering Party click
- နိုင်ငံရေးအကျဉ်းသားဟောင်းများ တွေ့ဆုံပွဲ ကျင်းပ (သတင်းဓာတ်ပုံ) click
- နွေးထွေးတဲ့ တွေ့ဆုံမှုမှသည် လွတ်လပ်ခြင်းဆီသို့ (ရုပ်သံ) click
- နိုင်ငံရေးအကျဉ်းသားဟောင်းများစွာ ဘ၀ပျက်ခဲ့ဟု မင်းကိုနိုင် ပြော click
- မေတ္တာရှင် စာကြည့်တိုက်ဖွင့်ပွဲ ကိုမင်းကိုနိုင် တက်ရောက် (ရုပ်သံ) click
- နေမျိုးဇင် လွတ်မြောက်ပြီးနောက် တရားစီရင်ရေးကို အသိအမှတ်ပြု click
- မသန္တာရဲ့ အိမ်အပြန်လမ်း … (ရုပ်သံ) click
- သရက်ထောင်မှာ အကျဉ်းကျခံနေရဆဲ ကိုအောင်အောင်ဦး click
- မြန်မာပြည်ကို ပြန်လာချင်ရင် ပြန်လာနိုင်တယ် ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကိုမိုးသီးဇွန်နှင့် မေးမြန်းချက် click
- လူ့အခွင့်အရေးကိုယ်စားလှယ် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမည် click
- မွန်ပြည်သစ်ပါတီနှင့် ပြည်နယ်အဆင့် ဆွေးနွေး click
- မွန်ပြည်သစ်ပါတီနှင့် အစိုးရ အပစ်ရပ်ရန် မူအားဖြင့် သဘောတူ click
- မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရတို့ ပဏာမ သဘောတူလက်မှတ်ထိုး click
- NMSP နှင့် အစိုးရ အပစ်ရပ်ရေး ပဏာမအဆင့် သဘောတူ click
- မွန်ပြည်သစ်နှင့် အစိုးရ ပြည်နယ်အဆင့် အပစ်ရပ်စဲရေး ပဏာမ သဘောတူညီမှုရရှိ click
- မွန်ပြည်သစ်ပါတီနှင့် အစိုးရကိုယ်စားလှယ်တို့ သဘောတူညီချက် ၅ ခုရ click
- မွန်ပြည်သစ်နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ရဲ့ ပဏာမ သဘောတူချက် ၅ ချက် click
- မွန်ပြည်သစ်နှင့် အစိုးရ ပဏာမ သဘောတူညီချက် လက်မှတ်ထိုး click
- KIA မိုင်းပေါက်ကွဲမှုတွင် မြန်မာစစ်သားတဦး သေဆုံး click
- အစိုးရသစ်လက်ထက် သျှမ်းပြည်လူထု ထိုင်းနိုင်ငံသို့ ၀င်လာဆဲ click
- ကချင်တိုင်းရင်းသူ စစ်တပ်ဖမ်းဆီးမှု နေပြည်တော်၌ ကြားနာမည် click
- ဒုက္ခသည်များ အိမ်ပြန်ရေး မသေချာသေး click
- ကချင်ဒုက္ခသည်များ ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားနေ click
- “စစ်ပြေးဒုက္ခသည်” ကို အစိုးရသတင်းစာက ဘယ်လို ခေါ်ဝေါ်သလဲ click
- မြန်မာပြည်တခုလုံးမှာ ချင်းပြည်နယ်က အခက်အခဲဆုံး၊ အဆင်းရဲဆုံး ဒေသပဲ (မေးမြန်းခန်း) click
- သမ္မတ ဦးသိန်းစိန်ရဲ့ အပြောနဲ့ အလုပ် click
- အစိုးရသစ်၏ ဘတ်ချက်ခွဲဝေရေး click
- ကျန်းမာရေးနှင့် ပညာရေးအသုံးစရိတ် တိုးမြှင့်မှုအပေါ် ကြိုဆို click
- အာရှပစိဖိတ် ဒေသစစ်ရေးလေ့ကျင့်မှု မြန်မာရေတပ် ပါဝင် click
- မြန်မာ့ရေမြေသဘာဝတွေ ပျက်ပြီး လူတွေ ဒုက္ခရောက်မှာ မလိုလားဘူး click
- “မသင့်မြတ်ဘူးဆိုရင် ဥပဒေမဖြစ်ခင်ကတည်းက ကန့်ကွက်မယ်” (အင်တာဗျူး) click
- ဒိတ်လိုင်း ဧရာဝတီ (ရုပ်သံ) click
- ဦးရုက္ခစိုးနှင့် တောပြောတောင်ပြော (ထွေရာလေးပါး) click
- ကျေးဇူးစကား၏ အခြားမဲ့ကို ဆင်ခြင်မိခြင်း (ဆောင်းပါး) click
- ရခိုင်မဟာမုနိ ကျောင်းဆောင်တော်တွင် ရွှေအလေးချိန် ၁၁ ပိသာ ၅၀ ကျပ်သားရှိ ထီးတော်တင်မည် click
- ဆန်ဝယ်ချိန် နောက်ကျသဖြင့် လယ်သမားများကို တောင်းပန် click
- လမ်းလုပ်အားပေးအတွက် ငွေကောက်သည့်အတွက် ဒေသခံများ မကျေမနပ်ဖြစ်နေ click
- ဒေသ အာဏာပိုင်တွေက ချင်းလူမျိုးများ၏ နေအိမ်များ ဖျက်သိမ်း click
- ဟားခါးမြို့မှ ဈေးလိုင်စင် ပေါင်နှံခြင်းကိစ္စ မြို့မိမြို့ဖတဦးမှ ငြင်းချက်ထုတ် click
- မန္တလေးမြို့ပေါ် တောင်းရမ်းစားသောက်သူများကို အရေးယူမည် click
- ရခိုင်အဆိုတော် ၀င်းကိုခိုင်ကို တွေ့ဆုံမေးမြန်းခန်း click
- ပရီးမီးယားလိဂ်အသင်းများရဲ့ ဇန်နဝါရီဈေးကွက် လှုပ်ရှားမှုများ click

လွတ်မြောက်လာခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများ မိတ်ဆုံစားပွဲ “We Are Flying To Be Free” အခမ်းအနား
၃၁-၁-၂၀၁၂ ညနေ ၅ နာရီမှ ၉ နာရီအထိ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများ မိတ်ဆုံစားပွဲကို ရန်ကုန်မြို့ အင်းလျားလမ်း အင်းလျားကန်နံဘေးရှိ “စိမ်းလန်းစိုပြေ” တွင် ပြုလုပ်ခဲ့ကြသည်။ ကိုမျိုးကြီးနှင့် သူငယ်ချင်းများက တေးဂီတဖြင့် ပျော်ရွှင်နွေးထွေးစွာ တီးခတ်ပေးခဲ့ကြသည်။ မကြာမီက လွတ်မြောက်လာကြသော ဂီတမှူး ကိုဝင်းမော် (ရွှေသံစဉ်) နှင့် ကိုရဲခေါင်ထွဋ် တို့ကလည်း ၀င်ရောက်အားဖြည့် ကူညီတီးခတ်ပေးခဲ့သည်။ မဇ္ဈိမလှိုင်းမှ ကိုရဲလွင် (Bass) ကလည်း ‘ပန်းခရမ်းပြာ’ သီချင်းဖြင့် သီဆိုပေးခဲ့ပါသည်။ တေးသံရှင် လင်းလင်းကလည်း သူ၏ ကိုယ်ပိုင်သံစဉ် သီချင်းများဖြင့် ကူညီသီဆိုပေးခဲ့သည်။
တယောကိုတင်ရီ၊ ကိုနေ၀င်း (မဇ္ဈိမလှိုင်း) တို့လည်း လာရောက်အားပေးခဲ့ကြသည်။ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများလည်း တတ်ရောက်ကြသည်။ ထိုင်ခုံများမပါဘဲ မိသားစုပုံစံဖြင့် မြက်ခင်းတွင် စုဝေးကာ အားပေးကြသည်။ သတင်းမီဒီယာများမှလည်း စုံလင်စွာ လာရောက် သတင်းယူကြသည်ကို တွေ့ရသည်။ ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများ စုံညီစွာ တက်ရောက်ကြပြီး ကိုမင်းကိုနိုင်မှ “ယခင်က အိမ်မက်ပင် မမက်နိုင်ခဲ့သော ရောင်စုံမီးများကြားမှ နွေးထွေးသောတွေ့ဆုံမှု” ဟု ပြောကြားခဲ့သည်။ ထောင်များထဲတွင် ကျန်ရစ်ခဲ့သော ရဲဘော်များ မလွတ်မြောက်သေးသဖြင့် လွတ်လပ်စွာ မပျော်နိုင်သေးကြောင်း ဆို့နင့်ကြေကွဲစွာ ပြောကြားခဲ့သည်။ ဂီတမှူး ကိုဝင်းမော် (ရွှေသံစဉ်) က အကျဉ်းသူဟောင်းတယောက်ဖြစ်သည့် မဇင်မာအောင် သီဆိုသော ကိုမွန်းအောင်၏ ၃/၈၈ သီချင်းနှင့် ကိုမင်းကိုနိုင်နှင့် သူငယ်ချင်းများ သီဆိုသော စုပေါင်းသီချင်းတပုဒ်တို့ကို ကူညီတီးခတ်ပေးခဲ့သည်။
ထို့နောက် သံတိုင်နှင့် အုတ်နံရံများဖြင့် ပုံဖော်ထားသော ကိတ်မုန့်ကြီးတွင် ဖယောင်းတိုင်များ ထွန်းညှိကာ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ပါစေဟု ဆုတောင်းကြသည်။ ထို့နောက် ဖယောင်းတိုင်များကို ကိုင်ကာ လွတ်မြောက်ရေးတေးသီချင်းတပုဒ် စုပေါင်းသီဆိုကြပြီး ယင်းဖယောင်းတိုင်များကို အင်းလျားကန်ရေပြင်တွင် ရေမျှောကာ
No comments:
Post a Comment