Monday, February 13, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၃-၂-၂၀၁၂ - ညပိုင်း) (ဗိုလ်ချုပ်မွေးနေ့)
- ဗိုလ်ချုပ်မွေးနေ့ လွတ်လပ်စွာ ကျင်းပ click
- ၉၇ နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကျင်းပ (သတင်းဓာတ်ပုံ) click
- ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ရုံးခန်း ဖွင့်လှစ် click
- ပြည်ထောင်စုနေ့ ဒို့မမေ့ (ရုပ်သံသတင်း) click
- ဗမာလည်း တိုင်းရင်းသားဖြစ်၊ စစ်မှန်တဲ့ ပြည်ထောင်စု ဒေါ်အောင်ဆန်းစုကြည် တည်ဆောက်လို click
- ပြည်ထောင်စုနေ့အကြို ညစာစားပွဲ၌ ခွန်ထွန်းဦး ထောင်ဝတ်စုံဖြင့် တက် click
- ဂိုဏ်းဂဏမခွဲသည့် လူငယ်များ ခွန်ထွန်းဦးအား သွားရောက် ကန်တော့ click
- တပ်များ မလှုပ်ရှားရေး အစိုးရတပ်နှင့် SSA တောင်ပိုင်း သဘောတူ click
- အစိုးရစစ်တပ်က ရိက္ခာတင်ကားအပြင် လက်နက်ခဲယမ်းတင်ကားပါ ပို့ဆောင်လာ click
- စုဆောင်းရေးဆွဲခံရသည့် အမျိုးသမီး ၄ ဦးအား KIA က အဓမ္မပြုကျင့် click
- ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကာကွယ်ရေးဦးစီးချုပ်အဖြစ် အတည်ပြုခန့်အပ် click
- ရွှေညဝါဆရာတော် တရားဟောခွင့် တနှစ်ထပ်ပိတ် click
- တိုင်ရီစက်ရုံ ထိုင်သပိတ် ပြေလည်မှုမရသေး click
- တိုင်ရီ ဖိနပ်စက် အလုပ်သမားရပိုင်ခွင့် တောင်းဆိုမှု မပြေလည်သေး click
- လှိုင်သာယာဆန္ဒပြပွဲကို အလုပ်သမားညွှန်ချုပ် သွားကြည့် click
- အလယ်ရွာ မီးဘေးသင့် ပြည်သူတွေကို နိုင်/ကျဉ်းဟောင်းတွေမှ သွားရောက်ကူညီ (ရုပ်သံ) click
- ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမည်ဟု ဦးရွှေမန်း ကတိပေး click
- ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့များ စောင့်ကြည့်ခွင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ တောင်းဆို click
- အလုပ်အကိုင်ရရှိရေး ဦးစားပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော click
- ဒေါ်အောင်ဆန်းစုကြည် ကော့မှူးခရီးစဉ် (ဓာတ်ပုံ)click
- ဝါသိင်္ခရောက် ဒေါ်အောင်ဆန်းစုကြည် - ၂ (ရုပ်သံ) click
- ကော့မှူးခရီးစဉ်နဲ့ ဝါးသိင်္ခရွာ မဲဆွယ်မြင်ကွင်း (ဆောင်းပါး) click
- ကြံခင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင် (ဓာတ်ပုံသတင်း) click
- ရွှေစက်တော်ဘုရားပွဲတွင် နိုင်ငံရေးအရောင် ထင်ဟပ်သည့် အမှတ်တရပစ္စည်းများ ရောင်းချခြင်း တားမြစ် click
- ဒေါက်တာတူးဂျာ အမတ်လောင်း အသိအမှတ်ပြုမှု စောင့်နေဆဲ click
- ရန်ကုန်တိုင်းလွှတ်တော် ပြန်လည်စတင်မည် click
- စီးပွားရေးဝိညာဉ်၏ လွှမ်းမိုးမှုကို သတိထားကြရန် အာဆီယံ အတွင်းရေးမှူးချုပ် သတိပေး click
- ပညာရေးနှင့် ကျန်းမာရေး မူဝါဒဆိုင်ရာ နိုင်ငံတကာညီလာခံ ကျင်းပ click
- ပညာရေးဝန်ကြီးသမီး မင်္ဂလာဆောင်လက်ဖွဲ့ ခြိမ်းခြောက်ကောက်ခံ click
- အစိုးရက ဓာတ်ဆီဈေး ထပ်မံတိုးမြှင့် click
- မြို့နယ်အခွန်ရုံးက တရားဝင် အခွန်အပြင် ထပ်မံငွေကောက်ခံနေ click
- ခရီးသည်ယာဉ် တိမ်းမှောက်မှုကြောင့် ကရင်အမျိုးသမီးတဦး သေဆုံး click
- ဘုရားသုံးဆူတွင် တရားမ၀င် ပန်းသီးပုံးလောင်းကစား ကျယ်ပြန့်လာ click
- ဗမာစာရေးဆရာတွေ ဟောပြောတော့ အားပေး၊ ရခိုင်စာရေးဆရာတွေ ဟောပြောတော့ စစ်ဆေး click
- ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ ၁၀ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြု click
- ကမ္ဘာ့ရေဒီယိုနေ့ အထိမ်းအမှတ် click
- မီဒီယာဆိုတာ အစိုးရမိတ်ဆွေ click
- ကျောက်ဆည်မြို့ ဘာကြောင့်ရေနစ်သလဲ click
- မလေးနယ်စပ် လူကယ်ရီအမှုနှင့် ထောင် ၇ နှစ် click
- မဲဆောက်အတွက် အကူအညီ (ပေးစာ) click
- ဆော်ဒီခရီးစဉ် အရှုပ်တော်ပုံ ပေးစာကို တုံ့ပြန်ခြင်း click
- ပဒိုမန်းရှာ (သို့မဟုတ်) ချစ်သူများနေ့မှာ အမှတ်ရတဲ့သူ (ဆောင်းပါး) click
- သော့အိမ်က ရက်စွဲများ၊ လူများ၊ အတွေးစများ - အပိုင်း ၆ (သံတိုင်ကြားက မှတ်တမ်းများ) click
- တစ္ဆေသို့ ပြောသော ပုံပြင် - ၄ (သံတိုင်ကြားက မှတ်တမ်းများ) click
- အိန်ဂျလီနာဂျိုလီကို မဲပေးခြင်း (ကဗျာ) click
- အင်္ဂလိပ်စာ လေ့လာမှုဆိုင်ရာ အကောင်းဆုံး Application များ (စာဖတ်ခန်း) click

တောက်ချင်တဲ့ မီးခဲ (ဗိုလ်ချုပ်အောင်ဆန်း၏ ကလေးဘဝ)
တောက်ချင်တဲ့ မီးခဲ
(ဗိုလ်ချုပ်အောင်ဆန်း၏ ကလေးဘဝ)
ရေးသူ-စည်သူကျော်ထင်
မြန်မာ့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်းနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်အောင်ဆန်း ကောလိပ်ကျောင်းသားဖြစ်ပြီးစက သတ္တိသွေးပြ၍ ဖခင်ဖြစ်သူ ဦးဖာ၏ အုတ်ဂူရှိရာ နတ်မောက်မြို့ သုသာန်သို့ ညအချိန်မတော် သွားရောက်ကာ ဖခင်၏ အုတ်ဂူပေါ်တွင် ဖခင်သက်စေ့ ဖယောင်းတိုင်များကို စိတ်အေးလက်အေး ထွန်းညှိပြီးမှ မြို့တွင်းသို့ ပြန်လာခဲ့ပုံ၊ သူရဲတစ္ဆေအကြောင်းကို လူအများ ဒဏ္ဍာရီသဖွယ် ပြောနေကြသော်လည်း တကယ်စင်စစ် သရဲတစ္ဆေဟူ၍ မရှိကြောင်း လက်တွေ့ပြသပုံတို့ကို ဤဂျာနယ်တွင် ဖော်ပြပြီးခဲ့လေပြီ။
ယခုဆောင်းပါး၌ “ပွဲမဝင်ခင် အပြင်က ကျင်းပ” ဟူဘိသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝနှင့် သခင်ဘဝတို့တွင် မြန်မာလွပ်လပ်ရေးတိုက်ပွဲအတွက် မည်သို့ တာစူခဲ့သည်တို့ကို စာဖတ်သူများ အကဲခတ်နိုင်ရန် တင်ပြပါအံ့။
တုံးတိုက်ကျားကိုက်
“တောက်ချင်တဲ့မီး စဖိုနဲ့ရဲရဲ” ဟူသော မြန်မာစကားပုံသည် ဗိုလ်ချုပ်အောင်ဆန်းအတွက် သက်သက် တီထွင်ဖန်တီးထားလေရော့သလားဟုပင် ထင်ရလောက်အောင် သူ၏ ကြိုးပမ်းမှု၊ စွန့်စားမှုများကို တွေ့ခဲ့ရပေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်ကတည်းကပင် တစုံတခုကို ပြုလုပ်ရန် စွဲလန်းမိလျှင် ထိုကိစ္စကို မဖြစ်မနေ အနာခံ၍ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဖြစ်မြောက် အောင်မြင်သည်အထိ ပြုလုပ်တတ်သော ဇွဲသတ္တိမျိုး ရှိလေသည်။
ထိုဇွဲသတ္တိပင်လျှင် ကိုအောင်ဆန်းအား မြန်မာလွပ်လပ်ရေးဗိသုကာ အာဇာနည်သူရဲကောင်းဘဝသို့တိုင် ရောက်အောင် ပို့ဆောင်ပေးခဲ့သည်ဟုဆိုသော် ရကောင်းအံ့ဟု ထင်ပါသည်။
ကိုအောင်ဆန်း၏ အချို့သော အဖြစ်အပျက်များသည် အနစ်နာခံ စွန့်စားခြင်းဖြင့် ရင်းနှီးရယူခဲ့သည် ဖြစ်ရကား ကိုအောင်ဆန်း၏ မိတ်ဆွေသူငယ်ချင်းများ မဆိုထားဘိ၊ သူ၏ မွေးချင်းများပင်လျှင် သိခွင့်မကြုံခဲ့ချေ။ ကိုအောင်ဆန်းသည် ထိုအချိန်က ခလေးသူငယ် လူမမယ်အရွယ်မှ လွန်မြောက်ပြီဖြစ်ရကား ကိုယ်စီကိုယ်ငှ တာဝန်အသီးသီး ဆောင်ရွက်နေကြသော သူ၏ မွေးချင်းမိဘများသည်လည်း သူပြုလုပ်သော ကိစ္စများဟူသမျှကို မသိနိုင်သည်မှာ အဆန်းမဟုတ်ပါ ဓမ္မတာပင် ဖြစ်ပါသည်။ ကိုအောင်ဆန်းကလည်း သူ၏ စွန့်စားမှုကိစ္စအဝဝကို သူ၏ ဆွေးမျိုးညာတကာများအား မည်သည့်အခါမျှ ပြောလေ့ပြောထ မရှိခဲ့ပါ။ သူ ပြုလုပ်ဆောင်ရွက်နေစဉ်တွင် ကြုံတောင့်ကြုံခဲ တစေ့တစောင်းမှ မျက်ဝါးထင်ထင် တွေ့မြင်ကြည့်ရှုခွင့် ရ၍သာလျှင် သူ၏ ဖြစ်ပုံပျက်ပုံအလုံးစုံကို အမှန်အတိုင်း သိခွင့်ကြုံခဲ့ရပေသည်။
ပွဲကြီး ပွဲကောင်း
ဤစာရေးသူကိုယ်တိုင် တွေ့မြင်မှတ်မိလိုက်သော အဖြစ်အပျက်တခုသည်ကား အလွန်ထူးခြားသည့် ကိုအောင်ဆန်း၏ အံ့မခန်း ဇွဲသတ္တိပြလိုက်သော ပွဲကြီးပွဲကောင်းတခုဟု ဆိုရပေမည်။ အချိန်ကား ၁၉၃၂ ခုနှစ် ကိုအောင်ဆန်း ကောလိပ်ကျောင်းသား ဖရက်ရှာဘဝ ဖြစ်ပါသည်။ အောက်တိုဘာလ ကျောင်းပိတ်ရက်အတွင်း နတ်မောက်တွင် ရောက်ရှိနေသော ကိုအောင်ဆန်းသည် သူဝတ်ဆင်ထားသော ချည်လုံချည်ကို ခါးတောင်းမြှောင်အောင်ကျိုက်ပြီးနောက် သူ့အိမ်ဝိုင်းအတွင်းမှ အရှေ့ဘက် နယ်နိမိတ်ဖြစ်သော ဝင်းထရံတွင် ကန့်လန့်တန်း၍ထားသော ဝါးလုံးတန်းတတန်းကို လွတ်အောင် အခုံလေ့ကျင့်နေသည်ကို တွေ့ရပါသည်။ ဤနေရာတွင် ဝါးလုံးတန်း၏ တည်နေဟန်ကို အမြွက်မျှ ဖော်ပြရန် လိုပါလိမ့်မည်။ ကိုအောင်ဆန်းတို့ အိမ်ဝိုင်းကြီးအတွင်း နေအိမ်၏ အရှေ့ဘက်တွင် ဆီလှောင်သော ရာဝင်စဥ့်အိုးကြီးများ ထားရှိရာ အုတ်ဂိုဒေါင်နှင့် မြေပဲများ နှမ်းအိတ်များ သိုလှောင်ရာ သစ်သားဂိုဒေါင်တလုံး၊ ပေါင်း ဂိုဒေါင်နှစ်လုံးရှိရာ အုတ်ဂိုဒေါင်သည် သစ်သားဂိုဒေါင်၏ မြောက်ဘက်တွင် တည်ရှိပါသည်။
ယင်းဂိုဒေါင်နှစ်လုံးအကြားတွင် လော်ရီကားကြီးတစီး ဝင်နိုင်လောက်သော မြေကွက်လပ် (မြေလွတ်) ရှိပါသည်။ အိမ်ဝင်းကြီး၏ အရှေ့ဘက်နယ်နမိတ်ဖြစ်သော ခြံစီးရိုးသည် ယင်းဂိုဒေါင်နှစ်လုံး၏ အရှေ့ဘက်မှ ကပ်လျက် တောင်မြောက်သွယ်တန်းလျက် ရှိနေပါသည်။ ထိုခြံစီးရိုးကို ဝါးလုံးများ လေးစိတ် စိတ်ကာ ခွဲစိတ်ပြီးထားသော ဝါးခြမ်းများဖြင့် ရက်လုပ်ထားပါသည်၊ ထိုသို့ရက်လုပ်ရာတွင် သစ်သားတိုင်များ စိုက်ထူကာ ဝါးလုံးများကို သစ်သားတိုင်များတွင် ကန့်လန့်စွပ်ထားပြီးမှ ဝါးခြမ်းစိတ်များဖြင့် အခန်းလိုက် အခန်းလိုက် ရက်လုပ်ထားခြင်း ဖြစ်ပါသည်။ ထိုခြံစည်းရိုးကို မြေလတ်ဒေသတွင် ဝင်းထရံဟု ခေါ်လေ့ရှိပါသည်။
အမြင့်ခုန်ကျင့်
အထက်ပါ ဂိုဒေါင်နှစ်လုံး၏ ကြားတည့်တည့်လောက်၌ ဝင်းထရံအခန်းတခန်းတွင် ဝါးခြမ်းများနှင့် ဝါးလုံးတန်းအချို့တို့မှာ ကျောင်းသားသူငယ်များ ဘောလုံးကစားရင်း ကျော်တက်ပြီး ဖယ်ရှားဖန်များသဖြင့် ဝါးခြမ်းများ ကျွတ်လွတ်နေပြီး ဝါးလုံးတတန်းသာလျှင် ကျန်နေပါသည်။ ထိုဝါးလုံးတန်း၏ အမြင့်သည်လည်း ရင်စို့လောက် ရှိမည်ထင်ပါသည်။ ကိုအောင်ဆန်းကား ထိုသို့ကျန်ရှိနေသော ဝါးလုံးတန်းကို အမြင့်ခုန် လေ့ကျင့်နေခြင်း ဖြစ်ပါတော့သည်။ ကိုအောင်ဆန်းသည် ပထမတချီ ပြေး၍ ခုန်လိုက်ရာ ဝါးလုံးတန်းနှင့် နောက်ခြေထောက် ထိသွားပါသည်။ မလွတ်။ ဒုတိယအချီတွင် ပို၍ဝေးသောနေရာမှ အရှိန်ယူပြေးလာပြီး ခုန်ပြန်သည်။ ဤတကြိမ်လည်း မရသေး။ တတိယအချီ ကြိုးစားရန်အတွက် ခါးတောင်းကျိုက်ကို ပြင်၍ ကျိုက်ကာ အထူးချိန်ဆ၍ ခုန်လိုက်ပြန်သည်။
အရှုံးမပေး
ထိုအချီတွင် အမြင့်ခုန်ချန်ပီယံမဖြစ်သေးသော ကိုအောင်ဆန်း၏ ရှေ့ခြေမှ ဒူးခေါင်းသည် ဝါးလုံးတန်းနှင့် တိုက်မိကာ ရှေ့သို့ ဒူးထောက်ရက်သား လဲကျသွားပြီး ဒူးပွန်းပဲ့ကာ သွေးများယိုကျလာပါသည်။ သို့ဖြစ်ရာ အနိုင်မခံ အရှုံးမပေးလိုသော ကိုအောင်ဆန်းသည် သူ့အား ကြံ့ကြံ့ခံ၍ ခံတပ်သဖွယ် တားဆီးထားသော အနှီဝါးလုံးတန်းကို လက်သီးဖြင့် လေးငါးချက်မျှ ဆင့်ကာဆင့်ကာ ထိုးပါလေတော့သည်။ သို့သော်လည်း ခံတပ်ကား မပေါက်မကျိုး၊ အင်အားတောင့်တင်းလှပါဘိတောင်း။ ကိုအောင်ဆန်းကား အရှုံးမပေး ဇွဲလည်းမလျှော့၊ သွေးထွက်နေသော ဒဏ်ရာကို ရေဖြင့်ဆေးပြီး နဖူးမှ ခြေမအထိ တဒီးဒီးကျနေသော ချွေးများကို အင်္ကျီချွတ်၍ သုတ်ပါလေ၏။ ထို့နောက် အနည်းငယ်မျှ အနားယူပြီး ခုန်နည်းစနစ် တမျိုးပြောင်းကာ ခုန်ပါလေတော့သည်။
ဤစတုတ္ထအချီ ခုန်သောအခါတွင်မူကား ကိုအောင်ဆန်း အောင်ပန်းဆင်မြန်းလိုက်ပါပြီ။ ဤတချီ ခုန်သည့်နည်းမှာ အဝေးမှ အရှိန်ယူ၍ ပြေးလာပြီးနောက် ဝါးလုံးတန်းနှင့် အကွာအဝေး အနေတော်လောက် ရောက်လျှင် အနည်းငယ် အရှိန်သတ်ပြီး သူ၏ကိုယ်ကို လေထဲသို့ အစွန်းပင့်တင့်ကာ တကိုယ်လုံး လွတ်အောင် ကြိုးစား၍ ကျော်လွှားလိုက်သည့်နည်းပင် ဖြစ်ပါသည်။ ဤသို့ လွတ်အောင် ခုန်ပြီးသောအခါ ကိုအောင်ဆန်းသည် သူ့ဦးလေးဆီသို့ ပြုံးပြုံးကြီး လျှောက်လာပြီး အနာဆေးထည့်ရန် သူ့အဒေါ်ထံမှ လိမ်းဆေးတောင်းယူ၍ ဆေးလိမ်းပေတော့သည်။ ဤအဖြစ်သနစ်ကို တွေ့မြင်ရသော စာရေးသူသည် သူ့အား ကြည့်ရှု၍ ခွက်ထိုးခွက်လန် ရယ်ခဲ့ရရုံမျှမက သူ၏ မလျှော့သော လုံ့လ၊ ဝီရိယ၊ ဇွဲသတ္တိကိုလည်း ဝမ်းထဲ၌ ကြိတ်၍ ချီးကျူးမိခဲ့တော့၏။
မြင်ယောင်မိခဲ့
နောင်အခါ ရဲဘော်သုံးကျိပ်ဝင် ပုဂ္ဂိုလ်တဦးအဖြစ်ဖြင့် ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ကြားနေစဉ် လှံစွပ်တိုက်ပွဲ လေ့ကျင့်ခန်းကို လေ့ကျင့်ရာ တပ်စုခေါင်းဆောင်အဖြစ် လေ့ကျင့်နေဆဲ အမောဆို့လုမတတ် မောပန်းနွမ်းခွေ သွားသော်လည်း မလျှော့သော ဇွဲသတ္တိကြောင့် ထိုတိုက်ပွဲလေ့ကျင့်ခန်းမှာ ကောင်းစွာ အောင်မြင် ထမြောက်သွားခဲ့သည်ဟူသော သတင်းကို ဤစာရေးသူ ကြားရသောအခါ၊ ကျောင်းသားဘဝက ဒူးအပြဲခံပြီး ဝါးလုံးတန်းကို မလွတ်မချင်း ခုန်လာခဲ့သော ကိုအောင်ဆန်း၏ ဇွဲသတ္တိကို ထင်းကနဲ မြင်ယောင်မိပါတော့သည်။
ထို့အပြင် ကိုအောင်ဆန်း သခင်ဘဝရောက်ပြီးမှ ထူးခြားသော အဖြစ်တခုကို တွေ့ခဲ့ရပါသေးသည်။ ထိုအဖြစ်အပျက်မှာ ကိုအောင်ဆန်း ဒို့ဗမာအစည်းအရုံးဝင်ပြီးနောက် သခင်အောင်ဆန်း အမည်ခံကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒို့ဗမာအစည်းအရုံးကြီး၏ အထွေထွေအတွင်းရေးမှုးအဖြစ် ဆောင်ရွက်နေစဉ် ၁၉၃၈ ခုနှစ် ဒီဇင်ဘာလအတွင်း၌ ရန်ကုန်မြို့ပေါ်ရှိ ကျောင်းသားအဖွဲ့အစည်းများ၊ အတွင်းဝင်များရုံးကို ဝိုင်းဝန်းပိတ်ဆို့ ဆန္ဒပြရန် တက္ကသိုလ်သမဂ္ဂခေါင်းဆောင်များ အပါအဝင် ကျောင်းသားခေါင်းဆောင်များနှင့် စီစဉ်ပြုလုပ်ခဲ့ပြီးနောက် သခင်အောင်ဆန်းသည် မိခင်ကြီးရှိရာ နတ်မောက်မြို့သို့ ခေတ္တခဏ အနားယူရန် ပြန်ရောက်လာသောအချိန်က ဖြစ်၏။
အေးမြသော ဆောင်းရာသီဖြစ်သော ဒီဇင်ဘာလ တတိယပတ်အတွင်း သာယာလှသော နေ့တနေ့၌ နံနက်ခင်း ရှစ်နာရီခန့်တွင် ဘုံဘိုင်ရေခြေညှပ်ဖိနပ်၊ ပလေကပ်လုံချည် အကွက်ကြဲကြဲ၊ ကော်လာမပါသော တပတ်နွမ်း ရှပ်လက်ရှည်အဖြူနှင့် အညာဖျင်အဖြူ ခပ်ပွပွရှည်ရှည်ကို ဝတ်ဆင်ပြီးထားပါသည်။
ချည်ထည်မာဖလာ လည်စီးပုဝါကို တပတ်ရစ်လျက် အမြိတ်စနှစ်ဘက်ကို ရင်ဘတ်ပေါ်တွင် တွဲလဲချကာ ဆင်မြန်းထားပြီး ကတုံးဆံတောက် (ခေါ်) ကတုံး ဘိုကေ ညှပ်ထားသော သခင်အောင်ဆန်းသည် သူ၏ ဦးလေးကြီး ဦးဖိုးသင့်၏ တဦးတည်းသော သမီး မကံဆယ်၊ ဦးလေးငယ်၊ ဦးလေးညိုတုတ် (ဦးငွေဆိုင်း)၏ သမီးများဖြစ်သော မမောက်နှင့် မထွေး အသက်အရွယ်အားဖြင့် ခြောက်နှစ်ကျော်ကျော်၊ ခုနစ်နှစ်ခန့်မျှ ရှိကြသေးသော ညီအစ်မသုံးယောက်အား “ညီမတို့ ကိုလေးဆန်း ပြောစရာရှိတယ်၊ ခဏလာကြအုံး” ဟု လှမ်း၍ ခေါ်သည်ကို ကြားလိုက်ရပါသည်။ ထို့နောက် နေအိမ်ကြီးနှင့် ဆီဂိုဒေါင်အကြားရှိ မြေကွက်လပ်တွင် ညီအစ်မ သုံးဖော်အား တန်းစီစေပြီး ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးတရားကို လက်သီးလက်မောင်းတန်းကာ ဟောပါလေတော့သည်။
တဝါးဝါးနှင့်
အနည်းငယ် ဟောမိလျှင်ပင် ကလေးသုံးယောင်သည် တဝါးဝါးနှင့် အူလိုက်အသည်းလိုက် ရယ်လေသော်ဟူ၏။ သူ့တရားပွဲ ပြီးဆုံးသွားသောအခါ “သခင်မျိုးဟေ့ … ဒို့ဗမာ” “အရေးတော်ပုံ အောင်ပါစေ” ဟူသော ကြွေးကြော်သံနှစ်ရပ်ကို သူက သုံးကြိမ်တိတိ တိုင်ပေးပြီး ကလေးသုံးယောက်အား လိုက်၍ အော်ဟစ် ကြွေးကြော်စေပါသည်။ ထိုသို့ ကြွေးကြော်ပြီးသည့် ခဏ၌ “ညီမလေးက လိမ္မာတယ်ဟေ့၊ ကိုလေးဆန်း မုန့်ဝယ်ကျွေးမယ်” ဟု ပြောပြောဆိုဆို တဟားဟား ကျယ်လောင်စွာ ရယ်မောကာ ညီမကလေးသုံးယောက်အား မုန့်ဝယ်ကျွေးပါတော့သည်။ ဤတရားပွဲကို မလှမ်းမကမ်းမှ မြင့်တွေ့နေရသော သူ့ဦးလေးတဦးက “အောင်ဆန်းတယောက်တော့ တံတားကလေးဆေးရုံကို ပို့နေရဦးမလား မသိဘူး” ဟူ၍ ခပ်တိုးတိုး မှတ်ချက်ချသည်ကို ဤစာရေးသူပင် ကြားလိုက်ရပါသည်။ သို့သော်လည်း ယင်းသို့သောလုပ်ရပ်ကို သေချာစွာ ဆန်းစစ်ကြည့်သည်ရှိသော် သခင်အောင်ဆန်းသည် ဒို့ဗမာအစည်းအရုံးကြီး၏ အထွေထွေအတွင်းရေးမှူး အဖြစ်ဖြင့် နောင်သောအခါတွင် အပွဲပွဲနွဲရန် ရှိနေသည့် ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး တရားပွဲများ၊ အင်္ဂလိပ်အစိုးရ အာဏာဖီဆန်ရေး တရားပွဲများအတွက် အလေ့အကျင့်ရရန် ကြိုတင်ပြင်ဆင်ကာ နယ်ချဲ့အစိုးရ တိုက်ထုတ်ရေးအတွက် မောင်းတင်လိုက်ခြင်းဖြစ်သည်ဟု ဆိုက ဆိုနိုင်ပေသည်။
ကြေးနန်းရစဉ်
ထိုနေ့ ညနေပိုင်းတွင်းပင် ရန်ကုန်မြို့အတွင်းဝန်များရုံးသို့ ဝိုင်းဝန်းဆန္ဒပြကြသော ကျောင်းသူကျောင်းသားများအား ပုလိပ်များက မြင်းနှင့်တိုက် ဒုတ်နှင့် ရိုက်သဖြင့် သွေးထွက်သံယို ဖြစ်ကြသောကြောင့် ရှေ့ခြေတဆင့် တိုး၍ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်သို့ အမြန်ပြန်လာပါရန် ဒို့ဗမာအစည်းအရုံးဋ္ဌာနချုပ်မှ ပေးပို့သော ကြေးနန်းစာကို သခင်အောင်ဆန်း ရရှိသဖြင့် ကြေးနန်းလက်ခံရလျှင် ရချင်း နတ်မောက်မြို့ အထက်တန်းကျောင်းမှ ကျောင်းသားသမဂ္ဂအမှုဆောင်များကို သာသနာ့ဟိတ စာကြည့်တိုက်တွင် ချက်ချင်း အစည်းအဝေးခေါ်ကာ ရန်ကုန်မှ အဖြစ်အပျက်များကို ရှင်းပြပြီး ရှေ့ဖို့တွင် ရန်ကုန်ရှိ ဗမာလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) မှ ညွှန်ကြားသည့်အတိုင်း တသွေမတိမ်း လိုက်နာလုပ်ဆောင်ကြရန် ညွှန်ပြပြောဆိုပြီးလျှင် နောက်တနေ့ နံနက်စောစော မီးရထားဖြင့် နတ်မောက်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားပါတော့သည်။ ဤကား သခင်အောင်ဆန်းအဖြစ်ဖြင့် နတ်မောက်မြို့သို့ နောက်ဆုံးလာခဲ့ခြင်း ဖြစ်ပေသတည်း။
မှတ်ချက် ။ ။ ဤဆောင်းပါးရှင် စည်သူကျော်ထင်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ညီအစ်ကိုတဝမ်းကွဲတော်သူ ဖြစ်ပါသည်။ (အယ်ဒီတာ)
(အိုးဝေဂျာနယ်-အမှတ် ၈၀၊ စာမျက်နှာ ၁၇-၁၈)
၁၃၃၃ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်
၁ ရက်၊ ၁၂ လ၊ ၁၉၇၁
(ဟေသီမိုး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)
အပြည့်အစုံသို့...
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၃-၂-၂၀၁၂ - နံနက်ပိုင်း) (ဗိုလ်ချုပ်မွေးနေ့)
- တိုင်ရီဆန္ဒပြပွဲ ခြောက်ရက်မြောက် ဆက်ဖြစ် click
- မြိုင်အုပ်ချုပ်ရေးမှူး အန်အယ်လ်ဒီ ဈေးရောင်းပွဲ ပိတ်ပင် click
- ပင်လုံစိတ်ဓာတ် ခိုင်မာဖို့ NLD တိုက်တွန်း click
- ပင်လုံစိတ်ဓာတ်ရှိရန် ဒေါ်အောင်ဆန်းစုကြည် ပြော click
- ညီနောင်တိုင်းရင်းသားပါတီများ စုပေါင်းကျင်းပသည့် ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ (ရုပ်သံ) click
- ၀ါသိင်္ခရောက် ဒေါ်အောင်ဆန်းစုကြည် (ရုပ်သံ) click
- ပြည်ထောင်စု၊ လူထုရဲ့နိုင်ငံရေးရေချိန်နဲ့ ရွေးကောက်ပွဲသို့သွားရာလမ်း ၂ (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းဖို့ သမ္မတ ဦးသိန်းစိန် တိုက်တွန်း click
- ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားဆဲလို့ သမ္မတ ဦးသိန်းစိန် ပြောကြား click
- ရွေးကောက်ပွဲ နိုင်ငံတကာလေ့လာသူများ ခွင့်ပြုဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ တိုက်တွန်း click
- လုပ်ဖော်ကိုင်ဖက်များ တွေ့ဆုံညှိနှိုင်းခြင်းနှင့် မီဒီယာများသို့ အကူအညီတောင်းခံခြင်း အခမ်းအနား click
- မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့အခမ်းအနား ရင်ဖွင့်ပြောကြားချက်များ (ရုပ်သံ) click
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် လူမှုရေးအဖွဲ့ ဖွဲ့စည်း click
- ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုနှင့် မြန်မာနိုင်ငံ ပါဝင်နိုင်မှု အခြေအနေ click
- KNU တပ်မဟာ ၆ တွင် ၆၄ နှစ်မြောက် ကရင်အမျိုးသားနေ့ စည်ကား click
- ဗိုလ်ရာဇာနှင့် ခေါင်းဆောင် ၅ ဦး အောက်မေ့ဖွယ်နေ့ အခမ်းအနား မလေးရှား၊ အိန္ဒိယနှင့် ဘင်္ဂလာဒေ့ခ်ျတွင် ပြုလုပ် click
- နိုင်ငံရေးခေါင်းဆောင် တဲ့ ... ၊ နိုင်ငံရေးအကောင် တဲ့ ... click
- တစညပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီး (ရုပ်သံ) click
- အစိုးရနဲ့ တွေ့ဆုံစကားပြောလာတဲ့ ABSDF ကျောင်းသားတပ်မတော် (ဒီမိုကရေစီရေးရာ) click
- ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရှင်းတမ်း – အပိုင်း ၁ (ဆောင်းပါး) click
- မဟန ဘာလဲ ဘယ်လဲ ဘာလုပ်မှာလဲ (ဆောင်းပါး) click
- မြန်မာနိုင်ငံ အပြောင်းအလဲနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- ကျောက်ဖြူ-ကူမင်း ပိုက်လိုင်း ရှေ့နှစ် အစမ်းလည်ပတ်မည် click
- မလေးရှားမှာ မြန်မာတချို့ ဖမ်းဆီးခံရ click
- သံတွဲမြို့မဈေး မီးလောင် click
- နယူးယောက်မြို့ရောက် ဇာဂနာနဲ့ မြန်မာတို့ တွေ့ဆုံ၊ ရုပ်သံထွက်ရှိ click
- အညတရများ (ကဗျာ) click
- ဆီးရီးယားအရေး စောင့်ကြည့်မှုအဖွဲ့ ခေါင်းဆောင် နုတ်ထွက် click
- ဆီးရီးယားမှာ ငြိမ်းချမ်းရေးတပ်ဖွဲ့ချဖို့ အဆိုပြု click
- ကုလထိန်းသိမ်းရေးတပ် ဆီးရီးယား စေလွှတ်ဖို့ အာရပ်အဖွဲ့ချုပ် တောင်းဆို click
- ဆေ့ဖ်ကဒါဖီကို အကျဉ်းထောင် ပြောင်းမယ် click
- ဆော်ဒီသတင်းထောက်ကို မလေးရှားက ပြန်ပို့ click
- မီးရှို့ဆန္ဒပြသူ တိဘက်သီလရင် သေဆုံး click
- ဂရိမှာ ခြုံခြံရေးအစီအမံကို အတည်ပြု click
- အဆိုတော် Whitney Houston ကွယ်လွန် click
- ကမ္ဘာကျော် အဆိုတော် Whitney Houston ကွယ်လွန် click
- ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု click
- ဇမ်ဘီယာ ချန်ပီယံ ဖြစ်သွားတဲ့ အာဖရိကဖလား ဗိုလ်လုပွဲ click
- နည်းပညာ သတင်းလွှာ (ရုပ်သံ) click

ဖေ့စ်ဘွတ်ခ်က အပြန် (၁၃-၂-၂၀၁၂ - ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့)
ရင်ခွင်သစ် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ “ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ ပန်းချီကားများ)
‘မဟန’ သို့ လျှောက်ထားစာ ရေးပို့သည့် အရှင်ဂမ္ဘီရ၏ လက်ရေးမူ
ကော့မှူးမှာ ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်းဝင်ထားသည့် အိမ်
ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းတထောင်းထောင်းကြားက ကော့မှူးသားများ ကြိုဆိုကြပုံ
ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်တဦးနှင့်
ဒေါ်အောင်ဆန်းစုကြည်တို့၏ သွေးစည်းချစ်ကြည်မှု
ဒေါ်အောင်ဆန်းစုကြည်တို့၏ သွေးစည်းချစ်ကြည်မှု
ဟင်္သာတရောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်
စီးပွားရေးနိုဘဲလ်ဆုရှင် စတစ်ဂ်လစ်ရဲ့ ဟောပြောပွဲကို တက်ရောက်နားထောင်သည့်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး
စာရေးဆရာ
ဝေမှူးသွင် (၀ဲစွန်)၊ စာရေးဆရာ ဇော်ဇော်အောင် (၀ဲ-ဒု)၊ စာရေးဆရာ သစ္စာနီ
(ယာစွန်) တို့နှင့် စကားလက်ဆုံကျနေသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
ကိုအံ့ဘွယ်ကျော်
နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဝေမှူးသွင်၏ ကဗျာတစ
ကွယ်လွန်သူ ဖေဖေ ထူးအိမ်သင်နှင့် သမီးလေး မိကွန်ထောတို့၏ ကြည်နူးစရာမြင်ကွင်း
ပြည်တော်ပြန် ဗဟု လေးဦး
သံတွဲဈေးကြီးမီး
အပြည့်အစုံသို့...မြန်မာအစိုးရရဲ့ လျှို့ဝှက်စီမံကိန်း
မြန်မာအစိုးရရဲ့ လျှို့ဝှက်စီမံကိန်း
ဘာတေးလ် လစ်တနာ
မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရနဲ့ အရင်အစိုးရတို့ရဲ့ အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေအပေါ်မှာ နိုင်ငံတကာက ဝေဖန်ပြစ်တင်တာတွေ ရပ်တန့်သွားပြီး ခုချိန်မှာ မြန်မာအစိုးရအတွက် နိုင်ငံတကာမိတ်ဆွေတွေ တိုးပွားနေပါတယ်။
အမေရိကန်အစိုးရနဲ့ ဥရောပသမဂ္ဂအတွင်းက ရန်သူဟောင်းတွေကလည်း အခုအခါ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းသူက ရုပ်သိမ်းကြသလို၊ တချို့ကလည်း ရုပ်သိမ်းဖို့ ပြင်နေကြပြီ။ နိုင်ငံပေါင်းစုံ ဖြန့်ကျက် လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေကလည်း အာရှမှာ နောက်ဆုံး ရင်းနှီးမြုပ်နှံရာ မြန်မာစားကျက်မြေကြီးထဲကို ခြေစုံပစ်ဝင်လိုက်ဖို့ရာ ခြေလှမ်းတပြင်ပြင် ဖြစ်နေပြီ။
သမ္မတသိန်းစိန်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေဆိုတာနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာကို အနောက်ကမ္ဘာတခုလုံးက ကန့်ကွက်သူ မရှိသလောက်နီးနီး ချီးမွမ်းသြဘာပေးနေကြတယ်။ ဒါပေမယ့် တကယ်တမ်း ဘာတွေ ပြောင်းပါသလဲ။ အဲဒီအပြောင်းအလဲဆိုတဲ့ အပြောတွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေသလဲ။
- ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲတွေအပေါ်မှာ ရက်ရက်စက်စက် နှိမ်နင်းဖြိုခွဲခဲ့တာတွေ၊
- ၂၀၀၈ ခုနှစ် အစောပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ နာဂစ်ဘေးဆိုးကာလကြီးရဲ့ အစပိုင်းမှာ အကြင်နာကင်းမဲ့ ရက်စက်တဲ့ တုံ့ပြန်ပုံတွေ၊
- ဒီလူသတ်မုန်တိုင်းကြီး ဖြစ်ပြီးကာစမှာပဲ အခြေခံဥပဒေသစ်နဲ့ ပတ်သက်တဲ့ အတုအယောင် ဆန္ဒခံယူပွဲကြီး ကျင်းပခဲ့လို့ အများက ဝိုင်းဝန်းရှုတ်ချ ပြစ်တင်ခံရတာတွေ၊
- ၂၀၁၀ နိုဝင်ဘာမှာ လုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြောင်ပြောင်တင်းတင်း မဲခိုးမဲညစ်ပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့တွေက မဲတွေ သိမ်းကျုံး လုယူသွားတာတွေကို မကြာသေးခင် ကာလကလေးမှာပဲ နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းရှုတ်ချ အပြစ်တင်ခဲ့ကြပါသေးတယ်။
အခုခေတ်စားနေတဲ့ သီအိုရီတခုအရ အစိုးရအဖွဲ့အတွင်းမှာ ခေါင်းမာသူတွေနဲ့ ပြုပြင်ပြောင်းလဲလိုသူတွေ အာဏာလွန်ဆွဲနေကြတယ်လို့ ဆိုပါတယ်။ ခုလောလောဆယ်အထိတော့ ပြုပြင်လိုသူတွေက အသာစီးရနေသေးတယ်လို့လည်း ဆိုကြလေရဲ့။
“ဖက်ဒရယ်မူကို
အစိုးရဘက်က ထည့်တောင်မစဉ်းစားဘဲ တောက်လျှောက် တသမတ်တည်း ငြင်းဆန်နေတဲ့
အချက်ဟာလည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ သဘောတူညီချက်ကို တာရှည်တည်တံ့ဖို့
မဖြစ်နိုင်တဲ့အချက် ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာလည်း စစ်တပ်ကို
အဓိကထားပြီး ဗဟိုကချုပ်ကိုင်တဲ့ အစိုးရပုံသဏ္ဍာန်ကို အခြေခံရေးသားထားပါတယ်။
ဒါ့ကြောင့် လတ်တလော ပြောနေကြတဲ့ “ပြုပြင်ပြောင်းလဲရေး” ဆိုတာနဲ့ ပတ်သက်ပြီး
အပျော်လွန်နေတဲ့ ကာလဟာ သိပ်ရှည်ကြာမယ်မထင်ပါဘူး။ စစ်တပ်ကို လွှတ်တော်ထဲမှာ
တရားမဝင် ဗီတိုအာဏာတွေ အလွန်အကျွံပေးထားတဲ့ လက်ရှိ အခြေခံဥပဒေကို
ဖျက်ရင်ဖျက်၊ ဒါမှမဟုတ် အများအပြားကို ပြင်ရင်ပြင်၊ အဲသလိုမှမဟုတ်ရင်
တိုင်းရင်းသားပြဿနာဟာ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။”
အနောက်နိုင်ငံ တော်တော်များများက ဘာပဲလုပ်လုပ် သူတို့လုပ်တဲ့ အလုပ်တိုင်းဟာ ပြုပြင်လိုသူတွေကို ထောက်ခံအားပေးရာရောက်ဖို့နဲ့ လောလောဆယ် ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်ဆုတ်မသွားဖို့ဆိုတဲ့ အချက်အပေါ်မှာ ပေါ်လစီချ ဆောင်ရွက်နေကြတာကလည်း အထင်အရှားပါပဲ။ ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ဒီသဘောထားကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အီးယူ ဥရောပသမဂ္ဂ ဥက္ကဌ ဟားမန်းဗန်ရွန်းပါက ဘရပ်ဆဲလ် ထိပ်သီးအစည်းအဝေးမှာ ကြေညာ ပြောဆိုခဲ့ရာမှာ “မြန်မာအစိုးရရဲ့ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုပါတယ်။ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုတဲ့ သန္နိဌာန်ထားရှိဖို့ကိုလည်း တိုက်တွန်းအားပေးပါတယ်” လို့ ပြောခဲ့ပါတယ်။
အဲသလို သူမပြောခင် တရက်အကြိုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း လာမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါခွင့်ပေးတာ အပါအဝင် မြန်မာနိုင်ငံရဲ့ လောလောဆယ်လုပ်တဲ့ အပြောင်းအလဲတွေကို “အားပေး” ပါတယ်လို့ ပြောခဲ့ပါတယ်။
တချို့လူတွေကတော့ အစိုးရခေါင်းဆောင်တွေကြားက အကွဲအပြဲဆိုတာတွေဟာ ပြည်တွင်းအတိုက်အခံတွေ ငြိမ်နေအောင်၊ အနောက်နိုင်ငံတွေဆီက အရင်ဝေဖန်သူဟောင်းတွေရဲ့ အသံတွေ တိတ်ပြီး နိုင်ငံခြားမိတ်ဆွေတွေ တိုးလာအောင် သူတို့ စစ်ဗိုလ်အချင်းချင်းကြားမှာ လူဆိုးလူကောင်းအုပ်စုခွဲပြီး ဇာတ်တိုက်ကပြနေကြတာလို့ သံသယဝင်ကြပါတယ်။
တချို့ကတော့လည်း သိန်းစိန်အစိုးရဟာ သူတို့ စစ်အာဏာရှင် အသိုင်းအဝိုင်းအတွင်းမှာတောင် သူ့ခြေလှမ်းကို ကြိုမခန့်မှန်းနိုင်လောက်အောင် ဝှက်ဖဲတွေကို ခုချိန်အထိ ပါးပါးနပ်နပ် ကိုင်တွယ်ပြီး ကစားနေတယ်လို့ မြင်ကြပါတယ်။ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကို ဆယ်စုနှစ်တွေနဲ့ချီပြီး လေ့လာသူ မြန်မာတယောက်ကတော့ “တကယ်တမ်း အာဏာရှိတာက စစ်တပ်ဗျ။ ဒီမိုကရေစီအစိုးရ ကိုယ်စားလှယ်တွေမှာ ဘာအာဏာမှ ရှိတာမဟုတ်ဘူး” လို့ ပြောပါတယ်။
စနစ်တကျ အကွက်ချထားတဲ့ အစီအမံ
မြန်မာအစိုးရရဲ့ ပေါ်လစီအပြောင်းအလဲနဲ့ ဘာ့ကြောင့် အနောက်နိုင်ငံတွေက ဒီလောက် ထောက်ခံနေကြသလဲ ဆိုတာကို နားလည်နိုင်ဖို့ဆိုရင် ၂၀၀၀ ခုလွန် အစောပိုင်းကာလတွေကို ပြန်ပြောင်းကြည့်ရှုဖို့ လိုပါလိမ့်မယ်။ အဲဒီအချိန်တုန်းက နိုင်ငံတကာရဲ့ အပြစ်တင်မှု၊ ဖိအားပေးမှုတွေရှိနေပြီး အုပ်စိုးသူ စစ်အစိုးရဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသို့ ချီတက်ရာ လမ်းပြမြေပုံ ၇ ချက် ဆိုတာကို ၂၀၀၃ ခု သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။ အဲဒီ လမ်းပြမြေပုံအရ အခြေခံဥပဒေသစ် ရေးဆွဲ၊ ရွေးကောက်ပွဲ ကျင်းပ၊ ပြီးရင် လွှတ်တော်ခေါ်ယူပြီး ခေတ်မီဖွံ့ဖြိုးသော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်မယ်လို့ ဆိုပါတယ်။
လမ်းပြမြေပုံကို ပြည်သူသိအောင် ကြေညာခဲ့ပါတယ်။ တချိန်တည်းမှာပဲ လျှို့ဝှက်မဟာစီမံကိန်းတရပ်ကို တပြိုင်တည်း ရေးဆွဲခဲ့ပါတယ်။ အဲဒီစီမံကိန်းမှာ အမေရိကန် အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ဘယ်လိုဆက်ဆံမယ်ဆိုတဲ့ နည်းလမ်းတွေနဲ့ အတိုက်အခံကို ဘယ်လို ဟန့်တားမယ်ဆိုတာတွေ ထည့်သွင်းရေးဆွဲထားပါတယ်။ ဒီအက်စ်အေရဲ့ သုတေသန အရာရှိတယောက်ဖြစ်တဲ့ ဗိုလ်မှူးအောင်ကျော်လှ ရေးသားတယ်ဆိုတဲ့ အဲဒီလျှို့ဝှက်စီမံကိန်းကို ၂၀၀၄ ခုနှစ်မှာ ရေးသားပြီးစီးခဲ့ပါတယ်။ ဗိုလ်မှူးအောင်ကျော်လှ ဆိုတာ ဘယ်သူလဲဆိုတာတော့ သေသေချာချာ မသိရပါဘူး။
မြန်မာဘာသာနဲ့ ရေးတဲ့ အဲဒီစာတမ်းမှာ မဟာစီမံကိန်းရဲ့ နောက်ကွယ်က သေနင်္ဂဗျူဟာကို သုံးသပ် ဖော်ပြထားပါတယ်။ အောင်ကျော်လှ ဆိုတာဟာ တကယ်ရှိတဲ့ လူတယောက်လား၊ နာမည်ဝှက်လားဆိုတာ သေသေချာချာ မသိရပေမယ့် နာမည်ဝှက်လို့ ယူဆစရာ ရှိပါတယ်။
စာမျက်နှာ ၃၄၆ မျက်နှာရှိပြီး မြန်မာ-အမေရိကန်ဆက်ဆံရေး လေ့လာချက်လို့ နာမည်ပေးထားတဲ့ အဲဒီစာတမ်းမှာ အဓိက ဆွေးနွေးထားတာကတော့ မြန်မာရဲ့ တရုတ်နဲ့ သံတမန်ရေးရာ မဟာမိတ်ဖွဲ့ထားတဲ့ အနေအထားနဲ့ စီးပွားရေး မှီခိုအားထားနေရတဲ့ အခြေအနေဟာ တိုင်းပြည်ရဲ့လွတ်လပ်ရေးကို ခြိမ်းခြောက်ခံနေရတဲ့ အရေးပေါ်အခြေအနေကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။
ဒီစာတမ်းရဲ့ အကြံပြုချက်အရ၊ လမ်းပြမြေပုံ ၇ ချက်ကို အကောင်အထည်ဖော်၊ အစိုးရတရပ်ကို ရွေးကောက် တင်မြှောက်ခြင်းအားဖြင့် ပြင်ပကမ္ဘာက လက်ခံနိုင်လောက်တဲ့ ပုံစံဖြစ်လာအောင် လုပ်တဲ့နည်းလမ်း ကျင့်သုံးပြီး အနောက်အုပ်စုနဲ့ မြန်မာရဲ့ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို စစ်အစိုးရပုံစံနဲ့ အုပ်ချုပ်နေသေးသမျှမှာ အနောက်ကမ္ဘာနဲ့ ဆက်ဆံရေး ပုံမှန်မဖြစ်နိုင်ဘူးလို့ သူတို့အတွင်းစည်းမှာ တွေးခေါ်ယူဆတာကတော့ ထင်ရှားလှပါတယ်။
ဒါ့အပြင် မဟာစီမံကိန်းစာတမ်းမှာ အောင်ကျော်လှ အကြံပေးထားတာက လူ့အခွင့်အရေးပြဿနာကို အနောက်နိုင်ငံတွေက စိုးရိမ်ပူပန်တာမှန်ပေမယ့် အမေရိကန်ဟာ သူတို့ရဲ့ သေနင်္ဂဗျူဟာအတွက် အရေးပါတဲ့ အကျိုးစီးပွားတွေကြောင့် သူတို့မူကို ပြင်ဖို့ ဆန္ဒရှိလိမ့်မယ်လို့ ဆိုထားပါတယ်။ သေနင်္ဂဗျူဟာကျတဲ့ အကျိုးစီးပွားဆိုတာ ဘာတွေလဲ ဆိုတဲ့အချက်ကိုတော့ အတိအကျ ပြောပြမထားပါဘူး။
ဒါပေမယ့် သူတွေးခေါ်ပုံဟာ အမေရိကန်-တရုတ်အားပြိုင်မှုကို အခြေခံပြီး အမေရိကန်နဲ့ ဘုံအကျိုးတူ အခြေခံကို ရှာဖွေတွေ့ရှိနိုင်မယ်လို့ တွေးတာထင်ရှားပါတယ်။ အမေရိကန်ဟာ သေနင်္ဂဗျူဟာအရ အရေးပါတဲ့ အကျိုးစီးပွားတွေနဲ့ သက်ဆိုင်လာရင် ဒီမိုကရေစီနဲ့ ဆန့်ကျင်နေသော်ငြားလည်း သူ့မူဝါဒကို ပြုပြင် အလျှော့ပေးတတ်ကြောင်းကို အောင်ကျော်လှက ဗီယက်နမ်နဲ့ အာဏာရှင်ဆူဟာတို လက်ထက် အင်ဒိုနီးရှားဥပမာတွေနဲ့ ထောက်ပြပြောဆိုပါတယ်။
တကယ်လို့ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်အောင် လုပ်နိုင်ရင် မြန်မာအနေနဲ့ သေလုမျောပါး လိုအပ်နေတဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီက ငွေကြေးအကူအညီကို ရနိုင်မယ်လို့ အဲဒီမဟာစီမံကိန်းက ဖော်ပြပါတယ်။ ဒါဆိုရင် မြန်မာဟာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ စေတနာနဲ့ ကုန်သွယ်ရေးအပေါ်မှာ မီခိုနေရတဲ့ ဒေသတွင်း နိုင်ငံတနိုင်ငံအဆင့်ကနေ ကျော်လွန်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲကို ဝင်ရောက် နိုင်လိမ့်မယ်လို့ အကြံပြုထားပါတယ်။ မြန်မာဟာ အနောက်နိုင်ငံတွေရဲ့ ယုံကြည်မှုရအောင် တရုတ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဆက်ဆံရေးကို မလျှော့ချခင်မှာ ပေါ်ပေါက်လာနိုင်တဲ့ ပြဿနာတွေကိုလည်း မဟာစီမံကိန်းမှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။
အဲဒီစီမံကိန်းကို ရေးဆွဲနေစဉ်ကာလဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ ကာလဖြစ်ပြီး အဲဒီစာတမ်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သော့ချက်ဖြစ်တယ်လို့ ရေးထားပါတယ်။ သူ့ကို ဖမ်းထားတဲ့ အချိန်တွေမှာ နိုင်ငံရေးဖိအားတွေ ပိုမိုလာပြီး သူ့ကို လွှတ်ပေးထားရင် ဖိအားတွေ လျော့သွားတယ်လို့လည်း သုံးသပ်ထားပါတယ်။ စုကြည်ကို လွှတ်ပေးခြင်းဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တိုးတက်စေလိမ့်မယ်လို့ အစီရင်ခံစာမှာ ရေးထားသလို သူ့ရဲ့ အဆုံးစွန် ရည်မှန်းချက်အဖြစ် ရှင်းရှင်းလင်းလင်း ရေးသားထားတာကတော့ အတိုက်အခံအင်အားစုကို ဖြိုခွဲရေးပဲ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ရေးကို ဆန့်ကျင်တဲ့ အနောက်တိုင်းပညာရှင်တွေကိုလည်း နာမည်နဲ့တကွ ဖော်ပြပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အကြံပြုချက်ကတော့ သြဇာရှိတဲ့ အမေရိကန် ကွန်ဂရက်စ်အမတ်တွေရဲ့ နောက်ခံ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ခင်မင်ရင်းနှီးသော အိန္ဒိယသံတမန်များက အကူအညီပေးပါလိမ့်မယ်လို့ ဆိုထားတဲ့ အချက်ဖြစ်ပါတယ်။
စာတမ်းမှာ အဆုံးသတ် ကောက်ချက်ချထားတာကတော့ အစိုးရဟာ မီဒီယာတွေနဲ့ ပြည်ပရောက်အတိုက်အခံတွေ ဖွဲ့ထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ယှဉ်နိုင်မှာ မဟုတ်ပေမယ့် အမေရိကန် နိုင်ငံရေးသမားတွေနဲ့ လွှတ်တော်အမတ်တွေကို မြန်မာနိုင်ငံလာဖို့ ဖိတ်ကြားလိုက်ရင် နိုင်ငံတကာရဲ့အမြင်ကို အစိုးရဘက်ပါလာအောင် တဖြည်းဖြည်း ပြောင်းလဲနိုင်ပါလိမ့်မယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ အမေရိကန်အများအပြားဟာ မြန်မာနိုင်ငံထဲကို ရောက်လာကြပြီး ပြန်သွားတဲ့အခါ အရင်ကထက် ဝေဖန်တဲ့အသံတွေ တဖြည်းဖြည်း ပျော့လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မြန်မာအစိုးရဟာ အမေရိကန်နဲ့ ထိတွေ့ဆက်ဆံရေးမှာ အပေးအယူ အပြန်အလှန်ဆိုတဲ့ အခြေအနေမဟုတ်ဘဲ အသာစီးရတဲ့ အခြေအနေဖြစ်အောင် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
တရုတ်ကြောက်ရောဂါ
အောင်ကျော်လှရဲ့ ဒီစာတမ်းဟာ တရုတ်နဲ့ နီးနီးစပ်စပ် ဆက်ဆံနေရတဲ့အပေါ် စစ်အစိုးရရဲ့ မနှစ်သက်မှုကို ပထမဆုံး ရှင်းရှင်းလင်းလင်း ဖော်ပြတဲ့ လက္ခဏာရပ်ဖြစ်ပါတယ်။ တရုတ်နဲ့ နီးစပ်လာတာဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုတဲ့ လူထုလှုပ်ရှားမှုကြီးကို သတ်ဖြတ်နှိမ်နင်းမှုနဲ့ တခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အနောက်နိုင်ငံတွေက မြန်မာနဲ့ ဆက်ဆံရေးကို လျော့ချလိုက်တာကလည်း အကြောင်းတကြောင်းအနေနဲ့ တစိတ်တဒေသအားဖြင့် ပါဝင်ပါတယ်။ တရုတ်နဲ့ ဆက်ဆံရေး ပိုပြီးဆိုးလာတာကိုတော့ ၂၀၁၀ ခုနှစ်အတွင်း စစ်တပ်အတွင်းမှာပဲ ဖြန့်ဝေဖတ်ရှုတဲ့ အစီရင်ခံစာတွေကို ဖတ်ကြည့်ရင် ပိုပေါ်လွင်လာပါတယ်။
အဲဒီကာလအထိ တရုတ်ကို အားကိုးထိုက်တဲ့ မိတ်ဆွေလို့ ချီးမွမ်းပြောဆိုမှုတွေ ဆက်ရှိနေသေးပေမယ့် သစ်တောသယံဇာတတွေကို မတော်မတရား ရယူမှု၊ မူးယစ်မှောင်ခိုကုန်သွယ်ရေးကို ဆိုးဝါးစေမှု အပါအဝင် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဆိုးဆိုးဝါးဝါးကိစ္စအများစုမှာ တရုတ်ဟာ ဇစ်မြစ်အကြောင်းတရား ဖြစ်သလားဆိုတာကို တဖြည်းဖြည်း သုံးသပ်စပြုလာတယ်။ မြန်မာနိုင်ငံမှာ အဓိက မူးယစ်ဆေးဝါး ကုန်သွယ်ရေးလုပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ တရုတ်ကြား ရင်းရင်းနှီးနှီး ဆက်သွယ်ပတ်သက်နေတာကိုလည်း နေပြည်တော်အစိုးရ အာဏာပိုင်တွေအနေနဲ့ သတိမပြုမိစရာ အကြောင်းမရှိဘူး။
အဲဒီ့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာတော့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဆောင်ရွက်နေတဲ့ ဒေါ်လာ သန်း ၃,၆၀၀ တန် တရုတ်ဖက်စပ် မြစ်ဆုံစီမံကိန်းကို သိန်းစိန်အစိုးရက ဆိုင်းငံ့လိုက်ကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာပါတော့တယ်။ အမေရိကန်ပြည်ထောင်စုဘက်က ကြည့်တော့လည်း နေပြည်တော်အစိုးရက အမေရိကန်ပြည်ထောင်စုနဲ့ ထိတွေ့ပူးပေါင်းလိုကြောင်း ပြသတဲ့အချိန်မှာ မြန်မာကို တရုတ်နဲ့ ခွဲခွာအောင် အားပေးအားမြှောက် ပြုလုပ်ပေးရေးဟာ အဓိက ဦးစားပေးဖြစ်လာတယ်။
ဒါ့အပြင် သူတို့အတွက် စိတ်အနှောက်အယှက်ဖြစ်စေတဲ့ မြောက်ကိုရီးယားနဲ့ မြန်မာအကြား စစ်ရေးဆက်စပ်မှုကို ပျက်ပြယ်အောင်လုပ်ဖို့လည်း အမေရိကန်အစိုးရအနေနဲ့ စိတ်အားထက်သန်တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို လာတော့ အမေရိကန်ရဲ့ အဓိကလုပ်ငန်းစဉ်တွေထဲမှာ မြောက်ကိုရီးယားအရေးဟာ ထိပ်ပိုင်းက ပါလာတာဟာ ဘာမှအံ့သြစရာမရှိဘူး။
ပြုပြင်ပြောင်းလဲရေး လိုလားပါတယ်ဆိုတဲ့ သိန်းစိန် သမ္မတ ဖြစ်လာပြီးနောက် အစိုးရအရာရှိတွေက သူတို့နဲ့ မြောက်ကိုရီးယားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မရှိပါဘူးလို့ ကြေညာပြီးနောက်၊ ၂၀၁၁ ခုနှစ် မေလ၊ ဇွန်လတွေမှာတောင် မြောက်ကိုရီးယားကနေ မြန်မာနိုင်ငံကို သင်္ဘောနဲ့ လက်နက်တင်ပို့ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ မှတ်တမ်းတွေ ရှိခဲ့ပါတယ်။
မေလ ၂၆ ရက်မှာ မြန်မာနိုင်ငံအတွက် မြောက်ကိုရီးယားက မစ်ဇိုင်းလက်နက် အစိတ်အပိုင်းတွေနဲ့ စစ်လက်နက်တွေ သယ်ဆောင်လာတယ်လို့ သံသယရှိဖွယ်ဖြစ်တဲ့ M/V Light မြောက်ကိုရီးယား ကုန်တင်သင်္ဘောကို အမေရိကန် ရေတပ်ပိုင် USS McCampbell လေယာဉ်တင်သင်္ဘောက တွေ့ခဲ့တယ်။ အမေရိကန်သင်္ဘောက မြောက်ကိုရီးယာ သင်္ဘောဆီ ချဉ်းကပ်ပြီး သင်္ဘောပေါ်တက်ရောက် စစ်ဆေးခွင့်တောင်းပေမယ့် မြောက်ကိုရီးယားဘက်က ငြင်းခဲ့တယ်။
နောက်ထပ် ရက်အနည်းအငယ်အကြာ စင်္ကာပူနိုင်ငံအနီး ရှန်ဟိုင်းတောင်ဘက် ပင်လယ်ပြင်ထဲမှာတော့ နှစ်ဘက် ရင်ဆိုင် အချင်းများခဲ့ကြတယ်။ နောက်ဆုံးမှာတော့ အမေရိကန် ကင်းထောက်လေယာဉ်တွေနဲ့ ဆက်သွယ်ရေး ဂြိလ်တုက လမ်းတလျှောက် တောက်လျှောက် စောင့်ကြပ်လိုက်ပါလာတဲ့အတွက် မြောက်ကိုရီးယားသင်္ဘော မြောက်ကိုရီးယားကို ပြန်လှည့်သွားခဲ့တယ်။
အဲဒီအဖြစ်အပျက်နောက်ပိုင်း နေပြည်တော် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီကနေ ငွေကြေးအကူအညီ ရယူနိုင်အောင် အမေရိကန်ဘက်က ပိတ်ဆို့အရေးယူမှုတချို့ကို လျှော့ပေါ့ပေးဖို့ မက်လုံးပေးခဲ့ပြီး မြောက်ကိုရီးယားလက်နက်သင်္ဘော မြန်မာနိုင်ငံကို လာရောက်ဖို့ နောက်ထပ်ကြိုးစားတာမျိုးလည်း မကြားရတော့ပါဘူး။
မြန်မာအစိုးရအနေနဲ့ တရုတ်ကနေ ခွဲခွာချင်တဲ့ ဆန္ဒကို အမေရိကန်က ကောင်းကောင်း အမြတ်ထုတ် အသုံးချခဲ့တယ်ဆိုတာ သံသယဝင်စရာ မရှိပါဘူး။ “အမေရိကန်ပြည်ထောင်စုဘက်က ကြိုးစားဆောင်ရွက်နေတာကတော့ မြန်မာနိုင်ငံကို လစ်ဘရယ် အသွင်ပြောင်းချင်တဲ့ အင်အားစုတွေကို ထောက်ခံအားပေးကြောင်း ပြသဖို့ပါပဲ” လို့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှာ အခုအခါ အလုပ်လုပ်နေတဲ့ အမေရိကန်သံတမန်ဟောင်း ရောဘတ်ဖစ်က ပြောပါတယ်။
မကြာခင်မှာ မြန်မာနဲ့ သံတမန်ဆက်သွယ်ရေး မြှင့်တင်တဲ့အနေနဲ့ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံကို သံအမတ် ခန့်အပ်ပါတော့မယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်ထုတ် အမေရိကန် နယူးယောက်တိုင်းသတင်းစာမှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ စီအိုင်အေရဲ့ ညွှန်ကြားရေးမှူး ဒေးဗစ်ပက်ထရီးရပ်စ် ဒီနှစ်ထဲမှာ မြန်မာနိုင်ငံကို သွားမယ်လို့ အမေရိကန် အစိုးရအရာရှိတွေကို ကိုးကားပြီး ရေးသားခဲ့ပါတယ်။
စီအိုင်အေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လစ်ဘရယ်တန်ဖိုးတွေကို မြှင့်တင်ပေးသူ ထောက်ခံအားပေးသူအနေနဲ့ လူသိများတဲ့ အဖွဲ့အစည်းမျိုး လုံးဝမဟုတ်ပါဘူး။ စီအိုင်အေရဲ့ ဦးစားပေးလုပ်ငန်းဟာ အမေရိကန်အတွက် မြန်မာရဲ့သေနင်္ဂဗျူဟာအရ အရေးပါတဲ့ ကိစ္စလိုဟာမျိုးကို ဆောင်ရွက်ဖို့ပါ။
ဒီနေရာမှာ အန္တရာယ်ရှိလာနိုင်တဲ့ အချက်ကို လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက အောင်ကျော်လှက ရေးခဲ့ပါတယ်။ မြန်မာဟာ အမေရိကန်နဲ့ အပြန်အလှန်ဆက်ဆံရေး တိုးမြှင့်လာရင် တရုတ်ဟာ မြန်မာရဲ့ သွေးစည်းခိုင်မာမှုနဲ့ လွတ်လပ်ရေးကို တနည်းနည်းနဲ့ ခြိမ်းခြောက်လာနိုင်တယ် ဆိုတာပါပဲ။ ဒါ့ကြောင့် အားမျှအောင် ချင့်ချိန်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အောင်ကျော်လှက ပြောပါတယ်။ ဒါပေမယ့် ဘယ်လို အားမျှအောင် လုပ်မလဲဆိုတာကိုတော့ သူ့ရဲ့မဟာစီမံကိန်းမှာ ထည့်သွင်းရေးသားမထားပါဘူး။
ကောင်းကောင်းပြင်ဆင်ထားတဲ့ လမ်းကြောင်း
မြန်မာရဲ့ ပေါ်လစီသစ်တွေဟာ ရေရှည် အလုပ်ဖြစ်ပါ့မလားဆိုတာတော့ သံသယဝင်စရာ အကြောင်းတွေ ရှိပါတယ်။ မြန်မာနိုင်ငံက စစ်အစိုးရဝင်စားတဲ့ အရပ်သားအစိုးရထဲမှာ လူကောင်း၊ လူဆိုးအုပ်စု ကွဲပြားနေတယ်ဆိုတဲ့ ဝတ်စုံပြည့် ကပြနေတဲ့ ဇာတ်လမ်းကို နိုင်ငံတကာက ယုံကြည်ပုံရပေမယ့် ပြည်တွင်းပြည်ပက အဓိက အတိုက်အခံအင်အားစုတွေကတော့ ဒီလောက် အညှာလွယ်လွယ်နဲ့ ယုံကြည်ကြပုံမရပါဘူး။
မြန်မာနိုင်ငံမှာ လောလောဆယ် အရပ်သား အသွင်ပြောင်းထားတဲ့ လူကောင်းတွေထဲက တယောက်ပါဆိုတဲ့ မီးရထားဝန်ကြီး ဗိုလ်ချုပ်ဟောင်း အောင်မင်းဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား ခေါက်တုံ့ခေါက်ပြန်သွားပြီး ထင်ရှားတဲ့ အဝေးရောက် အတိုက်အခံတွေနဲ့ တွေ့ဆုံနေပါတယ်။ သူနဲ့ လတ်တလော တွေ့ဆုံကြရသူတွေကတော့ သူ့ရဲ့ ရည်ရွယ်ချက်တွေ၊ စစ်အစိုးရ တင်းမာအုပ်စု လူဆိုးတွေဆီက ပြောကြတယ်လို့ သူဆိုတဲ့ ညှိနှိုင်းလိုစိတ်မရှိတဲ့ လက္ခဏာတွေဆိုတာနဲ့ ပတ်သက်ပြီး သံသယကြီးကြီး ဝင်နေကြပါတယ်။
အောင်မင်းဟာ ၁၉၈၃ ခုနှစ်တုန်းက ရာထူးဖြုတ်ချခံခဲ့ရတဲ့ စစ်ထောက်လှမ်းရေး မျက်မှန်တင်ဦးရဲ့ တပည့်ဆိုတာကို သူတို့ သတိပြုမိကြပါတယ်။ မျက်မှန်တင်ဦးကို အကျင့်ပျက်ခြစားမှုတွေ အကြောင်းပြပြီး ရာထူးက ဖယ်ရှားခဲ့ပေမယ့် သူဟာ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ခေါင်းဆောင်မှုကို ခြိမ်းခြောက်တဲ့ စင်ပြိုင်ထောင်တဲ့ လုပ်ရပ်တွေကြောင့်သာ ဖယ်ရှားခံခဲ့ရတာက ပိုဖြစ်ဖို့ များပါတယ်။
၁၉၈၃ ခုနှစ်တုန်းက Far Eastern Economic Review မှာ အင်္ဂလိပ်သတင်းစာဆရာ ရော့ဒ်နီတပ်စကာက တင်ဦးနဲ့ သူ့ထောက်လှမ်းရေးတွေအကြောင်းကို အခုလို ရေးသားခဲ့ဖူးပါတယ်။
“သူတို့ဟာ တခြားအမြင်ကျဉ်းတဲ့၊ တရားသေဆန်တဲ့ မြန်မာခေါင်းဆောင်တွေထက် နိုင်ငံတကာအကြောင်း ပိုသိသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လက်ရှိ စစ်အစိုးရရဲ့ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေအောက်မှာ ရှိနေပုံရပေမယ့် သူတို့ကို နိုင်ငံခြားသွားခွင့်ပေးထားတယ်။ နိုင်ငံခြားသားတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောခွင့်ပေးထားတယ်” လို့ ဆိုပါတယ်။
ဒါပေမယ့် သူတို့ဟာလည်း သူတို့ရဲ့ ရန်သူတွေ၊ ပြိုင်ဘက်တွေအပေါ်မှာ အင်မတန် အညှာတာကင်း ရက်စက်ပြီး အလွန်ပါးနပ်လိမ္မာသူတွေအဖြစ် လူသိများပါတယ်။ မျက်မှန်တင်ဦးကိုယ်တိုင်ဟာ စပိန်နိုင်ငံ ပစိဖိတ်ကျွန်းစုတွေထဲက ကျွန်းတကျွန်းမှာ အမေရိကန် စီအိုင်အေသင်တန်းကို တက်ရောက်ခဲ့သူတယောက် ဖြစ်ပါတယ်။
အောင်မင်းဟာ ၁၉၈၃ ရှင်းလင်းပွဲမှာ တနည်းတဖုံ ကျန်ရစ်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ မြန်မာစစ်ထောက်လှမ်းရေး ၂၁ တပ်ဖွဲ့ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ အမှတ် ၆၆ ခြေမြန်တပ်ရင်းကို ရောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ တောင်ပိုင်းတိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခံရပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ အရင် ဗိုလ်ချုပ်သန်းရွှေ စစ်အစိုးရလက်ထက်မှာ မီးရထားဝန်ကြီး ဖြစ်လာပါတယ်။
ဒီနေ့ အဖြစ်အပျက်တွေကို ဆက်စပ်ကြည့်ရင် မဟာစီမံကိန်းမှာ ရေးသားထားတဲ့ စစ်အာဏာသက်ဆိုးရှည်ရေး အစီအစဉ်မှာ ကာလရှည်ကြာ ပြဿနာဖြစ်ခဲ့တဲ့ တိုင်းရင်းသားအရေးဟာ အဓိကပြဿနာ ဖြစ်ပါလိမ့်မယ်။
စစ်အစိုးရ လက်ရှိ အာဏာလွန်ဆွဲပွဲ
ဒီနှစ်ထဲမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ရွှေလီမြို့မှာ ကချင်သူပုန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သူပါ။ သူဟာ အရင် စက်မှုဝန်ကြီးဟောင်းဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ စုကြည်နဲ့ အပေါင်းအပါတွေကို အုပ်စုဖွဲ့ တိုက်ခိုက်ခဲ့လို့ စုကြည်ထောက်ခံသူ အများအပြား သေဆုံးဒဏ်ရာရခဲ့ကြတဲ့ ဒီပဲယင်းအရေးအခင်းကို နောက်ကွယ်က စီစဉ်ခဲ့သူတွေထဲက တယောက်လို့ ထင်မြင်ယူဆခံရသူ ဖြစ်ပါတယ်။
လူကောင်း အောင်မင်းဟာ ရွှေလီဆွေးနွေးပွဲကို မတက်ခဲ့ပါဘူး။ ဒါပေမယ့် သုံးသပ်သူတချို့ကတော့ နောက်ပိုင်းမှာ ဆွေးနွေးပွဲ ပျက်ပြားမယ့် အခြေအနေရောက်လာရင် အပျော့လိုင်းချဉ်းကပ်ပုံစံနဲ့ အောင်မင်းက ဝင်ရောက် ကယ်တင်လိမ့်မယ်လို့ ထင်မြင်နေကြပါတယ်။ အခုလို လူသိများထင်ရှားတဲ့ ပုဂ္ဂိုလ်တွေက အသေအချာ ပြင်ဆင်ထားတဲ့ ဆွေးနွေးရေး နည်းလမ်းတွေနဲ့ ဆောင်ရွက်နေတာတွေကို ပုန်ကန်သူ တိုင်းရင်းသားတွေဘက်က လက်ခံလက်မခံ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။
ဖက်ဒရယ်မူကို အစိုးရဘက်က ထည့်တောင်မစဉ်းစားဘဲ တောက်လျှောက် တသမတ်တည်း ငြင်းဆန်နေတဲ့ အချက်ဟာလည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ သဘောတူညီချက်ကို တာရှည်တည်တံ့ဖို့ မဖြစ်နိုင်တဲ့အချက် ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ဟာလည်း စစ်တပ်ကို အဓိကထားပြီး ဗဟိုကချုပ်ကိုင်တဲ့ အစိုးရပုံသဏ္ဍာန်ကို အခြေခံရေးသားထားပါတယ်။ ဒါ့ကြောင့် လတ်တလော ပြောနေကြတဲ့ “ပြုပြင်ပြောင်းလဲရေး” ဆိုတာနဲ့ ပတ်သက်ပြီး အပျော်လွန်နေတဲ့ ကာလဟာ သိပ်ရှည်ကြာမယ် မထင်ပါဘူး။ စစ်တပ်ကို လွှတ်တော်ထဲမှာ တရားမဝင် ဗီတိုအာဏာတွေ အလွန်အကျွံပေးထားတဲ့ လက်ရှိ အခြေခံဥပဒေကို ဖျက်ရင်ဖျက်၊ ဒါမှမဟုတ် အများအပြားကို ပြင်ရင်ပြင်၊ အဲသလိုမှ မဟုတ်ရင် တိုင်းရင်းသားပြဿနာဟာ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။
ဒါ့အပြင် မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ တရုတ်တို့ ယှဉ်ပြိုင်ကြရာ နယ်မြေတခုသာ ဖြစ်လာခဲ့ရင်တော့ မြန်မာနိုင်ငံဟာ ရှေ့လျှောက် သေချာပေါက် ပိုပြီး ဒုက္ခရောက်မှာပါ။ မဟာစီမံကိန်းမှာ အောင်ကျော်လှ သတိပေးခဲ့တဲ့ တရုတ်-အမေရိကန် ပြဿနာဟာ အခုလက်တွေ့ ပေါ်ပေါက်နေပါပြီ။
ဘာတေးလ် လစ်တနာ
(အေးရှတိုင်းမှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖော်ပြခဲ့တဲ့ ဆောင်းပါးကို ဘာသာပြန်ထားတာဖြစ်ပါတယ်။)
မူရင်းဆောင်းပါးကို ဖတ်ရှုရန် ...
http://www.atimes.com/atimes/Southeast_Asia/NB10Ae01.html
မျှဝေပေးပို့သူ - ကိုဂျွန်
အပြည့်အစုံသို့...Sunday, February 12, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၂-၂-၂၀၁၂ - ညပိုင်း) (ပြည်ထောင်စုနေ့)
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ထောင်စုနေ့ ပြောကြားချက်များ (အသံဖိုင်) click
- ပြည်ထောင်စုနေ့မှာ NLD ဘာပြောသလဲ click
- ၀ါးသင်္ခရွာက ဘောလုံးကွင်းမှာ လူထုကို ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း click
- ဒေါ်အောင်ဆန်းစုကြည် ၀ါးသင်္ခရွာမှာ ဟောပြောခဲ့သော မိန့်ခွန်း (ရုပ်သံ) click
- မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့ (ရုပ်သံ) click
- ကိုရဲလင်း (မြောက်ပိုင်း ကျောင်းသားတပ်မတော် ဗဟိုကော်မတီဝင်) နှင့် အင်တာဗျူး (ရုပ်သံ) click
- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးနှင့် အင်တာဗျူး (ရုပ်သံ) click
- သံဃာ့အရေးတွေ ဆုံးဖြတ်တဲ့အခါ ဘက်မလိုက်ဖို့ တောင်းလျှောက်ပန်ကြားတဲ့ စာ click
- ဘင်္ဂလာအော်ရဲ့ ကောင်းမွေကို ဗမာစစ်အာဏာရှင်များ ခံစားပြီး ဆိုးမွေကိုကျတော့ ရခိုင်ပြည်သူများ ခံစားနေရကြောင်း ဗိုလ်ရာဇာအောက်မေ့ဖွယ်နေ့တွင် ရခိုင်လူငယ်တဦးက ပြောကြား click
- ဒါလား ဒီမိုကရေစီနှင့် လျှပ်စစ် ၂ ၀န်ကြီး ဦးခင်မောင်စိုး (ပေးစာ) click
- ကျနော့်မွေးနေ့နှင့် ၁ ရက်၊ ၁ လ ၁၉-- ခုနှစ်ဖွားများ (ဆောင်းပါး) click
- ဖျက်ဆီးခံရတဲ့ ကလေးငယ် (အက်ဆေး) click
- အမေ့ကဗျာ click

ဖေ့စ်ဘွတ်ခ်က အပြန် (၁၂-၂-၂၀၁၂ - ပြည်ထောင်စုနေ့)
၁၂-၂-၂၀၁၂ ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပနေသည့် NLD ရုံးရှေ့မြင်ကွင်း
ရန်ကုန်တိုင်း အောင်နိုင်ရေး တေးဂီတအဖွဲ့
အောင်နိုင်ရေး တေးဂီတအဖွဲ့ NLD ရုံးရှေ့တွင် ဖျော်ဖြေနေစဉ်
၁၂-၂-၂၀၁၂ ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပမည့် NLD ရုံးရှေ့သို့
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ရောက်ရှိလာစဉ်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ရောက်ရှိလာစဉ်
“ငါတို့တတွေ
မောင်နှစ်မရင်း ... စစ်တလင်းဖြစ်အောင် တိုက်ဦးမလား ...
အလှပန်းခင်းဖြစ်အောင် တွဲစိုက်ကြစို့လား” (အစ်ကိုကြီး မင်းကိုနိုင်၏
လက်ရေးမူရင်း သီချင်းစာသား)
ရန်ကုန်မြို့
ပြည်သူ့ရင်ပြင်တွင် ကျင်းပသော ၆၅ နှစ်မြောက်
မွန်အမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းဇေယျ
ကိုထွန်းအောင်ကျော်နှင့်တကွ ကျဆုံးခဲ့သူများ အမှတ်တရ
ကျဆုံးသွားသော ကျောင်းသားရဲဘော်များအတွက် ၀မ်းနည်းခြင်းပန်းပွင့်များ
ကျဆုံးလေသူများအတွက် ဖြေမဆည်နိုင်တဲ့ ၀မ်းနည်းမျက်ရည်များ
(Tomorrow အမည်ရ ပါဖောင်းမန့် ကြည့်ရှုနေစဉ်)
မြောက်ပိုင်းတွင်
ကျဆုံးသွားခဲ့သော ကိုမောင်မောင်ကြွယ်၏ မိခင် ဒေါ်ချိုချိုကျော်ငြိမ်း
အမှန်တရားဖော်ထုတ်ရေးအတွက် မန်းပွဲသို့ တက်ရောက်လာ
ဝမ်းနည်းအထိမ်းအမှတ် ရင်ထိုး
အပြည့်အစုံသို့...သွေးစည်းချစ်ကြည်ခြင်း၏ သင်္ကေတ
ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၂၂)
သွေးစည်းချစ်ကြည်ခြင်း၏ သင်္ကေတ
ဒေါက်တာလွဏ်းဆွေ
ပန်းချီ - ရင်ခွင်သစ်ဖေ့စ်ဘွတ်ခ်
“ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တို့တတွေ … ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ … သွေးစည်းကာသာလေ ညီညွတ်ချစ်ကြည်ပေ …”
ကျနော်တို့ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ အေးအတူ ပူအမျှ အတူတကွ နေထိုင်ကြရာ ပြည်ထောင်စုနိုင်ငံတနိုင်ငံ …။ ဖေဖော်ဝါရီလသည်ကား ကျနော်တို့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ သွေးစည်းချစ်ကြည်ခြင်း၏ သင်္ကေတ အထိမ်းအမှတ်လ …။ ထို့အတွက် သမိုင်းက အထင်အရှား သက်သေပြလျက်ရှိပေသည်။
လွန်ခဲ့သည့် ၅၁ နှစ်က မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံညီလာခံကြီးကို ဦးဆောင်ကျင်းပကာ ပြည်နယ်၊ ပြည်မမှ တိုင်းရင်းသားခေါင်းဆောင်အသီးသီး ပါဝင်လျက် ရေးထိုးခဲ့ကြသော ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ချုပ်ဆိုနိုင်ခဲ့ပေသည်။ ထိုပင်လုံစာချုပ်ဖြင့် တိုင်းရင်းသားလူမျိုးများ၏ သွေးစည်းချစ်ကြည်ရေး အဆောက်အအုံကို အခိုင်အမာ အုတ်မြစ်ချပေးခဲ့လေသည်။
ထိုတိုင်းရင်းသားလူမျိုးများ သွေးစည်းချစ်ကြည်ရေးသည် တိုင်းရင်းသားလူမျိုးများအချင်းချင်း သာတူညီမျှ ဆက်ဆံရေး၊ တန်းတူအခွင့်အရေး ခံစားရရှိရေး၊ အပြန်အလှန် နားလည်မှုနှင့် တဦးကိုတဦး ယုံကြည်လေးစားမှုဖြင့် ဆက်ဆံရေး၊ ဘာသာတရား ကိုကွယ်မှုနှင့် စာပေယဉ်ကျေးမှု ဓလေ့ထုံးစံများကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည် ဆောင်ရွက်ခွင့်ရရှိရေးတို့အပေါ်တွင် အခြေခံတည်ဆောက်ခဲ့ခြင်း ဖြစ်ပေသည်။
ထိုတိုင်းရင်းသားလူမျိုးများ သွေးစည်းချစ်ကြည်မှုအင်အားဖြင့်ပင် မြန်မာ့လွတ်လပ်ရေးကို အရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ တနည်းအားဖြင့် နိုင်ငံတနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများ သွေးစည်းချစ်ကြည်မှု၏ အရေးပါပုံကို ဗိုလ်ချုပ်တို့က အထင်အရှား သက်သေပြခဲ့ခြင်းပင် ဖြစ်ပါသည်။
ထို့ကြောင့် ဖေဖော်ဝါရီလသည် ဗိုလ်ချုပ်တို့ အုတ်မြစ်ချပေးခဲ့ရာ တိုင်းရင်းသားသွေးစည်းချစ်ကြည်ရေး အဆောက်အအုံ၏ အထိမ်းအမှတ်လ၊ တိုင်ရင်းသားသွေးစည်းချစ်ကြည်ရေး၏ သင်္ကေတဟုပင် ဆိုချင်ပါတော့သည်။
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၁၉၉၈ ခုနှစ်)
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၂-၂-၂၀၁၂ - နံနက်ပိုင်း) (ပြည်ထောင်စုနေ့)
- ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ရောက် click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ကော့မှူးခရီးစဉ် click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမြို့ စည်းရုံးရေးခရီးစဉ် click
- ကော့မှူးမြို့နယ် မဲဆန္ဒနယ် ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်မည်ကို ကန့်ကွက်သူ ပေါ်လာ click
- ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်မှု ခရိုင်ကော်မရှင် ပယ်ချ click
- ပြည်ထောင်စု၊ လူထုရဲ့ နိုင်ငံရေးရေချိန်နဲ့ ရွေးကောက်ပွဲသို့ သွားရာလမ်း (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- အကျိုးရှိမယ့်အရာတွေကို NLD ပါတီနဲ့ လက်တွဲပြီး ဆောင်ရွက်သွားမယ် (အင်တာဗျူး) click
- အရှင်ဂမ္ဘီရ ၀န်ခံကတိ ပေးခဲ့ရသလား click
- ကျည်ဆံတွေအစား ပန်းများဝေစေ လှုပ်ရှားမှု click
- အိန္ဒိယထောက်လှမ်းရေး လက်ချက်နဲ့ သေဆုံးရသူ တော်လှန်ရေးသမားများအတွက် ဆွမ်းကပ်လှူ click
- စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး စွန့်စားလုပ်ဆောင်ဖို့လို click
- စတစ်ဂ်လစ်ရဲ့ ဟောပြောချက် click
- နည်းပညာသုံးပြီး လောကကို အကျိုးပြုပါ click
- ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမှု ရှိပါ့မလား (ဆောင်းပါး) click
- ကျောင်းသားတွေ သဘောတူတဲ့ ပင်လုံစာချုပ်သစ် (ဆောင်းပါး) click
- ဒီမိုကရေစီ အိုးမှုတ်ခွက် (ကာတွန်း) click
- သံတွဲဈေး မီးလောင် click
- သံတွဲမြို့ ဗဟိုဈေးကြီး မီးလောင် click
- သံတွဲ မြို့မဈေးကြီး မီးလောင်မှု ဖြစ်ပွား click
- အရုဏ်တက်မီး သံတွဲဈေးအား အလစ်အငိုက် ဝါးမျို click
- သံတွဲဈေးကြီး မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၇၀၀ ကျော် မီးထဲပါ click
- မလေးရှားတွင် ရခိုင်အချင်းချင်း ဓားထိုးမှုဖြစ် click
- Orchid ဟိုတယ် နောက်ဆက်တွဲ click
- စာရေးဆရာကြီး မောင်လင်းယုန်(ရှမ်းပြည်)အား ရသအလင်းမှ ဂါရ၀ပြုဂုဏ်ပြုငွေ ချီးမြှင့်ပေးအပ်ခြင်း click
- စေတနာ ၈ နှစ်ပြည့် ခရီးလမ်း (ဓာတ်ပုံသတင်း) click
- ပုဂံဘုရားတွေကြောင့် သစ်တောပြုန်းရတာလား click
- ဆီးရီးယား စစ်ဘက်အရာရှိ လုပ်ကြံခံရ click
- ဆီးရီးယား စစ်တပ်ဗိုလ်ချုပ်တဦး လုပ်ကြံခံရ click
- ဆီးရီးယား စစ်တပ်အကြီးအကဲ လုပ်ကြံခံရ click
- အီရန် နျူကလီးယားအစီအစဉ်သစ်တွေ မကြာခင် ကြေညာမည် click
- မူဘာရက် ပြုတ်ကျတဲ့ တနှစ်ပြည့် ဆန္ဒပြပွဲများ ပါဝင်သူနည်း click
- ဂရိ ခြိုးခြံရေးအစီအမံသစ် မဲခွဲတော့မယ် click
- လစ်ဗာပူးလ်က ဆွာရက်စ် ဝေဖန်ခံနေရ click
- ရသပြတင်း အနုပညာသတင်းများ (ရုပ်သံ) click
- အာရှတိုက်သူ နိုင်ငံ့ခေါင်းဆောင်များ (ဆောင်းပါး) click
1 comments

No comments:
Post a Comment