Sunday, 19 February 2012

Monday, February 20, 2012

လိုအပ်ချက်တွေကို ဖြည့်ဆည်းလုပ်ဆောင်ပြီး တာဝန်အချို့ကို ပခုံးပြောင်းရယူနိုင်ကြပါစေ

လိုအပ်ချက်တွေကို ဖြည့်ဆည်းလုပ်ဆောင်ပြီး
တာဝန်အချို့ကို ပခုံးပြောင်းရယူနိုင်ကြပါစေ
ကိုထိုက်

(အောက်တွင် ဖော်ပြထားသော ‘ဇော်ဝင်း - ၈၈ ကျောင်းသားဟောင်း’ ၏ ‘သမိုင်းပေးတာဝန်’ ဆောင်းပါးနှင့် ယှဉ်တွဲဖတ်ရှု ဆင်ခြင်သုံးသပ်စေလို၍ comment တွင် တွေ့ရသော link ကို အပြည့်အစုံ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ comment တွင် link ချပေးခဲ့သူကို ကျေးဇူးအထူးတင်ရှိပါသည်။)

ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းကာရော မျက်စိမှိတ် ကြည်ညိုသူမဟုတ်ပါဘူး။ ဒါကို စကားကြိုပြောပါရစေ။ ဒါပေမယ့် သေချာတွေးကြည့်ပါ။ သူ တရက်အတွင်းမှာ အများနဲ့ဆိုင်တဲ့ အလုပ်တွေကို လုပ်ကိုင်ဆောင်ရွက်ရတဲ့ ကိစ္စအရည်အတွက်ဟာ ကျနော်တို့ တဦးချင်း ၇ ရက်လောက် လုပ်ကိုင်တဲ့ အရည်အတွက်လောက်နဲ့ ညီနိုင်ပါတယ်။ (ကျနော် ဒီနေရာမှာ ကိုယ်ကျိုးစွန့် လုပ်ကိုင်မှုလို့လည်း မသုံးလိုပါဘူး။ လောကမှာ လူတိုင်းရဲ့ ကိုယ်ကျိုးစွန့်တဲ့ လုပ်ရပ်တိုင်းမှာ ကိုယ်အတွက်နဲ့ ကိုယ့်ဆန္ဒ ပါဝင်နေကြတာ ရာခိုင်နှုန်းအတ်ာများပါတယ်။)

ဒီတော့ သူ့ရဲ့ public surface က လုပ်ရပ်ကို ကြည့်ပြီး (သတင်းနဲ့ သတင်းဌာနတွေ၊ မိန့်ခွန်းပြောဆိုချက်တွေကို ကြည့်ပြီး) .. ဟိုဟာတော့ မလုပ်လို့၊ ဒီဟာတော့ မပြောလို့ ဆိုပြီး ဝေဖန်မိကြသူတွေကို တွေ့ရပါတယ်။ အဲဒီ လူတွေကလည်း စိတ်စေတနာဇောနဲ့ တိုင်းပြည်အတွက် သူရဲ့လုပ်ရပ်တွေမှာရှိတဲ့ လိုအပ်ချက်ကို ဝေဖန်တာလည်း ဖြစ်နိုင်သလို တမင်သက်သက် ချောက်တွန်းသလို အမှားလုပ်ရပ်တွေ ရှိတာကို သူတော်ကောင်းက ထောက်ပြတဲ့ပုံစံနဲ့ ဆရာကြီးလုပ်သူတွေလည်း အများကြီးပါ။

ဥပမာ - ပြည်ထောင်စုနေ့မှာ ကချင်ဒေသကတွင်းက ဒုက္ခသည်တွေအကြောင်း ထည့်ပြောမသွားဘူးဆိုတာ၊ ရွှေညဝါကိစ္စ မပြောဘူးဆိုတာ၊ တိုင်ရီ ဆန္ဒပြသူတွေကိစ္စ မပြောဘူး၊ မလုပ်ဘူးဆိုတာ ... စသဖြင့်ပေါ့။ တကယ်တမ်း ပြန်တွေးကြည့်ရင် အဲဒီကိစ္စတွေဟာ စနစ်ဆိုးရဲ့ အကျိုးဆက်တွေပါပဲ။ သူကိုယ်တိုင်တောင် မန္တလေး၊ ဖျာပုံခရီးတွေမှာ စနစ်းဆိုးရဲ့အကျင့်ဆိုးတွေနဲ့ လူဆိုးတွေရဲ့ နှောက်ယှက်တာ ကြုံခဲ့ရပါတယ်။ ဒီဖြစ်ရပ်တွေအားလုံးဟာ မှားယွင်းတဲ့ စနစ်ဆိုးရဲ့အောက်က ဆိုးကျိုးတွေ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီစနစ်ကြီးတခုလုံးကို ပြင်နိုင်အောင် ကြိုးစားတဲ့လုပ်ရပ်တွေကို အာရုံစိုက် လုပ်ဆောင်နေတယ်လို့ မြင်ပါတယ်။
အပြည့်အစုံသို့...

သမိုင်းပေးတာဝန်

သမိုင်းပေးတာဝန်
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

သင့်မိတ်ဆွေအပေါ်မှာ ပြုတဲ့ မတရားမှုကို ကိုယ်နဲ့ မဆိုင်သလို လျစ်လျူပြုရင် အဲဒီမတရားမှုဟာ တနေ့မှာ သင့်အပေါ် ရောက်လာပါလိမ့်မယ်။ မတရားမှုတခုကို အောင်အောင်မြင်မြင် ကျူးလွန်ခွင့်ရသွားခဲ့သူဟာ အစွယ်ကို သွေးလူးသွားတဲ့ ကျားလို မတရားမှုကို အကြိမ်ကြိမ်အခါခါ ကျူးလွန်ပါလိမ့်မယ်။

လူ့အဖွဲ့အစည်းထဲက လူတယောက်အပေါ်မှာ အစိုးရကိုယ်တိုင်က ဒါမှမဟုတ် တခြားတစုံတယောက်က ကျူးလွန်တဲ့ မတရားမှုဟာ အဲဒီလူ့အဖွဲ့အစည်းဝင် အားလုံးနဲ့ သက်ဆိုင်ပါတယ်။ မတရားမှုကို ကာကွယ်ဖို့ တိုက်ဖျက်ဖို့ဟာ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အဲသလို တိုက်ဖျက်ဖို့ ပျက်ကွက်ခဲ့ရင် တခြားသူတွေအပေါ်မှာပါ မတရားမှုကို ဆက်လက် ကျူးလွန်လာပါလိမ့်မယ်။ ဒါဟာ ဒီနေ့မှ သိရတဲ့ အသစ်အဆန်းမဟုတ်ဘူး။ သမိုင်းတလျှောက်လုံးမှာ ကမ္ဘာတလွှား နိုင်ငံအနှံ့အပြားမှာ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရဖူးတဲ့ သင်ခန်းစာပါ။

တိုင်ယီ ဘိနပ်စက်ရုံမှာ အလုပ်သမားတွေ လုပ်ခတိုးမြှင့်ရရှိရေး၊ အလုပ်သမားအခွင့်အရေး ရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ကြတာ အားလုံးအသိပါ။

တကယ်တော့ အထည်ချုပ်စက်ရုံ၊ ဘိနပ်ချုပ်စက်ရုံတွေဆိုတာဟာ မြန်မာနိုင်ငံက စက်ရုံတွေတင်မကပါဘူး။ ကမ္ဘာတလွှားမှာပါ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်လွန်းကြတဲ့အတွက် နာမည်ပျက်နဲ့ ကျော်ကြားကြပါတယ်။ ဥရောပကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ GAP၊ Nike၊ Adidas တို့လို ကုမ္ပဏီကြီးတွေတောင်မှ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ချိုးဖောက်ကြလွန်းလို့ ကမ္ဘာတလွှားမှာ လူ့အခွင့်အရေး ဆောင်ရွက်သူ၊ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ဝိုင်းဝန်း ကန့်ကွက်ကြတာ၊ အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုကြတာဟာ အကြိမ်ကြိမ်အခါခါပါ။ ဂါးဒီးယန်းတို့လို၊ ဘီဘီစီတို့လို ထိပ်တန်းမီဒီယာကြီးတွေ ထဲမှာလည်း အကြိမ်ကြိမ် အခါခါ ပါခဲ့ဖူးပါတယ်။ တရုတ်ကုမ္ပဏီတွေကတော့ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးကို ဖောက်ဖျက်ကြတဲ့အထဲမှာ တခြားကုမ္ပဏီတွေထက် နာမည်ပိုပျက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် စစ်အစိုးရအကြိုက် ဖြစ်သွားမှာပေါ့ ဆိုတဲ့ ဆင်ခြေဟာ မှန်ကန်တဲ့ ဆင်ခြေ မဟုတ်တော့ပါဘူး။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံဥပဒေ အသက်ဝင်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်လို့ သဘောထားပြီး စစ်အစိုးရဟာ တနေ့ ရွှေဥတလုံးကျ ဥပေးမယ့် ငန်းမကြီးပမာ တယုတယ မွေးမြူထားချင်လာပြီ ဖြစ်ပါတယ်။ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ထဘီကို အလံထူ၊ နိုင်ငံတကာကို ချော့မြှူပြီး ပြည်သူကို ဖိနှိပ်၊ ဒေါ်စုက ရေငုံနှုတ်ပိတ်ဆိုတဲ့ ဖြစ်စဉ်ကြီးကို ကျနော်တို့ကလည်း လက်ပိုက်ကြည့်နေမယ်ဆိုရင် သားစဉ်မြေးဆက်တိုင်အောင် စစ်ကျွန်အဖြစ် နွံနစ်သွားနိုင်ပါတယ်။”
အပြည့်အစုံသို့...
10 comments

No comments:

Post a Comment