Sunday, February 19, 2012
တရားခံ ဘယ်သူလဲ ... စဉ်းစား ... စဉ်းစား ... စဉ်းစား
တရားခံ ဘယ်သူလဲ ... စဉ်းစား ... စဉ်းစား ... စဉ်းစား
စိန်သံလုံး
ရွှေည၀ါ ဆရာတော်ကို သူပိုင်ဆိုင်တဲ့ ကျောင်းကြီးကနေ ဖယ်ရှား ထွက်ခွာပေးရမယ်တဲ့။ ‘မဟန’ လို့ ခေါ်တဲ့ သံဃမဟာနာယကအဖွဲ့က အမိန့်ချမှတ်တာ။ အပြစ်က တရားဟောလို့တဲ့။ ဟောမိတာက မန္တလေးတိုင်း NLD ရုံးမှာ ...။ ဆွမ်းကျွေးပြီး တရားပေးတဲ့ သာဓုအနုမောဒနာ ပေးတာလို့ ဆရာတော်က ပြောတယ်။ တရားဟောခွင့် တနှစ် အပိတ်ခံထားရတဲ့ ရွှေည၀ါဆရာတော် ဆွမ်းကျွေးမှာ သာဓုအနုမောဒနာ တရားရေအေး တိုက်ကျွေးမိတာ အပြစ်လား။
ထေရ၀ါဒဗုဒ္ဓဘာသာမှာ တောင်းပန်ရင် ကျေအေးခွင့်လွှတ်ရတယ်တဲ့။ ဒါကြောင့် ရွှေည၀ါ ဆရာတော်က အသနားခံ စာတင်ပြီး တကြိမ်တခါ မှားခဲ့ရင် ခွင့်လွှတ်စေချင်ကြောင်း တောင်းပန်စာ ရေးခဲ့တယ်။ ဒါပေမယ့် ‘မဟန’ က ခွင့်မလွှတ်ဘူးဆိုပဲ။
တလပြည့်ရင် သာဓုကျောင်းတိုက်က ထွက်ခွာပေးရမယ်။ ဖယ်ပေးရမယ်ဆိုတော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ တလပြည့်မယ်လေ။ တကယ်တော့ မဖြစ်သင့်တဲ့ ကိစ္စတခုပါ။ သာဓုကျောင်းတိုက်မှာ NLD က အခမ်းအနားတွေ လုပ်ခဲ့တာ၊ နိုင်ငံရေးအင်အားစုတွေ စုစည်းကြတာကို အပြစ်မြင်နေတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တာဝန်ပေးချက်အရ ခရိုင်သာသနာရေးအရာရှိက နိုင်ငံရေးသမားတွေရဲ့ အသုံးချခံ မဖြစ်စေနဲ့ဆိုပြီး လာလျှောက်ထားတယ် မဟုတ်လား။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆိုတာကလည်း နိုင်ငံရေးသမားတွေ မဟုတ်ဘူးလား။ အဲဒီလူတွေက တိုင်းပြည်ဘဏ္ဍာ မယူဘဲ စေတနာ့ဝန်ထမ်း လုပ်နေတဲ့ အဖွဲ့လား။ မင်းကိုနိုင်တို့အဖွဲ့ ၀န်းရံနေတာ၊ ဆွမ်းခံလိုက်ပြီး ဝေယျာဝစ္စ လုပ်ပေးနေတာတွေကို မရှုစိမ့်နိုင်လို့၊ NLD နဲ့ ပတ်သက်ပြီး အားပေးမှုတွေ လုပ်တယ်လို့ အထင်ရှိနေလို့ ရွှေည၀ါ ဆရာတော်ကြီးကို ပြဿနာရှာတာ။ ဒီကြားထဲ စဉ်းစားလို့ မရတာက NLD ကလည်း ရွှေည၀ါ ဆရာတော်ကိစ္စ ဘာမှ ၀င်မပြောဘူး။ နှာစေးနေတယ်။ ပြောသင့်တာပြောပြီး ကန့်ကွက်သင့်တာ ကန့်ကွက်ရမှာပေါ့၊ အဲဒါ စားပြီး နားမလည်လို့ ခေါ်တယ်။
“ရွှေဝါရောင်တော်လှန်ရေးတုန်းက
သံဃာတော်များကို ရိုက်နှက်ဖမ်းဆီး နှိပ်စက်ခံရတာတောင် ‘မဟန’ က
ဘာဝင်ပြောဖူးလို့လဲ။ ဓမ္မစက်နဲ့ မရရင် အာဏာစက်နဲ့ လုပ်ပါဆိုတာလည်း မဟန
ဆရာတော်တွေက မပြောခဲ့ဘူး။ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်က
ပြောခိုင်းခဲ့ပေမယ့် မကွေးဆရာတော် အပါအ၀င် မဟန ဆရာတော်တွေက ပြောဖို့
ငြင်းဆိုခဲ့တယ်လို့ အတွင်းသိတယောက်က ပြောဖူးတယ်။”
ဘာပဲဖြစ်ဖြစ် ရွှေည၀ါ ဆရာတော်ကြီးရဲ့ ပရိယတ္တိစာသင်သားတွေက အများကြီးနော်။ တထောင်ကျော်တယ်။ အဲဒီ စာသင်သားတွေအတွက် ပြည်တွင်းပြည်ပ သာသနာပြုလုပ်ငန်းတွေ လုပ်ပေးနေတာ။ အစဉ်အလာကောင်းတဲ့ ဆရာတော်ကြီးတပါးကို လုပ်ရက်တဲ့ တရားခံဟာ ဘယ်သူလဲ။ မဟန တော့ မဖြစ်နိုင်ဘူး။ မဟန ဆိုတာ ခုတုံးလုပ် အသုံးချခံရတာ။ ရွှေဝါရောင်တော်လှန်ရေးတုန်းက သံဃာတော်များကို ရိုက်နှက်ဖမ်းဆီး နှိပ်စက်ခံရတာတောင် ‘မဟန’ က ဘာဝင်ပြောဘူးလို့လဲ။ ဓမ္မစက်နဲ့ မရရင် အာဏာစက်နဲ့ လုပ်ပါဆိုတာလည်း မဟန ဆရာတော်တွေက မပြောခဲ့ဘူး။ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်က ပြောခိုင်းခဲ့ပေမယ့် မကွေးဆရာတော် အပါအ၀င် မဟန ဆရာတော်တွေက ပြောဖို့ ငြင်းဆိုခဲ့တယ်လို့ အတွင်းသိတယောက်က ပြောဖူးတယ်။
အဲဒီတော့ ခုကိစ္စမှာလည်း မဟန မပါဘူးဆိုတာ သေချာတယ်။ ဘာပြုလဲဆိုတော့ မဟန ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်က တံဆိပ်တုံးရိုက် လက်မှတ်ထိုးပြီး ရွှေည၀ါ ဆရာတော်ကို တရားဟောခွင့်ပိတ်တဲ့ တနှစ်ပြည့်နေ့မှာ တာချီလိတ် တရားပွဲ ဟောခွင့်ပြုခဲ့တယ်။ အဲဒါကို သာသနာရေးဋ္ဌာနက တရားမ၀င်ဘူးတဲ့။ ဥက္ကဋ္ဌ ဆရာတော် လက်မှတ် တံဆိပ်တုံးနဲ့ စာကို သာသနာရေးအရာရှိက တရားမ၀င်ဘူးလို့ ဘာကြောင့် ပြောရဲတာလဲ။ အဲဒါကိုပဲ စဉ်းစားကြ။ နောက် မကြာဘူး၊ ရွှေည၀ါ ဆရာတော်ကို တရားဟောခွင့် ထပ်ပိတ်လိုက်တယ်လို့ ပြောကြပြန်ရော။ ဗန်းမော် ဆရာတော်ကို ကျော်ပြီး အမိန့်ပေးတာ ဘယ်သူလဲ။ စဉ်းစားကြ။ အဲဒါ တရားခံပဲ။
နောက်ပြီး အရှင်ဂမ္ဘီရကို မနက်လင်းအားကြီး အချိန်မတော် လာခေါ်တာ ရိုးသားရဲ့လား။ စဉ်းစား၊ စဉ်းစား၊ နေစရာမရှိလို့ သူများကျောင်းမှာ သွားနေတာ အပြစ်ကြီးသတဲ့လား။ လုပ်ပေါက်တွေက မရိုးသားဘူး၊ ဥပဒေမဲ့လွန်းတယ်၊ ချိပ်ပိတ်မှ ချိပ်ဖွင့်ပြီး ပြန်နေခိုင်းတယ်။ ဘာသဘောလဲ စဉ်းစားကြ။
အခု ဒီမိုကရေစီဆိုတဲ့ စကားတွေ တွင်တွင်ပြောနေကြပြီ။ ကြားရတာ နားခါးလှတယ်။ ရွှေည၀ါ ဆရာတော်ကြီးကိစ္စ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီလို့လား။ ကန့်သတ်တာတွေ၊ ချုပ်ကိုင်တာတွေ၊ ထင်ရာလုပ်နေတာတွေက ဒီမိုကရေစီတဲ့လား၊ နိုင်ငံရေးအဖွဲ့အစည်းနဲ့ ရွေးကောက်ပွဲကြောင့် အစိုးရဖြစ်လာတဲ့ လူတွေက ကျန်တဲ့ နိုင်ငံရေးသမားတွေကို စော်ကားနေတာ၊ ရှုတ်ချနေတာ၊ အပြစ်ပြောနေတာ ဘာကြောင့်လဲ။ စဉ်းစား၊ စဉ်းစား၊ တရားခံ ဘယ်သူလဲ။
စိန်သံလုံး
10 comments:
-
စိန်သံလုံး
အပိုတွေလျှောက်ပြောမနေနဲ့ ခင်ဗျားလည်း ကြောင်သူတော် ကြွက်သူခိုးဘဲ
-
မှန်ကြီးပြောမယ်
သံလုံးလားသံပြားလားမကွဲတဲ့ ဆိတ်လစိရေ
မင်းကတော့ တကယ့်ဆိတ်လစိပဲ....ဟိုပြောဒီပြော
ဟိုကပ် ဒီကပ် အခုလဲ ဟိုတိုက် ဒီတိုက်နဲ့ ရန်တိုက်နေပြန်ပြီ
မသိလဲ အသာနေစမ်းပါ....ဆရာလိုလိုဘာလိုလိုနဲ့
ဗိန္ဓောဆရာလား နွားဂွေးသွင်းဆရာလား
ဆရာတော့ ဆရာပဲ ဘာဆရာလဲ ဖာဆရာလား
-
ဒီလူဝေ့လည်ကြောင်ပတ်နဲ့ ဘယ်လိုလူစားပါလိမ့်။
-
မသိရင်ခက်မယ် တနင်္ဂနွေနေ့တိုင်း ကိုလွမ်းဆွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပုတ်ခတ်တဲ့စာတွေကိုသီးသန့်တင်ပေးနေတာတွေ့ရတယ်
တော်တော်စေတနာဆိုးတဲ့သူပါပဲ
အေးလေ ကိုမင်းကိုနိုင်ကဗျာထဲကလို
ရေးချင်ရာရေး ဆွဲချင်ရာဆွဲပေါ့
သမိုင်းမှာတော့မှတ်တမ်းဝင်ပြီးသားပဲ
-
let it be peace.
-
ဒီမှာ စာရေးဆရာ
NLD တက်လာ၊ အာဏာရလာ ရင်လည်း သံဃ နာယက အဖွဲ့ဆိုတာ ရှိရမှာပဲ။ ဒီပုံ အတိုင်းပဲ သံဃာတွေကို ထိန်းကျောင်းမှာပဲ။
NLD နဲ့ အမေစု ဟာ လုပ်သင့်လုပ်ထိုက်တာ ကို လုပ်မယ်။
လျှောက်သင့်တဲ့ လမ်းကို လျှောက်မယ်။
NLD ဟာ နေရာတကာ ကန့် လန့် လိုက်တိုက်ရမဲ့၊ ဖျက်လိုဖျက်ဆီး လိုက်လုပ်ရမယ့် အဖွဲ့မျိုးမဟုတ်ဘူး။
ပွဲလုပ်ပြီးဖိတ်လို့သွားထားတာနဲ့ ဘယ်သူဘာလုပ်လုပ် လိုက်ထောက်ခံရမှာလား။
စဉ်းစား စဉ်းစား။
-
စဉ်းစား စဉ်စား
လေထန်ကုန်းက အတင်းသမား
ဒါလေးက အသေးအမွှား
* To surpass neighbors in ten years*
အမေစုက ပြောပြီးသား။
-
ရွှေည၀ါဆရာတော်ကို သူပိုင်တဲ့ကျောင်းက နှင်ထုတ်တယ်ဆိုတာ မဟုတ်ပါ.။
စိန်သံလုံးကိုယ်တိုင် ဇာတ်မြစ်ကို သိဖို့ ကြိုးစားပါ။
နိုင်ငံတော်မဟနပိုင်ဖြစ်တယ်ဆိုတာ နီးစပ်သူတိုင်း သိပါတယ်။ ရွှေည၀ါကို
နေထိုင်ခွင့်ပေးထားတာ။ သာသနာပြုခွင့်ပေးထားတာ နှစ်ပေါင်းများစွာ ကြာပါပြီ။
ခု မဟနက ပြောစကားနားမထောင်လို့ ကိုယ့်ကျောင်းကိုယ်ပြန်သိမ်းတဲ့သဘောပါ။
နိုင်ငံရေးသမားတွေရဲ့ အသုံးချခံမဖြစ်ဖို့ဆိုတာထက် နိုင်ငံရေးသမားတွေက
ဘာသာရေးတစ်ခုတည်းရဲ့ နောက်လိုက်မဖြစ်ဖို့ သတိရှိရမှာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီရဲ့ ရပ်တည်ချက်မှန်ပါတယ်။ ဒီကိစ္စက နှုတ်ပိတ်သင့်တဲ့
ကိစ္စမှန်း သိသွားလို့ ဖြစ်မယ်။ ကျောင်းသားခေါင်းဆောင်တွေကတော့
ဘာသာရေးဆိုတော့ နည်းနည်းတွေဝေသွားပုံပဲ..။ ရွှေည၀ါဆရာတော်ကတော့ သူ့ရဲ့
အောင်မြင်မှုပန်းတိုင်ရောက်သွားပါပြီ..။ သပိတ်မပါဘဲ ဆွမ်းခံတဲ့နည်းသစ်ကို
ထွင်နိုင်သွားလို့ပါ.။ ဘာပဲပြောပြော ဆောင်ရွက်ခဲ့သမျှတွေအတွက်
ဆက်လက်ကြည်ညိုခွင့်ပြုပါ.။ ခု ကိစ္စကတော့ တစ်ခုခုလွဲနေသလားလို့..။
သံဃာ့အဖွဲ့အစည်းကြီးတစ်ခုလုံးပြိုကွဲ..။ ဘာသာရေးအဓိကရုဏ်းဆန်ဆန်တွေ
ပေါ်ပေါက်လာခဲ့ရင် နိုင်ငံရေးလမ်းစလေး မှိန်သွားမှာ စိုးလို့..
-
ကွန်မင့်ရေးဋ္ဌကတဲ့ နောင်တော်လေးတွေ။
ဇာဇာငနာ အဲလေယောင်လို. ဇာဂနာဋ္ဌကီးပြောတဲ့ ပရုပ် ဆီ စက်ဝိုင်းထဲက ပုရောဆိတ်လေးတွေလိုပါလား ကွယ်တို.။
နတ်ကတော် ပူနောင်ချပ်ချိန်း
-
လာ မည့် ဇွန် လ ၂၀ ရက် အ ထိ ……
အင်္ဂါ ဂြိုလ် နိယထုံ ကျင့် နေ သော ကာလ အတွင်း ဖြစ် သော ကြောင့်
အစစအရာရာ မဖြစ်သင့်တာတွေ မဖြစ်ပွားရလေအောင်သတိမူကြသင့်၏။
တိုင်းပြည်အတွက် အကျိုးရှိမည်လော အကျိုးယုတ်မည်လော….
ကာယကံရှင်ဖြစ်မြောက်နေကြသူတို့ ..သေသေချာချာတွေးဆကြပါလေ..။
အင်္ဂါ ဂြိုလ် နိယထုံ ကျင့်မူ (ပြောင်းသင့်ပါလျက် မပြောင်းပဲ နေမူ )
ရဟန်း သံဃာ ၊ ထဘီဝတ် ၊ အမတ် တို့ ဥပဒ် ဖြစ် အံ့။ ဟု
ပါရာသျှတ္တရ ကျမ်း ၊ ရခိုင်ကျမ်းစာဟောင်း နှင့် ရှေး သျှတ္တရ်ကျမ်းစာဟောင်း
တို့  တွင် ပါ ရှိ လေ ၏ ။
ကိုးကား ။ ။
ဒေါက်တာ ကံညွန့် ( စီးပွာရေး နှင့် စိုက်ပျိုးရေး နက္ခတ္တဗေဒ ကျမ်း )
No comments:
Post a Comment