Saturday, February 18, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၈-၂-၂၀၁၂ - ညပိုင်း)
- ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးသွားသည့် အမှုကို မိခင်ဖြစ်သူက သမ္မတထံ တိုင်ကြား click
- ၁၂ ရက်မြောက်နေ့တိုင် တိုင်ရီ စက်ရုံလုပ်သားတွေ ဆက်လက်ဆန္ဒပြတောင်းဆို (ဓာတ်ပုံသတင်း) click
- တိုင်ရီ ဆန္ဒပြအလုပ်သမားတွေကို လူမှုရေးအဖွဲ့အစည်းများက လာရောက် အားပေး (ရုပ်သံ) click
- ၈၈ မျိုးဆက်ကျောင်းသားများ၏ ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲ ဟင်္သာတမြို့တွင် ကျင်းပမည် (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့နယ် မဲဆွယ်စည်းရုံးရေးခရီးစဉ် (ရုပ်သံ) click
- အပစ်ရပ်ထားစဉ် အစိုးရတပ်များ တိုးချဲ့ထားဟု ကေအန်ယူ ဆို click
- ဘာသာရေးနှီးနှောဖလှယ်ပွဲမှ ကရင်အမျိုးသားများ စည်းလုံးညီညွတ်ရေး ဦးတည်လုပ်ဆောင်သွားမည် click
- မြန်မာပြည်တွင်း ကရင်အမျိုးသားရေးရာကော်မတီ ဖွဲ့စည်းခဲ့ click
- CNF ဆက်ဆံရေးရုံး ဖွင့်လှစ်ရေး တီးတိန်မြို့နယ် CNP ကြိုဆို click
- ITUC ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည် သွားရောက် click
- အမေရိကားကို ဘာတွေ သယ်လာသလဲ (ကိုဇာဂနာနဲ့ မေးခွန်းများ) click
- နှလုံးသားတွေ လှူမယ့်ည ဂီတဖျော်ဖြေပွဲ (ရုပ်သံ) click
- ဆောင်းဦးလှိုင် တကိုယ်တော်ပွဲမှာ အနှောက်အယှက်များနဲ့ ကြုံရ click
- မန္တလေးတောင် အားကစားကွင်းက အိုင်စီရှိုးပွဲ ပျက်၊ နိုဘိုတယ် ဟိုတယ်တွင် ပြုလုပ် click
- စိုင်းတင် ရေအားလျှပ်စစ်စီမံကိန်း ရပ်တန့် click
- စိုက်ပျိုးရေး မဖြစ်ထွန်း၍ ဒုံသမိချောင်းအနီးမှ ဒေသခံများ စားဝတ်နေရေး ထိခိုက် click
- မောင်းချင်ဦးဟဲ့ ပါရမီတက္ကစီ click
- ၀မ်းနည်းဖွယ်ရာ အာရ်အိုင်တီ click

ဘာကြောင့် ၀န်ထမ်းလစာ မတိုးသလဲ
ဝန်ထမ်းလစာ မတိုးရေး ရှင်းပြတဲ့ ဘဏ္ဍာရေးဝန်ကြီး လှထွန်း
ဘာကြောင့် ၀န်ထမ်းလစာ မတိုးသလဲ
ဒေါက်တာမန်း
အကြံပက်စက်တဲ့အစိုးရ
ဝန်ထမ်းလစာတွေ မတိုးသင့်တဲ့အကြောင်း ပြည်သူတွေနားမလည်တဲ့ စီးပွားရေးကိစ္စတွေ အကြောင်းပြပြီး ဘဏ္ဍာရေးဝန်ကြီးလှထွန်း ပြောတာတွေဟာ သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က အကြံပေးခဲ့တာလို့ သိရတယ်။ ၀န်ထမ်းလစာတွေ မတိုးသင့်တဲ့ အကြောင်းပြချက်တွေထဲမှာ ပင်စင်စားတွေနဲ့ ၀န်ထမ်းတွေကို ရန်တိုက်ပေးထားတယ်။ မဆိုင်တဲ့ ရွှေဈေး စပါးဈေးတွေ အကြောင်းပြထားတယ်။ ဘယ်သောဘယ်ကာလမှ ရမှန်းမသိတဲ့ ODA ပြည်ပအကူအညီတွေရမှ လစာတိုးရေး စဉ်းစားမလိုလို လုပ်ထားတယ်။ တော်တော်ပက်စက်တဲ့ အကြံအစည် ဖြစ်တယ်။ သိန်းစိန်အစိုးရရဲ့ ဇာတိသရုပ်ဖြစ်တဲ့ ဘီလူးခေါင်းစွပ်ထားတာ ပေါ်လာပြီ။
ဝန်ထမ်းလစာတိုးရေးကို ခုလို ပြည်သူနားမလည်တဲ့ စီးပွားရေးအကြောင်းပြချက်တွေနဲ့ ငြင်းဆိုတာ ကမ္ဘာမှာ မြန်မာတနိုင်ငံထဲသာ ရှိတယ်။ အစိုးရတရပ်က ၀န်ထမ်းလစာတိုးတာကို ဒေါက်တာဦးမြင့် အကြံပေးသလောက် ရှည်လျားပြီး မဆိုင်တာတွေနဲ့ အကြောင်းပြတာ အာရှဒေသတွင်းမှာလည်း မရှိပါ။
ထိုင်းအစိုးရ ၀န်ထမ်းလစာတွေ ဘယ်လိုတိုးသလဲ
မြန်မာအစိုးရက ၂၀၁၂ အတွက် ၀န်ထမ်းလစာမတိုးသင့်ပဲ ၂၀၁၃-၂၀၁၄ ကျမှ တိုးသင့်တဲ့အကြောင်း ၀န်ကြီးလှထွန်းက ပြောပေမယ့် ဘယ်လိုတိုးပေးမယ်ဆိုတာ အာမခံချက်မရှိပါ။ ထိုင်းအစိုးရနဲ့ နှိုင်းယှဉ်ကြည့်ရင် တက်လာတဲ့ ၀န်ကြီးချုပ် ယင်းလပ်အစိုးရက ၀န်ထမ်းလစာတွေ တိုးပေးမယ်လို့ ရွေးကောက်ပွဲမှာ ကတိပေးတာကို ခု အကောင်အထည်ဖော်နေပြီ။ အောက်ပါ ဇယားကိုကြည့်ပါ။
အထက်ပါ ဇယားကို ကြည့်ရင် ထိုင်းအစိုးရဟာ ၀န်ထမ်းလစာကို ၂ နှစ်ဆက်တိုက် ခွဲတိုးသွားတာ တွေ့ရမှာ ဖြစ်တယ်။ ဘာကြောင့် အဲသလို တိုးရသလဲဆိုတာကို ၀န်ကြီးလှထွန်း ရှင်းသလို ထိုင်းပြည်သူတွေ နားမလည်တဲ့ စီးပွားရေးအကြောင်းပြချက် တခုမှမပါပါ။ ရွေးကောက်ပွဲနိုင်ရင် လစာတိုးမယ်လို့ ၀န်ကြီးချုပ် ယင်းလတ်က ကတိပေးထားတယ်။ ဒါကြောင့် ခု ကတိအတိုင်း တိုးပေးတယ်။ ဒါပဲ။
“နေပြည်တော်မှာ
ဝန်ထမ်းတွေကို လစာတိုးပေးခဲ့ပေမယ့် လစာနဲ့ မလောက်လို့ ခန္ဓာကိုယ်ကို
အချိန်ပိုင်းနဲ့ ရောင်းပြီး အပိုဝင်ငွေရှာနေရတဲ့ ဝန်ကြီးဌာနတချို့က
အမျိုးသမီးဝန်ထမ်းတချို့ ရှိနေသလို တိုးတဲ့ လစာနဲ့ မလုံလောက်လို့ ရုံးမှာ
ခိုင်းတဲ့ အလုပ်မလုပ်ဘဲ ငြိမ်ငြိမ်ထိုင် ဆန္ဒပြနေတဲ့ အောက်ခြေဝန်ထမ်းတွေလည်း
အများအပြားရှိတယ်လို့ သိရတာ ၀မ်းနည်းစရာကောင်းတယ်။ ဒါတွေကို
သိန်းစိန်အစိုးရ မမြင်ယောင်ဆောင်နေတယ်။”
မြန်မာငွေနဲ့ နှိုင်းယှဉ်ပြရရင် သာမန်ဘွဲ့ရ ထိုင်းအစိုးရ၀န်ထမ်းတဦးလစာကို မြန်မာငွေ ၂ သိန်း ၃ သောင်း ၇ ထောင်ကျော်နဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေကနေ မြန်မာငွေ ၃ သိန်း ၃ ထောင်ကျော်နဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ တိုးပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာဝန်ထမ်းတဦးရဲ့ အခြေခံလစာနဲ့ ဘယ်လောက်ကွာနေသလဲဆိုတာ ကိုယ့်ဘာသာ တွက်ကြည့်နိုင်အောင်ပါ။
သိန်းစိန်အစိုးရလည်း ၀န်ကြီးလှထွန်း ပြောသလို ၂၀၁၃ မှာ တိုးမယ်ဆိုရင် ဘယ်လိုတိုးမလဲ ဘယ်လောက် ရာနှုန်း တိုးမလဲဆိုတာ ထိုင်းအစိုးရလို တွက်ပြထုတ်ပြန်ပြီးသား အာမခံချက် ရှိရမယ်။ ခုတော့ ၂၀၁၃ မှာ ၀န်ထမ်းလစာတွေ ဘယ်လိုတိုးမလဲ ဘာမှ တွက်ပြထားတာ မရှိတဲ့အတွက် ဆောက်ဖြစ်မှ ကျောင်းဒကာလို့ ယူဆရမယ့်ကိန်းပါ။ လူလိမ်တွေကို ဆက်ယုံချင်သူတွေ ယုံကြပါ။
အမှန်တကယ်က တိုင်းပြည်မှာ ရတဲ့လစာ လုပ်ခနဲ့ ကုန်ဈေးနှုန်းမျှတနေရင် ဘာမှ ခဏခဏ လစာတိုးစရာ မလို။ လာဘ်ပေးလာဘ်ယူ ဖြစ်စရာမလို။ ဒါပေမယ့် လစာနဲ့ ကုန်ဈေးနှုန်း မျှတအောင် ဘယ်လိုလုပ်မလဲ ဆိုတာကျတော့ စီးပွားရေးအကြံပေး ဦးမြင့် ဘာမှမလုပ်နိုင်တာ တွေ့ရတယ်။ ထိုင်းနိုင်ငံမှာ အလုပ်သမားတဦး တနေ့ ဘတ် ၃၀၀ လုပ်ခ တိုးမယ်။ အစိုးရကတိအတိုင်း။ ထမင်းစရိတ် လမ်းစရိတ် နှုတ်ပြီး အနည်းဆုံး ဘတ် ၂၀၀ အိမ်ပြန်ပါအောင် သုံးနိုင်တယ်။ မြန်မာနိုင်ငံမှာ နေ့စားအလုပ်သမားတဦး ထမင်းစားပြီး လမ်းစရိတ်နှုတ်ပြီး အိမ်ကို ဘယ်လောက်ပါအောင် ရသလဲ နှိုင်းယှဉ်ကြည့်နိုင်တယ်။
အခြေခံလုပ်ခနှုန်း ကွာခြားတဲ့အတွက် အာဆီယံနိုင်ငံတွေက အလုပ်သမားတဦးရဲ့ တနှစ်ရတဲ့ လုပ်ခနှုန်း ဒေါ်လာနဲ့ ၂ဝဝ၈ ခုအတွက် တဦးချင်း ဂျီဒီပီ ရာနှုန်းကို ပြန်ကြည့်တဲ့အခါ မြန်မာအစိုးရဝန်ထမ်းတဦးက တနှစ်ကို ဒေါ်လာ ၄၁ဝ နဲ့ အနည်းဆုံး ဖြစ်နေတာတွေ့ရတယ်။ လာအိုနဲ့ ဗီယက်နမ်က ဒေါ်လာ ၁,ဝဝဝ ကျော်ပြီး ကမ္ဘောဒီးယားကတောင် ဒေါ်လာ ၆ဝဝ ကျော်တယ်။
နေပြည်တော်မှာ ဝန်ထမ်းတွေကို လစာတိုးပေးခဲ့ပေမယ့် လစာနဲ့ မလောက်လို့ ခန္ဓာကိုယ်ကို အချိန်ပိုင်းနဲ့ ရောင်းပြီး အပိုဝင်ငွေရှာနေရတဲ့ ဝန်ကြီးဌာနတချို့က အမျိုးသမီးဝန်ထမ်းတချို့ ရှိနေသလို တိုးတဲ့ လစာနဲ့ မလုံလောက်လို့ ရုံးမှာ ခိုင်းတဲ့ အလုပ်မလုပ်ဘဲ ငြိမ်ငြိမ်ထိုင် ဆန္ဒပြနေတဲ့ အောက်ခြေဝန်ထမ်းတွေလည်း အများအပြားရှိတယ်လို့ သိရတာ ၀မ်းနည်းစရာကောင်းတယ်။ ဒါတွေကို သိန်းစိန်အစိုးရ မမြင်ယောင်ဆောင်နေတယ်။
ထုတ်လုပ်မှုအပိုင်းနဲ့ ကြည့်ရင် ၂၀၁၀ ခုနှစ်အတွက် အာရှ-ပစိဖိတ်ဒေသတွင်း ဂျပန်နဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတွေရဲ့ ထုတ်လုပ်မှု လစာတွေကို JETRO အဖွဲ့က သုတေသနပြုရာမှာ မြန်မာက လစာအနည်းဆုံး ဖြစ်နေတာ အောက်ပါပုံမှာ တွေ့နိုင်တယ်။
“နောက်ဆုံးတော့
ရွှေမန်းနဲ့ သိန်းစိန် အားလုံးပေါင်းပြီး လူထုကို လိမ်တာပဲ။ ဒါကိုပဲ
ရွှေမန်းကို ထိုင်ကန်တော့ချင်သူတွေ ရှိနေတာ အံ့အားသင့်စရာပါ။
အလိမ်ခံရတိုင်း ယုံသူတွေ များမှများ။ ရန်ကုန် လမ်းဘေး မျက်လှည့်ဝိုင်းလို
ဘေးတီးပေးသူတွေ အလံရှူးတွေလည်း များမှများ။”
လုပ်ဇာတ်ကို အဟုတ်မှတ်သူများ
တကယ်တော့ ပြည်သူ့လွှတ်တော် ဥက္ကဌ ရွှေမန်းက ၀န်ထမ်းတွေကို စာနာသယောင်နဲ့ လစာတိုးသင့်တယ် ဆိုပြီး အချွန်နဲ့မတဲ့ အဆိုသွင်းတယ်။ ၀န်ကြီးလှထွန်းက စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့် အကြံပေးတဲ့အတိုင်း ငြင်းတယ်။
အမှန်က စကတည်းက တိုးမပေးဘူးဆိုတာ ရွှေမန်းသိတယ်။ ဒါပေမယ့် ခိုင်းတာ လုပ်ရတယ်။ စစ်အစိုးရ လက်ထက်ကလို ဗိုလ်ချုပ်ခင်ညွန့်က ဒေါ်စုနဲ့ စကားပြောစေချင်တယ်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ ခေါင်းမာနေလို့ ဆိုတဲ့ Good Cop, Bad Cop သီအိုရီ ထောက်လှမ်းရေး ကောလဟလနဲ့ သဘောချင်းအတူတူပဲ။
နောက်ဆုံးတော့ ရွှေမန်းနဲ့ သိန်းစိန် အားလုံးပေါင်းပြီး လူထုကို လိမ်တာပဲ။ ဒါကိုပဲ ရွှေမန်းကို ထိုင်ကန်တော့ချင်သူတွေ ရှိနေတာ အံ့အားသင့်စရာပါ။ အလိမ်ခံရတိုင်း ယုံသူတွေ များမှများ။ ရန်ကုန် လမ်းဘေး မျက်လှည့်ဝိုင်းလို ဘေးတီးပေးသူတွေ အလံရှူးတွေလည်း များမှများ။
အသုံးမကျတဲ့ အမတ်တွေ
တဘက်က ကြည့်ရင် လွှတ်တော်အမတ်တွေထဲမှာ စီးပွားရေးအခြေခံ ဗဟုသုတ အားနည်းသူတွေ များနေတယ်။ စီးပွားရေးနားလည်ပါတယ်ဆိုတဲ့ လသာကြည်မြင့်ဆိုတဲ့ အမတ်မျိုးတောင် ဘာကြောင့် ၀န်ထမ်းတွေကို လစာတိုးပေးထိုက်သလဲဆိုတာ ၀န်ကြီးလှထွန်းကို ချက်ကျလက်ကျ မချေပနိုင်ဘူး။ ပြည်သူအတွက် ဘာမှမလေ့လာတဲ့ အမတ်တွေကို ပြည်သူက ဆက်ပြီး အားပေးသင့်သလားဆိုတာ စဉ်းစားသင့်တယ်။ ဒါဟာ လွှတ်တော်အမတ်တွေဘက်က တာဝန်မကျေတာ ဖြစ်တယ်။ တာဝန်မကျေတဲ့ ဒီလိုအမတ်တွေကို အခြေခံဥပဒေအရ လူထုက စုပေါင်းလက်မှတ်ထိုးပြီး ဖြုတ်ချဖို့ လိုတယ်။ ဒဏ်ခတ်ဖို့ လိုတယ်။
လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးလုပ်နေတာ ဂုဏ်ယူနေတဲ့ အစိုးရကို တိုက်စရာ ရန်သူမရှိနေတာ့လို့ စစ်သည် ၄ သိန်း အင်အားရှိတဲ့ စစ်တပ်ကို အမြန်ဆုံး အင်အားလျှော့သင့်ကြောင်း အမတ်တွေက လွှတ်တော်မှာ တင်ပြသင့်တယ်။ စစ်သည် ၄ သိန်းကို စစ်အရာရှိ ၂၀ % စစ်သား ၈၀ % ထားပြီး လစာတွေ တွက်လို့ရတယ်။ ဒီလစာထဲကနေ စစ်သည်အင်အား ၃၀ % Lay-off လုပ်ရင် တိုင်းပြည်အတွက် ငွေဘယ်လောက်ထွက်လာမယ်။ ၄၀ % လျှော့ရင် ငွေဘယ်လောက်ထွက်မယ်။ ၅၀ % ၆၀ % လျှော့ရင် ငွေဘယ်လောက်ထွက်လာမယ် တွက်ပြပြီး လွှတ်တော်မှာ အဆိုပြုနိုင်တယ်။
နိုင်ငံရေးဘက်က စဉ်းစားကြည့်ရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီကို ပေးစားချင်တဲ့အတွက် ၀န်ထမ်းမဲကို လစာတိုးပေးတဲ့နည်းနဲ့ ဒီတခါ မ၀ယ်သေးဘူးဆိုတဲ့သဘောလား ဆိုတာလည်း စဉ်းစားစရာ ဖြစ်တယ်။
မင်းကြီးတာကထွက်
သမ္မတသန်းစိန်အစိုးရအဖွဲ့ လစာတွေကျတော့ ၀န်ကြီးလှထွန်း ပြောတာတွေ တချက်မှ ထည့်မတွက်ဘဲ တိုးချင်တိုင်း တိုးပေးခဲ့တာ ပြန်ကြည့်ဖို့ လိုတယ်။
သမ္မတသိန်းစိန် လစာကို တလ ကျပ်ငွေ သိန်း ၅၀ ပေးထားတယ်။
ကျပ် သိန်း ၅၀ ဆိုတာ တရားဝင် ငွေလဲနှုန်း တဒေါ်လာ ၆ ကျပ်နဲ့ တွက်ရင် သမ္မတကြီး ဦးသိန်းစိန် ရမယ့် လစာဟာ တလကို အမေရိကန်ဒေါ်လာ ၈ သိန်း ၃ သောင်း ကျော်ပါတယ်။ ဒါကြောင့် တရားဝင် ငွေလဲနှုန်းနဲ့ တွက်ရင် သမ္မတကြီး ဦးသိန်းစိန်ရဲ့လစာက အမေရိကန်သမ္မတကြီး အိုဘားမားရဲ့ တလ၀င်ငွေထက် ၂၅ ဆ များနေသလို တလ ဒေါ်လာ ၂ သောင်းခွဲရတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထက်လည်း ၄ ဆနီးပါး များနေပါတယ်။ တွက်ရလွယ်အောင် တဒေါ်လာကို မှောင်ခိုဈေး ကျပ်တထောင်ထား တွက်ရင်တောာင် သမ္မတကြီး ဦးသိန်းစိန်ရဲ့လစာက တလကို အမေရိကန်ဒေါ်လာ ၅ ထောင် ရမှာဖြစ်ပါတယ်။
မှောင်ခိုငွေလဲနှုန်းနဲ့ ဆိုရင်တောင် သမ္မတကြီး ဦးသိန်းစိန်ရဲ့လစာက မြန်မာကို အကူအညီပေးနေတဲ့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးသမ္မတကြီး ပရာဒိဗ္ဗ ဒေ၀ီဆင်းပတ္တေးလ်ထက် ဒေါ်လာ ၂ ထောင် များနေသလို အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်း လစာထက် ဒေါ်လာတထောင် များနေပါသေးတယ်။ အာဆီယံအဖွဲ့ဝင် ဗီယက်နမ်သမ္မတရဲ့ လစာက ဒေါ်လာ ၂၄၀ သာ ရှိတာမို့ မှောင်ခိုငွေလဲနှုန်းနဲ့ ဆိုရင်တောင် သမ္မတကြီး ဦးသိန်းစိန်ရဲ့လစာက ဗီယက်နမ်သမ္မတ လစာထက် အဆ ၂၀ များနေပါတယ်။
တနေ့ တဒေါ်လာအောက် ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေက တိုင်းပြည်လူဦးရေရဲ့ ၃၂ % ရှိနေတဲ့ မြန်မာနိုင်ငံမျိုးမှာ တဦးချင်း GDP ၄၆၉ ဒေါ်လာသာရှိတဲ့ မြန်မာလို နိုင်ငံမျိုးမှာ သမ္မတဦးသိန်းစိန်ရဲ့ လစာက ပြည်သူတဦးချင်း ဂျီဒီပီထက် ဆယ်ဆကျော် များနေတာမို့ နိုင်ငံတကာက ကြည့်ရင် အမြင်မတော် ဆင်တော်နဲ့ ခလောက်ဆိုတဲ့ကိန်း ဖြစ်နေပါတယ်။
သမ္မတ ဦးသိန်းစိန်ကို လစာတွေ ခုလောက် အများကြီးပေးဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တဦးတည်းက စစ်အစိုးရလက်ထက်မှာ လျှို့ဝှက်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်မှာ သူထုတ်ချင်တဲ့ ဥပဒေကို ထုတ်ခွင့်ရဖို့ ၂၀၀၈ အခြေခံဥပဒေက ခွင့်ပြုထားပါတယ်။ အရပ်သားအစိုးရ ခေါင်းဆောင်မယ့် သူတွေရဲ့ လစာကို ချီးမြှင့်ငွေ စရိတ်နဲ့ အဆောင်ယောင်များဆိုင်ရာ ဥပဒေ ၅ မျိုးနဲ့ ထုတ်ပြန် သတ်မှတ်ခဲ့တာပါ။ သမ္မတကြီး ဦးသိန်းစိန်အတွက် ကား ၆ စီးနဲ့ ယာဉ်မောင်း ၆ ဦး ဆိုပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဥပဒေနဲ့ ပြဌာန်းပေးထားပါတယ်။
ချုပ်ကြည့်ရင် သိန်းစိန်အစိုးရထဲမှာ သမ္မတက သိန်း ၅၀။ ဒု-သမ္မတ ၂ ဦးက တဦး သိန်း ၄၀။ တလကို ကျပ်ငွေ ၃၅ သိန်းရှိတဲ့ ရာထူးက ၃ မျိုး ရှိတယ်။ တလ သိန်း ၃၀ ရာထူးက ၁၁ မျိုး။ တလ သိန်း ၂၀ ရာထူးက ၁၄ မျိုး၊ တလ ၁၀ သိန်းရာထူး ၃ မျိုး။ တလ ၃ သိန်းရာထူး ၃ မျိုး။ တလ ၂သိန်းရာထူး ၂ မျိုး ရှိတယ်။ ကား ၄ စီး ခံစားခွင့်ရှိတဲ့ ရာထူးက ၆ မျိုး၊ ကား ၃ စီး ခံစားခွင့်ရှိတဲ့ ရာထူးပေါင်း ၁၆ မျိုး၊ ကား ၂ စီး ခံစားခွင့်ရှိတဲ့ ရာထူးပေါင်း ၆ မျိုး ရှိတယ်။ ကားတစီး ခံစားခွင့် ရာထူးပေါင်း ၂ မျိုး ရှိတယ်။
ဝန်ကြီးတွေရဲ့လစာ ကြည့်ရင် စစ်အစိုးရလက်ထက်မှာ တလကို ကျပ်ငွေ ၄ သိန်းရတယ်။ အခု ပြည်ထောင်စုဝန်ကြီးဆိုသူတဦး လစာက သိန်း ၃၀ ဆိုတော့ ခုနှစ်ဆခွဲ တိုးချင်တိုင်း တိုးပစ်တယ်။ ယခင် စစ်အစိုးရလက်ထက် ဒု-၀န်ကြီးလစာက တလကို ၃ သိန်း။ လက်ရှိ ပြည်ထောင်စု ဒု-၀န်ကြီးတဦးကို သိန်း၂၀ ဆိုတော့ ၆ ဆခွဲကျော် တိုးပစ်တယ်။ ဘယ်မှာလဲ ၀န်ကြီးလှထွန်း ပြောတဲ့ ရွှေဈေးတို့ စပါးဈေးတို့ ODA တို့။
ဒါတောင် ဒီအစိုးရကိုပဲ ကောင်းလှချည်ရဲ့ဆိုပြီး မြှောက်ပြောနေတဲ့ စာနယ်ဇင်းတွေ၊ မြှောက်ရေးနေတဲ့ စာရေးဆရာတွေ၊ မြှောက်ပင့်နေတဲ့ နိုင်ငံရေးသမားတွေ ဒုနဲ့ဒေး။ ဒီလိုလူတွေ ဒီလိုစာနယ်ဇင်းတွေကို ၀ိုင်းပြီး ရှုတ်ချဆန္ဒြုပသင့်တယ်။
မြန်မာစစ်အစိုးရရဲ့ ဝန်ထမ်းလစာ တိုးပေးတဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် အရပ်ဘက်ဝန်ထမ်းနဲ့ စစ်ဘက်ဝန်ထမ်းတွေကို တပြိုင်တည်းလိုလို တိုးပေးလေ့ရှိတဲ့ပြင် လစာနှုန်းထားတွေလည်း သိပ်မကွာဘူးလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် စစ်ဘက်ဝန်ထမ်းတွေကို သိသိသာသာ လစာနဲ့ ခံစားခွင့် တိုးပေးသလားဆိုတာ ပြန်ကြည့်ဖို့ လိုတယ်။
အရပ်ဘက်ဝန်ထမ်းတွေကို အဆင့် ၁၂ ဆင့်ခွဲပြီး သတ်မှတ်ထားပါတယ်၊ အောက်ဆုံးအဆင့် ရုံးစောင့်လို ရာထူးကနေ အမြင့်ဆုံး ညွှန်ကြားရေးမှူးချုပ် အဆင့်ဖြစ်ပါတယ်၊ ၂ဝဝ၆ ခုမှာ တိုးခဲ့တဲ့ လစာနှုန်းသစ်အရ အရပ်ဘက်မှာ အောက်ဆုံးအဆင့် ဝန်ထမ်းက ကျပ်ငွေ တသောင်းခွဲရသလို စစ်ဘက်အဆင့်မှာလည်း အောက်ခြေတပ်သားသစ်ကို တသောင်းခွဲ ပေးထားတယ်။ အရပ်ဘက်မှာ အမြင့်ဆုံး ညွှန်ချုပ်လို ရာထူးကို တလ တသိန်း ၉ သောင်း ပေးထားပေမယ့် စစ်တပ်မှာ တသိန်း ၉ သောင်း ရသူက ဗိုလ်မှူးကြီးအဆင့်ပဲ ရှိပါသေးတယ်။
လူတန်းစားသစ် စစ်တပ်လစာ
စစ်တပ် ဗိုလ်မှူးကြီးတဦး လစာကို အရပ်ဘက် အမြင့်ဆုံးရာထူးလစာနဲ့ တန်းတူညှိပေးထားတာကြည့်ရင် ဗိုလ်မှူးကြီးအထက် စစ်ဘက်ရာထူးမှန်သမျှဟာ လစာနဲ့ ခံစားခွင့် များစွာရထားသူတွေမို့ မြန်မာနိုင်ငံ ဝန်ထမ်းလောကရဲ့ အခွင့်ထူးခံလူတန်းစားလို ဖြစ်နေတယ်။
အရပ်ဘက်ဝန်ထမ်းတွေကို အဆင့် ၁၂ ဆင့်လုံး ကျပ်ငွေ ၂ သောင်းစီ တိုးပေးသလို စစ်ဘက် ရာထူးတွေကိုလည်း တပ်သားသစ်ကနေ ဗိုလ်မှူးကြီးထိ ကျပ်ငွေ ၂ သောင်းစီ တိုးပေးထားတယ်။ ဒါတင်မက စစ်ဘက်မှာ တလ ၃ဝဝဝ ပေးနေတဲ့ ရိက္ခာစိုစရိတ်ကို တလ ၉ ထောင် တိုးလိုက်တဲ့အတွက် စစ်ဘက်ဝန်ထမ်းတဦး တလ လစာ သုံးသောင်းနီးပါး တိုးရမှာဖြစ်ပါတယ်၊ ဒီကြားထဲ စစ်ဘက်ရာထူး အဆင့်တိုင်းကို သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်ကြေး အပိုဆောင်းငွေ တလ ကျပ်ငွေ ၅ ထောင် ပေးထားပါသေးတယ်။
ကနေ့ဆိုရင် စစ်တပ်ထဲက လုပ်သက် ၂၅ နှစ်ရှိတဲ့ အရာခံဗိုလ်လို ပုဂ္ဂိုလ်တွေကို စစ်မှုထမ်းကောင်းဆုအဖြစ် ရွှေ ၃ ကျပ်သား ဆုချဖို့ စစ်အစိုးရက ပြင်ဆင်နေတယ်။ ဒါပေမယ့် အရပ်ဘက်အမှုထမ်းကောင်းတွေကိုတော့ ရွှေ ၃ ကျပ်သား ဆုချဖို့ အစီအစဉ်မရှိဘူးလို့ သိရတယ်။
ဗိုလ်မှူးချုပ်တဦးရဲ့ လစာက ၃ သိန်း ရှိပြီး ဗိုလ်ချုပ်တဦးရဲ့လစာက ၄ သိန်း ရှိပါတယ်၊ စစ်အစိုးရ ဝန်ကြီးတဦးရဲ့ လစာကိုလည်း စစ်အစိုးရလက်ထက် ၄ သိန်းပေးထားတဲ့အတွက် ဝန်ကြီးတဦးနဲ့ ဗိုလ်ချုပ်တဦး တန်းတူဖြစ်နေပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီးတဦးရဲ့ လစာကို ၆ သိန်း ပေးထားပြီး ဗိုလ်ချုပ်ကြီးတဦးရဲ့လစာကို ၈ သိန်း ပေးထားတယ်။ ဆိုလိုတဲ့သဘောက တိုင်းပြည်အုပ်ချုပ်ရေး တာဝန်ယူထားရတဲ့ ဝန်ကြီးတဦးက ဒု-ဗိုလ်ချုပ်ကြီးတဦးလောက် အရေးမပါတဲ့သဘော ဖြစ်နေတယ်။ ဒု-ဝန်ကြီးတဦးရဲ့လစာကို ၃ သိန်း ပေးထားတာမို့ ဗိုလ်မှူးချုပ်တဦးနဲ့ တန်းတူဖြစ်နေတယ်။ တဘက်ကြည့်တော့လည်း လစာ ၄ သိန်း သာရတဲ့ တချို့ဝန်ကြီးတွေ ကား ၂ ဒါဇင်ကျော် ထည်လဲစီးနေတာ ဘယ်ကရတဲ့ ငွေနဲ့ ဝယ်သလဲလို့ မေးစရာရှိတယ်။
ဥပမာ - စစ်အစိုးရလက်ထက် စက်မှု (၂) ဝန်ကြီး လုပ်ခဲ့တဲ့ ဗိုလ်ချုပ်စောလွင်ဆိုရင် ဗိုလ်ချုပ် ဆက်လုပ်လည်း လစာ ၄ သိန်း ရမှာဖြစ်သလို ဝန်ကြီးလစာကလည်း ၄ သိန်း ဖြစ်တယ်။ ဒါပေမယ့် အိမ်မှာ ကား ၂၇ စီး ထည်လဲစီးနေပြီး မကြာခင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့အရေးယူခဲ့သတဲ့။ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းဆိုရင်လည်း အိမ်မှာ ကား ၁၇ စီးတောင် ထည်လဲစီးခဲ့တယ်။
ပင်စင်မယူခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်ရှိလစာဆိုရင် ၁၂ သိန်းဖြစ်ပြီး ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ လစာက ၁ဝ သိန်း ဖြစ်ပါတယ်။ ၂ဝဝဝ ခုနှစ် ဧပြီတရက်နေ့မှာ တိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခြေခံလစာက တသိန်း ၅ သောင်းဖြစ်တယ်။ ၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လစာက တလကို ၁၂ သိန်း ဖြစ်တာမို့ ၆ နှစ်အတွင်း ၇ဝဝ ရာခိုင်နှုန်း တိုးလိုက်တဲ့ သဘောဖြစ်ပါတယ်။ ဘာကို အခြေခံ တိုးခဲ့သလဲဆိုတာ အဲဒီအချိန်က ဘဏ္ဍာရေးဝန်ကြီးလုပ်ခဲ့တဲ့ လှထွန်း ရှင်းစေချင်တယ်။
ဝန်ထမ်းလစာ မတိုးရေး အကြံပေးတဲ့ စီးပွားရေးအကြံပေး ဦးမြင့်
၂ဝဝဝ ခုနှစ် ဧပြီတရက်နေ့မှာ တိုးတဲ့ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာက တလကို တသိန်းပဲရှိတယ်။ ၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်ကြီးတဦးရဲ့ လစာသစ်က ရှစ်သိန်း ဖြစ်တယ်။ ဒါကြောင့် ၆ နှစ်အတွင်း မြန်မာ ဗိုလ်ချုပ်ကြီးတဦးရဲ့ လစာလည်း ၇ဝဝ ရာနှုန်း တက်လာတယ်။
မြန်မာဒု-ဗိုလ်ချုပ်ကြီးတဦးရဲ့လစာက ၆ နှစ်အတွင်း တလ ၇ သောင်းကနေ ၆ သိန်းထိ တိုးပေးတာမို့ ၇၅၇ ရာနှုန်း တက်လာပါတယ် မြန်မာဗိုလ်ချုပ်တဦးရဲ့ လစာက ၆နှစ်အတွင်း တလ ၅ သောင်းကနေ ၄ သိန်းထိ တိုးပေးတာမို့ရာခိုင်နှုန်း ၇ဝဝ တိုးလာပါတယ်။
၂ဝဝ၆ ခုနှစ် မြန်မာ့တပ်မတော် ဝန်ထမ်းတွေကို တိုးမြှင့်ပေးတဲ့ လစာကိုကြည့်ရင် အုပ်စုသုံးစု ခွဲပြီး လစာတိုးပေးတာ တွေ့ရတယ်။
အခြေခံတပ်သားတဦးရဲ့ လစာက ၃ ထောင်ကနေ တသောင်း ၅ ထောင် ဖြစ်သွားတဲ့အတွက် ၄ဝဝ ရာခိုင်နှုန်း တိုးပါတယ်။ တနည်းပြောရရင် တပ်သားအဆင့်ကနေ တပ်ကြပ်ကြီးအဆင့်ထိ ရာခိုင်နှုန်း ၄၀၀ ကျော် တိုးပေးခဲ့တယ်။ ခွဲတပ်ကြပ်ကြီးအဆင့်ကနေ အရာခံဗိုလ်ထိ ၆၀၀ ရာခိုင်နှုန်းကျော် တိုးပေးပြီး ဒု-ဗိုလ်အဆင့်ကနေ ဗိုလ်မှူးချုပ်အဆင့်ထိကိုတော့ ရာနှုန်း တထောင်ကျော်ထိ အများဆုံး တိုးမြှင့်ပေးခဲ့တယ်။ ဗိုလ်ချုပ်အဆင့်ကနေ ဗိုလ်ချုပ်မှူးကြီးအဆင့်ကို ၇ဝဝ ရာခိုင်နှုန်းဝန်းကျင်ထိ တိုးပေးပါတယ်။
တပ်မတော်ရဲ့ လစာနှုန်းသစ် တိုးပေးတဲ့ ကိန်းဂဏန်းတွေကို ကြည့်ရင် ဒု-ဗိုလ်အဆင့်ကနေ ဗိုလ်မှူးကြီးအဆင့်ထိ အမျာဆုံး တိုးပေးထားပြီး တပ်သားအဆင့်ကနေ အရာခံဗိုလ်အဆင့်ဟာ လစာတိုးတာ အနည်းဆုံး ဖြစ်တယ်။ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့လစာမျိုး အရပ်ဘက် ဝန်ထမ်းလောကမှာ တိုးပေးတာ မရှိသလို စစ်ဘက်မှာဘဲ အောက်ခြေကို တိုက်ရိုက်ကွပ်ကဲတဲ့ ရာထူးအဆင့်တွေကိုသာ အထူးဦးစားပေး တိုးပေးတာ တွေ့ရတယ်။ ။
ဒေါက်တာမန်း
(Swe Swe Kyi's Facebook)
အပြည့်အစုံသို့...မြန်မာ့ရေးရာ သတင်းပဒေသာ (၁၈-၂-၂၀၁၂ - နံနက်ပိုင်း)
- လှိုင်သာယာ ဆန္ဒပြအလုပ်သမားများအား အဆောင်မှ နှင်ချမည်ဟု သတင်းထွက်ပေါ် click
- ရွှေည၀ါဆရာတော် တတိယနေ့ ဆွမ်းခံကြွ click
- ပတ္တမြားမှန်လျှင် နွံမနစ်ပါဘူး ရွှေညဝါဆရာတော် ဘုရား (ရုပ်သံ) click
- ကေအန်ယူ၏ အရေးပေါ် ဗဟိုကော်မီတီနှင့် တပ်မှူးများ အစည်းအဝေး click
- ဒေါ်အောင်ဆန်းစုကြည်ကို ဖျာပုံမြို့က ကြို click
- NLD ကို မဲပေးဖို့ ဖျာပုံလူထုကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- ဒေါ်အောင်ဆန်းစုကြည် ဖျာပုံ စည်းရုံးရေးခရီးစဉ် (ရုပ်သံ) click
- ကော့မှူးမြို့နယ် ကျိုက်ထော် ကျေးရွာတွင် ပြောကြားသော ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း (ရုပ်သံ) click
- လွတ်လပ်စွာ စည်းရုံးမဲဆွယ်ခွင့်ကို ထိခိုက်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြော click
- ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်ခံရ click
- ပါတီများ အသံလွှင့် ဟောပြောခွင့် ချုပ်ချယ်လွန်း click
- အလုပ်အကိုင် ဖန်တီးရေး ကုလအကြံပေး တိုက်တွန်း click
- ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မြန်မာအစိုးရကို တိုက်တွန်း click
- မြန်မာနိုင်ငံ အပြောင်းအလဲဖြစ်ရန် နောက်ထပ် နှစ်ဆ ကြိုးပမ်းရမည်ဟု ဗီဂျေနမ်ဘီးယား တိုင်းရင်းသားခေါင်းဆောင်များကို ပြော click
- ခရီးသွားလာခွင့် ပိတ်ပင်ထားမှု အီးယူ ရုပ်သိမ်း click
- မြန်မာအစိုးရ ခေါင်းဆောင်ပိုင်း အီးယူ ပြည်ဝင်ခွင့် ပိတ်ပင်မှု ရုပ်သိမ်း click
- ကမ္ဘာ့ဘဏ် မြန်မာနဲ့ ပြန်လည် ဆက်ဆံမယ် click
- လွှတ်တော်နဲ့ အစိုးရကြား ကိုယ့်တာဝန်ကိုယ်လုပ် click
- အကြံဉာဏ် လက်ခံရေး ပြဿနာ (သတင်းသုံးသပ်ချက်) click
- ပြန်ကြားရေး ညွှန်ချုပ် ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း - ၂ (အင်တာဗျူး) click
- ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကျင်းပ click
- ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရှင်းတမ်း – အပိုင်း ၃ (ဆောင်းပါး) click
- ဥပဒေထက်မှာ သူပဲ ရှိတယ် (ကာတွန်း) click
- သံတွဲ လေဆိပ်မှာ လေယာဉ် ဗိုက်နဲ့ ရှပ်ဆင်းရ click
- ထိုင်းက အလုပ်သမား သက်တမ်းတိုးပေး click
- ဖျက်သိမ်းမည်ဆိုသည့် FEC က ဒေါ်လာထက် တန်ဖိုးတက် click
- ၀န်ကြီးချုပ်ခရီးစဉ်အတွင်း လောင်းကစားဝိုင်းများ ပိတ်ထားခိုင်း click
- တောင်ဒဂုံမြို့နယ် ၅၆ ရပ်ကွက် မီးလောင် click
- “စတုတ္ထနှစ် မြို့ပြကျောင်းသူ” ကိုလည်း အွန်လိုင်းကနေ ကြည့်လို့ရပါပြီ click
- ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေ လှူမယ့် ည (၁) click
- ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေ လှူမယ့် ည (၂) click
- ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေ လှူမယ့် ည (၃) click
- အီရန် ဆွေးနွေးဖို့ ကမ်းလှမ်းချက် ကန်နဲ့ အီးယူ သတိနဲ့ ကြို click
- အာဖဂန်ပြဿနာ ပြည်ပစွက်ဖက်မှုအဖြစ် အီရန်ခေါင်းဆောင် ဝေဖန် click
- လစ်ဗျားတော်လှန်ရေး တနှစ်ပြည့် ကျင်းပ click
- အမေရိကန်လွှတ်တော်ကို တိုက်ခိုက်မယ့်သူကို လက်ရဖမ်းမိ click
- ကန်အစိုးရ ငွေချေးစာချုပ်အတုများ ဖမ်းဆီးရမိ click
- ဂျာမဏီ သမ္မတ ရာထူးက နှုတ်ထွက် click
- ကြက်တုပ်ကွေးပိုးအကြောင်း မထုတ်သေး click
- ဖေဖော်ဝါရီ ၁၇ ရက် တမိနစ် ဗွီဒီယိုသတင်းလွှာ click
- အယူသည်းမှုတွေ click
- ဆင်းရဲမှုကြောင့် ဘာသာစကားတွေ များစေသလား၊ ဖွံ့ဖြိုးရေးအတွက် ဘုံဘာသာစကား ထားဖို့လိုသလား click

“ဆင်းရဲမွဲတေမှု တိုးမြှင့်ရေး” (ကာတွန်း နေမျိုးအေး - မိုးမခ၀က်ဘ်ဆိုက်)
သမိုင်းအဖျက်ခံရသူများ၏ စိန်ခေါ်သံ
သမိုင်းအဖျက်ခံရသူများ၏ စိန်ခေါ်သံ
နန်းအောင်ထွေးကြည်
ကြောက်စရာမလို ပုန်းစရာလည်းမလို
ပြေးစရာမလို ရှောင်စရာလည်းမလို
မှန်တယ်ထင်ရင် ရင်ဆိုင်လိုက်ပေါ့
အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။
အနှစ် ၂၀ လုံး စကားတွေ ဖောင်ဖွဲ့
သူလျှိုမို့လို့ သတ်ရပါသည်
စပိုင်မို့လို့ အပြစ်ပေးရပါသည်
ရင်နဲ့မမျှ နာကျင်ခဲ့ရ
အချိန်မတန်သေး၍ ရေငုံနှုတ်ဆိတ်နေခဲ့ရသည်။
ငါ့လက်ထဲမှာ သေနတ်မရှိ
ခုတ်ဖြတ်ဖို့လည်း ဓားမရှိပါ
လက်ဖြတ်ပစ်ဖို့ မိုင်းမရှိ
ရက်စက်ဖို့လည်း ကားစင်မရှိပါ
ကွန်ပြူတာခလုတ်မှာ ပြေးကစားတဲ့ လက်ချောင်းလေးများကို
မင်းက ဘာလို့ကြောက်နေလဲ
အချိန်မဆွဲနဲ့ ရှောင်မပြေးနဲ့
ယောက်ျားဆိုတာ
မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်ပေါ့
အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။
ဟိုးတချိန်က မနောမြေမှာ
ဂုဏ်ယူဝံ့ကြွား မင်းပြောခဲ့တယ်
ကျောင်းသားစစ်တယောက် မှားပါခဲ့ရင်
ကိုယ့်စိတ်နဲ့ကိုယ် ကြိုးစင်တက်မတဲ့
ကြောက်နေပြီလား အယောက် ၁၀၀ ဟာ ကျောင်းသားတွေပါ
မင်းမှန်တယ်ဆို ခုရင်ဆိုင်စမ်း
အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။
ရထားတဲ့ စစ်ချက်များ တင်ပြလိုက်စမ်း
ရိုက်ထားတဲ့ကား ချပြလိုက်စမ်း
မင်းသား မင်းသမီး တင်ကာထားသမို့
ကြည့်လိုက်ချင်သည်
ငါက ဒါမေး မင်းက ဒါဖြေ
ဇာတ်တိုက်ထားတဲ့ ပြက်လုံးကွက်များ
မရှိတဲ့အဆိပ် လုပ်ယူပြသ
ဓာတ်ခဲထဲမှ အမှုန့်များနဲ့ လိမ်ညာကောက်ကျစ်
ဒါလား ... ကျောင်းသား မင်းမပြောနဲ့
မင်းမှန်တယ်ဆို ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။
ဒေါင်းစစ်စစ်က ကျီးဖြစ်ခဲ့ရ
ဒေါင်းယောင်ဆောင်တဲ့ ကျီးလိုလူတစု
အုပ်ချုပ်ခဲ့လို့
ရွှေဝါရောင်ဒေါင်း အနက်မှောင်လွှမ်းခဲ့
ကမ္ဘာမကြေ မြန်မာပြည်
ခွပ်ဒေါင်းတို့ရဲ့ စိန်ခေါ်သံတွေ
ပျံ့နှံ့နေပြီ နားထောင်လိုက်စမ်း
ကြောက်နေပြီလား
မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား ... ငါက မင်းကို စိန်ခေါ်တယ်။
လူမသတ်ခဲ့သော ကျောင်းသားလက်များ
မိဘပြည်သူ ကြည်ဖြူလိမ့်မယ်
ကျောင်းသားဆိုတာ ဖြူစင်ရတယ်
သွေးညှီနံ့နဲ့ ကင်းဝေးရတယ်
ရှေ့ဆက်မပြောနဲ့ ကျောင်းသားပါလို့
မကဒတက ကျောင်းသားတပ်မတော်
မင်းတို့တတွေက ကျောင်းသားသတ်မတော်
မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။
မင်းတို့တတွေရဲ့ သမိုင်းကြွေး
မင်းတို့ပြန်ပေး
AB ကို ဖြူစင်အောင်လုပ်
ပြည်သူတွေကြား ရွံအောင်မလုပ်နဲ့
မင်းတို့တတွေကို ကျောင်းသားသမိုင်းမှာ ကဗ္ပည်းတင်လိုက်မယ်
စစ်အာဏာရှင် ဖက်ဆစ်များနဲ့ တဂိုဏ်းတည်းလို့
ငြင်းဆန်ချင်ရင် ငြင်းလိုက်လေ
မင်းမှန်တယ်ထင်ရင် ရင်ဆိုင်လိုက်ပါ
အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။
ငါတို့သမိုင်းစစ် ပေါ်ထွန်းနေပြီ
မင်းတို့သမိုင်းညစ် အများသိပြီ
ငါ့မိဘရင် ငါပြန်ရဲတယ်
ငါ့ပြည်သူ့ရင် ငါခိုလှုံရဲတယ်
ငါတို့တတွေမှာ အပြစ်မရှိပါ …
မင်းတို့မှာသာ အပြစ်က အနှစ် ၁၀၀ …
ငါ့လို မင်းတို့ ပြည်ပြန်ရဲလား
ပြည်သူ့ရှေ့မှောက် လျှောက်လှမ်းရဲလား
သံဃာမြတ်ကို ဖူးမျှော်ရဲလား
၈၈ မျိုးဆက်အပေါင်းနဲ့ ပြန်ပေါင်းရဲလား
မျိုးဆက်သစ်များနဲ့ တွေ့ဆုံရဲလား
မှန်တယ်ထင်ရင် ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။
(၁၉၉၁ မှ ၁၉၉၂ ခုနှစ်ထိ မကဒတ မြန်မာပြည်မြောက်ပိုင်းမှ အာဏာရှင် လူသတ်သမား ရော်နယ်အောင်နိုင်နှင့် လူသတ်မှုများအား ၀ိုင်းဝန်းအားပေးခဲ့သော၊ တာဝန်ယူခဲ့သော ခေါင်းဆောင်ပိုင်းတို့အား ရည်စူးပါသည်။)
နန်းအောင်ထွေးကြည်
(မောင်မောင်ဝမ်းဖေ့စ်ဘွတ်ခ်မှ ...)
အပြည့်အစုံသို့...Friday, February 17, 2012
ကြွေလွင့်ခဲ့သော ကြယ်ပွင့်များအား တိုင်တည်ခြင်း
(၁၉၉၂ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ABSDF-NB တွင်
ရက်စက်စွာ ညှင်းဆဲသတ်ဖြတ်ခံခဲ့ရသော ကိုထွန်းအောင်ကျော်နှင့် ရဲဘော်များအား ရည်စုး၍ ...)
ကိုကြီးရေ ... ဒီနေ့ နှစ် ၂၀ ပြည့်ခဲ့ပြီ။ မငယ် တနေ့မှ မေ့မရပါဘူး။ ကိုကြီးနဲ့ ဂီတအကြောင်းတွေ ပြောခဲ့ပြီး အတူတီးခဲ့၊ ဆိုခဲ့ကြတာတွေကို သတိရနေဆဲပါ။ ဂစ်တာတီးပြီး ‘ကြွေရဲသောကြယ်များ’ သီချင်းဆိုမိတိုင်း မငယ် ငိုခဲ့မိတာကြောင့် ဂစ်တာမကိုင်ဖြစ်တာ Australia ရောက်ကတည်းကပါ။
မှတ်မိသေးတယ်။ ကိုကြီး မငယ်ကို ဘဏ္ဍာရေးသင်တန်းတက်ခိုင်းတော့ မငယ်ကို တီးတိုးပြောခဲ့တယ်။ မငယ် မင်း ငါ့ကို မျက်နှာငယ်အောင် မလုပ်နဲ့နော်။ KIA ကြားမှာ ကျောင်းသားတပ် သိက္ခာတက်အောင်လုပ်။ မငယ်ကလည်း ဟုတ်ကဲ့လို့ ဆိုခဲ့တယ်။ မိဘလက်ထက်မှာ ၁၀ တန်းကို အောင်ဖို့ အကြိမ်ကြိမ်ဖြေဆိုလာခဲ့တဲ့ မငယ်ဟာ ကိုကြီးကို ကြည့်ပြီး အင်းပါလို့ ပြောခဲ့တယ်။ မငယ် ကတိတည်ပါတယ်နော်။ အဲဒီသင်တန်းမှာ မငယ် ဆုရခဲ့တယ်လေ။ ကိုကြီးက မငယ်ကို ပြုံးကြည့်ပြီး ပြောတယ်။ ဂုဏ်ယူတယ်တဲ့။ ယူနီဖောင်းတောင် အသစ်တစုံ ရလိုက်သေးတယ်။
မှတ်မိသေးတယ်။ ABSDF (NB) ရဲ့ မိုင်းဖောက်ခွဲရေးသင်တန်းကို မငယ်ကို တက်ရောက်သင်စေဖို့ ရွေးချယ်ခဲ့ပြန်တယ်။ မင်းက စိတ်ငြိမ်ပြီး အာရုံစူးစိုက်မှုရှိတယ်။ အန္တရာယ်ကြီးတဲ့သင်တန်း။ ဒါပေမယ့် မင်းကို ယုံကြည်တယ်။ ကောင်းကောင်းသင်တဲ့။ မငယ်လည်း ကောင်းကောင်းသင်ယူခဲ့ပါတယ်။ သူများထောင်တဲ့ မိုင်းကို မငယ် ကျော်နိုင်ခဲ့ပေမယ့် မငယ်ထောင်တဲ့ မိုင်းကို မောင်မောင်ကြွယ် ထိသွားလို့ ပြစ်ဒဏ်အနေနဲ့ အရိုက်ခံလိုက်ရသေးတယ်။ အဲဒီဖောက်ခွဲရေးသင်တန်း နောက်ဆုံးနေ့မှာပဲ မငယ် အဖမ်းခံခဲ့ရတယ်လေ။
“ကိုကြီးရေ
... အချိန်ကာလ နှစ်၂၀ အထိ စောင့်စားခဲ့ရတာ ခွင့်လွှတ်ပါ။ နိုင်ငံရေးကို
ပြန်ကြည့်တော့ ဒေါ်စုလည်း မလွတ်သေး။ ၈၈ ခေါင်းဆောင်များနဲ့
နိုင်ငံရေးသမားများလည်း အထဲမှာ အကျဉ်းချခံနေရဆဲ။ မငယ်တို့လို
ထောက်လှမ်းရေးလို့ အစွပ်စွဲခံပြီး အနှိပ်စက်ခံထားရတဲ့ ကိုရဲလင်း၊ ဘိုဘို၊
ထိန်လင်း၊ မိုးကြီး၊ ရာပြည့် ... စသော မြောက်ပိုင်းမှ ကျောင်းသားများလည်း
စစ်အစိုးရကို ဆန့်ကျင်မှုနဲ့ ထောင်ဒဏ် ၇ နှစ်နဲ့ အနှစ် ၂၀ ချခံထားခဲ့ရတယ်။
သူတို့မျက်နှာတွေကို ထောက်ရှုပြီး မငယ် မြိုသိပ်ထားခဲ့ရတာပါ။”
မှတ်မိသေးတယ်။ မငယ်တို့အားလုံး အဖမ်းခံရပြီး Ronald အောင်နိုင်နဲ့ မျိုးဝင်းတို့ အဆိပ်တွေ ထုတ်ခိုင်းတာ ဘယ်သူမှ မထုတ်ပေးနိုင်တော့ မငယ်တို့ကို လက်ဖြတ်ဖို့ လုပ်တဲ့နေ့လေ။ မငယ်တို့အားလုံးရဲ့လက်မှာ ယမ်းပျော့တွေ ချည်ထားပြီး ရော်နယ်အောင်နိုင်တို့က သူတို့လိုချင်တာတွေ ထုတ်မပေးရကောင်းလားဆိုပြီး ကိုကျော်ဝေလက်ကို မိုင်းခွဲပြီး ဖြတ်ခဲ့တယ်။ ကိုကြီး၊ ကိုရဲလင်းနဲ့ မငယ်တို့အားလုံး တောင်းပန်ကြတော့မှ နောက်ထပ် အချိန်တပတ် ခွင့်ပေးပြီး မငယ်တို့ကို ဆွေးနွေးတိုင်ပင်ခိုင်းတဲ့နေ့လေ။ အဲဒီနေ့ဟာ ဒီနေ့အတွက် သမိုင်းဝင်မယ့်နေ့တနေ့ ဖြစ်မှန်းမသိဖြစ်ခဲ့ရတယ် ကိုကြီး။ ဆွေးနွေးပွဲမှာ အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေကို တယောက်တပေါက် ပြောဆိုနေကြပေမယ့် အားလုံးဟာ တယောက်ကို တယောက်ကြည့်ပြီး ငါလည်း မင်းလိုပဲဆိုတဲ့ အသိနဲ့ အော် ဒုက္ခ ဒုက္ခ ဘယ်လိုမှ အဖြေရှာမရဖြစ်နေချိန်မှာ ကိုကြီးက မငယ်နား ရောက်လာပြီး မငယ်ကို လက္ခဏာတောင်းကြည့်တယ်လေ။ အဲဒီမှာ ကတိဆိုတာ ဖြစ်ခဲ့တာပေါ့။
ရဲဘော်ကိုထွန်းအောင်ကျာ် (ယာမှ ဒုတိယ - ခါးထောက်လျက် ပြုံးနေသူ)
မှတ်မိသေးတယ်။ ကိုကြီးက ပြောတယ်။ မငယ် မင်းမသေနိုင်ဘူး။ မင်း လွတ်သွားလိမ့်မယ်။ မင်းမှာ ဥပစ္ဆေတကကံ မပါဘူး။ မင်းလက္ခဏာမှာ ထူးခြားချက်ရှိတယ်။ တနေ့ မင်း ငါတို့အားလုံးရဲ့ သမိုင်းကို ပြောပေးနော်တဲ့။ မငယ်က ကိုကြီး အခု လက်မှာ မိုင်းချည်ထားတဲ့သူတွေကို ကြည့်လိုက် အားလုံး အသတ်ခံရမယ့်သူတွေ။ မငယ်လည်း သေမှာပဲဆိုတော့ ... မင်းသစ္စာဆိုပါတဲ့ အသုံးမကျတဲ့ကျမ ဘုရားမှာ သစ္စာမဆိုတတ်လို့ မငယ် ပါဠိလို မသိဘူးဆိုတော့ ကိုကြီးက ပြုံးပြီး မလိုဘူးလေ၊ ကိုယ်ဟုတ်ရင် ဟုတ်တယ် မဟုတ်ရင် မဟုတ်ဘူးပေါ့တဲ့။ ဘုရားကို တိုင်တည်ပါတဲ့ ဆိုတော့ မငယ်လည်း ဟုတ်ကဲ့ ကိုကြီးလို့ ကတိပေးမိပြန်တယ်နော်။ ကိုကြီးရေ ... တကယ်ပဲ မငယ် သေဒဏ်ထဲမှာ ပါခဲ့ပေမယ့် နောက်ဆုံးစက္ကန့်မှာ မငယ် လွတ်ခဲ့တယ်။ မငယ်ကို သတ်ဖို့တောင် ဆွဲထူပြီးပြီ။
ကိုကြီးရေ ... အချိန်ကာလ နှစ်၂၀ အထိ စောင့်စားခဲ့ရတာ ခွင့်လွှတ်ပါ။ နိုင်ငံရေးကို ပြန်ကြည့်တော့ ဒေါ်စုလည်း မလွတ်သေး။ ၈၈ ခေါင်းဆောင်များနဲ့ နိုင်ငံရေးသမားများလည်း အထဲမှာ အကျဉ်းချခံနေရဆဲ။ မငယ်တို့လို ထောက်လှမ်းရေးလို့ အစွပ်စွဲခံပြီး အနှိပ်စက်ခံထားရတဲ့ ကိုရဲလင်း၊ ဘိုဘို၊ ထိန်လင်း၊ မိုးကြီး၊ ရာပြည့် ... စသော မြောက်ပိုင်းမှ ကျောင်းသားများလည်း စစ်အစိုးရကို ဆန့်ကျင်မှုနဲ့ ထောင်ဒဏ် ၇ နှစ်နဲ့ အနှစ် ၂၀ ချခံထားခဲ့ရတယ်။ သူတို့မျက်နှာတွေကို ထောက်ရှုပြီး မငယ် မြိုသိပ်ထားခဲ့ရတာပါ။ လွတ်လပ်တဲ့ တိုင်းပြည်မှာ နေနေရပြီး ငါ့စိတ်တွေ အကျဉ်းကျနေတဲ့ဟာလို့ ထိန်လင်း အင်္ဂလန် ရောက်ခါစက မငယ် သူ့ကို ဖွင့်ပြောခဲ့တယ်။ ကတိပေးထားပြီး အကောင်အထည်မဖော်ဖြစ်လို့ တခါတရံ အိပ်မက်ဆိုးမက်တယ်။ အိပ်မက်မက်ပြီးတိုင်း ငိုရလို့ တညလုံး မအိပ်နိုင်ဘဲ မိုးလင်းခဲ့ရတဲ့ ညတွေ အများကြီးရှိခဲ့တယ် ကိုကြီး ...။
ကိုကြီးရေ ... ရောက်ရာနေရာက ကြည့်လိုက်ပါနော်။ ABSDF (NB) ကျောင်းသားများ ပြုလုပ်တဲ့ပွဲကို ကိုမင်းကိုနိုင်နဲ့ ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်ဆုတောင်း အမျှဝေခဲ့ကြပြီး ကိုကြီးရဲ့ အထက်မြန်မာပြည် ဗကသမျိုးဆက်သစ်တွေနဲ့ မြောက်ပိုင်းကျောင်းသားဟောင်းတွေ လက်တွဲပြီး ပြည်တွင်းမှာ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြပြီ။ ပြည်ပမှ မကဒတ ရဲဘော်ဟောင်းတွေနဲ့ ပြည်တွင်းမှ မိဘပြည်သူတွေလည်း ၀မ်းနည်းစွာဖြင့် ဆုတောင်းမှုတွေ ပြုနေကြပြီ။
ကိုကြီးရေ ... မပြီးဆုံးသေးပါဘူး။ ပြီးဆုံးတဲ့နေ့အထိ မငယ်တို့အားလုံး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိထပ်ပေးလိုက်ပါတယ်။
ကိုကြီးတို့အတွက် ကုသိုလ်ပြု အမျှဝေသံကြားရင် သာဓုခေါ်ကြပါ။
ကိုကြီးထွန်းအောင်ကျော်နှင့်တကွ ABSDF မြောက်ပိုင်းတွင် ကျဆုံးခဲ့သောသူများ ကောင်းရာသုဂတိလားကြပါစေ။ ၀ိညာဉ်များ လွတ်မြောက်ကြပါစေ။ ဘ၀ဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး စနစ်ဆိုးမျိုးနဲ့ မကြုံတွေ့ရပါစေနဲ့လို့ ဆုတောင်းမေတ္တာပေးပို့လျက် ...
နန်းအောင်ထွေးကြည် (မငယ်)
(Nang Aung Htwe Kyi's Facebook)
အပြည့်အစုံသို့...မြန်မာ့ရေးရာ သတင်းပဒေသာ (၁၇-၂-၂၀၁၂ - ညပိုင်း)
- ဒေါ်အောင်ဆန်းစုကြည် ဖျာပုံ စည်းရုံးရေးခရီးစဉ် click
- ဒေါ်အောင်ဆန်းစုကြည် ဖျာပုံခရီးစဉ် (ဓာတ်ပုံ) click
- ဒေါ်အောင်ဆန်းစုကြည် ဖျာပုံအားကစားကွင်းတွင် ဟောပြောခွင့်မရ click
- ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့သို့ စည်းရုံးရေးခရီး ထွက်ခွာ click
- ရွေးကောက်ပွဲ အောင်နိုင်ရေး မတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည် လာရှိုး သွားမည် click
- လယ်ယာထွက်ကုန် လွတ်လပ်စွာ စိုက်ပျိုးရောင်းချနိုင်ရေး ဒေါ်အောင်ဆန်းစုကြည် ပြော click
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဗီဂျေနမ်ဘီးယား တွေ့ဆုံ (ရုပ်သံသတင်း) click
- ရေဒီယို၊ ရုပ်သံ ဟောပြောမှု ကန့်သတ်ချက် ပါတီများ ဝေဖန် click
- ပြည်ခိုင်ဖြိုး အနိုင်ရရေး ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ဖိအားပေး click
- USDP အကြီးအကဲများက ပါတီဝင်များထံ ပိုက်ဆံ ကျပ်သန်းချီ ဆုကြေးကောက် click
- သျှမ်းနီပါတီ မှတ်ပုံတင်ခွင့်ကျ click
- တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ထူထောင်ခွင့်ရ click
- မွန်ပြည်သစ်ပါတီက အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပ click
- ရွှေညဝါဆရာတော်နှင့် သံဃာများ ဆွမ်းခံအလှူပစ္စည်း မီးဘေးဒုက္ခသည်များကို စွန့်ကြဲ click
- လှိုင်သာယာ အလုပ်သမားသပိတ် တရားရုံး ရောက်မည် click
- တိုင်ရီ အလုပ်သမားများ ဆက်လက် သပိတ်မှောက်နေ click
- မပြေလည်သေးတဲ့ တိုင်ရီ အလုပ်သမားအရေး (ရုပ်/သံ) click
- နေ့ကြေး ၁၅၀ ကျပ်နဲ့ ရက်မှန်ကြေး ၈၀၀၀ ကျပ် ရရှိဖို့အတွက် တိုင်ရီမှာ ဆက်လက်တိုက်ပွဲဝင်မယ် click
- HRWDN မှ ကိုမြင့်နိုင်အမှုအား ရုံးချိန်း ပြောင်းရွှေ့ click
- ဦးခင်မောင်မြင့် ကွယ်လွန်ခြင်း ၁၉ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား (ရုပ်သံ) click
- မြန်မာ့နိုင်ငံရေး ပိုကောင်းနိုင်ဟု နမ်ဘီယာ ပြောဆို click
- နမ်ဘီးယား အချက်သုံးချက် ပြော click
- ကမ္ဘာ့ဘဏ်က မြန်မာနှင့် ဆက်ဆံရေး ပြန်လုပ်မည် click
- ၀န်ထမ်းများကို ၂၀၁၂ ခုနှစ်တွင် လစာမတိုးပေးရန် ၀န်ကြီး မေတ္တာရပ်ခံ click
- သူရဦးရွှေမန်း တင်သည့် ဝန်ထမ်းလစာတိုးရေးအဆို ဦးသိန်းစိန်အစိုးရ ပယ်ချ click
- မြန်မာအစိုးရ စစ်သားများ ကချင်ပြည်သူတဦးကို ထပ်မံသတ်ဖြတ် (သွေးလန့်တတ်သူများ မကြည့်အပ်သည့် ဓာတ်ပုံပါဝင်သည်) click
- အကြီးဆုံး ကချင်အသင်းတော်မှ ကချင်ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက် ဆုတောင်း click
- ရှပေါင်ယောင် ကချင်မနောပွဲတော် အိန္ဒိယတွင် ကျင်းပ click
- မဏိပူရ် ရေကာတာအပေါ် ချင်းပြည်သူများ မျှော်လင့်ချက် click
- စစ်ရေးအသုံးစရိတ်အတွက် ၃၀% ပေးနေရတဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ပါရမီတက္ကစီ အငှားကားသမားများရဲ့ဒုက္ခ (ပေးစာ) click
- အ၀ီဇိနဲ့ ၀စိပိတ် (ကာတွန်း) click
- Air KBZ သံတွဲ၌ ဘီးချော် click
- ကမ္ဘောဇလေကြောင်း သံတွဲမှာ ဘီးချော် click
- အဲယား ကမ္ဘောဇ သံတွဲတွင် ပြေးလမ်းချော် click
- အဲကမ္ဘောဇလေယာဉ် ပင်လယ်ထဲ မကျအောင် သဲပုံသို့ ၀င်တိုးပြီး အရှိန်သတ် click
- အဲကမ္ဘောဇလေယာဉ် ရှေ့ဘီးချွတ်ယွင်း၊ ၀မ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရ click
- ရန်ကုန် ရွှေလုပ်ငန်းရှင်များ စာရွက်စာတမ်းဖြင့်သာ အရောင်းအဝယ်လုပ် click
- မဲဆောက်မှာ လက်မှတ်မဲ့ မြန်မာအလုပ်သမားများကို ရဲဖမ်း click
- လူကြီးခရီးစဉ်ရှိလို့ ဘုရားသုံးဆူမြို့ လောင်းကစားဝိုင်းများ ပိတ်ခိုင်း click
- ရန်ကုန် လှိုင်သာယာမီး အိမ် ၈ လုံး လောင်ကျွမ်း click
- ရန်ကုန်- ဒလ ကူးတို့ဆိပ် (ဓာတ်ပုံ) click

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၇-၂-၂၀၁၂ - နံနက်ပိုင်း)
- ကမ္ဘောဇလေယာဉ် သံတွဲမှာ ဗိုက်နဲ့ဆင်း click
- ကူဝိတ်သဲကန္တာရထဲတွင် မြန်မာအလုပ်သမား ၁၆၀ ဒုက္ခတွေ့နေ click
- တာကာငွေ ၃၇ သိန်းဖိုးရှိ ဘိန်းဖြူများ မြန်မာနယ်စပ်အနီးတွင် ဖမ်းမိ click
- နိုင်ငံရေးသမားတွေရဲ့ အသုံးချခံမဖြစ်ဖို့ ရွှေည၀ါဆရာတော်ကို အာဏာပိုင်တွေ လျှောက်ထား click
- ရွှေညဝါဆရာတော် ဦးပညာသီဟ ဆွမ်းအလှူခံကြွချီ (ဓာတ်ပုံသတင်း) click
- ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကျောင်းတိုက်က ထွက်ခွာပေးရတော့မည့် ရွှေညဝါဆရာတော် (ရုပ်သံ) click
- ရွှေည၀ါဆရာတော် (မှတ်ချက်) click
- ရန်ကုန်မှာ ဆန္ဒပြတာ ၁၁ ရက်ကြာပြီ (ဓာတ်ပုံသတင်း) click
- ဆက်လက်တိုက်ပွဲဝင်နေဆဲ တိုင်ရီ ဆန္ဒပြအလုပ်သမားများ (ရုပ်သံ) click
- ၀န်ထမ်းလစာတွေ မတိုးနိုင်သေးဘူးလို့ ၀န်ကြီးတွေ လွှတ်တော်မှာ ရှင်း click
- ဦးရွှေမန်း၏ ဝန်ထမ်းလစာတိုးရေးအဆို ဘဏ္ဍာရေးဝန်ကြီး ငြင်း click
- ဆည်မြောင်းစီမံကိန်းတချို့ ရပ်ဆိုင်းဖို့ ပြည်ထောင်စုလွှတ်တော်က ထောက်ခံ click
- အစိုးရ ကတိဖျက်ဟု မန်းငြိမ်းမောင် ပြော click
- မန်းငြိမ်းမောင် အမှုတွင် ဝန်ကြီးဦးအောင်မင်းကို သက်သေခေါ်လို click
- ၀န်ကြီး ဦးအောင်မင်းကို သက်သေခေါ်ဖို့ မန်းငြိမ်းမောင်ရဲ့ရှေ့နေ တင်ပြ click
- NUPA နှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမည် click
- ဒေါ်အောင်ဆန်းစုကြည်ကို ဖျာပုံလူထုက လှိုက်လှဲစွာ ကြိုဆိုမည် click
- ဖျာပုံက လာတဲ့စာ (ပေးစာ) click
- ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့ စည်းရုံးရေးခရီးစဉ် (သတင်းဓာတ်ပုံ) click
- ဒေါ်အောင်ဆန်းစုကြည် ဖျာပုံခရီးစဉ် (ဓာတ်ပုံသတင်း) click
- မစ္စတာ နမ်ဘီးယားနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ click
- ကုလ အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click
- ရွေးကောက်ပွဲ လွတ်လပ်မျှတရန် ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂကို ဆွေးနွေး click
- မစ္စတာနမ်ဘီယားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သတင်းစာရှင်းလင်းပွဲ (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် မလေးရှားဝန်ကြီးချုပ်ဟောင်း အာမက်ဘာဒါဝီနဲ့ တွေ့ဆုံ (ရုပ်သံ) click
- ဥပဒေစိုးမိုးရေးအတွက် ရွေးကောက်ပွဲဝင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာ click
- ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်း အမည်စာရင်း အတည်ပြုချက် မထွက်သေး click
- လယ်သမားတွေအတွက် ရွေးကောက်ပွဲ ဝင်မယ်လို့ ဒေါ်မြင့်မြင့်အေး ပြောဆို click
- ရွေးကောက်ပွဲဝင်မည့် ပါတီများ နိုင်ငံပိုင်မီဒီယာများတွင် ၁၅ မိနစ် မဲဆွယ်ခွင့်ရမည် click
- လယ်သိမ်းခံရသူတွေ တိုင်နိုင်တယ်၊ မီဒီယာတွေ ၀ိုင်းရပ်တည်ပေးပါ (မေးမြန်းခန်း) click
- ကောင်းတဲ့အစိုးရ၊ သန့ှ်ရှင်းတဲ့အစိုးရ ဆိုတာ ဘာလဲ ဘယ်မှာလဲ (ပေးစာ) click
- အညတရအကျဉ်းသားရဟန်းတော်များ ၁၃ - အရှင်ကုမုဒ (ခ) ကျော်ဝင်း (ဆောင်းပါး) click
- ခရိုနီကြီး …. မိုနိုပိုလီ .. လုပ်တာ ချစ်လို့ ချစ်လို့ (ကာတွန်း) click
- မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ GE ကုမ္ပဏီ စဉ်းစားနေ click
- ထိုင်းကုမ္ပဏီနဲ့ မြန်မာ Forever Group ဖက်စပ်လုပ်မည် click
- ပြည်တွင်းရေကြောင်းလုပ်ငန်းကို အများပိုင် လွှဲမည် click
- အမည်မဖော်သူမြို့နယ်မှ လူတဦးကြောင့် လှိုင်မြို့နယ် အင်တာနက်ဆိုင်များ ည ၁၀ နာရီ ပိတ်ရမည် click
- မဲဆောက်အလုပ်သမား ဖမ်း click
- လန်ပိကျွန်း ဖောက်ခွဲမှုများ (ပေးစာ) click
- တွေ့ရကြုံရ မေးလ်လောကမှ ရှတတလေးများ click
- ဆိုရှယ်လစ်အရေး၊ အမြင်ကျဉ်းဝါဒီများနှင့် အင်္ဂလိပ်စာ ဆန့်ကျင်ရေး (ဆောင်းပါး) click
- Air Force One၊ မန္တလေးနှင့် Dayton တက္ကသိုလ် (အက်ဆေး) click
- ကြောင်တကောင်နဲ့ သစ်ရွက်တရွက် (ကဗျာ) click
- ဆီးရီးယား သမ္မတ နှုတ်ထွက်ဖို့ ကုလ တောင်းဆို click
- ဆီးရီးယား သတ်ဖြတ်မှု ကုလ ရှုတ်ချ click
- ဆီးရီးယားကို တရုတ် ကိုယ်စားလှယ် လွှတ်မည် click
- အာဖဂန်နစ္စတန်၊ အမေရိကန်နဲ့ တာလီဘန် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်ခဲ့ click
- စကော့တလန် ခွဲထွက်ရေး ဗြိတိန်ဝန်ကြီးချုပ် ကန့်ကွက် click
- လေယာဉ် ဗုံးခွဲသမား ထောင်တသက်ကျ click
- ထိုင်း ဗုံးကွဲမှု အီရန် ၃ ဦးကို ဖမ်းဆီးထား click
- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ အာရှ အဓိကကျ click
- ဖေဖော်ဝါရီ ၁၆ ရက် တမိနစ် သတင်းဗီဒီယို click
0
comments

ကာတွန်း နေမျိုးအေး “သီးသန့်”
- မြန်မာနိုင်ငံကို ပြန်ထောက်ပံ့တော့မယ် ကမ္ဘာ့ဘဏ် ပြော click- လယ်သိမ်းခံရသူတွေ တိုင်နိုင်တယ်၊ မီဒီယာတွေ ၀ိုင်းရပ်တည်ပေးပါ (မေးမြန်းခန်း) click
- ကောင်းတဲ့အစိုးရ၊ သန့ှ်ရှင်းတဲ့အစိုးရ ဆိုတာ ဘာလဲ ဘယ်မှာလဲ (ပေးစာ) click
- အညတရအကျဉ်းသားရဟန်းတော်များ ၁၃ - အရှင်ကုမုဒ (ခ) ကျော်ဝင်း (ဆောင်းပါး) click
- ခရိုနီကြီး …. မိုနိုပိုလီ .. လုပ်တာ ချစ်လို့ ချစ်လို့ (ကာတွန်း) click
- မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ GE ကုမ္ပဏီ စဉ်းစားနေ click
- ထိုင်းကုမ္ပဏီနဲ့ မြန်မာ Forever Group ဖက်စပ်လုပ်မည် click
- ပြည်တွင်းရေကြောင်းလုပ်ငန်းကို အများပိုင် လွှဲမည် click
- အမည်မဖော်သူမြို့နယ်မှ လူတဦးကြောင့် လှိုင်မြို့နယ် အင်တာနက်ဆိုင်များ ည ၁၀ နာရီ ပိတ်ရမည် click
- မဲဆောက်အလုပ်သမား ဖမ်း click
- လန်ပိကျွန်း ဖောက်ခွဲမှုများ (ပေးစာ) click
- တွေ့ရကြုံရ မေးလ်လောကမှ ရှတတလေးများ click
- ဆိုရှယ်လစ်အရေး၊ အမြင်ကျဉ်းဝါဒီများနှင့် အင်္ဂလိပ်စာ ဆန့်ကျင်ရေး (ဆောင်းပါး) click
- Air Force One၊ မန္တလေးနှင့် Dayton တက္ကသိုလ် (အက်ဆေး) click
- ကြောင်တကောင်နဲ့ သစ်ရွက်တရွက် (ကဗျာ) click
- ဆီးရီးယား သမ္မတ နှုတ်ထွက်ဖို့ ကုလ တောင်းဆို click
- ဆီးရီးယား သတ်ဖြတ်မှု ကုလ ရှုတ်ချ click
- ဆီးရီးယားကို တရုတ် ကိုယ်စားလှယ် လွှတ်မည် click
- အာဖဂန်နစ္စတန်၊ အမေရိကန်နဲ့ တာလီဘန် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်ခဲ့ click
- စကော့တလန် ခွဲထွက်ရေး ဗြိတိန်ဝန်ကြီးချုပ် ကန့်ကွက် click
- လေယာဉ် ဗုံးခွဲသမား ထောင်တသက်ကျ click
- ထိုင်း ဗုံးကွဲမှု အီရန် ၃ ဦးကို ဖမ်းဆီးထား click
- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ အာရှ အဓိကကျ click
- ဖေဖော်ဝါရီ ၁၆ ရက် တမိနစ် သတင်းဗီဒီယို click
ကာတွန်း ဂေါ်ပြား (ဖေ့စ်ဘွတ်ခ်မှ ...)
No comments:
Post a Comment