Saturday, 4 February 2012

Saturday, February 4, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၂-၂၀၁၂ - နံနက်ပိုင်း)

- မဂ္ဂင်ကျောင်းတံခါး ထပ်ချိတ်ပိတ်ခံရမယ် click
- “ကျုပ်ပါးစပ် လွတ်လပ်ရေးရပြီ” ဟု ရွှေညဝါဆရာတော် မိန့် click
- အသားဈေး ကျဆင်းရေး ပုသိမ်စည်ပင်ရုံးရှေ့မှာ ဆန္ဒပြ click
- မတရားရယူတဲ့ ဖြောင့်ချက်များနဲ့ အပြစ်ပေးခံရသူတွေ လွှတ်ပေးရေး တောင်းဆို click
- ဒေါ်အောင်ဆန်းစုကြည် ရောက်မယ့်နေ့ ပုသိမ်တက္ကသိုလ် မဖြေမနေရ စာမေးပွဲစစ်မည် click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခွဲနှစ်ရုံး မန္တလေးမြို့မှာ ဖွင့်လှစ်မည် click
- မစ္စတာကင်တားနား ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ click
- လူ့အခွင့်အရေးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး click
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ကင်တားနား တွေ့ဆုံ (ရုပ်သံ) click
- ဖေဖော်ဝါရီလ ၃ ရက် တမိနစ် သတင်းဗီဒီယို click
- ၈၈ မျိုးဆက်နဲ့ ကင်တားနား တွေ့ဆုံ click
- ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်၏ မြန်မာပြည်ခရီး click
- ကင်တားနား မြန်မာ့လူ့အခွင့်အရေး အကဲခတ် ကိုင်တွယ်မည် click
- ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်ခွင့်ပြုဖို့ တိုက်တွန်း click
- တိုပါရိုရောက် ဦးသိန်းစိန် click
- ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် သွားရောက်တွေ့ဆုံ click
- ကရင်နီ ဆယ်ကျော်သက်ကလေး ပစ်သတ်ခြင်းခံရ click
- ရခိုင်တွင် စစ်တပ်၊ သစ်တောနှင့် ရဲများက တရားမ၀င် ငွေကောက်ခံနေ click
- ပြည်ထောင်စုနေ့တွင် ပင်လုံကျောက်တိုင်ကို ရှမ်းပြည်သားတို့ အလေးပြုမည် click
- အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေစဉ် တိုင်းရင်းသားဒေသတချို့၌ တိုက်ပွဲဖြစ်ပွားနေ click
- မွန်ပြည်သစ်ပါတီနဲ့ အစိုးရ အပစ်ရပ်ရန် ပဏာမ သဘောတူ လက်မှတ်ထိုး click
- ကချင်၊ ရှမ်းနဲ့ အစိုးရ ဆွေးနွေးပွဲများ (သတင်းသုံးသပ်ချက်) click
- ပြည်တွင်းငြိမ်းချမ်းရေး ရပြီလား (ဆွေးနွေးဖလှယ်) click
- DVB ရုပ်သံသတင်းထောက် ဦးဇေယျနှင့် အင်တာဗျူးခြင်း click
- DVB ရုပ်သံသတင်းထောက် စည်သူဇေယျနှင့် အင်တာဗျူးခြင်း click
- နေဘုန်းလတ်နှင့် အင်တာဗျူးခြင်း click
- ကိုလိုနီစရိုက်ကို ဗိုက်ထဲမှာ ထည့်ထားတဲ့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး (ပေးစာ) click
- ကိုယ်တိုင်ခေါင်းစဉ် ဖြည့်ရန် (ဆောင်းပါး) click
- ဒေါ်လာတသောင်းအထိ တရားဝင် လဲနိုင်ပြီ click
- ကြံသကာ ဈေးမကောင်း၍ ဒုံသမိချောင်းနံဘေး ကြံခင်းစိုက်ပျိုးသူ နည်းလာ click
- ရခိုင်ရိုးရာ ရထားဆွဲပွဲ စစ်တွေတွင် စတင်ကျင်းပ click
- ခင်ဝမ်းရဲ့ စိတ္တဇပန်းချီ eBook click
- ခင်ဝမ်း-သီချင်းခေါင်းစဉ်များ click
- ခင်ဝမ်း၏ ပန်းချီလက်ရာများ click
- သီချင်းကြိုက်တဲ့ လုပ်ငန်းရှင်ကြီးများ click
- ပြည်တော်ပြန်အိပ်မက် အလှမ်းဝေးနေဆဲ (ဆောင်းပါး) click
- သင်ကြား-သင်ယူမှု အနုပညာ (ပညာရေးစာတမ်း) click
- အမြင် (ကာတွန်း) click
- အီရန်ဘာသာရေးခေါင်းဆောင်က အမေရိကန်ကို သတိပေး click
- ဒဏ်ခတ်မှု၊ တိုက်ခိုက်မှု အီရန် လက်တုံ့ပြန်မည် click
- ဆီးရီးယား ပြဌာန်းဆုံးဖြတ်ချက် မဲခွဲမည် click
- အီဂျစ်မှာ ရဲနဲ့ ဆန္ဒပြသူ ထိပ်တိုက်တွေ့ click
- ဥရောပမှာ အအေးလှိုင်းဒဏ် ရှိနေဆဲ click
- ဂျာမဏီနဲ့ မဟာဗျူဟာဆက်ဆံရေး ထူထောင်ဖို့ တရုတ် လိုလား click
- ဇန်န၀ါရီ ကန် အလုပ်လက်မဲ့ဦးရေ ကျဆင်း click
- ခမာနီထောင်မှူး ထောင်ဒဏ် တသက်ကျ click
- ခမာနီထောင်မှူးကို ထောင်ဒဏ်တသက် ချမှတ် click
- အကြွေးအများဆုံးနိုင်ငံများ click

Friday, February 3, 2012

ခင်ဝမ်း (သို့မဟုတ်) အနုပညာဖြင့် စင်ကြယ်စွာ နေထိုင်ခဲ့သူ

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၂၀)
ခင်ဝမ်း (သို့မဟုတ်) အနုပညာဖြင့် စင်ကြယ်စွာ နေထိုင်ခဲ့သူ
ဒေါက်တာလွဏ်းဆွေ
ပုံတူပန်းချီ - မင်းကျော်ခိုင်

မရဏလေသည် အနုပညာပန်းပွင့်ကြီးများကိုသာ ရွေး၍ ခြွေချနေလေရော့သလားမသိ။ ၃-၂-၂၀၀၀ နေ့ကလည်း ကိုခင်ဝမ်းဟု ကျနော်တို့ ချစ်စနိုး ခေါ်ဝေါ်ခဲ့ကြသော ပန်းချီဆရာ၊ တေးရေးဆရာ၊ အဆိုတော် ခင်ဝမ်း (၁၉၄၇-၂၀၀၀) ကွယ်လွန်ဆုံးပါးခဲ့ရပြန်ချေပြီ။

“ … နှုတ်ဆက်ခဲ့ပါတယ် … ကျနော် သွားတော့မယ် … လမ်းရဲ့သယ်ဆောင်ရာ … ဟိုအဝေးကို … အဝေးကို …”

ကိုခင်ဝမ်းတယောက် ကျနော်တို့အား အမှန်တကယ်ပင် နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။

*****

၅-၂-၂၀၀၀ နေ့ နံနက် ၁၁း၃၀ နာရီခန့်က ကျနော်သည် ရွှေပေါက္ကံမြို့သစ်နေ စာပေမိတ်ဆွေတဦးက ဖိတ်ကြားသော မိတ်ဆုံစားပွဲတခုသို့ ရောက်ရှိနေခဲ့သည်။ နေ့လယ် ၂ နာရီတွင် ထိုနေရာမှတဆင့် သိပ်မဝေးတော့သော ရေဝေးသုသာန်တွင် သင်္ဂြိုဟ်မည့် ကိုခင်ဝမ်း၏ ဈာပနကို လိုက်ပါပို့ဆောင်ရန် စိတ်ကူးဖြင့်လည်း တချက်ခုတ် နှစ်ချက်ပြတ် ရောက်ရှိနေခဲ့ခြင်းဖြစ်ပါသည်။ စားရင်းသောက်ရင်း စကားလက်ဆုံကျနေကြရင်းမှ နေ့လယ် ၁ နာရီထိုးလောက်တွင် အားလုံးကို ခွင့်ပန်ကာ စာရေးဆရာ ကိုတာ၏ ကားအကူအညီဖြင့် ရေဝေးသို့ ထွက်လာခဲ့သည်။ ကားပေါ်သို့ အတက်တွင် ကဗျာဆရာ ညွန့်သစ်လည်း နောက်မှ အပြေးအလွှား လိုက်လာခဲ့သည်။


ရှင်သန်နေတဲ့ ကိုခင်ဝမ်းရဲ့ ပုံရိပ်များ (သို့မဟုတ်) ရှားပါးလှတဲ့ ကိုခင်ဝမ်းရဲ့ Live Show အပိုင်းအစများ

သို့နှင့် နေ့လယ် ၁ နာရီ ၁၀ မိနစ်ကျော်ကျော်တွင် ကျနော်၊ ဆရာညွှန့်သစ်နှင့် ကားဆရာတို့ သုံးဦး ရေဝေးသုသာန်သို့ ရောက်ရှိခဲ့ကြသည်။ သို့သော် ကျနော်တို့ပဲ နာရေးအချိန်ဇယား အကြားမှား၊ အမှတ်မှား၍လားမသိ။ ကျနော်တို့ ရောက်တော့ ရေဝေးတွင် လူရှင်းနေသေးသည်။ ကိုခင်ဝမ်း၏ ရုပ်ကလာပ်ကိုလည်း ရေဝေးသို့ သယ်ဆောင်မလာသေး။ အသိ စာပေမိတ်ဆွေတချို့သာ ရောက်နှင့်နေကြသေးပြီး သင်ပုန်းမှ သင်္ဂြိုဟ်မည့် အချိန်ဇယားကို သွားဖတ်ကြည့်တော့ “ဦးခင်ဝမ်း - ညနေ ၄ နာရီ” ဟု ရေးထားသည်ကို တွေ့ရသည်။ အချိန်တော်တော် စောနေသေး၍ ဟိုဟိုဒီဒီ လျှောက်နေရင်း ကိုခင်ဝမ်း၏ အနုပညာများနှင့် ဘ၀ဖြတ်သန်းမှုအကြောင်းကို တစွန်းတစ တွေးတောနေမိသည်။ ထိုသို့ တွေးမိနေရင်းမှ သိပ်မကြာသေးမီ ညနေခင်းတခုတွင် ခင်မင်ရင်းနှီးသော စာပေမိတ်ဆွေတဦးနှင့် ဆုံဖြစ်ခဲ့သည့် စကားဝိုင်းတခုသို့ စိတ်က ရောက်သွားခဲ့သည်။

*****

ထိုညနေက ကျနော်နှင့် စာပေမိတ်ဆွေကြီးတို့ နှစ်ဦးသား အနုပညာသမားတို့၏ ဘ၀နေထိုင်ဖြတ်သန်းမှု ပုံစံများအကြောင်းကို ဆွေးနွေးဖြစ်ခဲ့ကြသည်။ နံဘေးမှ မိတ်ဆွေတဦးက အသံတိတ် နားထောင်နေခဲ့သည်။ ထိုသို့ပြောနေရင်းမှ အဖွဲ့တခုက ဆင်းရဲနွမ်းပါးသော စာပေအနုပညာသမားတို့ကို ပံ့ပိုးကူညီနေသည့် ကိစ္စအကြောင်း ရောက်သွားခဲ့သည်။ လူရွေးချယ်မှုနှင့်ပတ်သက်၍ ဘယ်လို စာပေအနုပညာသမားကို ရွေးချယ်ပံ့ပိုးမလဲ ဟူသောကိစ္စအရောက်တွင် စာပေမိတ်ဆွေကြီးက သူ့အနေနှင့် မိသားစုအပေါ် တာဝန်မကျေသူ ဘယ်အနုပညာသမားကိုမဆို အနုပညာလက်ရာ ဘယ်လောက်ပင်ကောင်းကောင်း မကူညီ မထောက်ပံ့နိုင်ကြောင်း အခိုင်အမာ ပြောဆိုနေခဲ့သည်။

ကျနော်ကမူ အနုပညာရှင်တို့၏ ဘ၀ဖြတ်သန်းမှုကို သာမန်လူသားတဦး၏ဘ၀နှင့် အနုပညာသမားဘ၀ ဆိုပြီး နှစ်ပိုင်းခွဲခြားမြင်ပါကြောင်း၊ နှစ်ပိုင်းစလုံးတွင် တာဝန်ကျေသူဖြစ်ပါက အပြည့်စုံဆုံးပင်ဖြစ်ကြောင်း၊ သို့သော် သာမန်လူသားတဦး၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ မထမ်းဆောင်နိုင်လင့်ကစား သူ၏ အနုပညာပစ္စည်းများသည် လက်ရာပြောင်မြောက်စွာ ကောင်းမွန်နေပါက ထိုသူကိုသာ ဦးစားပေး ထောက်ပံ့သင့်ကြောင်း၊ အနုပညာသမားကို ထောက်ပံ့ခြင်းဖြစ်၍ အနုပညာကောင်းသူများကိုသာ ဦးစားပေး ရွေးချယ်သင့်ကြောင်း၊ သူသည် မိသားစုအပေါ် လစ်ဟင်းမှုများ ရှိလင့်ကစား သူ၏ အနုပညာ လက်ရာကောင်းများသည် သူနေထိုင်ရာ လူ့အဖွဲ့အစည်းအတွက် အလွန်ပင် အကျိုးကျေးဇူးများလှ၍ တဘက်က လစ်ဟင်းမှုများကို ခွင့်လွှတ်နားလည်ပေးနိုင်ပါကြောင်း ရှည်ရှည်ဝေးဝေး ပြန်လည်ရှင်းပြနေမိသည်။ သို့သော် စာပေမိတ်ဆွေကြီးက လက်မခံ။ အပြန်တွင်ကား သူလည်း သူ့အယူအဆကို ဆုပ်ကိုင်၊ ကျနော်လည်း ကျနော့်အယူအဆကို ဆုပ်ကိုင်ကာ ပျော်ပျော်ရွှင်ရွှင်ပင် လမ်းခွဲခဲ့ကြသည်။

*****

ကျနော်တို့ချစ်သော အစ်ကိုကြီး ကိုခင်ဝမ်းသည်လည်း အနုပညာကို သစ္စာရှိရှိ ဖက်တွယ်ရင်း အနုပညာသမားဘ၀ဖြင့် ဘ၀တလျှောက်လုံး အသက်ရှင်နေထိုင်ခဲ့သူပင်ဖြစ်သည်။ သို့ဖြစ်၍ ကိုခင်ဝမ်း၏ ဘ၀တွင် သာမန်လူသားတဦး၏ ဘ၀ဖြတ်သန်းမှုနှင့် အနုပညာသမား၏ ဘ၀ဖြတ်သန်းမှု နှစ်ပိုင်းစလုံး ရှိခဲ့မည်ပင်ဖြစ်သည်။ ကိုခင်ဝမ်းတွင် ကျနော်နှင့် စာပေမိတ်ဆွေကြီးတို့ ဆွေးနွေးခဲ့ကြသလို ၀ိဝါဒကွဲစရာများ ရှိကောင်းရှိခဲ့မည်လား မပြောတတ်။ ကိုခင်ဝမ်းသည် သာမန်လူသားတဦး၏ ဘ၀တွင် စာပေမိတ်ဆွေကြီး ဖြစ်စေချင်သလို တာဝန်ကျေခဲ့သလား၊ မကျေခဲ့ဘူးလား အနီးကပ် နေထိုင်ခဲ့သူ မဟုတ်၍ ကျနော် မသိ (အနီးကပ်ဆို၍ ၁၉၉၆ သြဂုတ်လအတွင်းက ယခု သဘင်အနုပညာဂျာနယ် တာဝန်ခံအယ်ဒီတာ ဆရာနွယ်ဦးလှိုင်နှင့်အတူ ကိုခင်ဝမ်း နေထိုင်ရာ မြေနီကုန်းတိုက်ခန်းသို့ တခေါက် ရောက်ခဲ့ဖူးခြင်းသာရှိသည်။ ကိုခင်ဝမ်းကို အမျိုးသားဇာတ်ရုံတွင် တကိုယ်တော် သီဆိုဖျော်ဖြေပွဲ ‘One Man Show’ လုပ်ရန် သွားရောက် ညှိနှိုင်းပြောဆိုခဲ့ခြင်းသာဖြစ်ပြီး အကြောင်းကြောင်းကြောင့် အစီအစဉ် ပျက်ပြားသွားခဲ့ရသည်။ တွေးမိတိုင်းလည်း စိတ်မကောင်းဖြစ်ရသည်)။ သို့သော် အနုပညာသမားတဦး၏ ဘ၀ဖြတ်သန်းမှုအနေနှင့်တော့ သူသည် မြန်မာ့လူ့အဖွဲ့အစည်းအတွက် တာဝန်ကျေခဲ့သည်ဟု ကျနော် အခိုင်အမာ ပြောချင်သည်။

သူဖန်တီးခဲ့သည့် များလှစွာသော အနုပညာလက်ရာမွန်များကို ထောက်ချင့်၍ ကိုခင်ဝမ်းလို လူသားတဦးအား မြန်မာ့လူ့အဖွဲ့အစည်းက ရရှိခဲ့သည်မှာ အလွန်ပင် တန်ဖိုးရှိလှသည်ဟု ထင်မြင်မိပေသည်။ သူရေးသားခဲ့သော “စိတ္တဇပန်းချီ” စာအုပ်၊ သူရေးဆွဲခဲ့သော ပန်းချီကားများ၊ သူရေးစပ်သီဆိုခဲ့သော သီချင်းများ၊ ကဗျာများသည် အဖိုးမဖြတ်နိုင်သော အနုပညာအမွေအနှစ်များပင်ဖြစ်သည်။ သူသည် ကိုယ်ပိုင်သံစဉ်သီချင်း ရေးစပ်သီဆိုသူအဖြစ် တစိုက်မတ်မတ် ရပ်တည်ခဲ့သူဖြစ်သည်။ အထူးသဖြင့် သူ၏ သီချင်းစာသားများသည် ကဗျာဆန်ဆန် လှပနေကာ အတွေးအခေါ် အားပါလှပြီး နှစ်အတော်များများ ခေတ်ရှေ့ပြေးနေသည်ဟု ထင်မြင်မိပေသည်။ သူ၏ သီဆိုသံသည် အေးရှရှနှင့် သံလိုက်ဓာတ်ပါပြီး သံစဉ်များကလည်း မြန်မာဆန်လှသည်။

သူရေးစပ်သီဆိုခဲ့သည့် နာမည်ကျော်ကြားခဲ့သော “အမေ၊ ဧရာဝတီ၊ ပြည်မှာဆောင်း၊ နှင်းဆီဖြူရဲ့ အဝေးက လူတယောက်၊ ဆယ်လမွန်ငါးတို့အပြန်၊ မုန်တိုင်းစင်ရော်၊ ခုနှစ်ပြည်ထောင်၊ မြားဘုရင်၊ နှင်း၊ အိပ်မရတဲ့ည၊ ညကောင်းကင်ရဲ့တေးသမား၊ ဒီဇင်ဘာ၊ လူပျိုတမ်းချင်း၊ အချစ်ကိုရင်း၍၊ မကြေညာတဲ့ သိမ်းဖျက်ခြင်း၊ တောင်ပေါ်သူလွမ်းတေး၊ သူစိမ်း၊ မမချစ်၊ ဘာမဆိုမင်းအတွက်၊ ကောလိပ်နေ့ရက်များ၊ မျှော်တလင့်လင့်၊ နှုတ်ဆက်ခဲ့ပါတယ် … စသည် စသည်တို့သည် သူ့သီချင်းများကို အရူးအမူး စွဲလမ်းခဲ့သော ပရိသတ်များ၏ ရင်ဝယ် အစဉ်ထာဝရ ကိန်းအောင်နေဦးမည်မှာ သေချာလှပေသည်။

*****

ထိုသို့ အနုပညာဖြင့် ဘ၀တလျှောက် စင်ကြယ်စွာ ရပ်တည်နေထိုင်ခဲ့သူ ပန်းချီဆရာ၊ တေးရေးဆရာ၊ အဆိုတော် ခင်ဝမ်း ကွယ်လွန်အနိစ္စရောက်ခဲ့ခြင်းအတွက် ကျနော်တို့ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းမှ နှမြောတသ ယူကျုံးမရစွာဖြင့် ၀မ်းနည်းကမ္ဗည်း ရေးထိုးလိုက်ရပါသည်။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မတ်လ၊ ၂၀၀၀ ခုနှစ်)

ဖွင့်ဟချက် ။ ။ ကျနော်နှင့် ဆွေးနွေးခဲ့သည့် စာပေမိတ်ဆွေကြီးဆိုသူမှာ ရွှေဝါရောင်တော်လှန်ရေးအပြီး တခုသော ရုပ်ရှင်အကယ်ဒမီဆုပေးပွဲ အခမ်းအနားစင်မြင့်ပေါ်တွင် အကောင်းဆုံးဇာတ်ညွှန်း ရွှေစင်ရုပ်ဆုကို ပိုက်လျက်သား တွေ့လိုက်ရသူ ဇာတ်ညွှန်းရေးဆရာ၊ ကဗျာဆရာ အကယ်ဒမီ မြင့်ဦးဦးမြင့်ပင် ဖြစ်ပါသည်။
အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၃-၂-၂၀၁၂ - ညပိုင်း)

- ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ခွင့် အမေရိကန် တောင်းဆို click
- ရွေးကောက်ပွဲတွင် နိုင်ငံတကာ သတ်မှတ်ချက်များ လိုက်နာရမည်ဟု ကင်တားနား ပြော click
- ဒေါ်​အောင်ဆန်း​စုကြည် မန္တလေး​ခရီး​စဉ် ဆိုင်း​ငံ့​ click
- ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ် ရွှေ့ဆိုင်း click
- တင်းကျပ်ပိတ်ပင်မှုကြားမှ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ် ကြိုဆိုရေးလှုပ်ရှားများ click
- ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ် ဖြစ်နိုင်ပါမည်လော (ဆောင်းပါး) click
- ကျိုက်ခေါက်စေတီဘုရားပွဲတွင် သန်လျင်မြို့ NLD မှ အမှတ်တရပစ္စည်းများ ရောင်းချ (ရုပ်သံ) click
- ကျောင်းသားသမဂ္ဂ ပေါ်ပေါက်ရေး ကော်မတီရဲ့ ကြေညာချက်နဲ့ မီဒီယာတွေ့ဆုံပွဲ (ရုပ်သံ) click
- အခြေခံဥပဒေ ပြင်စရာမရှိသေးဟု ကြံ့ဖွံ့အတွင်းရေးမှူး ဦးဌေးဦး ပြော click
- နယ်စပ်ရှိ အစိုးရတပ်များ လျှော့ချ click
- မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မူအရ သဘောတူညီချက်ရရှိ (ရုပ်သံ) click
- ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ အစည်းအဝေး click
- တီးတိန်တွင် CNF ဆက်သွယ်ရေးရုံး ထားရှိမည့်ကိစ္စ ကန့်ကွက်မည် click
- အပိတ်ခံထားရသည့် မွန်အမျိုးသားနေ့ ရန်ကုန်မှာ ကျင်းပခွင့် ပြန်ရ click
- “ဂျာအေး သူ့အမေရိုက်တဲ့ကိန်း ဆိုက်နေဦးမှာပဲ” (မေးမြန်းခန်း) click
- ငြင်းပယ်မရတဲ့ ပြည်ပကြွေး (ဆောင်းပါး) click
- ပြည်တွင်းအပြောင်းအလဲနဲ့ ပြည်ပအခြေစိုက်မီဒီယာ (ဆောင်းပါး) click
- ကျောင်းသားတွဲ (ဆောင်းပါး) click
- လယ်ယာမြေ ၈၁၅ ဧကကို ဇေကမ္ဘာကုမ္ပဏီ သိမ်းယူ (ရုပ်သံ) click
- ကချင်စစ်ပြေးဒုက္ခသည်များ ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား click
- အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကျင်းပ (သတင်းဓာတ်ပုံ) click
- မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံး ဂီတဖျော်ဖြေပွဲကြီး (ရုပ်သံ) click
- တပ်ကြပ်ကြီး ဆဲဆဲ (စီအဲန်အေ) ၏ ၁၀ နှစ်ပြည့် အမှတ်တရ ဒီဗွီဒီတေး မကြာခင် ထွက်မည် click
- ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်သူများအတွက် အသိပညာပေးရန် မိုင်းဆတ်ခရိုင်မှူး ညွှန်ကြား click
- မန္တလေး-မူစယ် အမြန်ယာဉ်များ တန်ပိုကြေး ဆောင်ခိုင်း click
- လောင်းကစားမှုနဲ့ အဖမ်းခံရသူမှာ ရဲသတင်းပေး ဖြစ်နေ၍ သေစာရင်း ပြပြီး အမှုမှ လွှတ် click
- အာဏာပိုင်တချို့နှင့် ဘုရားကျောင်း ဂေါပက ဥက္ကဌတို့ ပေါင်းပြီး ကျွန်းသစ်များ တရုတ်ပြည်သို့ တင်ပို့ရောင်းချ (ပေးစာ) click
- သင်္ဘောသားများ ကားတင်သွင်းခွင့် အဆင်မပြေမှု (ရုပ်သံ) click
- Facebook အစွမ်း click
- ဖာဒီနန်လက်ထဲက တယ်ရီရဲ့ အင်္ဂလန်အနာဂတ် click

No comments:

Post a Comment