Tuesday, February 14, 2012
Monday, February 13, 2012
လုပ်ရဲရင် ခံရဲရမယ်
လုပ်ရဲရင် ခံရဲရမယ်
စိန်သံလုံး
ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၅ ခုနှစ်က နေသူရိန် အစည်းအဝေးမှာ ပြောခဲ့ဖူးပါတယ်။ သူသည် စီးပွားရေးသမား မဟုတ်၊ သူဋ္ဌေးဖြစ်ချင်သူ မဟုတ်၊ သူ့မှာ ငွေရှာနိုင်သော အခွင့်အရေး ရှိတဲ့အပြင် သရဖူလုပ်ပြီး ဆောင်းနိုင်းသော အခွင့်အရေးတွေ ရရှိခဲ့သော်လည်း သူ လိုချင်သော လွတ်လပ်ရေးသရဖူကိုသာ ဆောင်းလိုကြောင်း၊ သူ ဆောင်းလိုသော သရဖူမှာ လွတ်လပ်ရေးသရဖူသာ ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားသွားခဲ့ပါတယ်။ အဲဒီအချိန်က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်ရော အင်္ဂလိပ်ကပါ မက်လုံးတွေ ပေးပြီး စည်းလုံးသိမ်းသွင်းဖို့ ကြိုးစားနေချိန် ဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းက ဘယ်သူ့လက်ကိုင်တုတ်မှ အလုပ်မခံဘူး။
အဲဒီလို နိုင်ငံ့ခေါင်းဆောင် ပီသမှုအတွက် ကျေနပ်ဂုဏ်ယူခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရောက်လေရာ နေရာတိုင်းမှာ ပြည်သူတွေက ချစ်ခင်လေးစားစွာနဲ့ ကြိုဆိုဂုဏ်ပြုနေခြင်းက လုပ်ယူ၍ ရသောအရာ မဟုတ်ကြောင်း ထင်ရှားလှပါတယ်။ မနေ့တနေ့တုန်းဆီက လူကြီးတွေ နယ်ဆင်းတဲ့အခါ ကြိုဆိုကြတဲ့ ပြည်သူလူထုဆိုတာ နည်းလှပါတယ်။ တာဝန်အရ ကြိုခဲ့ကြတာပါ။ စိတ်ပါလက်ပါ ကြိုဆိုကြတာ မဟုတ်ဘူးဆိုတာ အထူးပြောဖို့တောင် လိုမယ်မထင်ပါ။
အဲဒါက ကွာခြားချက်တွေ အများကြီးကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်သူလူထုတွေက သူတို့အကျိုးကို ဘယ်သူ လိုလားတယ်ဆိုတာ သိကြပါတယ်။ အခြေအနေအရ မသိဟန်ဆောင်ချင်ဆောင်မယ်။ တကယ်တော့ သိနေကြပါတယ်။ ကိုယ်ကျိုးရှာသူတွေကို ဘယ်သူမှ မလေးစားပါဘူး။ နှစ် ၅၀ နီးပါး အာဏာရှင်တွေ ကိုယ်ကျိုးရှာခဲ့ကြတယ်မဟုတ်လား။
“စစ်ဗိုလ်ချုပ်တွေ အကုန်လုံးနီးပါးကို သူရဘွဲ့ ပေးသင့်တယ်။
တိုက်ပွဲမှာ ထူးချွန်လို့ ပေးတဲ့ သူရဘွဲ့တော့ မဟုတ်ဘူး။
သူတို့ ရဖို့အတွက်ပဲ ကိုယ်ကျိုးရှာတာ တော်လွန်းလို့ သူရဘွဲ့ ပေးရမှာ။”
အပြည့်အစုံသို့...တိုက်ပွဲမှာ ထူးချွန်လို့ ပေးတဲ့ သူရဘွဲ့တော့ မဟုတ်ဘူး။
သူတို့ ရဖို့အတွက်ပဲ ကိုယ်ကျိုးရှာတာ တော်လွန်းလို့ သူရဘွဲ့ ပေးရမှာ။”
No comments:
Post a Comment