Saturday, February 25, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၅-၂-၂၀၁၂ - နံနက်ပိုင်း)
- မြန်မာလူ့အခွင့်အရေးချိုးဖောက်မှု မလျော့ click
- လူ့အခွင့်အရေးနဲ့ ဗမာအစိုးရ (သတင်းသုံးသပ်ချက်) click
- SSA-S နှင့် အစိုးရတပ်တိုက်ပွဲများ ဆက်တိုက်ဖြစ်နေ click
- ငြိမ်းချမ်းရေး မရဘဲ ဖွံ့ဖြိုးရေး မဖြစ်နိုင် click
- လူထု ငြိမ်းချမ်းလုံခြုံဖို့ ဒေါ်အောင်ဆန်းစုကြည် ကြိုးစားမည် click
- နိုင်ငံတွင်းက ချမ်းသာကြွယ်ဝမှုအားလုံးဟာ ပြည်သူအားလုံးနဲ့ ဆိုင်တယ် (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ခရီးစဉ် ပြီးဆုံး click
- ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ခရီးစဉ် (ဓာတ်ပုံ) click
- ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားခရီးစဉ် - ၁ (ရုပ်သံ) click
- ဖေဖော်ဝါရီလ ၂၄ ရက် တမိနစ် သတင်းဗီဒီယို click
- မန္တလေးမြို့တွင် ဒေါ်အောင်ဆန်းစုကြည် တရားဟောခွင့် ပြန်ရ click
- ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲ အရေးကြီး click
- ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံတကာ စောင့်ကြည့်ခွင့်ရဖို့ ကုလ မျှော်လင့် click
- အာဆီယံဥက္ကဋ္ဌ တာဝန်ကျေဖို့ အများကြီး ပြင်ဆင်ရဦးမည် click
- တရုတ်-မြန်မာနယ်စပ် လုံခြုံရေးအတွက် တရုတ် ပြော click
- တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မြန်မာအစိုးရကို တရုတ်အစိုးရ တိုက်တွန်း click
- နိုင်ငံရေးအကျဉ်းသားဟောင်းတွေအပေါ် ကန့်သတ်ချက်တွေ ရုပ်သိမ်းဖို့ အမေရိကန် တိုက်တွန်း click
- ပျောက်ဆုံး အမေရိကန်စစ်သားရုပ်ကလာပ် ရှာဖွေရေး ဆွေးနွေး click
- ဧရာဝတီ ကျေးဇူးတော်ချီးမွမ်းပွဲ မြစ်ဆုံမှာ ကျင်းပ click
- မြစ်ဆုံ ကျေးဇူးတင်ချီးမွမ်းပွဲ ၈၈ ခေါင်းဆောင်တွေ တက်ရောက် click
- ပွင့်လင်းလူ့အဖွဲ့စည်းတရပ် ပေါ်ပေါက်ရေး ၈၈ မျိုးဆက်တို့ ကြိုးပမ်းနေ click
- နေဘုန်းလတ် နယ်မှာ အိုင်တီသင်တန်းပေးမယ် click
- တောင်သူလယ်သမားများဘဝ တိုးတက်ရေးနှင့် လယ်ယာစီးပွားဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ (ဓာတ်ပုံ) click
- “ဘာမှမပြောချင်ပါဘူး၊ မျက်နှာပဲ ကောင်းချင်တယ်” (လှည်းတန်းဗုံးကွဲမှုတွင် ဒဏ်ရာရခဲ့သူ မခင်မြတ်နွယ်နှင့် တွေ့ဆုံမေးမြန်းခြင်း) click
- ရွှေတိဂုံစေတီတော်မြတ်ကြီး၏ နှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယပွဲတော် (ဓာတ်ပုံသတင်း) click
- အုန်းဖြန်စခန်းမီး ဒုက္ခသည် ၄,၄၀၀ ကျော် အိုးအိမ်မဲ့ click
- ပြင်လို့ရတာ အကုန်ပြင် click
- မြူတိမ်ဝေေ၀ တောင်ခိုးဝေးဝေး (၂၁) (ဆောင်းပါး) click
- ဒဏ်ရာအပြင်းအထန်ရသူတွေကို ကယ်ထုတ်နိုင်ပြီ click
- ဆီးရီးယားအရေး ဆွေးနွေးပွဲ စ click
- ဆီးရီးယားအရေး ကမ္ဘာ့ခေါင်းဆောင်တွေ တိုင်ပင် click
- လူ့အခွင့်အရေးချိုးဖောက်မှုအတွက် အာဆဒ်ကို အမေရိကန် သတိပေး click
- တရုတ်နဲ့ ရုရှား ဗီတိုသုံးတာ စက်ဆုပ်ရွံစရာကောင်းတယ်လို့ ကလင်တန် ပြော click
- အီရန် ပြဿနာကြောင့် ကမ္ဘာ့ ရေနံဈေးတက် click
- အီရန် နျူကလီယားကိစ္စ အနောက်အုပ်စုကို ပူတင် ဝေဖန် click
- ဟေတီဝန်ကြီးချုပ် ရုတ်တရက် နှုတ်ထွက် click
- အာကာသခရီး နှစ် ၅၀ click
- ဘာသာစကားကြီး ၁၁ မျိုး ကျွမ်းကျင်စွာ ပြောဆိုနိုင်တဲ့ ကျောင်းသား click

Friday, February 24, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၄-၂-၂၀၁၂ - ညပိုင်း)
- လက်ကျန် ယုံကြည်ချက်အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုမှုအဆင့်ဆင့် ပြုလုပ်တော့မည် ဆို click
- ပင်လုံစိတ်ဓာတ် မွေးမြူလုပ်ဆောင်ကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- နိုင်ငံရေးသဘောတူညီချက်ရမှ ငြိမ်းချမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော click
- ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားခရီးစဉ် (ဓာတ်ပုံသတင်း) click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြစ်ကြီးနားမြို့မိန့်ခွန်း (အသံဖိုင်) click
- မန္တလေးမြို့တော်ဝန် အကူအညီဖြင့် ဒေါ်အောင်ဆန်းစုကြည် ဟောပြောရန် နေရာရ click
- အမေစုခရီးစဉ် စိုးရိမ်စရာ (ပေးစာ) click
- အန်အယ်လ်ဒီ ပါတီဝင်ဟောင်းများ အဖွဲ့ထဲသို့ ပြန်ဝင်နိုင်ပြီ click
- လက်ရှိ သင်္ကေတကိုသာ မဲပေးဖို့ ပွင့်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုက်တွန်း (ရုပ်သံ) click
- တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ (ရုပ်သံ) click
- လာမည့် ရွေးကောက်ပွဲတွင် မဲအရေအတွက် လျော့နည်းဖွယ်ရှိဟု AMDP ပြော click
- တိုင်ရီအလုပ်သမားများ ဖြေရှင်းရေး ခုံရုံးတက် (ရုပ်သံ) click
- အာဆီယံထိပ်သီး လက်ခံရေး မြန်မာ လုပ်ဆောင်ရန် များစွာလို click
- အာစီယံ အတွင်းရေးမှူး၏ မြန်မာနိုင်ငံခရီးစဉ်အကြောင်း click
- ဂျပန်က မြန်မာကို ချေးငွေများ ချပေးတော့မည် click
- နယ်စပ်ဒေသ ငြိမ်းချမ်းရေး အလေးအနက်ထားရန် တရုတ် ပြော click
- နယ်စပ်လုံခြုံရန် သူရဦးရွှေမန်းကို တရုတ် တောင်းဆို click
- BGF သိမ်းသည့် လက်နက်များ DKBA ပြန်ရ click
- အပစ်ရပ်၍ တပ်ဆုတ်ရန် နှစ်ဘက်လုံး ညွှန်ကြားခြင်းမရှိ၊ တိုက်ပွဲကြာရှည်နိုင်ကြောင်း SSA တပ်မှူးပြော click
- ထိုင်းနယ်စပ် သျှမ်းဘုန်းကြီးကျောင်းမှ ကိုရင်ငယ်များ စစ်ဘေးရှောင်တိမ်းနည်း လေ့ကျင့် click
- ရေစက်ရှိလို့ တွေ့ကြတယ် click
- ပဒိုမန်းငြိမ်းမောင်အမှု သက်သေ ၆ ဦး ပယ်ချခံရ click
- အိန္ဒိယအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော ရခိုင်မျိုးချစ်သူပုန်တဦး ကွယ်လွန် click
- ရခိုင် ကရင် ၃၄ ဦးထဲမှ ကိုမင်းသာထွန်း နယူးဒေလီတွင် ရုတ်တရက် ကွယ်လွန် click
- မြန်မာအမျိုးသမီးများသမဂ္ဂအဖွဲ့ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခြင်း click
- ငြိမ်းချမ်းရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရင် အောင်မြင်ပါလိမ့်မယ် (မေးမြန်းခန်း) click
- ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးအပေါ် မြန်မာအစိုးရရဲ့ အယူအဆနဲ့ တိုင်းရင်းသားတွေရဲ့အမြင် click
- ဒီမိုကရေစီ နိုင်ငံရေးအလေ့အထ ကာကွယ်ကြ (အယ်ဒီတာ့အာဘော်) click
- ဒီမိုကရေစီလွတ်လပ်ခွင့်နှင့် တိုင်းရင်းသားများအရေး (အယ်ဒီတာ့အာဘော်) click
- မြန်မာပြည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး (ဆောင်းပါး) click
- ကယ်လီဖိုးနီးယား ပရိသတ်နဲ့ ဇာဂနာ (ရုပ်သံ) click
- မကွေးတိုင်း ပဲစိုက်ခင်းများ ရွှေဂက်(စ်) ပိုက်လိုင်းကြောင့် ပျက် (ရုပ်သံ) click
- မြစ်ဆုံရေကာတာစီမံကိန်းအနီးတွင် ရွာသားများ ပြန်လည်အခြေချ click
- အုန်းဖျံ ဒုက္ခသည်စခန်းတွင် မီးလောင်၊ ရပ်ကွက် ၄ ခု မီးထဲပါသွား click
- အုန်းဖျန် မီးဘေးဒုက္ခသည်များ နေစရာအခက်အခဲ ကြုံတွေ့နေ click
- ယမဟာကုမ္ပဏီ မြန်မာပြည်တွင် ဆိုင်ကယ်ထုတ်ရန် စီစဉ် click
- ရွှေလီမှာ မြန်မာအလုပ်သမများ အန္တရာယ်ရှိအလုပ်များ လုပ်နေရ click
- မူစယ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ ဘုရားဝတ်ပြုခြင်းကို ပြန်လည်ခွင့်ပြု click
- ယခုနှစ် ရာမညနိကာယ မွန်ပရိယတ္တိစာမေးပွဲ စာဖြေသံဃာတော် အများဆုံး click
- နည်းပညာကျောင်းဆင်းအား သားမယားပြုကျင့်သူကို ဟင်္သာတခရိုင်တရားရုံးက တရားသေ လွှတ် click
- အာရှ၏ နောက်ကျားတကောင် (သို့) ဗီယက်နမ် တိုးတက်ရခြင်းအကြောင်း ၁၀ ချက် (စာဖတ်ခန်း) click
- ၂၀၁၂ ဥရောပဖလားမှာ နည်းပြဖြစ်ဖို့ မျှော်လင့်တဲ့ ပီးယာ့စ် click

“နိုင်ငံရေးဆိုတာ အမြတ်ထုတ်စရာလား” (ကာတွန်းဘီရုမာ – မိုးမခ၀က်ဘ်ဆိုက်)
- တီးတိန်တွင် CNF ဆက်ဆံရေးရုံး ထားရှိမည့် ကန့်ကွက်စာအပေါ် ချိုးလူငယ်များ ၀မ်းနည်း click- မြန်မာအမျိုးသမီးများသမဂ္ဂအဖွဲ့ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခြင်း click
- ငြိမ်းချမ်းရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရင် အောင်မြင်ပါလိမ့်မယ် (မေးမြန်းခန်း) click
- ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးအပေါ် မြန်မာအစိုးရရဲ့ အယူအဆနဲ့ တိုင်းရင်းသားတွေရဲ့အမြင် click
- ဒီမိုကရေစီ နိုင်ငံရေးအလေ့အထ ကာကွယ်ကြ (အယ်ဒီတာ့အာဘော်) click
- ဒီမိုကရေစီလွတ်လပ်ခွင့်နှင့် တိုင်းရင်းသားများအရေး (အယ်ဒီတာ့အာဘော်) click
- မြန်မာပြည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး (ဆောင်းပါး) click
- ကယ်လီဖိုးနီးယား ပရိသတ်နဲ့ ဇာဂနာ (ရုပ်သံ) click
- မကွေးတိုင်း ပဲစိုက်ခင်းများ ရွှေဂက်(စ်) ပိုက်လိုင်းကြောင့် ပျက် (ရုပ်သံ) click
- မြစ်ဆုံရေကာတာစီမံကိန်းအနီးတွင် ရွာသားများ ပြန်လည်အခြေချ click
- အုန်းဖျံ ဒုက္ခသည်စခန်းတွင် မီးလောင်၊ ရပ်ကွက် ၄ ခု မီးထဲပါသွား click
- အုန်းဖျန် မီးဘေးဒုက္ခသည်များ နေစရာအခက်အခဲ ကြုံတွေ့နေ click
- ယမဟာကုမ္ပဏီ မြန်မာပြည်တွင် ဆိုင်ကယ်ထုတ်ရန် စီစဉ် click
- ရွှေလီမှာ မြန်မာအလုပ်သမများ အန္တရာယ်ရှိအလုပ်များ လုပ်နေရ click
- မူစယ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ ဘုရားဝတ်ပြုခြင်းကို ပြန်လည်ခွင့်ပြု click
- ယခုနှစ် ရာမညနိကာယ မွန်ပရိယတ္တိစာမေးပွဲ စာဖြေသံဃာတော် အများဆုံး click
- နည်းပညာကျောင်းဆင်းအား သားမယားပြုကျင့်သူကို ဟင်္သာတခရိုင်တရားရုံးက တရားသေ လွှတ် click
- အာရှ၏ နောက်ကျားတကောင် (သို့) ဗီယက်နမ် တိုးတက်ရခြင်းအကြောင်း ၁၀ ချက် (စာဖတ်ခန်း) click
- ၂၀၁၂ ဥရောပဖလားမှာ နည်းပြဖြစ်ဖို့ မျှော်လင့်တဲ့ ပီးယာ့စ် click
စစ်တပ်ကြိုးကိုင်တဲ့ အရပ်သားအစိုးရ
စစ်တပ်ကြိုးကိုင်တဲ့ အရပ်သားအစိုးရ
ဟန်တင်အောင်
ကာတွန်း - ဘီရုမာ
ကနေ့ မြန်မာနိုင်ငံရဲ့ လွှတ်တော်နိုင်ငံရေးတခုလုံးကို ချုပ်ကိုင်ထားတာ အခြေခံဥပဒေ ၂၀၀၈ ဖြစ်တယ်။ လွှတ်တော်နိုင်ငံရေးထဲဝင်မယ်ဆိုတာ ဒီမိုကရေစီပန်းတိုင်ရောက်အောင် သွားချင်လို့သာ ဖြစ်တယ်။ ဒါကြောင့် အခြေခံဥပဒေ ၂၀၀၈ ဟာ ဒီမိုကရေစီရေးကို အာမခံတဲ့။ ဒီမိုကရေစီလမ်းကြောင်းကို ဖွင့်ပေးတဲ့ ကွန်စတီကျုးရှင်းဖြစ်သလားဆိုတာ အရေးကြီးတယ်။
ဒီအတောအတွင်း အခြေခံဥပဒေ ၂၀၀၈ ဟာ စစ်တပ်ကို အာဏာအလွန်အကျွံပေးထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က Washington Post သတင်းစာနဲ့ အင်တာဗျူးမှာ ပြောလိုက်တယ်။ ဒါ့ပြင် ဒေါ်စု ဆက်ပြောတာက သမ္မတက နိုင်ငံအကြီးအကဲ ဆိုပေမယ့် အမြင့်ဆုံး အာဏာရထားသူ မဟုတ်ပါ။ လိုအပ်တယ်လို့ ယူဆရင် ကာကွယ်ရေးဦးစီးချုပ် (ကာချုပ်) က အချိန်မရွေး အာဏာသိမ်းခွင့်ရှိတယ်လို့ ပြောသွားတာပါ။ အန်အယ်ဒီက ပြင်မယ်လို့ ကြွေးကြော်ထားတဲ့ အခြေခံဥပဒေဟာ ဒီမိုကရေစီရေးကို အာမခံနိုင်ပါ့မလားဆိုတာ ပိုပြီး သံသယရှိစရာဖြစ်တယ်။
ဒေါ်စု ပြောစကားသာ မှန်ရင် ဦးသိန်းစိန်အစိုးရဟာ သူတို့ကြော်ငြာနေသလို အရပ်သားအစိုးရမဟုတ်ဘဲ စစ်တပ်ကြိုးကိုင်ထားတဲ့ အစိုးရလို့ သေချာပေါက်ပြောနိုင်တယ်။ ဒါကြောင့် ဒေါ်စု ပြောတာ မှန်မမှန် သက်သေထူကြည့်မယ်။
“ဒါကြောင့်
အခြေခံဥပဒေ ၂၀၀၈ ကနေ စစ်တပ်ရဲ့ သြဇာကြီးမားမှုကို ဘယ်လိုဖယ်ရှားမလဲဆိုတာ
ဒေါ်အောင်ဆန်းစုကြည်အတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်။ ဒီအခြေခံဥပဒေမှာ
ကပ်ပါးပိုးလို တွယ်ငြိနေတဲ့ စစ်တပ်သြဇာကို မဖယ်ရှားနိုင်ရင်
ဒီမိုကရေစီလမ်းကြောင်း မရောက်နိုင်တာ ထင်ရှားတယ်။ စစ်တပ်သြဇာ ဖယ်ရှားဖို့
ကြိုးစားရင်လည်း စစ်တပ်နဲ့ ထိပ်တိုက်တွေ့မယ်။ ဒီအချက်ဟာ
လွှတ်တော်နိုင်ငံရေးမှာ ဒေါ်စု မုချကြုံတွေ့ရမယ့်
နိုင်ငံရေးအကျပ်အတည်းဖြစ်တယ်။”
စစ်တပ်အပေါ် သမ္မတ ဦးသိန်းစိန်သဘောထား
ဝါရှင်တန်ပို့စ်သတင်းစာက သမ္မတ ဦးသိန်းစိန်ကို အင်တာဗျူးချိန်မှာ စစ်တပ်နဲ့ ပတ်သက်ပြီး ခုလို မေးတယ်။ (ကောက်နှုတ်ချက် - မြန်မာအလင်း ဇန်န၀ါရီ ၂၀-၂၀၁၂)
Washington Post ။ ။ လွှတ်တော်ထဲမှာ ၂၅% ကို တပ်မတော်အတွက် လျာထားတယ်ဆိုတာ ဟုတ်ပါသလား။ ယခုပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာ တပ်မတော်ဘက်ကလည်း ပါဝင်နေတာမျိုး ဖြစ်နေပါတယ်။ အကြောင်းကတော့ ဒီမိုကရေစီဆိုတာ ပြည်သူက အုပ်ချုပ်တာဖြစ်ပြီး တပ်မတော်အပေါ် အာဏာသက်ရောက်တဲ့ အစိုးရ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။
ဦးသိန်းစိန် ။ ။ တပ်မတော်ဟာ အုပ်ချုပ်ရေးအပိုင်းမှာ ဘာမှဝင်ရောက် စွက်ဖက်တာမရှိပါဘူး။ လွှတ်တော်ထဲမှာတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ တပ်မတော်အင်အားက ၄ ပုံတပုံ (၂၅%) ပါတယ်။ ကျနော်တို့လိုနိုင်ငံမှာ တပ်မတော်ကို ပစ်ပယ်ထားလို့ မရပါဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်တဲ့နေရာမှာ တပ်မတော်ကလည်း အစိတ်အပိုင်းတခုကနေ ၀င်အကူအညီပေးတာပဲ ဖြစ်ပါတယ်။ တပ်မတော်က ၀င်အုပ်ချုပ်တာ မဟုတ်ပါဘူး။
Washington Post ။ ။ တပ်မတော် ပါဝင်ရမယ်ဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ ဒါပေမယ့် ပြည်သူ့အာဏာက လွှမ်းမိုးရမယ်လို့ ပြောချင်ပါတယ်။ ပြည်သူတွေရဲ့အာဏာဟာ ဘယ်အရာပေါ်မှာမဆို လွှမ်းမိုးနိုင်မှုရှိရမယ်။ ကျွန်မတို့ အမေရိကန်မှာလည်း သမ္မတရဲ့အာဏာက တပ်မတော်အကြီးအကဲထက် ပိုပါတယ်။
ဦးသိန်းစိန် ။ ။ မှန်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီအတိုင်းပါပဲ။ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေကို ခင်ဗျားနည်းနည်း ပြန်လေ့လာပေးပါ။ အခြေခံဥပဒေအရ တပ်မတော်မှာ အကြီးအကဲဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတကနေ ခန့်တာဖြစ်ပါတယ်။
စစ်တပ်နဲ့ပတ်သက်တဲ့ ၀ါရှင်တန်ပို့စ်အမေးကို ချုပ်ကြည့်ရင် ဒီမိုကရေစီဆိုတာ ပြည်သူက အုပ်ချုပ်တာဖြစ်ပြီး တပ်မတော်အပေါ် အာဏာသက်ရောက်တဲ့ အစိုးရမျိုး ဖြစ်ရမယ်။ ပြည်သူ့အာဏာကသာ လွှမ်းမိုးရမယ်။ ပြည်သူတွေရဲ့အာဏာဟာ ဘယ်အရာပေါ်မှာမဆို လွှမ်းမိုးနိုင်မှုရှိရမယ်။ အမေရိကန်မှာလည်း သမ္မတရဲ့အာဏာက တပ်မတော်အကြီးအကဲထက် ပိုတယ်လို့ ထောက်ပြသွားတာပါ။
စစ်တပ်နဲ့ပတ်သက်ပြီး ဦးသိန်းစိန် ပြောတာ ၂ ချက် ရှိတယ်။
ပထမအချက်က တပ်မတော်ဟာ အုပ်ချုပ်ရေးအပိုင်းမှာ ဘာမှ ၀င်ရောက်စွက်ဖက်တာမရှိပါဘူး ဆိုတဲ့အချက်နဲ့ ဒုတိယအချက်က ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက ခန့်ထားပါတယ် ဆိုတဲ့အချက် ဖြစ်တယ်။ ဦးသိန်းစိန် ပြောစကား မှန်မမှန် ဆန်းစစ်ကြည့်မယ်။
စစ်တပ်ဟာ လွှတ်တော်အသီးသီးမှာ ၂၅% စစ်ဗိုလ်အမတ်တွေနဲ့ ဖြည့်ဆည်းထားတဲ့ပြင် ...
(က) ပြည်ထောင်စုဝန်ကြီးအဖွဲ့မှာလည်း စစ်ယူနီဖောင်းဝတ် ၀န်ကြီး ၃ ပါးကို တိုက်ရိုက်ခန့်ထားတယ်။ နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေး၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကို ၃ ဦးဟာ စစ်ယူနီဖောင်းဝတ်ထားပြီး ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်ထားသူတွေ ဖြစ်တယ်။
(ခ) အခြေခံဥပဒေအရ ပြည်ထောင်စုဝန်ကြီးရာထူးဆိုတာ သာမန်အားဖြင့် သမ္မတက တိုက်ရိုက်ခန့်ထားသူတွေဖြစ်တယ်။ ဒါပေမယ့် အထက်ပါ စစ်ယူနီဖောင်းဝတ် ၀န်ကြီး ၃ ဦးကတော့ သမ္မတက တိုက်ရိုက်ခန့်ထားခွင့်မရှိတဲ့ စစ်တပ်ရဲ့ အခွင့်ထူးခံ ၀န်ကြီး ၃ ပါး ဖြစ်နေတယ်။ ဒါကြောင့် ဒီစစ်ဗိုလ်ဝန်ကြီးတွေဟာ အုပ်ချုပ်ရေးယန္တရားမှာ တိုက်ရိုက်စွက်ဖက်နေသူတွေဖြစ်တယ်။
(ဂ) အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ဘယ်နှစ်ဦးပါသလဲ။ ပြန်ကြည့်ရင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ဒု-ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီးစိုးဝင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကိုနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေးတို့ ၅ ဦးဟာ စစ်ယူနီဖောင်းဝတ် စစ်အရာရှိတွေဖြစ်တယ်။ တနည်းပြောရရင် ကာကွယ်ရေး၊ ပြည်တွင်းနိုင်ငံရေးနဲ့ နယ်စပ်တိုင်းရင်းသားရေးတွေမှာ အရပ်သားနိုင်ငံရေးသမား ရာသက်ပန် ၀င်စွက်ခွင့်မရအောင် အခြေခံဥပဒေသုံးပြီး စစ်တပ်က ပိတ်ထားလိုက်တာဖြစ်တယ်။
ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးကလည်း ကြံ့ဖွံ့အမတ်တွေက တင်မြှောက်တဲ့ ဒု-သမ္မတ မဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ထိန်းချုပ်ထားတဲ့ ၂၅ ရာနှုန်း စစ်ဗိုလ်အုပ်စုက တင်မြှောက်တဲ့ ဒု-သမ္မတမို့ အဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ၆ မဲ အသာစီး ရထားတဲ့သဘောဖြစ်တယ်။ တွက်ကြည့်ရင် ကာလုံရဲ့ ၅၅ % က စစ်တပ်က စစ်ဗိုလ်တွေသာ ဖြစ်နေတယ်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ သာ ဆက်ပြီး အတည်ဖြစ်နေမယ်ဆိုရင် နောင်လာမယ့် ဒုတိယ ၅ နှစ်သက်တမ်း လွှတ်တော်၊ တတိယ ၅ နှစ်သက်တမ်း လွှတ်တော် ... စတဲ့ လွှတ်တော်သက်တမ်း အသီးသီးမှာလည်း ကာလုံအဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က အမြဲတမ်း ၆ မဲ အသာစီးရနေဦးမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ကျန်အဖွဲ့ဝင် ၅ ဦးမှာ ဒု-သမ္မတ စိုင်းမောက်ခမ်းကလွဲရင် လေးဦးက အရပ်ဝတ်လဲထားတဲ့ စစ်ဗိုလ်လူထွက်တွေ ဖြစ်နေလို့ ဒီငါးဦးလုံးကို အရပ်သားလို့ ထားတွက်ကြတာ ဖြစ်တယ်။
ကာလုံအဖွဲ့ဝင် ၁၁ ဦးမှာ သမ္မတက ဥက္ကဌလို့ ဆိုပေမယ့် လက်တွေ့မှာ စစ်တပ်က ၆ မဲ အသာစီး ရထားတဲ့အတွက် တကယ့်ဆုံးဖြတ်ခွင့်အာဏာက သမ္မတ ဦးသိန်းစိန်လက်မှာမရှိဘဲ ကာချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် လက်ထဲမှာသာ ရှိတယ်။ ဒါကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ကာကွယ်ရေးဦးစီးချုပ် ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းလို့ နိုင်ငံတကာအဖွဲ့အစည်းတချို့က ယူဆတာဖြစ်တယ်။
အုပ်ချုပ်ရေးမှာ စစ်တပ်စွက်ဖက်သလား
ဒီမိုကရေစီဆိုတာ ပြည်သူကအုပ်ချုပ်တာဖြစ်ပြီး တပ်မတော်အပေါ် အာဏာသက်ရောက်တဲ့ အစို့ရဖြစ်တယ်လို့ ယုံကြည်တယ်ဆိုတဲ့ Washington Post ရဲ့အမေးကို ဦးသိန်းစိန်က ပြန်ဖြေရာမှာ တပ်မတော်ဟာ အုပ်ချုပ်ရေးအပိုင်းမှာ ဘာမှဝင်ရောက် စွက်ဖက်တာမရှိပါဘူးလို့ ပြောခဲ့တယ်။ ဒီစကား မမှန်ကြောင်း ဆက်ပြီး သက်သေပြမှာဖြစ်တယ်။
ထင်ရှားတဲ့ ဥပမာတခုကတော့ ကာကွယ်ရေးဝန်ကြီးဌာနကနေ နိုင်ငံခြားရေးဝန်ကြီးဌာနကို မကြာခင်က ပြောင်းရွှေ့ပေးလိုက်တဲ့ ရေတပ်နဲ့ လေတပ်က ဗိုလ်မှူးချုပ် ၂ ဦးကို နိုင်ငံခြားရေးဝန်ကြီးဌာနက သံအမတ်ကြီး ခန့်အပ်လိုက်တဲ့ကိစ္စ ဖြစ်တယ်။
ကာကွယ်ရေးဝန်ကြီးဌာန စစ်ရာထူးခန့်ချုပ်ရုံးကနေ ၁၂-၁-၂၀၁၂ နေ့စွဲပါ အမိန့်နဲ့ ရေ ၁၂၄၈ ဗိုလ်မှူးချုပ် မြင့်သန်းကို သံအမတ်ကြီး ရာထူးတနေရာအတွက် ၂၀၁၂ ခု ဇန်န၀ါရီ ၂၇ ရက်ကစပြီး ခန့်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးက အမိန့်ထုတ်ထားတယ်။ အလားတူပဲ ကာကွယ်ရေးဝန်ကြီးဌာနကနေ ၁၆-၁-၂၀၁၂ အမိန့်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးတဲ့ လေ ၁၇၂၆ ဗိုလ်မှူးချုပ်ဇော်ထွန်းကိုလည်း သံအမတ်ကြီးရာထူးတနေရာအတွက် ၂၀၁၂ ခု ဇန်န၀ါရီ ၂၇ ရက်က စပြီး ခန့်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးက အမိန့်ထုတ်ထားတယ်။
ဒီအမိန့် ၂ ခုကို ကြည့်ရင် ကာကွယ်ရေးဝန်ကြီးဌာနက (ဘာကြောင့်မှန်းမသိဘဲ) အရပ်ဘက် ပြောင်းရွှေလာတဲ့ ဗိုလ်မှူးချုပ် ၂ ဦးကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေ လစ်လပ်ရာထူးမရှိဘဲနဲ့ သံအမတ်ကြီး တန်းခန့်လိုက်ရတယ်။ စစ်အစိုးရလက်ထက်မှာ စစ်အုပ်ချုပ်ရေး ဘန်းပြပြီး ခုလိုမျိုး လုပ်ခဲ့ ဗိုလ်ကျခဲ့ခွင့်ရပေမယ့် အရပ်သားအစိုးရဆိုတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ စစ်တပ်က ဘာကြောင့် ခုလို လူတန်းစားသစ် ဆက်ဖြစ်နေရသလဲဆိုတာ မေးစရာဖြစ်တယ်။
စစ်တပ် ဗိုလ်မှူးချုပ် ၂ ဦးကို ဘယ်နိုင်ငံမှာ သံအမတ်ခန့်မယ်ဆိုတဲ့ Posting မရှိဘဲ မိုးကျရွှေကိုယ် သံအမတ်ခန့်လိုက်တဲ့အတွက် လုပ်သက်ရှိတဲ့ အရပ်သား သံတမန်တွေ တက်လမ်း ပိတ်သွားတယ်။ ကျနော်တို့ မသိသေးတဲ့ ဒီလိုကိစ္စပေါင်း မြောက်မြားစွာရှိနိုင်ပေမယ့် သိတဲ့ကိစ္စ အနည်းအကျဉ်းသာ တင်ပြနိုင်ခြင်းဖြစ်တယ်။
စစ်အစိုးရလက်ထက်က နည်းတွေအတိုင်း စစ်တပ်က ဦးသိန်းစိန်ရဲ့ အရပ်ဘက်ဝန်ထမ်းအဖွဲ့အစည်းထဲမှာ လာပြီး အဓမ္မ ဗိုလ်ကျနေဆဲဖြစ်နေတာ တွေ့ရတယ်။ စစ်တပ်ကို လူတန်းစားသစ်ဖြစ်အောင်လည်း သမ္မတဦးသိန်းစိန်အစိုးရက အကာအကွယ်ပေးထားတယ်။
အရပ်သားအစိုးရပါဆိုတဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာန အထက်ရောက်နေတယ်။ တိတိကျကျ ပြောရရင် စစ်တပ်က အရပ်သားအုပ်ချုပ်ရေးထဲကို ၀င်စွက်နေတဲ့ အကောင်းဆုံး နမူနာဖြစ်တယ်။
ခုလိုမျိုး ကာကွယ်ရေးဝန်ကြီးဌာနက မလိုချင်တော့တဲ့ စစ်ဗိုလ်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သံအမတ်ကြီးရာထူးပေးရမယ်လို့ အခြေခံဥပဒေ ဘယ်ပုဒ်မနဲ့ ပြဌာန်းထားသလဲဆိုတာ မေးစရာဖြစ်တယ်။ စစ်တပ်က စစ်ဗိုလ်တွေကို အရပ်ဘက်ဝန်ကြီးဌာနတွေကို ကြိုက်သလို ပို့နေတာကို ဘယ်သူတွေက ခွင့်ပြုထားသလဲဆိုတာ လွှတ်တော်အမတ်တွေက မေးခွန်းထုတ်သင့်တယ်။
အထက်ပါ အထောက်အထားတွေအရ အုပ်ချုပ်ရေးပိုင်းမှာ အခြေခံဥပဒေ ၂၀၀၈ အကာအကွယ်ယူပြီး စစ်တပ်က ၀င်ရောက်စွက်ဖက်နေတယ်ဆိုတာ ထင်ရှားတယ်။ သမ္မတ ဦးသိန်းစိန် Washington Post ကို ပြောတာတွေနဲ့ အလွဲကြီး လွဲနေတယ်။
ကာချုပ်ကို ဘယ်သူခန့်သလဲ
တခါ ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတက ခန့်ထားတယ်လို့ ဦးသိန်းစိန်က Washington Post ကို ပြောပြန်တယ်။ ဒီစကား မှန်မမှန်လည်း အခြေခံဥပဒေနဲ့ ပြန်စစ်ကြည့်မယ်။
အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၃၄၂ မှာ ပြဌာန်းထားတာက နိုင်ငံတော်သမ္မတသည် ကာလုံ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်လို့သာ ရေးထားတယ်။ သမ္မတက တိုက်ရိုက်ခန့်ခွင့်ရှိသည်လို့ ဦးသိန်းစိန် ပြောသလို ရေးမထားပါ။
သဘောကတော့ ကာလုံရဲ့ထောက်ခံချက်မရဘဲ ကာချုပ်ကို သမ္မတက သူ့သဘောနဲ့ တိုက်ရိုက်ခန့်ထားခွင့်မရှိဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ကာလုံအဖွဲ့ဟာ ၁၁ မဲမှာ စစ်တပ်က ၆ မဲ ကိုင်ထားတာမို့ စစ်တပ်က ခန့်ချင်သူကိုသာ ကာချုပ်ခန့်နိုင်တယ်ဆိုတဲ့ သဘောသက်ရောက်နေတယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အနားမယူခင် သူကြိုက်တဲ့သူ ခေါင်းခေါက် ခန့်ခဲ့တာဖြစ်တယ်။ ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတက ခန့်ထားတယ်လို့ ဦးသိန်းစိန်က Washington Post ကိုပြောတာနဲ့ အခြေခံဥပဒေ ပုဒ်မ ၃၄၂ နဲ့ မကိုက်ညီဘူးဆိုတာ ရှင်းရှင်းကြီး ပေါ်လာတယ်။
စစ်တပ်ဟာ သမ္မတအထက်မှာ ရှိနေတဲ့အကြောင်း ပိုပြီးထင်ရှားတဲ့ ဥပမာပြရရင် မကြာခင်ကပဲ ကာချုပ်မင်းအောင်လှိုင်ကို ကာချုပ်အဖြစ် ပြန်လည်အတည်ပြု ခန့်အပ်ခြင်းဆိုတဲ့ အောက်ပါအမိန့်ကို သမ္မတဦးသိန်းစိန် လက်မှတ်ထိုးပြီး နိုင်ငံတော်ပြန်တမ်းမှာ ထုတ်ပြန်ခဲ့တယ်။
ဒီအမိန့်ကို ကြည့်ရင် ...
- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြန်လည်အတည်ပြုခန့်အပ်ခြင်းလို့ ခေါင်းစဉ်တပ်တာကိုက အစဉ်အလာမဟုတ်ဘဲ ထူးခြားနေတယ်။
- ပြန်လည်အတည်ပြု ခန့်အပ်တယ်ဆိုတဲ့ အမိန့်မျိုး အရင်က မရှိခဲ့ပါ။ သတင်းစာတွေမှာ ပါနေကျက ဥပမာ - ညွှန်ကြားရေးမှူးချုပ်တဦးကို အစမ်းခန့်ကာလ တနှစ်ပြည့်တဲ့အတွက် အတည်ပြုခန့်တယ်ဆိုတဲ့ အရေးအသား အမိန့်မျိုးသာ ရှိခဲ့ဖူးတယ်။
တဘက်က ကြည့်ရင် ကာချုပ်လိုရာထူးကို အစမ်းခန့်ဆိုတာ မရှိပါ။
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို ကာချုပ်ရာထူး ခန့်ခဲ့တာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်တယ်။ ဒီအမိန့်ကို ကာကွယ်ရေးဝန်ကြီးဌာန စစ်ရာထူးခန့်ချုပ်ရုံးကနေ ၂၀၁၁ ခု မတ်လ ၃၀ ရက်နေ့စွဲနဲ့ အတည်ပြု ခန့်ခဲ့တာ ဖြစ်တယ်။ ၂၀၁၁ ခု မတ်လ ၃၀ ရက်ဆိုတာ ဦးသိန်းစိန်အစိုးရ စတင် အသက်ဝင်တဲ့နေ့ ဖြစ်တယ်။ အစိုးရသစ်တက်တဲ့နေ့မှာ (အနားယူပြီဆိုတဲ့) ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်နဲ့ ကာချုပ် ခန့်ခဲ့တာက ရှေ့နောက်မညီ ဖြစ်နေတယ်။
အခြေခံဥပဒေအရဆိုရင် ကာချုပ်မင်းအောင်လှိုင်ကို ခန့်တဲ့ အမိန့်ရက်စွဲအရ လက်မှတ်ထိုးရမှာက သမ္မတဦးသိန်းစိန်သာ ဖြစ်သင့်တယ်။ ဒါပေမယ့် ဒီအမိန့်ကို ကာကွယ်ရေးဝန်ကြီးဌာန စစ်ရာထူးခန့်ချုပ်ရုံးက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဘယ်သူ လက်မှတ်ထိုး ခန့်ခဲ့သလဲဆိုတာ ပဟေဠိ ဖြစ်နေတယ်။ ဒီအချက်ဟာ ဦးသိန်းစိန် ၀ါရှင်တန်ပို့စ်ကို ပြောသလို ကာချုပ်ကို သမ္မတက ခန့်တာပါဆိုတာနဲ့ မကိုက်ညီဘဲ လွဲနေတယ်။
ဒီမှာတင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ထိုး ခန့်ခဲ့တဲ့ ကာချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို အခြေခံဥပဒေနဲ့ အတင်းကိုက်ညီအောင်ဆိုပြီး ထုတ်ပြန်တဲ့သဘောနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြန်လည်အတည်ပြုခန့်အပ်ခြင်းဆိုတဲ့ ကိုယ့်ရို့ကားယား ခေါင်းစဉ်မျိုးတပ်ပြီး ဦးသိန်းစိန် ကတိုက်ကရိုက် လက်မှတ်ထိုးခဲ့ရတဲ့ပုံ ဖြစ်နေတယ်။
ကာကွယ်ရေးဝန်ကြီးဌာန စစ်ရာထူးခန့်ချုပ်ရုံးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြန်လည် အတည်ပြုခန့်အပ်ခြင်းဆိုတဲ့ အမိန့်ကို သမ္မတဦးသိန်းစိန်က ပြန်လည်အတည်ပြုပါသည်လို့ ထပ်ဆင့် အမိန့်ထုတ်ရတာကို ကြည့်ရင် ...
- စစ်တပ်ဟာ သမ္မတအထက်မှာ ရှိနေတယ်
- ကာချုပ်ကို စစ်တပ်ကသာ ခန့်တာဖြစ်တယ်ဆိုတာ ထင်ရှားနေတဲ့အတွက် သမ္မတ ဦးသိန်းစိန် Washington Post ကို လက်လွတ်စပယ် ပြောတာနဲ့ ဆန့်ကျင်နေတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျပ်အတည်း
ဖော်ပြခဲ့တဲ့ အထောက်အထားတွေအရ အခြေခံဥပဒေမှာ စစ်တပ်က သမ္မတထက် သြဇာကြီးလွန်းနေတယ်လို့ Washington Post သတင်းစာကို ဒေါ်အောင်ဆန်းစုကြည် ပြောတာ သွေးထွက်အောင် မှန်နေတယ်။ အဲသလို စစ်တပ်သြဇာကြီးလွန်းတဲ့ အခြေခံဥပဒေမျိုးနဲ့ ဒီမိုကရေစီ လမ်းကြောင်းရောက်အောင် သွားနိုင်ပါ့မလားဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်တယ်။
လွှတ်တော်နိုင်ငံရေးကို ၀င်ကတည်းက ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အခြေခံဥပဒေ ၂၀၀၈ ကို လေးစားလိုက်နာပါမည်ဆိုတဲ့ ကတိကလည်း ရွေးကောက်ပွဲဥပဒေအရ အလိုလို ပေးထားပြီးဖြစ်တယ်။ နိုင်ငံရေးပါတီတွေဘက်က အခြေခံဥပဒေ ၂၀၀၈ ကို ပြင်ဖို့နေနေသာသာ ဝေဖန်မိရင်တောင် ဒီကတိချိုးဖောက်မှုနဲ့ အရေးယူခံရမယ့်ကိန်း။ လက်ရှိ လွှတ်တော်နိုင်ငံရေးအတိုင်း ဆက်လိုက်ရင်လည်း အခြေခံဥပဒေ ပုဒ်မ (၇) ပါ စည်းကမ်းပြည့်ဝတဲ့ ရွှေရည်စိမ် ဒီမိုကရေစီဆိုတာပဲရမယ်။
နိုင်ငံရေးစနစ်တခုရဲ့ အခြေခံဆိုတာ အစိုးရကွန်စတီးကျူးရှင်းတွေ ဖြစ်လာအောင်လုပ်ပေးဖို့ ဖြစ်လာတဲ့ ကွန်စတီကျူးရှင်းတွေကို ပြင်နိုင်ဖို့ဆိုတာတွေဟာ ပြည်သူတွေရဲ့ အခွင့်အရေးဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျော့ဝါရှင်တန် တချိန်က ပြောဖူးတယ်။
ဒါကြောင့် အခြေခံဥပဒေ ၂၀၀၈ ကနေ စစ်တပ်ရဲ့ သြဇာကြီးမားမှုကို ဘယ်လိုဖယ်ရှားမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်အတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်။ ဒီအခြေခံဥပဒေမှာ ကပ်ပါးပိုးလို တွယ်ငြိနေတဲ့ စစ်တပ်သြဇာကို မဖယ်ရှားနိုင်ရင် ဒီမိုကရေစီလမ်းကြောင်း မရောက်နိုင်တာ ထင်ရှားတယ်။ စစ်တပ်သြဇာ ဖယ်ရှားဖို့ ကြိုးစားရင်လည်း စစ်တပ်နဲ့ ထိပ်တိုက်တွေ့မယ်။ ဒီအချက်ဟာ လွှတ်တော်နိုင်ငံရေးမှာ ဒေါ်စု မုချကြုံတွေ့ရမယ့် နိုင်ငံရေးအကျပ်အတည်းဖြစ်တယ်။
တကယ်တော့ ဒေါ်စု တဦးတည်းသာမဟုတ်။ အစိုးရစပွန်ဆာလုပ်တဲ့ လွှတ်တော်နိုင်ငံရေးကို ဖြတ်သန်းနေတဲ့ နိုင်ငံရေးသမားတိုင်း အခြေခံဥပဒေထဲက (ပြင်လည်း ပြင်သင့်တဲ့) စစ်တပ်သြဇာဖယ်ရှားဖို့ ပြင်မယ်ဆိုရင် ဒီအကျပ်အတည်းကို ကြုံတွေ့ရမှာဖြစ်တယ်။ သူတို့ရွေးချယ်တဲ့ လမ်းကြောင်းဟာ တိုင်းပြည်ရဲ့ ကံကြမ္မာဖြစ်တယ်။
ဟန်တင်အောင်
(Swe Swe Kyi's Facebook မှ ...)
အပြည့်အစုံသို့...
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၄-၂-၂၀၁၂ - နံနက်ပိုင်း)
- ဒေါ်အောင်ဆန်းစုကြည်ကို ကချင်ပြည်နယ်လူထု ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည်ကို ကချင်လူထု ထောင်သောင်းများစွာ ကြိုဆို click
- ပြည်တွင်းငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှ ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမှာ ဟောပြော click
- စစ်မှန်သည့် ပြည်ထောင်စုအတွက် NLD ရွေးကောက်ပွဲဝင်ဟု ဆို click
- ပင်လုံစိတ်ဓာတ်နဲ့ ငြိမ်းချမ်းရေးကို အရယူရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်ခရီးစဉ်မှာ ပြောကြား (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနား လူထုဟောပြောပွဲ (ဓာတ်ပုံ) click
- ကချင်ပြည်နယ်ရောက် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းနှင့် ဓာတ်ပုံများ - အပိုင်း (၃) click
- ကချင်ပြည်နယ်ရောက် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းနှင့် ဓာတ်ပုံများ - အပိုင်း (၂) click
- ကချင်ပြည်နယ်ရောက် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းနှင့် ဓာတ်ပုံများ - အပိုင်း (၁) click
- ဒေါ်အောင်ဆန်းစုကြည်၏ မြစ်ကြီးနားခရီးစဉ် click
- ဒေါ်အောင်ဆန်းစုကြည် ကချင်ခရီးစဉ် စတင် click
- ဒေါက်တာဆူရင်ပစ်ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သတင်းစာရှင်းလင်းပွဲ (ရုပ်သံ) click
- ဥက္ကဋ္ဌ တာဝန်ယူရေး မြန်မာပြင်ဆင်မှု အာဆီယံ အကောင်းမြင် click
- ဦးတင်ဦးနဲ့ တွေ့ဆုံမေးမြန်းချက် (ရုပ်သံ) click
- မြစ်ကြီးနားမြို့မှာ သတင်းထောက်တွေ အင်တာနက် သုံးဖို့ အခက်တွေ့ click
- NLD ရှုံးလျှင် ပြဿနာပေါ်နိုင်ဟု ကြံ့ခိုင်ရေးပါတီ ဆို click
- အကျဉ်းသားလွတ်ရေး ဦးဝီရသူ လှုပ်ရှားမယ် click
- မလွတ်မြောက်သေးသော နိုင်ငံရေးအကျဉ်းသားများနဲ့ ပတ်သက်ပြီး အရှင်ဝီရသူရဲ့ သဘောထား click
- ICRC ထောင်ထဲ ၀င်စစ်ခွင့် click
- ရွှေည၀ါဆရာတော်က ဆန္ဒပြ တိုင်ရီအလုပ်သမားများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ click
- ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမိတ်ဆက် ဟောပြောပွဲ (၁) click
- ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမိတ်ဆက် ဟောပြောပွဲ (၂) click
- ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂ စတင်ဖွဲ့စည်း click
- မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေသေး click
- ပြည်နယ်အခြေအနေ မထူးသေး click
- မြန်မာအပြောင်းအလဲအပေါ် HRW ရဲ့ အမြင် (ရုပ်သံ) click
- DKBA ၏ လက်နက်များ ပြန်အပ်ဖို့ သမ္မတ ညွှန်ကြားဟု ဆို click
- မြိုင်ကြီးငူတွင် ဒီကေဘီအေတပ်ဖွဲ့ဝင် ၇၀ကျော် ၀ိုင်းထားခံရ click
- လက်နက်ပြန်မပေးလျှင် မြန်မာအစိုးရနှင့် ဒီကေဘီအေ အပစ်ရပ် ပျက်ပြယ်မည် click
- မန်းငြိမ်းမောင်အမှု ပြည်ထောင်စုဝန်ကြီးကို သက်သေတင်တာ ပယ်ချခံရ click
- မန်းငြိမ်းမောင် သက်သေနှစ်ဦးသာ ခွင့်ပြု click
- ပဒိုမန်းငြိမ်မောင်အမှု အင်းစိန်ထောင်ပိုင်နှစ်ဦးကို တရားရုံးမှ ဆင့်ခေါ်ပေးမည် click
- အဖမ်းခံ ကချင်တိုင်းရင်းသားအမှု click
- မွန်ပြည်သစ်ပါတီ အရေးပေါ်အစည်းအဝေး ပြီးစီး click
- မွန်ပြည်သစ်ပါတီနှင့် အစိုးရကိုယ်စားလှယ် ထပ်မံ တွေ့ဆုံမည် click
- KIO အပစ်အခတ်ရပ်စဲရေး ဘာကြောင့် မလုပ်နိုင်သနည်း (ဆောင်းပါး) click
- နိုင်ငံတကာဘဏ္ဍာရေးလုပ်ငန်းတွေနဲ့ မြန်မာ ဆက်ဆံရေး click
- ချိုးကူသံလေးကြားရဖို့ ... (ဆောင်းပါး) click
- “ချိုကုပ်ဒူးကြီး ဘာလုပ်နေလဲ” (ကာတွန်း) click
- မြန်မာဒုက္ခသည်စခန်းမှာ မီးလောင်မှု ဖြစ်ပွား click
- ထိုင်းနိုင်ငံ အုန်းဖြန်ဒုက္ခသည်စခန်း မီးလောင် click
- ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှာ အိမ်ခြေ ၁,၀၀၀ ခန့် မီးလောင် click
- အုန်းဖျန်ဒုက္ခသည်စခန်း မီးလောင်မှုကြောင့် အိမ်ခြေ ၁,၀၀၀ ကျော် ပျက်စီးဆုံးရှုံး click
- ဝါယာရှော့မှစသည့် အုန်းဖျန်စခန်း မီးလောင်မှု ဒုက္ခသည် ၂,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ် click
- အုန်းဖျံဒုက္ခသည်စခန်းမီး လူလေးထောင်ကျော် အိုးအိမ်မဲ့ဖြစ်ကုန် click
- အုန်းဖျန်ဒုက္ခသည်စခန်းမှာ လောင်တဲ့မီး (ဓာတ်ပုံ) click
- ကရင့်ရေးရာ နှီးနှောဖလှယ်ပွဲကြီး စတင် ကျင်းပရန်ရှိ click
- ထိုင်းနိုင်ငံကုမ္ပဏီများ မြန်မာကုန်သည်ကြီးများနှင့် တွေ့ဆုံ click
- လယ်သိမ်းခံ မွန်လယ်သမားများ ဇေကမ္ဘာကို တရားစွဲမည် click
- တရုတ်ရှိ မြန်မာအမျိုးသမီးအလုပ်သမားများဥပဒေ အကာအကွယ် လိုအပ်နေ click
- ဘာသာရေးအကြောင်းပြ ငွေကြေးကောက်ခံနေမှုကြောင့် ရပ်ကွက်နေပြည်သူများ မကျေမနပ်ဖြစ်နေ click
- ကချင်ဒုက္ခသည်ရန်ပုံငွေ အနုပညာပြပွဲ ရန်ကုန်တွင် ပြုလုပ်မည် click
- အမျိုးသားများ မ၀င်ရ၊ အဆိုတော်ရဲ့ဒုက္ခ click
- မြန်မာဟိုတယ်ဝန်ထမ်း အရိုက်ခံရမှု ဥပဒေနဲ့အညီ ဆောင်ရွက်စေလို click
- ရန်ကုန်မြို့ ယုဇနပလာဇာအနီးတ၀ိုက်တွင် ယာဉ်တိုက်မှုဖြစ်ဟန်ဆောင်သူ click
- ညအချိန်မတော် ကာရာအိုကေသံများ ဆူညံနေ (ပေးစာ) click
- ဘုရားသုံးဆူနဲ့ စန်ခရပူရီ (ဓာတ်ပုံ) click
- ကျောသားရင်သား မခွဲခြားနဲ့ (ဆောင်းပါး) click
- ရပ်ဝေးမြေမှ ချစ်သမီးသို့ (ဆောင်းပါး) click
- ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် - အမှတ် ၄၁၂ (အသံလွှင့်ဆောင်းပါး) click
- မွန်ရိုးရာဂီတ မိကျောင်းတူရိယာအကြောင်း သိကောင်းစရာ (ဆောင်းပါး) click
- ပေါ်လကီး ပြောတဲ့ပုံပြင် (၂) click
- မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့ (ကဗျာ) click
- ကိုရန် (Qur’an) မီးရှို့မှု အိုဘားမား တောင်းပန် click
- အာဖဂန် ဆန္ဒပြမှု နေတိုးတပ်ဖွဲ့ဝင် ၂ ဦး သေ click
- အီရတ်နိုင်ငံ ဗုံးခွဲတိုက်ခိုက်မှု လူ ၅၀ သေဆုံး click
- ဆိုမာလီအရေး ကူညီဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ ဆွေးနွေး click
- ဆိုမာလီ ဆွေးနွေးပွဲ ပြီး click
- အမေရိကန်-မြောက်ကိုရီးယား အချိန်ပို ဆွေးနွေး click
- ဖေဖော်ဝါရီလ ၂၃ ရက် တမိနစ် သတင်းဗွီဒီယို click

ဆန္ဒနှင့် အကောင်အထည်ဖော်မှု
ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၂၄)
ဆန္ဒနှင့် အကောင်အထည်ဖော်မှု
ဒေါက်တာလွဏ်းဆွေ
လူတဦးချင်းစီ၏ စိတ်ကူးထဲတွင် အနာဂတ်ကာလအတွက် အကောင်အထည်ဖော်လိုသည့် ဆန္ဒများ ကိုယ်စီကိုယ်ငှ ရှိကြမည်ထင်ပါသည်။ ထိုဖြစ်လိုသည့်ဆန္ဒများသည် သူတဦးတည်းအတွက်လည်း ဖြစ်ချင်ဖြစ်မည်။ သူနေထိုင်ရာ လူ့အဖွဲ့အစည်းအတွက်လည်း ဖြစ်ချင်ဖြစ်မည်။ သို့မှမဟုတ် လူသားအားလုံးအတွက်လည်း ဖြစ်ချင်ဖြစ်မည်။ ဖြစ်ချင်သည့်ဆန္ဒ အနည်းအများသာ ကွာမည်ထင်ပါသည်။ ထိုသို့ ဖြစ်ချင်သည့်ဆန္ဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ...
(၁) အသိပညာဗဟုသုတနှင့် ပြည့်စုံမှု
(၂) အခြေအနေပေးမှု
(၃) အချိန်အခါနှင့် ကိုက်ညီမှု
... စသည်တို့ ညီညွတ်မျှတစွာ ပြည့်စုံမှသာ ဖြစ်လိုသည့်ဆန္ဒများကို အကောင်အထည်ဖော်ခွင့်ရမည်ဟု ထင်ပါသည်။ ထိုအထဲမှ တချက်ချက် ချွတ်ယွင်းနေလျှင် မည်မျှပင် ဆန္ဒပြင်းပြနေစေကာမူ ဖြစ်ချင်သည့်ဆန္ဒများ အကောင်အထည်ပေါ်မလာဘဲ လွဲချော်မှုနှင့်သာ ကြုံတွေ့နေမည်ဟု ထင်မိပေသည်။ မိမိ အကောင်အထည်ဖော်လိုသော ဆန္ဒတခုအတွက် လိုအပ်သည့် အသိပညာဗဟုသုတနှင့် မည်မျှပင် ပြည့်စုံနေစေကာမူ အချိန်အခါနှင့် ကိုက်ညီမှုမရှိပါကလည်း ဖန်တီးနိုင်မည့် အခြေအနေပေးမည်မဟုတ်ပေ။ ထိုလိုအပ်နေသော အချိန်အခါနှင့် အခြေအနေဟူသည် ထိုင်စောင့်နေ၍ ရတတ်လေသည်မျိုးမဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ယူမှသာ လက်ဝယ်သို့ ရောက်ရှိလာတတ်သည်မျိုးလည်း ရှိပေသည်။
*****
ဘောလုံးပွဲကြည့်တတ်ခါစကာလက လူကျွံဘောဖမ်းသည်ဟူသော ဘောလုံးစည်းမျဉ်းကို အဘယ်ကြောင့် ထည့်ထားမှန်း နားမလည်ပေ။ ကြာလာသည့်အခါကျမှ လူကျွံဘောအကြောင်း နားလည်လာမိပေသည်။ တိုက်စစ်မှူး ဘောလုံးသမားတဦးသည် မည်မျှပင် ဂိုးသွင်းချင်သည့်ဆန္ဒ ပြင်းပြနေစေကာမူ မိမိဆီသို့ ဘောလုံးရောက်မလာခင် တဘက်နောက်တန်းကစားသမားများကို ကျော်၍ နေရာယူထားပါက လူကျွံဘော အဖမ်းခံရပြီး ကြိုးစားသမျှ အချည်းနှီးသာဖြစ်ပေမည်။
အခြေအနေတည်းဟူသော ဘောလုံးသည် မိမိဆီသို့ ရောက်မလာသေးဘဲ ဆန္ဒစော၍ မရသည့်သဘောဖြစ်သည်။ မိမိအသင်းသည် ခံစစ်နှင့် ကစားနေရသော အချိန်မျိုးတွင် ပို၍ ဆိုးပေသည်။ ထိုအခါမျိုးတွင် ထိုသို့ ရှေ့ကနေပြီး အဆင်သင့် ပေးပို့မည့် ဘောလုံးကို စောင့်မနေဘဲ မိမိအသင်းသားများနည်းတူ ကိုယ်တိုင်ကိုယ်ကျ အလယ်တန်း သို့မဟုတ် နောက်တန်းသို့ ဆင်း၍ ဘောလုံးကို ရအောင်ယူနိုင်မှသာ ဂိုးသွင်းခွင့်ရမည် ဖြစ်ပေသည်။ ထိုသို့ လူကျွံဘော မကြာခဏ မိတတ်သော ဘောလုံးသမားများကို နားမလည်သူများက တော်သည်၊ ကြိုးစားသည်ဟု ထင်ကြမည်ဖြစ်သော်လည်း နားလည်သည့်သူများကမူ ရေသာခိုသည့်စိတ်နှင့် အချောင်ထိုင်စောင့်နေသည် (ဘောသူခိုး) ဟု မြင်တတ်သည်ကို သတိထားမိပေသည်။
*****
ယခုအခါ စာမျက်နှာများပေါ်တွင် မြန်မာ့လူ့အဖွဲ့အစည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေချင်သည့် ဆန္ဒများနှင့် အားထုတ် ရေးသားနေကြသော အသိပညာပေးဆောင်းပါးများကို ၀မ်းမြောက်ဖွယ် တွေ့မြင်ဖတ်ရှုနေရပေသည်။ တချို့ဆောင်းပါးများသည် လက်ရှိ အခြေအနေ အချိန်အခါနှင့် ကိုက်ညီသော အသိပညာဗဟုသုတများဖြစ်၍ အကောင်အထည်ဖော်၍ ရသော်လည်း တချို့ဆောင်းပါးရှင်များ ပေးသော အဆင့်မြင့်အသိပညာများမှာမူကား အခြေအနေ အချိန်အခါနှင့် ကိုက်ညီမှုမရှိသေးသဖြင့် အကောင်အထည်ဖော်၍ မရသေးဘဲ အချည်းနှီး ဖြစ်နေကြသည်ကို တွေ့ရပေသည်။
ထိုသို့ စေတနာကောင်းသော်လည်း ဆန္ဒစော၍ လူကျွံဘောမိသလို ဖြစ်နေသည့် ဆောင်းပါးရှင်များအနေနှင့် မိမိတို့ ပေးချင်သည့် အဆင့်မြင့်အသိပညာများကို အကောင်အထည်ဖော်ခွင့်ရရန်အတွက် အခြေအနေ တည်းဟူသော ဘောလုံးကြီး လက်ဝယ်သို့ ရောက်ရှိသော အချိန်အခါမျိုး ဖြစ်ပေါ်လာအောင် အလယ်တန်း သို့မဟုတ် နောက်တန်းသို့လည်း ဘောလုံး ဆင်း၍ ယူကြစေလိုကြောင်း အကြံပြုရသော် မိကျောင်းမင်း ရေခင်းပြသည်ဟုတော့ မထင်မှတ်ကြစေခလို …။ ။
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မေလ၊ ၂၀၀၀ ခုနှစ်)
Thursday, February 23, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၃-၂-၂၀၁၂ - ညပိုင်း)
- ပင်လုံစိတ်ဓာတ် လက်ဆင့်ကမ်းရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- မိုးကောင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော click
- တိုင်းရင်းသားများ ညီညွတ်ရန် ဒေါ်အောင်ဆန်းစုကြည် ပြော click
- ဒေါ်နေရီဗဆွေ အန်အယ်လ်ဒီပါတီသို့ ကူးပြောင်း click
- ကုန်းဇောင်းကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား (ရုပ်သံ) click
- ဆိပ်ကြီးခနောင်တိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ (ရုပ်သံ) click
- ကချင်ဒေသငြိမ်းချမ်းရေး ပါဝင်ဆောင်ရွက်လိုဟု ၈၈ အဖွဲ့ ပြော click
- ကိုကိုကြီး သရက်ခရီးစဉ်မှာ ရင်ဖွင့်ပြီ (ရုပ်သံ) click
- DKBA နှင့် BGF တို့ ပစ်ခတ်မှုတွင် အရပ်သားများ သေဆုံးဒဏ်ရာရရှိခဲ့ click
- ရှမ်းပြည်တပ်မတော်နှင့် အစိုးရတပ် တိုက်ပွဲသစ်များ ထပ်မံဖြစ်ပွား click
- ယမန်နေ့မှ ကနေ့အထိ မြန်မာအစိုးရနှင့် သျှမ်းပြည်တပ်မတော် အပြန်အလှန် ၀န်းရံတိုက်ခိုက်နေ click
- RCSS/SSA နှင့် ထိပ်တိုက်တိုက်ပွဲ အစိုးရတပ်အရာရှိ အပါအ၀င် လေးဦး သေ click
- ဌာနေပြည်သူ့စစ် ထိန်းချုပ်နယ်မြေ၌ ယာဘသုံးစွဲရောင်းဝယ်မှု များပြား click
- ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်ရေး သမ္မတ၏ အဆို ရှုံးနိမ့် click
- ကိုဇာဂနာနဲ့ ဆန်ဖရန်မြန်မာမိသားစုများ တွေ့ဆုံပွဲ (ရုပ်သံ) click
- “ကြားဖြတ်ရွေးကောက်ပွဲနဲ့ အတားအဆီးများ” ဒိတ်လိုင်း ဧရာဝတီ (ရုပ်သံ) click
- သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး - ၁၉ (အောက်မေ့ဖွယ်) click
- အသံမဲ့ (သို့) ပုန်းကွယ်နေသော အရိပ်များ (မေးမြန်းခန်း) click
- အုန်းဖျန်ဒုက္ခသည်စခန်း အိမ်ခြေရာချီ မီးလောင်ကျွမ်း click
- အုန်းဖျန်မီး အိမ်ခြေ ၆၀၀ ကျော် လောင်ကျွမ်းပျက်စီး click
- အုန်းဖျန်ဒုက္ခသည်စခန်း အိမ်ခြေ ၁,၀၀၀ ကျော် မီးလောင် click
- အုန်းဖျံဒုက္ခသည်စခန်းမီး လူ ၂,၀၀၀ ကျော် အိုးအိမ်မဲ့ click
- အုန်းဖျံမီးလောင်မှု မှတ်တမ်းဓာတ်ပုံများ click
- မီးဘေးနှင့် သဘာဝဘေးအန္တရာယ်အတွက် မွန်ဂီတအဖွဲ့ ရန်ပုံငွေရှာ click
- မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်က ရွာတရွာ မီးလောင် click
- ကြက်ဆူဆီမှရသော ဘိုင်အိုဒီဇယ်ဖြင့် ကျေးရွာပေါင်း ၁၀၀၀ ကို မီးပေးမည် click
- ရောဂါကြီး ၂ မျိုးအတွက် ဆေးဝါးများ အရေးတကြီး လိုအပ် click
- HIV ပိုးရှိ ၈၅,၀၀၀ ART ဆေးလိုအပ်နေ click
- ရွှေတိဂုံဘုရားပွဲဈေးနဲ့ စည်းချက်ညီ click

အုန်းဖျန်မီး ဒုက္ခသည် ၄,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ် (ဓာတ်ပုံသတင်း)
အုန်းဖျန်မီး ဒုက္ခသည် ၄,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်
သတင်းနှင့်ဓာတ်ပုံ - မြနှယ်စိမ်းစိမ်း (အင်းစိန်)
ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၁၂ ခုနှစ်
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ အကွာမှာရှိတဲ့ အုန်းဖျန် မြန်မာဒုက္ခသည်စခန်းမှာ ဒီနေ့ ၁၂ နာရီကျော်ကစပြီး အမှတ် ၉ ရပ်ကွက်က ရပ်ကွက်မှူး ဦးအီဆာ အိမ်ကနေ မီးစလောင်ခဲ့တဲ့အတွက် ရပ်ကွက်အမှတ် ၉-၈-၇-၆- ၁၀ ရပ်ကွက်တွေကို မီးကူးစက်သွားတဲ့အတွက် အိမ်ခြေ ၁,၀၀၀ ခန့် ပြာကျသွားပြီး ဒုက္ခသည် ၄,၀၀၀ လောက် မီးဘေးသင့်ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားရပါတယ်။
အဲဒီထပ်ဆင့်ဒုက္ခသည် ၄,၀၀၀ ကို UNHCR အပါအ၀င် ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေကြတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေက လိုအပ်တဲ့ ဆေးဝါးရိက္ခာ၊ အ၀တ်အထည်နဲ့ ယာယီတဲတွေပေးဖို့ စီစဉ်နေပေမယ့် အခုချိန်ထိ ရောက်မလာသေးတဲ့အတွက် ဒီညမှာတော့ နီးစပ်ရာ အစ္စလာမ်ဗလီနဲ့ ဘုန်းကြီးကျောင်းတွေမှာ ဖြစ်သလိုပဲ နေကြရမှာ ဖြစ်ပါတယ်။
အုန်းဖျန်စခန်းမှာ ရပ်ကွက် ၁၆ ခုရှိပြီး လက်ရှိ မြန်မာဒုက္ခသည် ၂၄,၀၀၀ နေထိုင်လျက်ရှိပါတယ်။ ၁၂ နာရီမှာ လောင်တဲ့ မီးဟာ မွန်းလွဲ ၃ နာရီမှာ ငြိမ်းသွားပြီး ထိုင်းမီးသတ်ကား ၅ စီး ကတော့ မွန်းလွှဲ ၂ နာရီကျော်မှာ ရောက်ရှိလာခဲ့ပါတယ်။ အသေအပျောက်ရှိတယ်လို့ ပြောနေကြပေမယ့် စခန်းတာဝန်ရှိသူတွေကတော့ အတည်ပြုချက်မပေးသေးပါဘူး။
အပြည့်အစုံသို့...
No comments:
Post a Comment