Sunday, 26 February 2012

Monday, February 27, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၇-၂-၂၀၁၂ - နံနက်ပိုင်း)

- သုံးခွမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ် click
- ဒေါ်အောင်ဆန်းစုကြည် သုံးခွမြို့ကို စည်းရေးရေးခရီး သွားရောက် click
- လွတ်လပ်စွာ မဲပေးဖို့ သုံးခွလူထုကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- သုံးခွမြို့ လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အချို့ click
- နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းမြို့များသို့ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်မည် click
- အန်အယ်လ်ဒီပါတီရုံး မင်းဘူး (စကု) မှာ ဖွင့် click
- ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံပြန်တင် click
- ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ရမည်းသင်း၊ မြင်းခြံ လှည့်လည် click
- တိုင်းဝန်ကြီးချုပ်ဆီ စာရေးတိုင်တန်းခဲ့သူ အလုပ်သမားများ ခြိမ်းခြောက်ခံရ click
- မြန်မာနိင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီလား (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံသားများ အခန်းကဏ္ဍ (ဒီမိုကရေစီရေးရာ) click
- ကျနော် စိတ်အချဉ်ပေါက်ခြင်း (ဆောင်းပါး) click
- မြန်မာ့သစ်သီးဝလံ ပြည်ပတင်ပို့မှု အခွန်ကင်းလွတ် click
- ဆက်လျှောက်ဖို့ရန် လမ်းပျောက်နေဆဲ လမ်းလျှောက်နေဆဲ (ကဗျာ) click
- နောက်ပြန်မလှည့်ကြေး (ကာတွန်း) click
- ဆန္ဒခံယူပွဲကြား နှိမ်နင်းမှုကြောင့် ဆီးရီးယားမှာ လူ ၃၀ ကျော် သေ click
- ဆီးရီးယားနိုင်ငံမှာ ဆန္ဒခံယူပွဲ ကျင်းပ click
- ရုရှားဝန်ကြီးချုပ် ဆန့်ကျင်သူ ထောင်ပေါင်းများစွာ မော်စကိုမှာ ဆန္ဒပြ click
- ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအမှု အီဂျစ်မှာ စတင် ကြားနာ click
- နိုက်ဂျီးရီးယားမှာ ဗုံးခွဲတိုက်ခိုက် click
- တရုတ်နိုင်ငံသား အများအပြား အိုဘားမား ၀က်ဘ်ဆိုက်မှာ စာရေးကြ click

စစ်ဗိုလ်လူထွက်အစိုးရနဲ့ မြန်မာ့စီးပွားရေး

စစ်ဗိုလ်လူထွက်အစိုးရနဲ့ မြန်မာ့စီးပွားရေး
ဦးစိန်ကျော်လှိုင်

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရသစ် တက်လာပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်နိုင်ပါ့မလားလို့ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းတချို့က သံသယရှိပါတယ်။ ဘာကြောင့် အရပ်သားအစိုးရသစ်အပေါ် သံသယရှိရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဦးစိန်ကျော်လှိုင်က ခုလို အသေးစိတ် သုံးသပ်ထားပါတယ်။

အရပ်သားအစိုးရသစ်လက်ထက် ပြည်ထောင်စုဝန်ကြီး ၃၀ ကို ကြည့်ရင် အရပ်သားက ၄ ဦးသာပါပြီး ကျန်တာက ယူနီဖောင်း ၀တ်တာ မ၀တ်တာသာ ကွာခြားပြီး ဗိုလ်ချုပ်နဲ့ စစ်ဗိုလ်လူထွက်တွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ဗဟိုအစိုးရလို့ ပြောနိုင်တဲ့ ပြည်ထောင်စုဝန်ကြီးအဖွဲ့ဟာ အရပ်သား ၁၃ ရာနှုန်းသာပါပြီး စစ်သားက ၈၇ % ပါတဲ့ ၀န်ကြီးအဖွဲ့ ဖြစ်နေပါတယ်။

အရေးကြီးတဲ့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၀န်ကြီးလုပ်သူက စစ်အစိုရလက်ထက် ကုန်သွယ်ရေးကို အောင်မြင်အောင် မလုပ်နိုင်ခဲ့တဲ့ စစ်ဗိုလ်လူထွက် ဦးတင်နိုင်သိန်း ဖြစ်နေပါတယ်။ ကုန်သွယ်ရေးမှာ အရေးပါတဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်မှုဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့် ကြည့်ပြန်တော့လည်း အရပ်သားဖြစ်နေပေမယ့် ဆယ်တန်းမအောင်တဲ့သူ ဖြစ်နေပါတယ်။ ဘုရင့်နောင်ကုန်သည်တွေကတော့ ၀န်ကြီး ဦးဝင်းမြင့်ဟာ ၅ တန်း ၆ တန်းလောက်သာ ရှိသူလို့ အာရ်အက်ဖ်အေကို ပြောပါတယ်။

ခုလို စစ်ဗိုလ်လူထွက်နဲ့ ပညာရှင်မဟုတ်သူတွေက တိုင်းပြည်ရဲ့ အရေးပါတဲ့ စီးပွားရေးကို မကိုင်သင့်ဘူးလို့ စီးပွားရေးပညာရှင် ဒေါက်တာမျိုးညွန့်က အာရ်အက်ဖ်အေကို ပြောပြပါတယ်။

အရပ်သားအစိုးရဆိုပေမယ့် ကျွမ်းကျင်တဲ့ ပညာတတ်အရပ်သားတွေကို တာဝန်ပေးဖို့ မယုံစားတဲ့ သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ စီးပွားရေးကို နိုင်နိုင်နင်းနင်း မလုပ်နိုင်ဘူးလို့ မြင်တဲ့ အဖွဲ့အစည်းတွေထဲမှာ လန်ဒန်မြို့ထုတ် နာမည်ကျော် အီးအိုင်ယူမဂ္ဂဇင်းနဲ့ အေဒီဘီ အာရှဖွံ့ဖြိုးရေးဘဏ် ... စတဲ့ နိုင်ငံတကာအဖွဲ့တွေလည်း ပါဝင်ပါတယ်။

ဒါကြောင့်လည်း သမ္မတဦးသိန်းစိန်အစိုးရဟာ စစ်အစိုးရကနေ အရပ်သားအစိုးရလို့ နာမည်ပြောင်းထားတာ ဖြစ်တဲ့အတွက် အရည်အသွေးရှိတဲ့ စီးပွားရေးပေါ်လစီသစ်တွေ ချမှတ်ရာမှာ လတ်တလော တိုးတက်မှု မရှိနိုင်ဘူးလို့ လန်ဒန်မြို့ မတ်လထုတ် အီးအိုင်ယူမဂ္ဂဇင်းကြီးက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

“ခုလို စစ်ဗိုလ်လူထွက်နဲ့ ပညာရှင်မဟုတ်သူတွေက တိုင်းပြည်ရဲ့ အရေးပါတဲ့ စီးပွားရေးကို မကိုင်သင့်ဘူးလို့ စီးပွားရေးပညာရှင် ဒေါက်တာမျိုးညွန့်က အာရ်အက်ဖ်အေကို ပြောပြပါတယ်။”
အပြည့်အစုံသို့...

လမ်းပေါ်က ဆရာဝန်တဦးရဲ့ စိတ်ကူး

လမ်းပေါ်က ဆရာဝန်တဦးရဲ့ စိတ်ကူး
လမ်းပေါ်က ဆရာဝန်တဦး

ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ပထမပတ်အတွင်း ညွှန်ကြားချက်တစောင် ထုတ်ပြန်ခဲ့တယ်။ ကျန်းမာရေးဝန်ကြီးဌာနရှိ အစိုးရဆရာဝန်တွေကို နံနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်း ပြင်ပဆေးခန်းထိုင်ခြင်းနဲ့ အခြားလုပ်ငန်းတွေ မလုပ်ဆောင်ကြဖို့ သတိပေးတားမြစ်ခြင်းပါ။

မော်ဒန်သတင်းဂျာနယ်ပါ ဆရာဝန်ကြီးတွေရဲ့ အသံကို နားထောင်ကြည့်ပါ။

၁။ နိုင်ငံ့ဝန်ထမ်းမို့လို့ ရှစ်နာရီ အလုပ်လုပ်ရတာကို မပြောပါဘူး။ ဒါပေမယ့် အစိုးရဆေးရုံတွေမှာ လိုအပ်လာရင် အရေးပေါ် ခွဲစိတ်ကုသပေးတာတွေကို သတ်မှတ်အလုပ်ချိန်မဟုတ်လည်း လုပ်ရတာပဲ။ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်မယ်ဆိုရင်လည်း ခံစားခွင့်တွေပါ ပေးရမယ်။ အခုဟာက တုတ်ပဲပေးပြီး မုန့်တော့မပေးဘူး ဖြစ်နေတယ်။

၂။ တားမြစ်ချက်အရ ကျနော်တို့ဟာ အလုပ်ချိန်အတွင်း အပြင်မှာ ဆေးခန်းထိုင်လို့ မရတော့ဘူး။ အပြင်မှာ ထိုင်လို့မရတော့ လူနာတွေက အထူးကုဆရာဝန်တွေရှိမယ့် အစိုးရဆရာဝန်တွေရှိမယ့် အစိုးရဆေးရုံတွေပဲ အားကိုးလာမယ်။ အဲဒီအခါကျရင် အစိုးရဆေးရုံတွေမှာ Overload (လူနာများ) ဖြစ်လာနိုင်မယ်။ တဘက်က ပြန်ကြည့်ရင်လည်း ပုဂ္ဂလိကကျန်းမာရေးကဏ္ဍ တိုးတက်အောင်လုပ်မယ်ဆိုတာ ဘယ်လိုလုပ်မလဲ။

၃။ ဆရာဝန်တွေကို အစိုးရ၀န်ထမ်းအဖြစ်က ထွက်ဖို့ တွန်းအားပေးသလို ဖြစ်နိုင်ပြီး လူနာရှင်အနေနဲ့လည်း ပြင်ပပုဂ္ဂလိက ဆေးခန်းကုသမှုစရိတ်တွေလည်း မြင့်တက်လာနိုင်တယ်။

ဆရာဝန်ကြီးတွေ ပြောပြသွားတာ အားလုံးမှန်ပါတယ်။ ကျနော်သာ ၀န်ကြီးဆိုရင် ဒီညွှန်ကြားချက်ကို မထုတ်ပါ။ ၀န်ထမ်းတိုင်း နားလည်ပြီးသား။ ဆရာဝန်တွေက ပိုတောင် နားလည်နေသေးတယ်။
အပြည့်အစုံသို့...
2 comments

No comments:

Post a Comment