Thursday, 9 February 2012

Thursday, February 9, 2012

ဖေ့စ်ဘွတ်ခ်မှာ ဖတ်ရှုရတဲ့ ကာတွန်းများ (၉-၂-၂၀၁၂)

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၉-၂-၂၀၁၂ - ညပိုင်း)

- ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်ဆောက်ပေးရန် မင်းကိုနိုင် ပြော click
- ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ABSDF ပဏာမအဆင့် ဆွေးနွေး click
- မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့၏ ပဏာမ တွေ့ဆုံဆွေးနွေးပွဲ မှတ်တမ်းဓာတ်ပုံများ click
- အန်အယ်လ်ဒီ မျိုးဆက်လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click
- လိုအပ်တဲ့နေရာတွေကို ကူညီဖို့ BG အဖွဲ့ ရန်ပုံငွေရှာ ဈေးရောင်းနေကြ (ရုပ်သံ) click
- BG သွေးကူညီပေးရေးအဖွဲ့မှ ပညာရေးအထောက်အကူပြု ပစ္စည်းများ လှူဒါန်း (ရုပ်သံ) click
- သန်လျင် NLD ရန်ပုံငွေ ရှာဖွေ (ရုပ်သံ) click
- ဇာဂနာနှင့် ဟီလာရီကလင်တန် တွေ့ဆုံ click
- CIA ညွှန်မှူး မြန်မာပြည် လာမည် click
- ရှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေတွင် တိုက်ပွဲဖြစ်ပွား click
- အပစ်အခတ် ရပ်စဲရေးကိစ္စ ကရင်ပြည်သူများ၏ ဆန္ဒတောင်းခံ click
- KNU/KNLA ငြိမ်းချမ်းရေးကြောင့် ဂိတ်ကြေးတိုးမည်ကို ဘုရားသုံးဆူဒေသခံများ စိုးရိမ်နေ click
- ငြိမ်းချမ်းရေးကာလ PNLO ထံ ဆက်ကြေးပေးသူ အဖမ်းခံရ click
- စစ်ဘေးသင့် ပြည်သူများကို ကူညီရန် ကချင်အနုပညာသည်များ ဖျော်ဖြေကြမည် click
- ကချင်ဒုက္ခသည်များအတွက် ရန်ပုံငွေဂီတပွဲ ကျင်းပမည် click
ကြားဖြတ်ရွေးကောက်ပွဲမှာ မိတ္ထီလာမဲဆန္ဒနယ်မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ်
ဝင်ရောက်အရွေးခံမယ့် ဒေါ်မြင့်မြင့်အေးရဲ့ အမှတ်တံဆိပ်
- တိုင်ရီ ဖိနပ်စက်ရုံ စတုတ္ထမြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြ (ဓာတ်ပုံသတင်း) click
- လှိုင်သာယာ အလုပ်သမားအရေး အိုင်အယ်အိုကို တင်ပြမည် click
- အမ်အေအိုင် လေကြောင်းလိုင်း လုံခြုံရေးတိုးမြှင့် click
- နိုင်ငံခြားခရီးသွား သန်းချီ လက်ခံနိုင်ရန် အဆင့်သင့်မဖြစ်သေးဟု ဆို click
- အိန္ဒိယ အခြေပြု ANC ဥက္ကဌ ဘင်္ဂလာဒေခ်ျ့တွင် ညီညွှတ်ရေးစကားဝိုင်း ပြုလုပ် click
- ဒေါက်တာနိုင်အောင် ပြည်တော်ပြန်သတင်း မှားယွင်းဟု ဆို click
- သူပုန်ကျောင်းသာတဦးရဲ့ မာရသွန်ခရီး - ၁၈ (အောက်မေ့ဖွယ်) click
- မြင်းမရှိတဲ့ ကျွန်းပေါ်မှာ (ဆောင်းပါး) click
- ဗမာ၊ မြန်မာနှင့် ဗကသ (ဗမာနဲ့ မြန်မာ ဘာကွာသလဲ) (ဆောင်းပါး) click
- နတ်မြစ်တွင် လူသေအလောင်းများ ပေါလောပေါ်နေ click
- ဖလမ်းမြို့နယ်တွင် ခရီးသည်တင် ဂျစ်ကားမှောက်၊ ၂ ဦး သေဆုံး click
- နှစ်ရာနဲ့ချီ ရှိခဲ့တဲ့ ရေကန်ကြီးကို မြေဖို့ပြီး တိုက်ဆောက်ဖို့ ပြုလုပ်နေ (ရုပ်သံ) click
- အက်ဖ်အေနဲ့ ကာပယ်လိုတို့ရဲ့ အင်္ဂလန် လမ်းခွဲ click
- ကမ္ဘာ့ဝင်ငွေအများဆုံး ကလပ်အသင်းများ click

မြန်မာ့ ... မြန်မာ့ရုပ်ရှင်

မြန်မာ့ ... မြန်မာ့ရုပ်ရှင်
စိန်သံလုံး

၂၀၁၀ ခုနှစ်အတွက် အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတဲ့ ၂၀၁၂ ခုနှစ် ၂ လပိုင်းမှာ လုပ်တယ်။ အဲဒီကစပြီး လွဲတော့တာပေါ့။ ပြည်သူလူထုကို မလေးမစားလုပ်တဲ့သဘော လုပ်ချင်တဲ့အချိန် ထလုပ်မယ် ဆိုတဲ့ အာဏာရှင်စရိုက်ဆိုးတွေလေ။ အရင်ကား ၇၀ ကျော် အကဲဖြတ် စိစစ်တုန်းကတောင် ဒီလောက် နှစ်မကျော်ခဲ့ပါဘူး။ ခုဟာက ကောင်းကြသေးရဲ့လား။ ၂၀၁၀ ခုနှစ်အတွက်ဆိုပြီး ၂၀၁၁ မှာ ဖြစ်မလာဘဲ တနှစ်ကျော်ပြီးမှ လုပ်တာ။

အဲဒီ ၂၀၁၀ အတွက် စာရင်းဝင်တဲ့ ကား ၁၅ ကား ဆန်ကာတင် စိစစ်တဲ့ ကားက ၄ ကားထဲ ရှိတယ်။ ကျန်တဲ့ ကားတွေက ဟာသကားတွေလေ။ စီးပွားရေးက မကောင်း၊ လူမှုရေးက စိတ်ညစ်စရာတွေ များနေတဲ့ မြန်မာပြည်မှာ လူတွေ စိတ်အပမ်းဖြေဖို့အတွက် ဟာသကားတွေ အကြည့်များတယ်။ ငိုတဲ့ကားတွေ ကြည့်ရမှာထက် နေ့စဉ် ငိုနေရတဲ့ ဘ၀တွေက များတယ်။ ၀န်ကြီးကိုယ်တိုင်တောင် ငိုပြသေးတယ် မဟုတ်လား။ ငိုကျော်ဆန်းလေ ...။

အဲဒီ ငိုကျော်ဆန်းက မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြှင့်တင်မယ်ဆိုတဲ့စကား နှစ်စဉ် အကယ်ဒမီပေးပွဲက စင်မြင့်ပေါ်မှာ ပဏ္ဍာယူပြီး ပြောနေကျပဲ။ ဘာမှ မဆန်းတော့ဘူး။ တကယ်တမ်း မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြှင့်ဖို့ကျတော့ ဘာမှ လုပ်မပေးခဲ့ဘူး၊ ဘာမှ ကူညီပံ့ပိုးမှု မရှိခဲ့ဘူး။ မြန်မာ့ရုပ်ရှင်သမားတွေကို အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတာ ကြာပြီ။ အရင် စစ်အစိုးရတုန်းကလိုပဲ သူလုပ်ချင်ရာ လုပ်နေတာပဲ။ အကယ်ဒမီဆုချီးမြှင့်ပွဲကိုပဲ ကြည့်လေ။ အရင်ပုံစံအတိုင်း ဖေဖော်ဝါရီလမှ လုပ်တာသာ ကြည့်တော့။ ဘယ်နှစ် ဘယ်လ အပြီးလုပ်မယ်ဆိုတဲ့ လျာထားချက်၊ သတ်မှတ်ချက် မထားဘူး။ အဲဒါတွေက ရုပ်ရှင်လောကသားတွေကို ဂရုစိုက်စရာမလိုဘူးဆိုတဲ့ လုပ်ရပ်တခုပဲ။

“ရုပ်ရှင်လောကသားတွေ အားကိုးရာမဲ့နေတာ ကြာပြီ။ ရုပ်ရှင်အစည်းအရုံးကိုလည်း အနုပညာရှင်တွေ ရုပ်ရှင်သမားတွေအပေါ် ချုပ်ကိုင်နိုင်ဖို့ ၀န်ကြီးအလိုကျ ၀န်ကြီးစိတ်ကြိုက်လူတွေနဲ့ ဖွဲ့စည်းထားတယ်။ ရွေးချယ်ပွဲမှာ မဲမရရင် ၀န်ကြီးက အစိုးရခန့်ဆိုပြီး ထည့်ထားတဲ့လူတွေက ချုပ်ကိုင်နေတယ်။ ရုပ်ရှင်လောကသားတွေက အသစ်ပြန်ဖွဲ့ပေးဖို့ တောင်းဆိုနေတာတောင် အရေးမလုပ်၊ ဂရုမစိုက်တဲ့ ၀န်ကြီးရဲ့ အာဏာရှင်ဆန်ဆန် အပြုအမူ အကျင့်ဆိုးတွေကို ဘယ်လိုပြုပြင်ကြမလဲ။ ခေတ်ပြောင်းနေပြီ၊ စနစ်ပြောင်းနေပြီလို့တော့ ပြောတာပဲ။ ပြန်ကြားရေးဝန်ကြီးကတော့ အရင်အတိုင်းပဲ။ ထင်ရာလုပ်နေတုန်းပဲ။ မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြင့်မားဖို့ ရှေ့ရေးကတော့ ရင်လေးစရာပဲ။”

မြန်မာ့ရုပ်ရှင် အဆင့်အတန်းကို မြှင့်တင်မယ်ဆိုပဲ။ စကားအဖြစ်သာ ရှိတာပါ။ ရုပ်ရှင်လောကသားတွေကို အမျိုးမျိုး နှိပ်စက်မှုတွေက ရှိနေတုန်းပဲ။ ဘယ်မှာလဲ အားပေးမှု၊ ဘယ်မှာလဲ ကူညီမှု၊ ဘယ်မှာလဲ စောင့်ရှောက်မှု၊ ရုပ်ရှင်ဇာတ်ကားတကားကို သဘာဝကျကျ ရိုက်ချင်ရင် သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ခွင့်ပြုမှုရအောင် ရုပ်ရှင်နဲ့ဆိုင်တဲ့ ၀န်ကြီးဌာနက ကူညီမှုမရှိတာပဲ။ ခွင့်တောင်းတိုင်းလည်း မရဘူး။ ၀န်ကြီးဌာနချင်းလည်း ညှိမပေးဘူး၊ အဲဒီတော့ သဘာဝကျဖို့ ပီပြင်ဖို့ အဆင့်အတန်းမြှင့်ဖို့ ဆိုတာတွေတော့ ထည့်မပြောနဲ့တော့ ...။

စက်ပိုင်းဆိုင်ရာ အားနည်းမှုအတွက် ကင်မရာအသစ်တွေ နောက်ဆုံးပေါ်တွေ ၀န်ကြီးဌာနက ၀ယ်ပေးလို့လား။ မင်းသားလွင်မိုး ၀ယ်လာတဲ့ တပတ်ရစ် ကင်မရာကို ဌားသုံးခဲ့တာကြာပြီ။ မီးကျိုးမောင်းပျက် ကင်မရာတွေနဲ့ ရုပ်ရှင်အဆင့်အတန်းကို ဘယ်လိုမြှင့်တင်မလဲ။ အဆိုးဆုံးက တာဝန်ရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စိတ်ဓာတ်အဆင့်အတန်းကို အရင်ဆုံး မြှင့်သင့်တာပေါ့။

ဖေဖော်ဝါရီ ၇ ရက်နေ့ ညက အကယ်ဒမီပေးပွဲကို ကြည့်လေ။ မင်းသားဆု၊ မင်းသမီးဆု၊ ဇာတ်ကားဆု ရသွားတဲ့ “အာဒမ်ရယ် ဧ၀ရယ် ဒဿရယ်” ဇာတ်ကားရိုက်ခဲ့တဲ့ ဒါရိုက်တာကို အငြိုးအတေးတခု (“အဲဒီ့အခန်းကို ဖြတ်” ဇာတ်လမ်းတိုကြောင့်လို့ ပြောရမှာပဲ။ ဒါရိုက်တာ ၀ိုင်းကို အကယ်ဒမီ မပေးခဲ့ဘူး။ အမှန်က ဇာတ်ကား၊ ဇာတ်ဆောင်ဆု ပေးတယ်ဆိုရင် အဲဒီကားရိုက်တဲ့ ဒါရိုက်တာကို ပေးနေကျ။ အရင်က ဒီပုံစံနဲ့ ပေးခဲ့ရာက ခု ဇာတ်ကားဆုရတဲ့ ဒါရိုက်တာကို အကယ်ဒမီ မပေးတာ ၃ နှစ်လောက် ရှိပြီ။ ဒါပေမယ့် ဒါရိုက်တာ ၀ိုင်းက “အဲဒီ့အခန်းကို ဖြတ်” ဇာတ်လမ်းတိုနဲ့ ပြည်သူ့အကြိုက်ဆုံးဆုကို ရခဲ့ပြီးပြီ။ သူက အဲဒီဆုကို ပိုပြီးတော့ ဂုဏ်ယူတယ်။

ဒါပေမယ့် ဇာတ်ကားကြီးတခုလုံးကို ကိုင်တွယ်ပြီး ရိုက်ခဲ့တဲ့ ဒါရိုက်တာကို အကောင်းဆုံးဇာတ်ကား ရိုက်နိုင်တဲ့အတွက် အကောင်းဆုံး ဒါရိုက်တာဆု ပေးတာက ပိုပြီး သဘာဝကျပါတယ်။ ဆင်ဆာကိစ္စ၊ ဇာတ်လမ်းစိစစ်မှု ကိစ္စတွေ ဝေဖန်တဲ့ ၀ိုင်းကို ဒါရိုက်တာဆု မပေးခဲ့တာ ရုပ်ပျက်လွန်းတယ်။ အငြှိုးကြီးလွန်းတယ်။

ရုပ်ရှင်လောကသားတွေ အားကိုးရာမဲ့နေတာ ကြာပြီ။ ရုပ်ရှင်အစည်းအရုံးကိုလည်း အနုပညာရှင်တွေ ရုပ်ရှင်သမားတွေအပေါ် ချုပ်ကိုင်နိုင်ဖို့ ၀န်ကြီးအလိုကျ ၀န်ကြီးစိတ်ကြိုက်လူတွေနဲ့ ဖွဲ့စည်းထားတယ်။ ရွေးချယ်ပွဲမှာ မဲမရရင် ၀န်ကြီးက အစိုးရခန့်ဆိုပြီး ထည့်ထားတဲ့လူတွေက ချုပ်ကိုင်နေတယ်။ ရုပ်ရှင်လောကသားတွေက အသစ်ပြန်ဖွဲ့ပေးဖို့ တောင်းဆိုနေတာတောင် အရေးမလုပ်၊ ဂရုမစိုက်တဲ့ ၀န်ကြီးရဲ့ အာဏာရှင်ဆန်ဆန် အပြုအမူ အကျင့်ဆိုးတွေကို ဘယ်လိုပြုပြင်ကြမလဲ။ ခေတ်ပြောင်းနေပြီ၊ စနစ်ပြောင်းနေပြီလို့တော့ ပြောတာပဲ။ ပြန်ကြားရေးဝန်ကြီးကတော့ အရင်အတိုင်းပဲ။ ထင်ရာလုပ်နေတုန်းပဲ။ မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြင့်မားဖို့ ရှေ့ရေးကတော့ ရင်လေးစရာပဲ။

မြန်မာ့ရုပ်ရှင် အဆင့်အတန်းကို မြှင့်တင်ချင်တယ် ဆိုရင်တော့ ဆင်ဆာအဖွဲ့၊ ဇာတ်လမ်းစိစစ်ရေးအဖွဲ့တွေရဲ့ အဂတိ လာဘ်စားမှုတွေ အရင်ဆုံး ရှင်းပစ်ရမှာလေ၊ အဲဒါတွေ လွှတ်ထားလို့ကတော့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ ဗွီဒီယိုဇာတ်ကားတခု ထုတ်လုပ်မယ်ဆိုရင် စတစ်ကာ ကပ်ရတယ်။ တခုကို ရုပ်ရှင်အစည်းအရုံးအတွက် ၁၀ ကျပ် သတ်မှတ်တယ်။ အဲဒီထဲက မြန်မာ့ရုပ်မြင်သံကြား သက်သာအဖွဲ့ကို ခွဲပေးရသေးတယ်။ ရုပ်ရှင်လုပ်ငန်းက ၁၆ ကျပ် ယူတယ်။ ဘယ်သူ့ကိုမှ ခွဲမပေးဘူး။ အဲဒါ ခေါင်းပုံဖြတ် အညွန့်ခူးစားတာလို့ မခေါ်ရင် ဘယ်လိုခေါ်မလဲ။

သရုပ်ဆောင် ဇင်ဝိုင်းနဲ့ ဒါရိုက်တာတွေဖြစ်တဲ့ မောင်မျိုးမင်း၊ မိုက်တီး၊ ၀ိုင်းနဲ့ ညီညီထွန်းလွင်တို့က ကောင်းတဲ့အကြံတွေ ပေးတယ်။ မှားတာကို ပြုပြင်သင့်တာတွေကို အကြံပြု ဝေဖန်ကြတယ်။ သူတို့ကို ဆန့်ကျင်သူတွေလို့ သတ်မှတ်ပြီး ပညာသားပါပါနဲ့ နှိပ်ကွပ်နေတယ်။ အဲဒီ ဒါရိုက်တာတွေက ရုပ်ရှင်လောကသားတွေအတွက် အများဆုံး ပြောပေးနေသူတွေဖြစ်ပြီး နိုင်ငံတော်ကားတွေလည်း ရိုက်ကူးပေးခဲ့သူတွေ ဖြစ်တယ်။ သူတို့က မှန်တာပြောတာတွေကို ပြောလို့ အမုန်းခံရတယ်။ ပြန်ကြားရေးဝန်ကြီးကိုယ်တိုင်က အာဏာရှင်စနစ်ကို ကျင့်သုံးနေတုန်းပဲ။ ရုပ်ရှင်အစည်းအရုံးကို ရုပ်ရှင်လုပ်ငန်းက လူတွေနဲ့ ချုပ်ကိုင်ထားတာက သက်သေပဲ။ အနုပညာသမားမဟုတ်တဲ့ လူတွေကို ကြောက်နေရတဲ့ ရုပ်ရှင်လောကသားတွေ ရုပ်ရှင်လောကကြီး ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်ကြမလဲ။ ရုံတင်ပြသရေးစနစ်ကလည်း ရုံပိုင်ရှင် သူဋ္ဌေးတွေ လုပ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတယ်။ ရုံတင်ကားရက် ရရှိရေးက ရုံပိုင်ရှင်နဲ့ အဆင်ပြေမှ လိုတဲ့ရက် ရတယ်။ အစည်းအရုံးက ဘာမှ လုပ်ပိုင်ခွင့်မရှိတာ ကြာပြီ။ ကဲ ... ဘယ်လိုနည်းနဲ့ မြန်မာ့ရုပ်ရှင် အဆင့်အတန်းကို မြင့်မားအောင် လုပ်ကြမှာလဲ။ မရှက်ကြဘူးလား။

စိန်သံလုံး
အပြည့်အစုံသို့...

သရီးအင်ဝမ်း

သရီးအင်ဝမ်း
မောင်မောင်ဘု

သရီးအင်ဝမ်း ဆိုတော့ ကော်ဖီမစ်ကို ပြောတယ်လို့ မထင်ကြစေလို။ နိုင်ငံရေးအကြောင်းကို တင်ပြချင်တာပါ။ တကိုယ်ရေ အမြင်လေးပါ။ ဝေဖန်သမှု ပြုပေးကြပါ။ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ ဆိုင်တယ်လို့ ယုံကြည်ပြီး ဒီဆောင်းပါးကို ရေးပါတယ်။ အာဏာရှင်စနစ်အောက်မှသည် ဒီမိုကရေစီဆီသို့ ပြောင်းလဲဖို့ ရုန်းကန်နေရတဲ့ အချိန်မှာ နိုင်ငံရေးအပေါ် လူအမျိုးမျိုး၏ ခံယူပုံများကို လေ့လာတင်ပြချင်ပါတယ်။

လူအုပ်စုကြီး ၃ ခုမှာ ...

(၁) နိုင်ငံရေးဆိုတာ ငါတို့နဲ့ပဲ ဆိုင်တယ်လို့ တရားသေ ယူဆထားသူများ
(၂) နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်လို့ ခံယူထားသူများ
(၃) နိုင်ငံရေးဆိုတာ ငါတို့နဲ့ မဆိုင်လို့ လုံးလုံးယူဆထားသူများ

အကြမ်းဖျင်းလေ့လာပါက ...

အုပ်စု (၁)

ဒီအုပ်စုကတော့ လက်နက်အားကိုး၊ အာဏာအားကိုး လူတန်းစားအများစု ပါဝင်တယ်။ အာဏာရှင်နဲ့ ထောက်လှမ်းရေး ကောင်းစားစဉ်ကာလများက အာဏာရှင်တဦးက နိုင်ငံရေးကိစ္စတွေဟာ ကျောင်းသားတွေနဲ့ မဆိုင်ဖူးဆိုပြီး သတင်းစာရှင်းလင်းပွဲတခုမှာ ပြောသွားတာ ရင်နာနာနဲ့ ကြားလိုက်ရပါတယ်။ သူ ဘာဖြစ်လို့ ပြောလဲဆိုတာ နောက်ပိုင်း တဖြည်းဖြည်း သဘောပေါက်လာပါတယ်။ ဒါကြောင့်လဲ နိုင်ငံရေးအကျဉ်းသားတွေဆိုပြီး ပေါ်လာတာ မဆန်းပါ။

နောက် အာဏာရှင်ကို တွန်းလှန်နေပါတယ်ဆိုတဲ့ နိုင်ငံရေးသမားအချို့လည်း ဒီလိုအချိုးမျိုး ချိုးခဲ့ကြတဲ့ လူတွေ ရှိပါတယ်။

အုပ်စု (၂)

ခံယူချက်ရှိကြတဲ့ လူတွေများပါတယ်။ ဗိုလ်ချုပ်ကို လေးစားတဲ့ လူအတော်များများ ဒီလိုခံယူချက်ရှိတာ တွေ့ရပါတယ် (ဗိုလ်ချုပ် = အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်း)။

အနှိမ်ခံအုပ်စုလို့ ဆိုရမလားမသိ။ ဆိုင်တယ်။ လုပ်ကို လုပ်ရမယ်ဆိုပြီး ထလုပ်တာနဲ့ လာခဲ့ အခေါ်ခံကြရတယ်။ ဒီအုပ်စုကပဲ အနာဂတ်နိုင်ငံရေးကို မောင်းနှင်နိုင်မယ်။ အပြောင်းအလဲကြီးတွေ ရအောင် ကြံစည်နိုင်မယ်။

အုပ်စု (၃)

အိပ်စားကာမသာ ဦးစားပေးသော အုပ်စုဖြစ်ပါတယ်။ ဒီသုံးခုကောင်းနေရင် ဘယ်အစိုးရတက်တက် ထောက်ခံတယ်လို့ ပြောနေတဲ့ လူတွေပေါ့။ နိုင်ငံရေး လာမပြောနဲ့၊ နားခါးတယ်ဆိုတဲ့ လူစားတွေ။ ဘ၀အညွန့်ကျိုးသွားမယ်နော်ဆိုတဲ့ သတိပေးကောင်းသူများ ဖြစ်ပါတယ်။ စေတနာရှင်တွေလို့ ပြောလို့ ရမယ်ထင်တယ်။

အနည်းငယ် အကျယ်ချဲ့လေ့လာရင်တော့ ...
အုပ်စု (၁) ကို အုပ်စုခွဲလေးများ ထပ်မံခွဲခြားနိုင်ပါတယ်။ (အတ္တ အခြေခံအုပ်စု)

အုပ်စုခွဲ (၁)

မထင်မှတ်ပဲ အာဏာရှင်ဘ၀ ရောက်သွားသူများဟာ နိုင်ငံရေးကို မောင်ပိုင်စီးထားလေ့ရှိတယ်။ ငါနဲ့မတူ ငါ့ရန်သူဆိုပြီး အငြှိုးအတေးတွေ ထားတတ်တယ်။ သူများပြောရင် အမှား။ သူပြောမှ အမှန်လို့ ထင်တတ်တယ်။ တိုင်းပြည်ကြီး သူ့ကြောင့် တိုးတက်လာတယ်ဆိုပြီး ဘ၀င်မြင့်နေတတ်တယ်။ အာဏာကို လှုပ်ကိုင်လာပါက ပြတ်ပြတ်သားသား ရှင်းလင်းတတ်တယ်။ ဓာတ်ဆီဈေးနှုန်း ချပေးပါလို့ တောင်းဆိုရင်တောင်မှ ထောင်ချလိုက်တတ်တယ်။ ဆန္ဒပြတာ သူ့ကို စိန်ခေါ်တာပဲဆိုပြီး ဖမ်းခိုင်းတတ်တယ်။ ရေးစရာ ကုန်လိမ့်မယ်မထင်။ စစ်တပ်ကို အကာအကွယ် ယူထားသူပီပီ တပ်မတော်ကို ရှေ့တန်းတင် ပြောဆိုလေ့ရှိတယ်။ စစ်တပ်လောက် နိုင်ငံတော်ကို ချစ်တာမရှိဆိုတဲ့ နိုင်ငံရေးအမြင်သေကြီးကို ကိုင်စွဲထားလေ့ရှိတယ်။ စစ်တပ်လုပ်တာမှ အမျိုးသားနိုင်ငံရေး။ ကျန်တဲ့လူတွေက အာဏာအချောင်လိုချင်တဲ့ လူတွေအဖြစ် စွပ်စွဲလေ့ရှိတယ်။

အုပ်စုခွဲ (၂)

အာဏာရှင်ခိုင်းတဲ့အတိုင်း လုပ်သူများ ဖြစ်တယ်။ စက်ရုပ်ဆန်တဲ့ လူအုပ်စုဖြစ်တယ်။ အကြောက်တရား လက်ကိုင်ထားကာ အာဏာရှင်အလိုကျ လိုက်ပါလုပ်ဆောင်သူများဖြစ်ပါတယ်။ မိမိရာထူးနေရာလေး တည်မြဲရေးအတွက် လူသတ်ဖို့တောင် ၀န်မလေးတဲ့သူတွေ။ အာဏာရှင်က အသုံးမလိုတော့တဲ့အချိန် မြောင်းထဲကျသွားလေ့ရှိတဲ့ သနားစရာ လူအုပ်စုဖြစ်ပါတယ်။ တချို့ဝန်ထမ်းတွေလည်း ပါတယ်။ အာဏာရှင်နှိပ်စက်လို့ မလှုပ်နိုင်တဲ့ လူတွေကို ထပ်ဆင့်ဖိနှိပ်ခဲ့တယ်။

အုပ်စုခွဲ (၃)

ဒီအုပ်စုမှာတော့ ဒီမိုကရေစီဗန်းပြ လုပ်စားသူတွေ ပါတယ်။ သူတို့နေရာတွေကို အလည်သွားမိရင်တောင်မှ သူတို့နေရာ လာလုမယ်ထင်ပြီး မင်းတို့က အခုမှ နိုင်ငံရေးလုပ်တာ။ ငါတို့က အံတိုနေပြီကွဆိုပြီး အာပုတ်နံ့ တထောင်းထောင်းထအောင် ပါးစပ်ဟပြတတ်တဲ့ လူတွေ။ မင်းတို့ ထောင်ကျဖူးလားကွဆိုပြီး အမြဲ ကြွားနေတတ်တယ်။ ထောင်ကျဖူးမှ နိုင်ငံရေးသမားလို့ နိုင်ငံရေးသဘောတရား သေးသိမ်သူများဖြစ်တယ်။

အုပ်စု (၃) ကို ကျော်ပြီး တင်ပြပါ့မယ်။ (ကာမ ဦးစားပေး အုပ်စု)

ဘာဖြစ်လို့လဲဆိုတော့ ဒီအုပ်စုဟာ အုပ်စု (၁) ကို အားပေးအားမြှောက်ပြုနေသူများ ဖြစ်လို့ပါ။ ရှေ့ဆက် နိုင်ငံရေးကို အဟန့်အတား ဖြစ်စေပါတယ်။ ခေတ်တိုင်း စနစ်တိုင်းမှာလည်း ဒီအုပ်စုကို တွေ့ရလေ့ရှိတယ်။ ဒီအုပ်စုကတော့ အုပ်စုကြီးလို့ ပြောရင်ရတယ်။ ဒီအုပ်စုကြီးကို ပြောင်းလဲပေးနိုင်မှ ဒီမိုကရေစီနဲ့ နီးမယ်။


အုပ်စုခွဲ (၁)

နိုင်ငံရေး အရေးမကြီးပါ။ စီးပွားရေးပဲဆိုပြီး အာဏာရှင်နဲ့ ပေါင်းကာ လုပ်စားခဲ့တဲ့အုပ်စု။ ဒေါ်လာသန်းချီ ချမ်းသာကြတယ်။ ကား ဖုန်းမှ အစ အရာရာ သူတို့ခေါ်ဈေး။ သာမာန်လူတွေ လက်လှမ်းမမီ။ နိုက်ကလပ်ကြီးတွေ၊ ကာရာအိုကေကြီးတွေ၊ လောင်းကစားဝိုင်းကြီးတွေ၊ မူးယစ်ဆေးဂိုဏ်းတွေ၊ လူရမ်းကားဂိုဏ်းကြီးတွေ၊ ချဲဒိုင်၊ ဘော်လုံးပွဲဒိုင်ကြီးတွေ၊ ဆေးလိပ် ဘီယာဆိုင်ကြီးတွေ ... စတဲ့ ... စတဲ့ စာရိတ္တပျက်စေတဲ့ စီးပွားရေးကြီးတွေပိုင်တဲ့ လူအုပ်စုတွေလည်း ပါတယ်။ လူငယ်တွေ နိုင်ငံရေးဘက်မရောက်ဘဲ ဖာရုံရောက်အောင် ကြံစည်ခဲ့တဲ့ တကိုယ်ကောင်းသမားတွေ ဖြစ်တယ်။ အတော်ကို ပြန်လည်ပြုပြင်နိုင်မှ ဒီမိုကရေစီစစ်စစ်နဲ့ နီးနိုင်မယ်။

အုပ်စုခွဲ (၂)

စီးပွားရေးလေး အဆင်ပြေနေပြီးရော။ ဘယ်အစိုးရတက်တက် ငါ့အစိုးရပဲဆိုတဲ့ အိပ်စားကာမအုပ်စု ဖြစ်တယ်။ ပညာတတ်ကြီးတွေ၊ စီးပွားရေးသမား ကုန်သည်ပွဲစားတွေကို ဒီအုပ်စုမှာ တွေ့ရလေ့ရှိတယ်။ သြော် ... သူတို့လည်း သူများကားစီး ကိုယ်ကားစီး၊ သူများဖုန်းကိုင် ကိုယ်ဖုန်းကိုင်ချင်တာကိုး။ သာကူးအုပ်စုတွေပေါ့။ NLD တုန်းက NLD။ NLD အရေးမလှတော့ တခြား။ အင်း ... ပြောရမှာ အားတော့နာပါရဲ့။ ဒီအုပ်စုကို ပြုပြင်ပြောင်းလဲနိုင်မှ နောက်ပိုင်း အဆင်ပြေလိမ့်မယ်။

အုပ်စုခွဲ (၃)

နိုင်ငံရေးဆိုတာထက် ဒီနေ့ ဗိုက်ဝရေးကို ဦးစားပေးနေရတဲ့ သနားစရာအုပ်စုပါ။ သူများယောင်တိုင်း လိုက်ယောင်နေရတဲ့ အုပ်စု။ ချဲလေးပေါက်တော့ ၀မ်းသာ။ ညပိုင်း အရက်လေး နှစ်ပက်လောက် သောက်လိုက်ရရင် ပြီးရော။ ကလေးရှင်ပြုဖို့ အဓိက ဘ၀ရည်မှန်းချက်။ ပိုက်ဆံလေး ချေးပေးတော့ ဘုရားမတာပဲ ထင်နေတဲ့အုပ်စု။ ပညာအခြေခံ နည်းသူအုပ်စုလို့ ပြောရင်ရမလား။ ဒီအုပ်စုကို ပညာကောင်းကောင်းတတ်အောင် သင်ပေးနိုင်ရင် အနာဂတ်နိုင်ငံရေး လမ်းဖြောင့်လိမ့်မယ်။

အုပ်စု (၂) ကို ပြန်ဆက်ပါမယ် (ပရစိတ်ထား အများအကျိုးဆောင်အုပ်စု)

အုပ်စု (၂) ကို အုပ်စု ထပ်မခွဲတော့ပါ။ နိုင်ငံရေးဆိုတာ အားလုံးနဲ့ ဆိုင်တယ်ဆိုပြီး လှုပ်ရှားနေကြတဲ့ အမျိုးကောင်းသားတွေ အားလုံးပါတယ်။ ထောင်ကျဖူးသူတွေလည်း ပါမယ်။ ထောင်မကျဖူးတဲ့ လူတွေလည်း ပါမယ်။ သို့သော် သူများခင်းတဲ့ လမ်းအတိုင်း လိုက်လျှောက်နေတဲ့ လူတွေနဲ့ ကိုယ်လမ်းကိုယ် လျှောက်နေတဲ့ လူတွေဆိုပြီး ကွဲပြားနေသလို တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးဆိုတာ အားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ ဘုံယူဆချက်ကတော့ တူနေတဲ့အတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို ဖန်တီးနိုင်ဖို့ လက်တွဲနိုင်ရမယ်။ ကျန်အုပ်စုများ ပြုပြင်ပြောင်းလဲနိုင်ရန် နည်းလမ်းတွေ ချပြပြီး လက်တွေ့ ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ အရည်အချင်းတွေ ထုတ်နိုင်ရမယ်။

ဖြစ်ပျက်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးကို လေ့လာသုံးသပ်ပြီး မိမိအမြင်တခုတည်းနဲ့ တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။

အုပ်စု (၁) နဲ့ အုပ်စု (၃) မှ နိုင်ငံသားတွေ အုပ်စု (၂) လို သဘောထားကာ ပူးပေါင်းလုပ်ဆောင်လာမှသာ အနာဂတ် ဒီမိုကရေစီစစ်စစ်နဲ့ ပြည်ထောင်စုစစ်စစ်ဆီ တက်ညီလက်ညီ ချီတက်နိုင်မယ်။

သရီးအင်ဝမ်းဖြစ်မှ ကော်ဖီသောက်လို့ ကောင်းသလိုမျိုးပေါ့။ တအုပ်စုတည်း ဖြစ်သွားအောင် ကြိုးစားရမယ့်အရေးသည် နိုင်ငံသားတိုင်းနဲ့ ဆိုင်ပါကြောင်း နိုင်ငံသားတိုင်းကို လေးစားစွာ တင်ပြအပ်ပါတယ်။

မောင်မောင်ဘု
၇-၂-၂၀၁၂
အပြည့်အစုံသို့...
2 comments

No comments:

Post a Comment