Wednesday, February 22, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၂-၂-၂၀၁၂ - ညပိုင်း)
- “နှုတ်နဲ့ ပြောဖို့ သတ္တိမရှိသေးရင် စာနဲ့ ပြောပေးပါ” ဟု ဦးရွှေမန်း ပြော click
- ဒေါ်အောင်ဆန်းစုကြည် ကချင်ခေါင်းဆောင်များနှင့် တွေ့ဆုံမည် click
- KNU ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ်များ ရုပ်သိမ်းရန် တောင်းဆို click
- အကြွေးပြန်ဆပ်ရန် မြန်မာကို ကမ္ဘာ့ဘဏ် သတိပေး click
- အာဆီယံဥက္ကဋ္ဌနေရာနှင့် ထိုက်တန်ကြောင်း မြန်မာ ပြသရန်လို click
- စီးပွားရေးပိတ်ဆို့မှုသည် အဓိက ပြဿနာဟု အာဆီယံကို လုပ်ငန်းရှင်များ ပြော click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတိယအကြိမ်မြောက် ကော့မှူး မဲဆွယ်ခရီးစဉ် (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀ါးဘလောက်သောက်ကျေးရွာနှင့် အဖျောက်ကျေးရွာ မိန့်ခွန်း (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် စည်းရုံးရေးခရီးစဉ် (၁) click
- ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် စည်းရုံးရေးခရီးစဉ် (၂) click
- ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် စည်းရုံးရေးခရီးစဉ် (၃) click
- စိတ်တည်ငြိမ်မှု အားကောင်းတဲ့အပြင် ကျန်းမာရေးလည်း ကောင်းဆဲ ဒေါ်အောင်ဆန်းစုကြည် (ရုပ်သံ) click
- တိုက်ပွဲကြားမှာ ပြည်သူ့ရှေ့က ရပ်တည်ပေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရုပ်သံ) click
- အစိုးရနှင့် ငြိမ်းချမ်းရေး ဆက်လက် ဆွေးနွေးရေးကိစ္စ KNU ရှင်းလင်းပွဲ ပြုလုပ် click
- အပစ်ရပ် လက်မှတ်ထိုးရန် မွန်ပြည်သစ်ပါတီ အစိုးရကိုယ်စားလှယ်နှင့် တွေ့မည် click
- မွန်ပြည်သစ်ပါတီနှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် ထပ်မံတွေ့ဆုံမည် click
- အလုပ်သမားဖြေရှင်းရေးရုံးကို တိုင်ကြားတော့မည် click
- တိုင်ရီ ဆန္ဒပြအလုပ်သမားများ ဝါဏိဇ္ဇအလုပ်သမားခုံရုံးသို့ တက်မည် click
- တရုတ်စီမံကိန်းကို နေရာဖယ်ပေးရမည့် ရွာသားများ မပြောင်းဘဲ ငြင်းဆန် click
- အိန္ဒိယကုမ္ပ္ပဏီ ကတိက၀တ် ချိုးဖောက်မှုကြောင့် ဒေသခံ ကန်ထရိုက်များ ဒုက္ခဖြစ် click
- မြန်မာနိုင်ငံအား ကုန်သွယ်ဘက်နှင့် ရင်းနှီးမြုပ်နှံမှုနိုင်ငံအဖြစ် ထိုင်း မြင်လို click
- ရထားလမ်း ဖောက်လုပ်ရန် စိုက်ပျိုးဆဲ စိုက်ခင်းကို မြေထိုးစက်ဖြင့် ထိုး click
- နိုင်ငံတော် အရန်ဆန်အတွက် လယ်သမားများ စပါး မရောင်းလိုကြ click
- ဆောင်းဦးလှိုင် ဖျော်ဖြေပွဲဝင်ငွေများကို လူမှုရေးအတွက် လှူဒါန်း click
- ၈၈ မျိုးဆက်ကျောင်းသားများနှင့် နာရေးကူညီမှုအသင်းကို ဆောင်းဦးလှိုင် ငွေလှူ click
- ဝန်ထမ်းများ လစာတိုးပေးရေး ဦးရွှေမန်း ဆက်ကြိုးပမ်းမည် click
- ထိုက်သင့် လစာငွေ ရရှိရန် အရေးတကြီး လိုအပ်ဟု FTUB ပြော click
- ၅၀၀၀ ကျပ်တန် ဆင်းမ်ကတ် အမြန်ဆုံး အသုံးပြုခွင့်ပေးရန် တောင်းဆို click
- ၅ ထောင်တန် ဖုန်းကတ်ကိစ္စဖြင့် ကြံ့ခိုင်ရေးပါတီ မဲဆွယ် click
- ရခိုင်လွှတ်တော်တွင် ကျောက်ဖြူ ပြည်နယ်လွှတ်တော်အမတ် ပြည်သူ့အရေး တင်ပြတောင်းဆိုမည် click
- လွှတ်တော်မှာ ပြောပေးကြပါ (ပေးစာ) click
- ဖွံ့ဖြိုးမှုမှာ နောက်ဆုံးဖြစ်နေတော့ သူတို့က ကူညီပေးချင်နေကြတယ် (မေးမြန်းခန်း) click
- အမတ်မင်း အထက်ပုဂ္ဂိုလ်ကြီးနှင့် စကားပြောဖြစ်ခြင်း (ထွေရာလေးပါး) click
- ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် - အပိုင်း ၁၁ (သံတိုင်ကြားက မှတ်တမ်းများ) click
- တစ္ဆေသို့ ပြောသော ပုံပြင် - ၆ (သံတိုင်ကြားက မှတ်တမ်းများ) click
- အန္တရာယ်နှင့် ရင်ဆိုင်ရှင်သန်နေရသူများ (ရုပ်သံ) click
- ကျိုင်းတုံထောင် အကျဉ်းသားနှစ်ဦး စိတ်ကြွဆေးပြားများနှင့် ဖမ်းမိ click
- ဂေါ်ရခါးလူမျိုးများ မှတ်ပုံတင်ရရန် လာဘ်ငွေ သိန်းချီ ပေးရ click
- ရန်ကုန်- မန္တလေးလမ်းတွင် ယာဉ်တိုက်မှုဖြစ်၊ လူ ၅ ဦး ဒဏ်ရာရ click
- ရခိုင်တဦး မလေးတွင် ကားတိုက် သေဆုံး (သွေးလန့်တတ်သူများ မကြည့်အပ်သည့် ဓာတ်ပုံပါဝင်သည်) click
- မြန်မာ့ဂုဏ်ဆောင် ဧည့်စာရင်းစစ်ခြင်းနှင့် အင်တာနက်ဆိုင် မာရှယ်လော click
- ဒုက္ခသည်များ ဂျပန်သွားမလား click
- ကချင်အမျိုးသား အောင်လနဲ့ ရောသမမွှေတိုက်ပွဲ click
- ရွှေပြည်သာမှာ မြေကွက်ဖော်နေပြီ ... တဲ့ (ပေးစာ) click
- ယူနန်မနောပွဲ (ဓာတ်ပုံ) click
- အောက်ဆိုက်ရှိလား (အက်ဆေး) click

အဖွဲ့အတွင်း တင်းမာမှုများ ဖြစ်ပေါ်နေသည်ဟု လတ်တလော ထွက်ပေါ်နေသည့် သတင်းများမှာ အခြေအမြစ်မရှိသည့် သတင်းများသာဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် KNU ပြော
အဖွဲ့အတွင်း
တင်းမာမှုများ ဖြစ်ပေါ်နေသည်ဟု လတ်တလော ထွက်ပေါ်နေသည့် သတင်းများမှာ
အခြေအမြစ်မရှိသည့် သတင်းများသာဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် KNU ပြော
သတင်းနှင့်ဓာတ်ပုံ - မြနှယ်စိမ်းစိမ်း (အင်းစိန်)
ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၁၂ ခုနှစ်
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာအစိုးရတို့အကြား လက်ရှိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကြောင့် အဖွဲ့အတွင်း တင်းမာမှုများ ဖြစ်ပေါ်နေသည်ဟု လတ်တလော ထွက်ပေါ်နေသည့် သတင်းများမှာ အခြေအမြစ်မရှိသည့် သတင်းများသာဖြစ်သည်ဟု ယနေ့ပြုလုပ်သည့် ငြိမ်းချမ်းရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် KNU က ပြောသည်။
KNU ဖားအံခရိုင်ရှိ ကလေးထာ့ တပ်စခန်း၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့၏ တွဲဘက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက “ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောထားတွေ ကွဲနေကြတယ်လို့ ပြောနေကြတာ မဟုတ်ပါဘူး။ လုပ်နည်းလုပ်ဟန် ကွဲတာပဲဖြစ်တယ်။ စစ်တိုက်လာတာ ကြာပြီးဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ချင်နေတဲ့အဖွဲ့နဲ့ ထာဝရငြိမ်းချမ်းရေးအစစ်အမှန်ကို ရရှိဖို့အတွက် တဆင့်ပြီးတဆင့် လုပ်ဆောင်သွားဖို့ဆိုတဲ့အဖွဲ့ ဆိုပြီး ဖြစ်နေတာပါ” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
လက်ရှိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်အတွက် KNU အဖွဲ့သည် မြန်မာအစိုးရနှင့် လာမည့် လဆန်းပိုင်းတွင် ဒုတိယအကြိမ် သွားရောက်ဆွေးနွေးရန် ရှိသည်ဟုလည်း ပဒိုစောလှငွေက ပြောသည်။
ယနေ့ သတင်းစာရှင်းလင်းပွဲတွင် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆက်လက် ဆွေးနွေးနိုင်ရန်အတွက် KNU အဖွဲ့က ယနေ့ရက်စွဲဖြင့် အဆင့် ၄ ဆင့်ပါသည့် လမ်းပြမြေပုံကို ထုတ်ဖော်ကြေညာခဲ့သည်။
စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် ...
၁။ ပဏာမ အပစ်အခတ်ရပ်စဲရေးအဆင့်
၂။ ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးအဆင့်
၃။ ကနဦး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု၊ အခြေခံနိုင်ငံရေးပြဿနာများကို အဖြေရှာရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး
၎။ နိုင်ငံရေးအရ ပူးပေါင်းပါဝင်ခြင်းတို့ဖြစ်သည်။
သတင်းစာရှင်းလင်းပွဲသို့ ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများနှင့် နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက် ၂၀ ကျော် တက်ရောက်ခဲ့ကြပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် တွဲဘက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေတို့က အဖွဲ့၏ သဘောထားများကို ရှင်းပြခဲ့ကြသည်။
KNU အဖွဲ့သည် မြန်မာအစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေးအဆင့် လက်မှတ်ရေးထိုးခြင်းကို ယခင်လ ၁၂ ရက်နေ့က ဖားအံမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
အပြည့်အစုံသို့...
No comments:
Post a Comment